သဘာဝမြစ်ရေပြင်နှင့် မအူပင်

ခရီးသွားစီးရီး၏ တတိယမြောက်ဆောင်းပါးမှာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ ရေပေါ်ကျေးရွာများ၊ မြစ်တွင်းကျွန်းကလေးများနှင့် ပွဲတော်ကာလ၌ အသက်ဝင်လာတတ်သော “သဲသောင်ကမ်းခြေ” တစ်ခုသို့ ကျွန်တော်တို့ သွားရောက်ခဲ့သည့်အကြောင်းဖြစ်သည်။

ဒိုမနစ် ဟွန်းနား ရေးသားသည်။

ခုချိန်ထိ နိုင်ငံအတွင်းရှိ တောတောင်ထူထပ်ရာ ဝန်းကျင်ဒေသများကိုသာ အလေးထားကာ လက်ရှိစီးရီးများကို ဖော်ပြလာခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ ရန်ကုန်မြို့မှ လက်တစ်ကမ်းအကွာရှိ ဒေသတစ်ခုကို ကျွန်တော်တို့ ရွေးချယ်ထားသည်။ ဧရာဝတီတိုင်းဒေသကြီးမှ မအူပင်မြို့ဖြစ်သည်။

ရန်ကုန်မြို့၏အနောက်ဘက် မြစ်မခမြစ်ကမ်းဘေး ကားဖြင့်မိနစ် ၉၀ ခန့်သွားရသော မအူပင်မြို့သည် ဧရာဝတီမြစ်ကျွန်းပေါ်ရှိ မြို့ကြီးတစ်မြို့ဖြစ်သော်လည်း မြို့ပေါ်တွင်အပန်းဖြေစရာ နေရာရှားပါးသည်။ သို့သော်လည်း ဘေးပတ်ဝန်းကျင် ကျေးလက်ဒေသတွင်မူ တမျိုးတဘာသာဖြစ်သည်။

ဒယ်သင်းရေကျော်(အဒိတ်ရေကျော်) ချောင်းအတွင်း လှေဖြင့်သွားလားကြစဉ်။ ဓာတ်ပုံ - ဒိုမနစ် ဟွန်းနား

ဒယ်သင်းရေကျော်(အဒိတ်ရေကျော်) ချောင်းအတွင်း လှေဖြင့်သွားလားကြစဉ်။ ဓာတ်ပုံ – ဒိုမနစ် ဟွန်းနား

ဒယ်သင်းရေကျော် ရေပေါ်ကျေးရွာနှင့် ရေနက်ကွင်းမျာ

ရေနက်ကွင်းကြီးများမှာ  အဆမတန် ကျယ်ပြောလွန်းလှ၍ ဤဒေသအကြောင်း ယခုစီးရီးထဲ၌ ဆောင်းပါးတစ်စောင်အဖြစ် သီးခြားရေးရန် တနေရာအရောက်တွင် စိတ်ကူးမိသည်။ ရေနက်ကွင်းများသည် မအူပင်နှင့်အိမ်နီးချင်း တွံတေးမြို့နယ်အကြား အသားညှပ်ပေါင်မုန့်သဖွယ် ဖြစ်နေသည်။ သို့ရာတွင် အသားညှပ်ပေါင်မုန့်ဟု တင်စားဆိုရာမှာလည်း ဆန်ကြမ်းမုန့်များအကြား ရှိသမျှအသားကို အကုန်ထည့်ထားသကဲ့သို့ ဖြစ်သည်။ အဆမတန် ကြီးမှကြီးပါပဲ။

ကွင်းပြင်ကြီး၏အလယ်တွင် ဒယ်သင်းရေကျော်(အဒိတ်ရေကျော်) ရေပေါ်ကျေးရွာ တည်ရှိသည်။ ပထမအကြိမ် ခရီးစဉ်အဖြစ် ရောက်ရှိစဉ်ကမူ တကယ့်ထူးဆန်းအံ့သြဖွယ်ရာ အတွေ့အကြုံတစ်ခုဖြစ်ခဲ့ပြီး လုံးဝခြားနားသော ကမ္ဘာတစ်ခုသို့ ရောက်ရှိလိုပါက ရန်ကုန်မြို့ကနေ သိပ်ဝေးဝေး သွားစရာမလိုပါလား ဟူသောအသိကို ရရှိစေခဲ့သည်။ မော်တော်ကားလမ်း မရှိပါ။ ထို့ကြောင့် ကားလည်း မရှိပါ။ မော်တော်ဆိုင်ကယ်လည်း မရှိပါ။ ယုတ်စွအဆုံး စက်ဘီးပင် မရှိပါ။ မျက်စိတဆုံး မြင်သမျှသည် မြစ်ပြင်၊ ခြေတံရှည်အိမ်နှင့် ရေပြင်ကျယ်ကြီးတို့သာဖြစ်သည်။ ဤဒေသသည် လာမည့်နှစ်များတွင် ပိုမိုနာမည်ကျော်သော နေရာတစ်ခုဖြစ်လာနိုင်သည်။

