ခရစ္စတယ်မက်သ် စိတ်ကြွဆေးတင်ပို့မှု ဗဟိုချက်ဖြစ်လာသော တနင်္သာရီ

ထိုင်းနိုင်ငံမြောက်ပိုင်း၌ တရားဥပဒေစိုးမိုးရေးလုပ်ဆောင်များကြောင့် မူးယစ်မှောင်ခိုနှင့် ရာဇဝတ်ဂိုဏ်းများသည် မြန်မာနိုင်ငံကိုဖြတ်ပြီး မူးယစ်ဆေးဝါးတင်ပို့ရန်အတွက် လမ်းကြောင်းသစ်များကို ရှာဖွေနေကြောင်း ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ထုတ်ပြန်ခဲ့သည်။

သောမတ်(စ်)ကင်းန်

ထိုင်းနိုင်ငံမြောက်ပိုင်း၌ တရားဥပဒေစိုးမိုးရေး ပိုမိုတိုးမြှင့်လုပ်ဆောင်လာနေသောကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ခရစ္စတယ် မသမ်ဖဲတမင်းသို့မဟုတ် ice ဟုသိကြသည့် ပုံဆောင်ခဲစိတ်ကြွမူးယစ်ဆေးဝါးများထုတ်လုပ်သည့် မူးယစ်ဂိုဏ်းများအတွက် တနင်္သာရီတိုင်းဒေသကြီးသည် မူးယစ်ဆေးဝါးတင်ပို့ရေးလမ်းကြောင်းသစ်တစ်ခုဖြစ်လာခဲ့သည်။
အရှေ့တောင်အာရှရှိ မူးယစ်ဆေးဝါးဂိုဏ်းများသည် မသမ်ဖဲတမင်း(မက်သ်) ခေါ် စိတ်ကြွမူးယစ်ဆေးဝါးများကို စံချိန်တင်လောက်အောင် ထုတ်လုပ်ပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ဘီလီယံ ၆၀ ကျော်အထိ ဝင်ငွေရရှိနေကာ ရှမ်းပြည်နယ်(မြောက်ပိုင်း)သည် ကမ္ဘာလုံးဆိုင်ရာ “မက်သ်” ထုတ်လုပ်ရောင်းချမှု၏ ဗဟိုချက်ဖြစ်နေပြီဖြစ်ကြောင်း UNODC က ယမန်နှစ်တွင် ထုတ်ပြန်ခဲ့သည်။
သို့သော် ထိုင်းနိုင်ငံမြောက်ပိုင်း၌ ဥပဒေစိုးမိုးရေးကိုတိုးမြှင့်လုပ်ဆောင်မှုကြောင့် ဆမ်ဂေါ(Sam Gor) ကဲ့သို့ မူးယစ်မှောင်ခိုဂိုဏ်းများသည် မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချရန်အတွက် လမ်းကြောင်းသစ်ရှာခြင်း၊ လမ်းကြောင်းပြောင်းခြင်းတို့ကို ပြုလုပ်လာနေကြောင်း UNDOC က မေ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် Synthetic Drugs in East and Southeast Asia: Latest Developments and Challenges အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။
မြန်မာနိုင်ငံ၌ ခရစ္စတယ်မက်သ်များစွာ သိမ်းဆည်းရမိခြင်းက ယင်းကဲ့သို့ လုပ်ရပ်များရှိနေကြောင်း သက်သေခံနေသည်။

