၎င်းတို့ကို ကိုယ်စားပြုမည့် အမတ်များအား မရွေးချယ်နိုင်ခြင်းကြောင့် စစ်ရေးပဋိပက္ခ ပြင်းထန်လာပါက ကူကယ်ရာမဲ့မည့်အဖြစ်ကို မြောက်ဦးဒေသခံများကို စိုးရိမ်နေသည်။
မြောက်ဦးတစ်မြို့နယ်လုံးတွင် ရွေးကောက်ပွဲမကျင်းပရန် ကော်မရှင်ကဆုံးဖြတ်ခဲ့ခြင်းသည် အာဏာရပါတီကို မျက်နှာလိုက်ခြင်းဖြစ်သည်ဟု ရခိုင်နိုင်ငံရေးသမားများက မြင်သည်။
တောက်လောင်ဆဲ စစ်မီးကြောင့် မြောက်ဦးဒေသခံများကမူ ကျင်းပရန်လအနည်းငယ်သာ လိုတော့သည့် ရွေးကောက်ပွဲတွင် မဲပေးရမည့်အရေးကို စိတ်မဝင်စားနိုင်ဖြစ်ကြရသည်။