အင်န်အယ်လ်ဒီပါတီတွင်း အပြောင်းအလဲ ဘယ်လောက်အရေးကြီးသလဲ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီတာဝန်ကို ဆက်ခံမယ့်သူအဖြစ် ဦးဝင်းမြင့်ကို ဒုဥက္ကဋ္ဌ(၁)အဖြစ် တာဝန်ပေးတာအပါအဝင် အာဏာရ အင်န်အယ်လ်ဒီပါတီတွင်း ထူးခြားတဲ့ တာဝန်ပေးအပ်မှုတွေကို ပြီးခဲ့တဲ့ သီတင်းပတ်က ပြုလုပ်ခဲ့ပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ ၂၀၁၈၊ မတ်လ ၂၈ ရက်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်ကို နိုင်ငံတော်သမ္မတအဖြစ် လွှတ်တော်က ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။

သမ္မတအဖြစ် တာဝန်ပေးခံရပြီး သိပ်မကြာခင် ပြည်ထောင်စု တရားသူကြီးချုပ်နဲ့ တရားလွှတ်တော်ချုပ် တရားသူကြီးတွေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို ခေါ်ယူတွေ့ဆုံပါတယ်။ တဆက်တည်း မြန်မာတို့ရဲ့ နှစ်သစ်ကူး သြင်္ကန်ကာလအပြီး ဧပြီလ ၁၇ ရက်မှာ တတိုင်းပြည်လုံးကို နိုင်ငံတော် အခြေပြမိန့်ခွန်းပြောပါတယ်။

ဒီလုပ်ကိုင်ဆောင်ရွက်မှု၊ ပြောဆိုမှုတွေကို ကြည့်ခြင်းအားဖြင့် လက်ရှိသမ္မတ ဦးဝင်းမြင့်ဟာ ဂုဏ်ထူးဆောင်သဖွယ် ဖြစ်ခဲ့တဲ့ အရင်သမ္မတဟောင်း ဦးထင်ကျော်နဲ့ ကွာခြားတာကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လူတွေ သိပ်သတိမထားမိဘဲ ထူးခြားတာတစ်ခုကတော့ အဲဒီရက်ပိုင်းအတွင်းမှာပဲ ဦးဝင်းမြင့်ကို အင်န်အယ်လ်ဒီပါတီရဲ့ ဒုဥက္ကဋ္ဌ(၁) ရာထူးပေးလိုက်ခြင်းပါ။

ဒါနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့ရဲ့ အစိုးရသက်တမ်း ၂ နှစ်ပြည့် တိုင်းပြည်ကိုပြောတဲ့ မိန့်ခွန်းမှာ အလေးအနက် ထည့်သွင်းပြောသွားတာ တွေ့ကြရပါတယ်။ သူ့ပြောစကားအရ အင်န်အယ်လ်ဒီပါတီဟာ ခေါင်းဆောင်မှုတာဝန်ကို ဦးဝင်းမြင့်တို့လို ဒုတိယမျိုးဆက်လက်ကို လွှဲအပ်ပေးခဲ့ပြီ ဆိုတာပါပဲ။

လတ်တလော အင်န်အယ်လ်ဒီပါတီတွင်း ဘာတွေ အပြောင်းအလဲ လုပ်ခဲ့သလဲ၊ ဒီအပြောင်းအလဲဟာ တိုင်းပြည်အတွက် အရေးကြီးတဲ့ အပြောင်းအလဲလား၊ အင်န်အယ်လ်ဒီရဲ့ အနာဂတ် ဘာတွေ ဆက်ဖြစ်လာနိုင်မလဲဆိုတာ ခုတစ်ပတ် သုံးသပ်တင်ပြသွားပါ့မယ်။

အင်န်အယ်လ်ဒီပါတီတွင်း အပြောင်းအလဲတွေကတော့ ဦးဝင်းမြင့်ကို ဒုဥက္ကဋ္ဌ(၁)၊ ဒေါက်တာဇော်မြင့်မောင်ကို ဒုဥက္ကဋ္ဌ(၂) တာဝန် ပေးအပ်ခဲ့ခြင်းပါ။ အရင်က ဒီရာထူးတာဝန်နေရာမျိုး မရှိခဲ့ဖူးပါဘူး။ နောက်ထပ် အပြောင်းအလဲ တစ်ခုကတော့ ဝါရင့်ခေါင်းဆောင် ဦးဝင်းထိန်အပါအဝင် ဦးအုန်းကြိုင်၊ ဦးကျော်ခင်၊ မန်းဂျော်နီ တို့ ၄ ယောက်ကို သဘာပတိအဖွဲ့ဝင်အဖြစ် သတ်မှတ်လိုက်ခြင်းပါပဲ။

