ပုဂံရဲ့ကောင်းကင်ထက်မှာ

သင့်ရဲ့ခရီးသွားဘတ်ဂျက်ကို ရေရှည်ခံအောင် ဆွဲဆန့်နိုင်ချင်မှ ဆန့်နိုင်မှာဖြစ်ပေမဲ့ ပုဂံရဲ့ဘုရားစေတီပုထိုးတွေ စီရရီပြည့်နှက်နေတဲ့လွင်ပြင်ထက်မှာ မိုးပျံပူပေါင်းစီးရတာကတော့ မမေ့နိုင်တဲ့ အတွေ့အကြုံတစ်ခုပါပဲ။

ရဲမွန် ရေးသားသည်။

မြန်မာနိုင်ငံရဲ့ပြည်တွင်းပြည်ပလူကြိုက်အများဆုံး ခရီးသွားနေရာတစ်ခုဖြစ်တဲ့ ပုဂံရဲ့အဆင့်အတန်းဟာ ယခုနှစ် ဇွန်လက ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွားတဲ့အတွက် ပိုပြီးမြင့်မားသွားခဲ့ပါတယ်။

ရှေးဟောင်းမြန်မာဘုရင်တို့ရဲ့နေပြည်တော် ပုဂံက စေတီဘုရားတွေပြည့်နေတဲ့ လွင်ပြင်ကျယ်ကြီးက ဧရာဝတီမြစ်ဘေးမှာ ဧရာမကျယ်ပြောလှတဲ့ဧရိယာကြီးဖြစ်ပြီး ဒီဧရိယာကို စူးစမ်းလေ့လာဖို့ ခရီးသွားတွေအတွက် ရွေးချယ်စရာတွေက အငှားစက်ဘီးတွေကနေ မြင်းလှည်းတွေအထိရှိပါတယ်။

ဘတ်ဂျက်ရှိတဲ့သူတွေအတွက်တော့ ပုဂံဘုရားပုထိုးတွေကို လှည့်လည်လေ့လာဖို့ အကြီးကျယ်ဆုံး ရွေးချယ်စရာ တစ်ခုကတော့ မီးပုံးပျံနဲ့ ခရီးသွားတာပါပဲ။ ကောင်းကင်ထဲ မျောနေရတဲ့ ဒီခရီးလုပ်ငန်းက နှစ် ၂၀ လောက်တော့ ကြာနေပါပြီ။ ဒီဝန်ဆောင်မှုလုပ်ငန်းကို စတင်ခဲ့သူကတော့ Balloons over Bagan ဖြစ်ပြီး ၁၉၉၉ ခုနှစ်က ပုဂံမှာ မီးပုံးပျံလုပ်ငန်းလုပ်ကိုင်ဖို့ တပ်မတော်အစိုးရရဲ့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနဆီက ခွင့်ပြုချက်ရရှိခဲ့ပါတယ်။ Ballons over Bagan ခရီးသွားအေဂျင်စီသည် အရှေ့တောင်အာရှတွင်လည်း ပထမဆုံးစီးပွားဖြစ် မီးပုံးပျံလုပ်ငန်းဆောင်ရွက်သူ တစ်ဦးလည်းဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်မှာ စီးပွားရေးလုပ်ငန်းရှင် မစ္စတာဆာ့ချ်ပန်းနဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီသုံးခုဟာ Ballons over Bagan ရဲ့ လုပ်ငန်းဆောင်ရွက်သူဖြစ်တဲ့ ရွှေလေတံခွန်ကုမ္ပဏီ Shwe Lay Ta Gun Travels and Tours ကိုဝယ်ယူခဲ့ပြီး ယင်းလုပ်ငန်းနဲ့ မစ္စတာပန်းရဲ့ တခြားပိုင်ဆိုင်မှုတွေပေါင်းပြီး စင်ကာပူစာရင်းဝင် ကုမ္ပဏီ Memories Group အဖြစ်ကို ပြောင်းလဲလိုက်ပါတယ်။

၂၀၁၁ မှာ အရပ်သားတစ်ပိုင်းအစိုးရအဖြစ်အနေနဲ့ အသွင်ပြောင်းလိုက်ပြီးနောက်ပိုင်း ခရီးသွားလုပ်ငန်း တိုးတက်မှုက ပုဂံမှာ ပျံသန်းမှုတွေစတင်ဖို့ နောက်ထပ်လုပ်ငန်းဆောင်ရွက်သူတွေကို အားပေးခဲ့ပြီး ၂၀၁၃ မှာ Oriental Ballooning နဲ့ စတင်ခဲ့ပါတယ်။ နောက်နှစ်မှာ Golden Eagle Ballooning နဲ့ ရှင်သန်သူ STT (Shin Than Thu) Ballooning တို့လည်း ပျံသန်းမှုစခဲ့ကြပါတယ်။ ပိုင်းလော့အများစုကတော့ ဗြိတိန်က ဖြစ်ပါတယ်။