ရေနက်ကွင်းအများစုကို ငါးဖမ်းကွင်းများအဖြစ်၊ သို့မဟုတ် အခြားလယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအတွက် အသုံးပြုသည်။ သို့ဖြစ်ရာ မည်သည့်အချိန်နှင့် မည်သည့်နေရာမဆို ကိုယ့်သဘောနှင့်ကိုယ် ရေမကူးရန် သတိပေးလိုသည်။ ကျွန်တော်တို့ လုပ်သကဲ့သို့ လယ်သမားများကို မေးပြီးမှဆောင်ရွက်ပါ။ သူတို့က ကူးဆို၍ကူးခဲ့လျှင် သူတို့ပင် ပါဝင်လာနိုင်ဖွယ်ရှိသည်။

16.983682, 95.700356

ဒယ်သင်းရေကျော်။ 16.926401, 95.709330

မြစ်မခမြစ် ခေါ် တိုးမြစ်/ မအူပင် မြစ်ကမ်းသောင်ယံ

တံတားကိုဖြတ်၍ မအူပင်မြို့နယ်အတွင်းသို့(မြောက်ဘက်မှ) မဝင်မီ ယာဘက်ရှိ ဖုံထူလမ်းအတိုင်း လိုက်ပါက တရုတ်လက်အရှေ့ရွာသို့ ရောက်သည်။ ဤနေရာကား“မအူပင်သောင်ယံ” တည်ရှိရာဖြစ်သည်။ မြစ်နဘေးမှ သဲသောင်ခုံဖြစ်ပြီး အားလပ်ရက်အပန်းဖြေရာ နေရာလေး ဖြစ်သည်။သြင်္ကန်၊ သို့မဟုတ် အခြားပွဲတော်ကာလ မဟုတ်ပါက ထူးထူးခြားခြား ကြည့်စရာမရှိပါ။

သို့သော်မြစ်ထဲတွင် အလွယ်တကူ ရေကူးနိုင်ခြင်းကပင်လျှင် ကျေနပ်စရာကောင်းနေတော့သည်။ ရေစီးကြောင်းက ညင်သာသည်။  အံ့သြစရာကောင်းလောက်အောင် သန့်ရှင်းကြည်လင်သည်။ နေ့လယ်ပိုင်း၌ မြစ်ရေပြင်က တစ်ဖက်ကမ်း သဲသောင်ခုံသို့ ကူးခတ်သွားနိုင်လောက်အောင် ကျဆင်းသွားသည်။

16.983662, 95.700148

စစ်ချောင်းကန်မှ ငါးဖမ်းလှေများ။ ဓာတ်ပုံ - ဒိုမနစ် ဟွန်းနား

စစ်ချောင်းကန်မှ ငါးဖမ်းလှေများ။ ဓာတ်ပုံ – ဒိုမနစ် ဟွန်းနား

စစ်ချောင်းကန်

ဝေဟင်လမ်းကြောင်းဖြင့် မျဉ်းဖြောင့်တိုင်းတာပါက စစ်ချောင်းသည် မအူပင်မှ ခဲတစ်ပစ်လောက်သာ ရှိလိမ့်မည်။ ဤအကွာအဝေးမှာ ရွှေကျီးတို့အတွက် သတင်းကောင်းဖြစ်သော်လည်း ကျွန်တော်တို့အတွက်မှာမူ ပင်မလမ်းကြောမှ ခွဲထွက်လိုက်သည်နှင့် လမ်းကဆိုးသည်ထက် ဆိုးလာသည်။ မော်တော်ကားနှင့်သွားပါက မိနစ် ၈၀ ခန့်ကြာပြီး မော်တော်ဆိုင်ကယ်နှင့်မူ အချိန်အနည်းငယ် သက်သာသည်။ သို့သော်လည်း ချိုင့်ဝှမ်းထူပြောသော လမ်းဆုံးပြီး စစ်ချောင်းရောက်သည်နှင့် ရတနာပုံဆိုက်သကဲ့သို့ဖြစ်သည်။