နဂိုက သဘာပတိအဖွဲ့ထဲမှာ နာယက သူရဦးတင်ဦးနဲ့ ဦးလှဖေ နှစ်ယောက် ရှိနှင့်နေပြီမို့ အခု ၄ ယောက်နဲ့ပါ ပေါင်းရင် သဘာပတိအဖွဲ့ဝင် စုစုပေါင်း ၆ ယောက် ဖြစ်သွားမယ့်သဘောပါ။ နောက် တတိယ အပြောင်းအလဲကတော့ ဒေါက်တာဇော်မြင့်မောင်နဲ့ ဒေါက်တာမျိုးညွန့်တို့ နှစ်ယောက်ကို ပါတီပြောရေးဆိုခွင့် ရှိသူတွေအဖြစ် သတ်မှတ်ပေးလိုက်ခြင်းပါပဲ။ အခုလို အပြောင်းအလဲ လုပ်လိုက်တဲ့အတွက် အတွင်းရေးမှူး အဖွဲ့ဝင်အရေအတွက် လျော့သွားပီး ဦးဉာဏ်ဝင်းနဲ့ ဦးဟံသာမြင့် နှစ်ယောက်ပဲ ကျန်ရစ်ပါတယ်။

ဒီအပြောင်းအလဲကို ထူးခြားတဲ့အပြောင်းအလဲအဖြစ် သတ်မှတ်ရတာဟာ အရင်ကအင်န်အယ်လ်ဒီပါတီမှာ ဒေါ်အောင်ဆန်းစုကြည်ပြီးရင် နံပတ်(၂) နေရာ သတ်မှတ်ထားတာ မရှိပါဘူး။ ဒီအတွက် မြန်မာ့နိုင်ငံအရေးကို စိတ်ဝင်စားတဲ့ ပြည်တွင်းပြည်ပ နိုင်ငံရေးသမားတွေနဲ့ သတင်းမီဒီယာတွေ ပညာရှင်တွေကြားမှာ ဒေါ်အောင်ဆန်းစုကြည်ပြီးရင် သူ့ကို ဘယ်သူဆက်ခံမှာလဲဆိုတဲ့ မေးခွန်းထုတ်နေခဲ့ကြတာ နှစ်ကာလ အတော်ကြာပါပြီ။ အခု အဲဒီမေးခွန်းရဲ့အဖြေကို ပေးပီးသားဖြစ်သွားပါပြီ။

လက်ရှိ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ အင်န်အယ်လ်ဒီပါတီမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ခံမယ့် ခေါင်းဆောင် ဖြစ်လာမှာပါ။ ဒါတင်မက နိုင်ငံရဲ့အထွဋ်အထိပ် နိုင်ငံတော်သမ္မတ ရာထူးကိုလည်း ရယူထားပြီမို့၊ ဒေါ်အောင်ဆန်းစုကြည် အနားယူလိုက်ရင်ဖြစ်စေ၊ ရုတ်တရက် နာမကျန်းဖြစ်ရင်ဖြစ်စေ ဦးဝင်းမြင့်ဟာ နံပတ်တစ် ခေါင်းဆောင်အဖြစ် အခိုင်အမာ ကျန်ရစ်မယ့်သဘောဖြစ်ပါတယ်။ ဒါဟာ အတော့်ကိုထူးခြားတဲ့ အနေအထားပါ။

၂၀၁၆ ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့ကို ခေါင်းဆောင်နေချိန်၊ ပါတီကိစ္စ ဦးဆောင်မှုမပေးနိုင်ချိန် အတွင်းရေးမှူး အဖွဲ့ဝင် ၅ ယောက်နဲ့ ထားရစ်ခဲ့ပါတယ်။ ဦးဆောင်သူ တိတိကျကျမရှိတဲ့ ဖွဲ့စည်းပုံအရ အဲဒီ ၅ ယောက်အတွင်း သဘောထားကွဲကြပြီး ပြဿနာအမျိုးမျိုး တက်ခဲ့တာလည်း အားလုံးသိကြပြီဖြစ်တဲ့အတိုင်းပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိဒေါ်အောင်ဆန်းစုကြည်ရော၊ ဦးဝင်းမြင့်ပါ နှစ်ယောက်စလုံး အစိုးရယန္တရားထဲ ရောက်နေတဲ့အတွက် ပါတီအရေးကိစ္စတွေမှာ ပါဝင်လို့တော့ မရပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူရတော့ ပါတီကို ဦးဝင်းထိန် အပါအဝင် အတွင်းရေးမှူးအဖွဲ့ဝင် ၅ ယောက် လက်ထဲ ထည့်ထားခဲ့ပါတယ်။