ခြောက်သွေ့တဲ့ရာသီဥတုမှာ နေထွက်ပြီးတဲ့နောက် ပုဂံမြို့ပေါ်က အပူစီးကြောင်းတွေထဲ လေဟုန်စီးနေတဲ့ မီးပုံးပျံတွေပေါ်လိုက်ပါရင်း ဘုရားပုထိုးစေတီတွေ၊ ကျေးရွာတွေ၊ လယ်ကွင်းတွေအပြင် အဝေးက ဧရာဝတီမြစ်ဟာ မြစ်ဝကျွန်းပေါ်ဘက်ကို တဖြည်းဖြည်းစီးဆင်းနေတာကိုလည်း အပေါ်စီးကနေကြည့်ရတာ မမေ့နိုင်စရာဖြစ်ပါတယ်။

မီးပုံးပျံစီးတဲ့ရာသီက အောက်တိုဘာလ အစောပိုင်းကနေ ဧပြီလအထိဖြစ်ပါတယ်။ မိုးရာသီမှာတော့ ရာသီဥတုက ထိန်းမရတာကြောင့် မီးပုံးပျံတွေ မပျံသန်းနိုင်ကြပါဘူး။

မီးပုံးပျံစီးခက ဈေးမချိုကြပါဘူး။ အကောင်းဆုံးပျံသန်းမှုတွေအတွက် ခရီးသည်တစ်ဦးကို အမေရိကန်ဒေါ်လာ ၃၅၀ မှ ၄၅၀ အထိအသီးသီးရှိပါတယ်။ ကြိမ်ဝါးခြင်းကြီးတစ်ခုအတွင်း ခရီးသည် ၁၆ ယောက်အထိ လိုက်ပါနိုင်တဲ့ အကောင်းဆုံးဝန်ဆောင်မှုအတွက် မနက်စာကျွေးပါတယ်။ အဆင့်မြင့်ဝန်ဆောင်မှုကျတော့ ပိုမိုသေးငယ်တဲ့ခြင်းထဲမှာ ခရီးသည်ရှစ်ဦးလိုက်ပါနိုင်ကာ ရှမ်ပိန်နဲ့ဒိန်ခဲပါတဲ့ ပိုကောင်းတဲ့မနက်စာကို ကျွေးမွေးပါတယ်။

ပျံသန်းမှုများကို မြေပြင်အဖွဲ့တစ်ဖွဲ့က ပံ့ပိုးပြီး အဲဒီအဖွဲ့က မနက်သုံးနာရီလောက်မှာ ပုဂံမြို့သစ်ကနေ သိပ်မဝေးတဲ့၊ စတင်ပျံတက်တဲ့ကွင်းမှာ မီးပုံးပျံတွေကို စတင်ပြင်ဆင်ပါတယ်။ Balloons over Bagan ဟာ မနက် ငါးနာရီခွဲလောက်မှာ လိုက်ပါစီးနင်းမယ့်ခရီးသည်တွေကို သွားခေါ်ဖို့ ၁၉၁၇ နှင့် ၁၉၃၀ ကြား ထုတ်လုပ်တဲ့ ဘတ်စ်ကားဟောင်းကြီးတွေ vintage buses ကို အသုံးပြုကြပါတယ်။

ဓာတ်ငွေ့မီးနဲ့ လေပူများကို မီးပုံးပျံတွေထဲကို ဖြည့်သွင်းသံမြည်ဟီးနေတဲ့ မီးပုံးပျံကွင်းကို ခရီးသည်တွေ ရောက်တဲ့အခါ ခရီးသည်တွေကို အုပ်စုခွဲကာ သူတို့ပိုင်းလော့နဲ့ မိတ်ဆက်ပေးပါတယ်။ ပိုင်းလော့က အန္တရာယ်ကင်းရှင်းရေးအတွက် သတိထားဖွယ်ရာတွေကို ရှင်းပြပါတယ်။ အဲဒီရှင်းလင်းချက်မှာ ခြင်းထဲခုန်ဝင်ဖို့ အကောင်းဆုံးနည်းလမ်းနဲ့ မီးပုံးပျံဆင်းတဲ့အခါ ဘယ်လိုထိုင်ရတယ်ဆိုတာတွေပါဝင်ပါတယ်။ ခရီးသည်တွေကို လက်ဖက်ရည်၊ ကော်ဖီနဲ့ ဘီစကစ်တွေလည်း ကျွေးပါတယ်။