စစ်ချောင်းကျေးရွာ။   16.820112, 95.590220

စီပီသောင်ကမ်း။ ဓာတ်ပုံ - ဒိုမနစ် ဟွန်းနား

စီပီသောင်ကမ်း။ ဓာတ်ပုံ – ဒိုမနစ် ဟွန်းနား

စီပီသောင်ကျွန်း

စီပီသောင်ကလည်း ဆောင်းပါးတစ်စောင်တစ်ဖွဲ့ ရေးသင့်သောနေရာဖြစ်သည်။ စစ်ချောင်းကန်မှ ၄၅ မိနစ် သွားရသည်။ ဧရာဝတီမြစ်အတွင်းရှိ ကျွန်းကြီးတစ်ကျွန်းဖြစ်သည်။ မြို့ပြလူနေမှုနှင့်လွတ်ကင်းသော နေထိုင်မှုကို အခိုင်အမာ ပေးစွမ်းနိုင်သောနေရာဖြစ်သည်။ ကျွန်းစုမှာ လွန်စွာအထီးကျန်လွန်းရကား နိုင်ငံခြားသားများဆိုပါက အခြားဂြိုလ်ကမ္ဘာတစ်ခုသို့ ရောက်ရှိနေသည်ဟုပင် အထင်ရောက်စေနိုင်သည်။

တစ်ရက်လုံးကြိုတင်၍ ဝေလီဝေလင်းကတည်းက ရောက်နေသည့်တိုင် ဘယ်ကနေ စတင်ရမှန်းမသိအောင် အခက်တွေ့နိုင်သည်။ ကျွန်းမကြီးပေါ်ရှိ ကျုံးကရင်ရွာ(16.837164, 95.552774) ၌  လှည်းတစ်စီးငှားပြီး အောက်ပါနေရာများသို့ ဆက်သွားရန် စဉ်းစားနိုင်သည်။

စိမ့်တောမြေ။ ဓာတ်ပုံ - ဒိုမနစ် ဟွန်းနား

စိမ့်တောမြေ။ ဓာတ်ပုံ – ဒိုမနစ် ဟွန်းနား

အရှေ့ဖျားပိုင်း

ကျွန်း၏အရှေ့မြောက်ဖျားပိုင်း (16.869691, 95.565069) အထိ ရောက်ရှိမည်ဆိုပါက ပျော်ပွဲစားထွက်ရန် သိပ်ကိုကောင်းပြီး ဧရာဝတီမြစ်ထဲတွင် ရေဆင်းစိမ်နိုင်သည့် သန့်ပြန့်သောသဲသောင်ပြင်ရှိသည်။ ဧပြီလရောက်ပါက ရွေးစရာများလှသော်လည်း မုတ်သုံရာသီ၌ သဲသောင်ပြင်အချို့၊ သို့မဟုတ် အားလုံးက ရေအောက်ရောက်ကုန်ကြပြီဖြစ်သည်။

စီပီသောင် တူးမြောင်

စီပီသောင်၏ အလယ်တည့်တည့်တွင် တူးမြောင်းငယ်ကလေး (16.861769, 95.506647) ရှိပြီး ကျွန်း၏ မြောက်မှတောင်သို့ အလွန်စိတ်အေးချမ်းသာစွာ ရေကြောင်းခရီးနှင်နိုင်သည်။ ကိုယ်ကိုယ်တိုင် လှော်ခတ်သွားနိုင်ရန် ရန်ကုန်ရှိ Winner Sport ၊ သို့မဟုတ်  Via Myanmar မှ လေသွင်းလှေကောင်းကောင်း ငှားသွားရန် အကြံပြုလိုပေသည်။

ဇလုပ်မူချောင်းနှင့် ပိုက်တန်းချောင်း

ကျွန်းစုတလျှောက် သာယာသောခရီးစဉ် ပြီးဆုံးပြီးနောက် ထိုချောင်းနှစ်ခုက တိတ်ဆိတ်တည်ငြိမ်သော အခွင့်အလမ်းတစ်ခု ရရှိစေနိုင်သည်။ သို့သော်လည်း ကျယ်ပြောလှသော ယာမြေများနှင့် ကျေးရွာများသို့ သွားသော ဇလုပ်မူချောင်း (16.850987, 95.500898) နှင့် ပိုက်တန်းချောင်း (16.847188, 95.511328) တို့ကလည်း သွားလည်သင့်သော ခရီးစဉ်တစ်ခုဖြစ်သည်။