 class=

class=

၂၀၁၉ ခုနှစ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၌ သိမ်းဆည်းရမိသော ခရစ္စတယ်မက်သ်ပမာဏသည် တစ်နိုင်ငံလုံးသိမ်းဆည်းရမိသော ပမာဏနှင့်နှိုင်းယှဉ်လျှင် ၉၈ ဒသမ ၂ ရာခိုင်နှုန်းမှ ၄၄ ဒသမ ၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း စာရင်းအင်းများအရသိရသည်။
ဆန့်ကျင်ဘက်အားဖြင့်ဆိုရလျှင် ယမန်နှစ်အတွင်း တနင်္သာရီတိုင်းဒေသကြီး၌ သိမ်းဆည်းရမိသော ခရစ္စတယ် မက်သ်ပမာဏသည် မပြောပလောက်သည့် ပမာဏမှ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် သိမ်းဆည်းရမိသော ပမာဏ၏ ၃၃ ဒသမ ၄ ရာခိုင်နှုန်းအထိရှိလာခဲ့ကြောင်း အစိုးရ၏စာရင်းများကဖော်ပြသည်။
ရန်ကုန်၌ သိမ်းဆည်းရမိသော ခရစ္စတမ်မက်သ်ပမာဏသည်လည်း မြင့်တက်လာပြီး တစ်နိုင်ငံလုံးသိမ်းဆည်းရမိသော ပမာဏ၏ ၈ ရာခိုင်နှုန်းရှိလာခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့၌လည်း ၂၀၁၈ ခုနှစ်တွင် လုံးဝသိမ်းဆည်းရမိခြင်းမရှိခဲ့သော်လည်း ၂၀၁၉ ခုနှစ်တွင်မူ တစ်နိုင်ငံလုံးအတိုင်းအတာ၏ ၇ ဒသမ ၆ ရာခိုင်နှုန်းနှင့် ၅ ဒသမ ၃ ရာခိုင်နှုန်း အသီးသီးရှိခဲ့သည်။
ယင်းသိမ်းဆည်းရမိသော ပမာဏများက ယင်းမူးယစ်ဆေးဝါးများဝင်ရောက်သည့် လမ်းကြောင်းသည် ထိုင်းနိုင်ငံမြောက်ပိုင်းမှ ထိုင်းနိုင်ငံအနောက်ပိုင်းသို့ ပြောင်းလဲသွားပြီဆိုသည်ကို ပြသနေသည်။ ယင်းခရစ္စတယ် မက်သ်များသည် ထိုင်းနိုင်ငံမှတစ်ဆင့် သြစတြေးလျ၊ နယူးဇီလန်နှင့် ဂျပန်တို့သို့ ရောက်ရှိသွားသည်။
ထို့ပြင် မူးယစ်မှောင်ခိုဂိုဏ်းများသည် ရှမ်းပြည်နယ်မှ လာအို့စ်နှင့် ဗီယက်နမ်တို့သို့ မူးယစ်ဆေးဝါးများပို့ဆောင်နေပြီး ယင်းနေရာများမှတစ်ဆင့် အခြားဈေးကွက်များသို့ ပျံ့နှံ့နေပြီဖြစ်သည်။
ရာဇဝတ်ဂိုဏ်းများ၏ အခြေအနေအချိန်အခါနှင့် လိုက်လျောညီထွေဖြစ်အောင် နေတတ်ပုံကို လျှော့မတွက်သင့်ကြောင်း၊ မူးယစ်မှောင်ခိုဂိုဏ်းများသည် အပြောင်းအလဲကို မည်ကဲ့သို့ တုံ့ပြန်ရမည်နှင့်ပတ်သက်၍ ကောင်းကောင်းနားလည်ကြောင်း UNDOC မှ မူးယစ်ဆေးဝါးအစီအစဉ်ဆိုင်ရာ လေ့လာသူ မစ္စတာ အင်ရှစ် ဆင်းက အစီရင်ခံစာကို အွန်လိုင်းမှတစ်ဆင့် ထုတ်ပြန်စဉ်တွင်ပြောဆိုခဲ့သည်။
ယာဘ ဟုသိကြသည့် မသမ်ဖဲတမင်းဆေးပြားများ သိမ်းဆည်းရမိမှုသည်လည်း ဆယ်စုနှစ်တစ်စုအတွင်း ပထမဆုံးအကြိမ်ကျဆင်းသွားခဲ့သော်လည်း ယင်းကျဆင်းမှုနှင့်အတူ သိမ်းဆည်းရမိသည့် ခရစ္စတယ်မက်သ်ပမာဏမြင့်တက်လာခဲ့ကြောင်း UNDOC ကပြောဆိုခဲ့သည်။
ခရစ္စတယ်မက်သ်သည် မူးယစ်မှောင်ခိုဂိုဏ်းများအတွက် ငွေရပေါက်ရလမ်းပိုကောင်းပိုဖြောင့်စေသည့် အရာများဖြစ်သည်။ အရှေ့တောင်အာရှ၌ ယာဘတစ်ပြားလျှင် တစ်ဒေါ်လာ၊ နှစ်ဒေါ်လာခန့်သာ ကုန်ကျသော်လည်း တချို့ဈေးကွက်များ၌ ခရစ္စတယ်မက်သ် တစ်ဂရမ်လျှင် ဒေါ်လာ ၅၀၀ အထိ ပေါက်ဈေးရှိနေသည်။