အန္တရာယ်ကင်းရှင်းရေး ကြိုတင်ကာကွယ်မှုအနေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ၁၀ နှစ်အောက် ကလေးတွေကိုတော့ စီးနင်းခွင့်မပြုပါဘူး။ အန္တရာယ်ကင်းရှင်းရေး ရှင်းပြတာတွေ ပြီးဆုံးချိန်မှာတော့ မီးပုံးပျံတွေကို လေပူတွေဖြည့်သွင်းတာ ပြီးသလောက်ရှိနေပြီဖြစ်ပါတယ်။ မီးပုံးပျံတွေ ပျံသန်းဖို့ အသင့်ဖြစ်တဲ့အခါ ခရီးသည်တွေကို ခြင်းထဲခုန်ဝင်ဖို့ ခေါ်မှာဖြစ်ပြီး ဆင်းတဲ့အခါ ဘယ်လိုထိုင်ရမယ်ဆိုတာ ပိုင်းလော့က ပြသပေးပါလိမ့်မယ်။

နေလုံးက ကောင်းကင်မှာနိမ့်နိမ့်လေးရှိစဉ် အေးမြတဲ့မနက်ခင်းလေထုထဲကို တက်သွားရတာ ပျော်စရာကောင်းတဲ့ အတွေ့အကြုံတစ်ခုဖြစ်ပြီး အမြင့် ၂၇၅ မီတာနဲ့ ၃၆၆ မီတာ (တခါတလေလည်း မီတာ ၅၀၀ အထိ) ကြားကနေ ပုဂံရှုခင်းကို ၃၆၀ ဒီဂရီမြင်ကွင်းဖြစ်တဲ့ တစ်ပတ်လည် လှည့်ပတ်ကြည့်ရတာကလည်း ပျော်စရာပဲဖြစ်ပါတယ်။

အဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်ပိသုကာလက်ရာတွေ မတော်တဆထိခိုက်ပျက်စီးမှာစိုးလို့ မီးပုံးပျံတွေ ဘုရားစေတီတွေနဲ့ နီးနီးကပ်ကပ်မပျံသန်းဖို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက တားမြစ်ထားပါတယ်။

ပျံသန်းချိန်က ၄၅ မိနစ်လောက်ကြာမြင့်နိုင်ပြီး ပုဂံ-ချောက်ကားလမ်းအနီးက ဟိုတယ်ဇုန်တစ်ခုက ကွင်းတွေမှာ မီးပုံးပျံတွေ ဆင်းသက်ပါတယ်။ ဆင်းကာနီးရင် ပိုင်းလော့တွေက ရေဒီယိုနဲ့ကြိုတင်အကြောင်းကြားပါတယ်။ ဒါမှသာ မြေပြင်အဖွဲ့ဝင်တချို့က ဆင်းသက်ချိန်အတွက် နေရာတကျစောင့်ဆိုင်းပြီး တချို့တွေကတော့ မြေပြင်ပြန်ရောက်ရင်အသင့်စားနိုင်ဖို့ နံနက်စာကိုစတင်ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။

မီးပုံးပျံတွေ ဆင်းသက်တဲ့အခါ မတ်တတ်မရပ်ဘဲထိုင်နေပြီး မလဲပြိုအောင်ထိန်းကြရန် ခရီးသည်တွေကို ပိုင်းလော့က ညွှန်ကြားပါတယ်။ ဆင်းသက်ချိန်မှာ ကြိမ်ခြင်းကြီးဟာ မြေပြင်အဖွဲ့သားများက ထိန်းချုပ်မရပ်တန့်နိုင်မီ မြေပြင်နဲ့ အကြိမ်အနည်းအကျဉ်း ဆောင့်မိနိုင်ပါတယ်။

မြေပြင်ပြန်ရောက်တော့ မနက်စာစားရတဲ့အပြင် ခရီးသည်တွေအနေနဲ့ ပုဂံဧရိယာပေါ်က ကောင်းကင်ယံမှာ သူတို့ရဲ့စွန့်စားသွားလာခဲ့မှုအမှတ်တရအဖြစ်နဲ့ အသိအမှတ်ပြုလက်မှတ်တစ်ခုလည်း ရရှိကြပါသေးတယ်။ အဲဒီနောက် သူတို့ဟာ ရှေးခေတ်ဘတ်စ်ကားကြီး တစ်စီးပေါ်တက်ပြီး မနက် ကိုးနာရီလောက်မှာ သူတို့ဟိုတယ်များဆီ ပြန်လာခဲ့ကြပါတယ်။

အယ်ဒီတာမှတ်ချက်။ စာရေးသူသည် Memories Group ၏ ခရီးသွားဧည့်သည်တစ်ဉီးအဖြစ် သွားခဲ့ခြင်းဖြစ်ပါသည်။

အောင်ကျော်ဦး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – နေထွက်ချိန်၌ ရှေးဟောင်းပုဂံဘုရားစေတီပုထိုးများထက်မှ မိုးပျံပူပေါင်း စီးနင်းလိုက်ပါသူ ခရီးသွားများကို တွေ့ရစဉ်။ ဓာတ်ပုံ – အေအက်ဖ်ပီ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.