အခုတကြိမ် ဖွဲ့စည်းပုံ ပြောင်းလိုက်ပြီမို့ ပါတီအရေးကိစ္စလို့ဆိုရင် မန္တလေးတိုင်း ဝန်ကြီးချုပ်လည်းဖြစ်၊ ပါတီဒုဥက္ကဋ္ဌ(၂) လည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ အဓိကခေါင်းဆောင်နေရာ ရောက်သွားပါပြီ။ အရင်အတွင်းရေးမှူး အဖွဲ့ဝင် ၅ ယောက် စနစ်တုန်းကလို သူလိုလို ငါလိုလို ပြဿနာတက်စရာ သိပ်ရှိတော့မှာ မဟုတ်ဘူးလို့ မှန်းဆရပါတယ်။

နောက်ပြဿနာတစ်ခုက အငြင်းပွားစရာ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ရဲ့ နေရာပါ။ အခု သဘာပတိအဖွဲ့ဝင် ဖြစ်သွားပြီဖြစ်တဲ့အတွက် တခြားအသက်ကြီးရင့်၊ ဝါရင့်တဲ့ ခေါင်းဆောင်ပိုင်းနဲ့အတူ ဒုတိယမျိုးဆက်တွေ ဦးဆောင်တော့မယ့် ပါတီအလုပ်အမှုဆောင်အဖွဲ့ကို အကြံဉာဏ်ပေးတာ၊ ဝန်းရံတာမျိုးလောက်ပဲ လုပ်ကြရပါတော့မယ်။ ကိုယ်တိုင်ကိုယ်ကျ ဆုံးဖြတ်ရမယ့် အနေအထားမျိုး မဟုတ်တော့ပါဘူး။ ပါတီအတွက် ပြောရေးဆိုခွင့်ရှိသူတွေကိုလည်း သတ်မှတ်ပြီးဖြစ်တာကြောင့် တခြားဘာပြဿနာမှ ရှိတော့မှာ မဟုတ်ဘူးလို့ မှန်းဆရပါတယ်။

ပြောရရင် ၁၉၈၈ ပြည်သူ့အရေးတော်ပုံကြီးက ပေါက်ဖွားလာတဲ့ အင်န်အယ်လ်ဒီပါတီဆိုတာဟာ ဒေါ်အောင်ဆန်းစုကြည်ရှိရင် သူကဦးဆောင်၊ သူ့ကို နေအိမ်အကျယ်ချုပ်ချထားရင် လွှတ်ပေးဖို့ တောင်းဆိုရင်း ပါတီမပျက်ရုံ ထိန်းထားရင်း ဒေါ်အောင်ဆန်းစုကြည်ကို စောင့်မျှော်နေတတ်တဲ့ ပါတီ တစ်ခုအဖြစ်သာ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ဒေါ်စုလွတ်နေရင် ပါတီလှုပ်ရှားမှု ရှင်သန်နေပြီး ဒေါ်စုကို အကျယ်ချုပ်ချထားလိုက်ရင် သက်ကြီးဝါကြီး ပါတီခေါင်းဆောင်ကြီးတွေ တစ်ပတ်တစ်ခါ ရုံးတက်၊ အခမ်းအနားတွေ မှန်မှန်ကျင်းပ၊ ဒေါ်စုကို လွှတ်ပေးရေး မှန်မှန်တောင်းဆိုတာလောက်အပြင် တခြား ဘာမှတက်တက်ကြွကြွ မလုပ်တဲ့၊ မလုပ်နိုင်တဲ့ပါတီလို့တောင် ပြောနိုင်ပါတယ်။

အချိန်အတော်များများမှာ ပါတီခေါင်းဆောင်တွေ ကိုယ့်ဖာသာကိုယ် ဦးဆောင်လှုပ်ရှားနေတာထက် ဒေါ်စုဆီသွားတွေ့သူတွေ သယ်ဆောင်လာတဲ့ ညွှန်ကြားချက်တွေအတိုင်း လှုပ်ရှားခဲ့တာလည်း နှစ်ပေါင်းများစွာပါပဲ။ ပွင်ပွင့်လင်းလင်း ပြောရရင် ဒေါ်စုမရှိရင် ကောင်းကောင်း မရှင်သန်နိုင်တဲ့ပါတီ အမျိုးအစားပါ။