 class=

class=

သို့သော် အချိန်တိုအတွင်း အမြတ်အစွန်းရလိုသည့် မူးယစ်ဂိုဏ်းများသည် ဈေးကွက်ထဲသို့ ယာဘနှင့် ခရစ္စတယ်မက်သ်များကို အလုံးအရင်းနှင့် ဖြန့်ချိနေမှုကြောင့်လည်း ရောင်းဈေးကျဆင်းမှုများလည်းရှိနေပြန်သည်။
“ဒီဒေသမှာ ရောင်းလိုအားရဲ့တွန်းအားနဲ့လည်ပတ်နေတဲ့ ဈေးကွက်ဖြစ်နေပါတယ်” ဟု ဆင်း ကပြောဆိုခဲ့သည်။
တရုတ်နိုင်ငံမှ သတင်းအချက်အလက်မရရှိသောကြောင့် ယမန်နှစ်တွင် မသမ်ဖဲတမင်းသိမ်းဆည်းရမိမှုပမာဏ အနည်းငယ်ကျဆင်းသွားခဲ့ကြောင်း UNDOC ၏ နောက်ဆုံးထုတ်အစီရင်ခံစာတွင်ဖော်ပြထားသည်။
တစ်နှစ်လျှင် တန် ၃၀ ခန့် သိမ်းဆည်းရမိနေသည့် တရုတ်နိုင်ငံမှ သိမ်းဆည်းရမိသော စာရင်းအင်းများကို ထည့်သွင်းလိုက်ပါက ၂၀၁၉ ခုနှစ်အတွင်း သိမ်းဆည်းရမိသောပမာဏသည် ၂၀၁၈ ခုနှစ်တွင် သိမ်းဆည်းရမိသည့် ပမာဏကို ကျော်လွန်သွားမည်ဖြစ်ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။
COVID-19 ကူးစက်ရောဂါက မက်သ်ရောင်းဝယ်မှုလုပ်ငန်းအပေါ် ထိခိုက်မှုနှင့်ပတ်သက်၍ ပြောဆိုရန် မလွယ်ကူသော်လည်း ကူးစက်ရောဂါသည် အာရှရှိ မူးယစ်ဂိုဏ်းများအတွက် စီးပွားရေးအခွင့်အလမ်းသစ်များဖန်တီးပေးနိုင်ခြေရှိနေကြောင်း UNDOC ၏ အာရှနှင့် ပစိဖိတ်ဆိုင်ရာကိုယ်စားလှယ် ဂျရဲမီ ဒေါက်ဂလပ်စ်ကပြောဆိုခဲ့သည်။
မက္ကဆီကိုရှိ မူးယစ်မှောင်ခိုဂိုဏ်းများသည် မူးယစ်ဆေးဝါးထုတ်လုပ်ရန် ဓာတုပစ္စည်းအရင်းအမြစ်များရရှိရေးအတွက် အခက်အခဲရှိနေသော်လည်း အာရှရှိ မူးယစ်မှောင်ခိုဂိုဏ်းများမှာမူ တရားဝင်ကုန်သွယ်ရေးလုပ်ငန်းများမှ တစ်ဆင့်ခံဝယ်ယူမည့်အစား စက်ရုံများ အထူးသဖြင့် တရုတ်နိုင်ငံရှိစက်ရုံများမှ အရင်းအမြစ်များကို တိုက်ရိုက်ရရှိနေသဖြင့် အခက်အခဲကြုံရခြင်းမရှိကြောင်း ဒေါက်ဂလပ်စ်ကပြောဆိုခဲ့သည်။
“ဒီလိုအခြေအနေကြောင့် ဒီဒေသတွင်းမှာရှိတဲ့ ဂိုဏ်းတွေက ကမ္ဘာ့အခြားအစိတ်အပိုင်းမှာရှိတဲ့ ဂိုဏ်းတွေထက် အသာစီးရနေတယ်၊ အာရှမှာရှိတဲ့ မူးယစ်မှောင်ခိုဂိုဏ်းတွေက COVID-19 အခြေအနေကို အမြတ်ထုတ်မှာကို ကျွန်တော်တို့ တော်တော်စိုးရိမ်နေပါတယ်” ဟု ၎င်းကပြောဆိုခဲ့သည်။

သက်အေး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – နိုင်ငံတကာမူးယစ်ဆေးဝါသုံးစွဲမှုနှင့် တရားမဝင်ရောင်းဝယ်ဖောက်ကားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ၂၀၁၉ ခုနှစ် ဇွန် ၂၆ ရက်တွင် ပြုလုပ်ခဲ့သည့် မူးယစ်ဆေးဝါးများ ဖျက်ဆီးသည့် အခမ်းအနား၌ ရဲတပ်ဖွဲ့ဝင်တစ်ဦးကိုတွေ့ရစဉ်။ ဓာတ်ပုံ – အေအက်ဖ်ပီ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.