စီပီသောင်ကမ်းမှ တွေ့ရသည့် နေဝင်ချိန်အလှ။ ဓာတ်ပုံ - ဒိုမနစ် ဟွန်းနား

စီပီသောင်ကမ်းမှ တွေ့ရသည့် နေဝင်ချိန်အလှ။ ဓာတ်ပုံ – ဒိုမနစ် ဟွန်းနား

စီပီသောင် စိမ့်တောမြေ

စိမ့်တောမြေ (16.827501, 95.499338) တွင် ရေကူး၍တော့ မရပါ။ ရေက အလွန်တိမ်ပြီး မြေပြင်ကလည်း ရွှံ့နွံထူထပ်ကာ ရှူးဖိနပ်တစ်ခုလုံး မြုပ်သွားနိုင်သည်။ သို့တိုင် ဤနေရာမှာ လွန်စွာလှပပြီး နောက်ဆုံးပိတ် အပြီးသတ်နေရာကောင်းဖြစ်သည်။ စိမ့်မြေငှက်မျိုးစုံကို စောင့်ကြည့်နိုင်ပြီး ပီဘိနေဝင်ချိန်ပုံကောင်းကို ဓာတ်ပုံရိုက်ယူနိုင်ပေသည်။

မည်သို့သွားရောက်မည်နည်

ရန်ကုန်မှ တက္ကစီဖြင့် (မိနစ် ၉၀ ကြာ၊ ကျပ် ၄၀,၀၀၀-၅၀,၀၀၀) သို့မဟုတ် ဒလမှ ဆိုင်ကယ်ဖြင့် ( ၂ နာရီ ကြာ၊ တစ်ရက် ကျပ် ၁၅,၀၀၀) မအူပင်သို့ သွားရောက်နိုင်ပေသည်။

လိုအပ်သောအချိန်

ရေနက်ကွင်းများကို လည်ပတ်မည်ဆိုပါက စနေ၊ တနင်္ဂနွေ နှစ်ရက်အပြည့် သွားနိုင်ကာ အေးအေးလူလူ နေရာစုံအောင် သွားမည်ဆိုပါက သုံးရက်ကြာခရီးအဖြစ် သွားသင့်သည်။

ပတ်ဝန်းကျင်ကို လည်ပတ်ရန်

စစ်ချောင်းနှင့် စီပီသောင်ကိုလည်ပတ်ရန် ရန်ကုန်မှ တစ်ရက်အတွက် ကားငှားမည်ဆိုပါက နောက်ထပ်ကျပ် ၂၀,၀၀၀ ခန့် အပိုဆောင်းပေးရလိမ့်မည်။ မအူပင်မှ ဆိုင်ကယ်ကို စီစဉ်နိုင်မည်ဆိုပါက နှစ်နေရာစလုံးသို့ လျင်မြန်စွာ ရောက်နိုင်သည်။

ဘယ်မှာ တည်းရမလဲ

ဟိုတယ်မအူပင် (တစ်ည ကျပ် ၅၀,၀၀၀)သည် ရွေးချယ်စရာအနည်းငယ်အနက်မှ တစ်ခုဖြစ်သည်။ အခန်းများမှာသန့်ရှင်းပြီး မနက်စာကလည်း ကောင်းမွန်သည်။

သွားရမည့်အချိန်

မြစ်သောင်ယံများမှလွဲ၍ နေရာစုံကို တစ်နှစ်ပတ်လုံး အချိန်မရွေးသွားလာနိုင်သည်။ မြစ်နဘေး သဲသောင်ခုံများသို့မူ ဇန်နဝါရီမှ မေလအထိသွားနိုင်ပေသည်။

ဇမ္ဗူစိုး ဘာသာပြန်သည်။

ယခုဆောင်းပါးက လစဉ်ကျွန်တော်ရေးခဲ့သော ဆောင်းပါးစီးရီးများအနက် တတိယမြောက်ဖြစ်သည်။ ရေကန်များ၊ မြစ်များ၊ ချောင်းငယ်များ၊ တာတမံများ၊ ရေတံခွန်များနှင့် ဝေးလံခေါင်းပါးသော သဲသောင်ခုံများဆီ ခေါ်ဆောင်ပေးသွားမည့် “မြန်မာ့သဘာဝရေပြင်” “wild waters of Myanmar” ဟူသောခေါင်းစဉ်ဖြင့် ရေးထားသောအပိုင်း ခြောက်ပိုင်းပါ ဆောင်းပါး၏ တစိတ်တပိုင်းပင် ဖြစ်သည်။

ခေါင်းစီးဓာတ်ပုံ – စီပီသောင်ချောင်းအတွင်း လှေဖြင့်အစုန်။ ဓာတ်ပုံ – ဒိုမနစ် ဟွန်းနား

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.