နမူနာအားဖြင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ မလွတ်မြောက်သေးခင်၊ ပါတီကို အပြည့်အဝ ဦးဆောင်မှု မပေးနိုင်သေးတဲ့အချိန် ၂၀၁၀ ရွေးကောက်ပွဲအကြိုနဲ့ ရွေးကောက်ပွဲကာလကိုကြည့်ရင် သိနိုင်ပါတယ်။ အဲဒီကာလက ရွေးကောက်ပွဲဝင် မဝင် ပါတီတွင်းသဘောထားကွဲလွဲမှုတွေ ဖြစ်ခဲ့ပြီး ဝါရင့်ပါတီခေါင်းဆောင်တချို့ ပါတီကနေ စွန့်ခွာ၊ ပါတီခွဲထောင်သွားတဲ့ အခြေအနေထိ ရောက်သွားခဲ့ပါတယ်။

အလားတူ ၂၀၁၅ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီပါတီ အနိုင်ရပြီး ၂၀၁၆ ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့ကို ခေါင်းဆောင်နေချိန်၊ ပါတီကိစ္စ ဦးဆောင်မှုမပေးနိုင်ချိန် အတွင်းရေးမှူး အဖွဲ့ဝင် ၅ ယောက်နဲ့ ထားရစ်ခဲ့ပါတယ်။ ဦးဆောင်သူ တိတိကျကျမရှိတဲ့ ဖွဲ့စည်းပုံအရ အဲဒီ ၅ ယောက်အတွင်း သဘောထားကွဲကြပြီး ပြဿနာအမျိုးမျိုး တက်ခဲ့တာလည်း အားလုံးသိကြပြီဖြစ်တဲ့အတိုင်းပါပဲ။

အင်န်အယ်လ်ဒီပါတီရဲ့ ဆုံးဖြတ်ချက်ဟာ နေပြည်တော်ဘက်က ဆုံးဖြတ်သလား၊ ရန်ကုန်ရုံးချုပ်က ဆုံးဖြတ်သလား မကွဲမပြားဖြစ်ခဲ့ကြသလို၊ နေပြည်တော်ဘက်က ဆုံးဖြတ်တာကို ရန်ကုန်ဘက်က မသိ၊ ရန်ကုန်ဘက်က လှုပ်ရှားမှုကလည်း နေပြည်တော်နဲ့ မဆိုင်သလိုတောင် ဖြစ်နေခဲ့တာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ခုဆို တိကျတဲ့ဆက်ခံမယ့်သူ၊ တိကျတဲ့ဖွဲ့စည်းပုံ ရှိနေပြီမို့၊ လက်ရှိအင်န်အယ်လ်ဒီကို ခေါင်းဆောင်တော့မယ့်သူတွေအနေနဲ့ ပါတီရဲ့ရေရှည်နဲ့ ရေတိုလုပ်ရမယ့် ပေါ်လစီသစ်တွေ ချမှတ်ဖို့ လိုနေပါပြီ။ ဒီနေရာမှာ ပါတီရဲ့ထိပ်ဆုံးခေါင်းဆောင် နှစ်ယောက် အစိုးရအဖွဲ့ထဲ ရောက်နေတာမို့ ပါတီအနေနဲ့ အရာရာကို ခေါင်းဆောင်မှုပေးရမယ်ဆိုတဲ့ မူကိုတော့ ကျင့်သုံးနိုင်မှာ မဟုတ်ပါဘူး။ ဒီအတွက် ဘယ်ကိစ္စတွေဆို အစိုးရအဖွဲ့ထဲက ခေါင်းဆောင်တွေက ဆုံးဖြတ်လိမ့်မယ်၊ ဘယ်ကိစ္စတွေဆိုရင်တော့ ပါတီက ဦးဆောင်မှုနေရာ ရယူလုပ်ကိုင်ရမယ်ဆိုတဲ့မူ ရှိထားဖို့လိုပါတယ်။

တစ်ခုခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်က ဆုံးဖြတ်ပေးမယ်ဆိုတာမျိုးဟာ လက်တွေ့မကျတော့သလို၊ ပါတီအတွက်၊ အစိုးရအဖွဲ့အတွက်၊ တိုင်းပြည်အတွက် အန္တရာယ်လည်းများတဲ့ အပြုအမူမျိုးပါ။ ဒီအတွက် အင်န်အယ်လ်ဒီ လက်ရှိခေါင်းဆောင်၊ ဒုတိယမျိုးဆက်တွေအနေနဲ့ ပါတီရဲ့လုပ်ငန်းဆောင်တာတွေ၊ ပါတီတည်ဆောက်ရေးဆိုင်ရာ ကိစ္စတွေကို ပြန်လည်ဆန်းစစ်ပြီး စနစ်တကျ ကိုင်တွယ်ဆောင်ရွက်သင့်ပြီ ဖြစ်ကြောင်းပါ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.