တနင်္သာရီ၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းကြီးအတွက် ဒေသခံများရွေးချယ်မှု

ဇီဝမျိုးကွဲမျိုးစုံ ပေါကြွယ်ဝသော တနင်္သာရီဒေသခံတိုင်းရင်းသားများသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းကို ကြီးမားသော အထက်မှအောက်သို့ စီမံခန့်ခွဲသည့်စနစ်အစား ကိုယ်ပိုင်နည်း ကိုယ်ပိုင်ဟန်ဖြင့် စတင်သည့်စနစ်ကို အသိအမှတ်ပြုခံရရန် ကြိုးပမ်းလျက်ရှိသည်။

ဂျက်ခ် ဂျင်န်ကင်စ်ဟေးလ် ရေးသားသည်။

အရှေ့ဘက်နယ်စပ်တလျှောက် သစ်တောများဖုံးလွှမ်းသောဒေသမှနေ၍ အနောက်ဘက်သို့ ကျယ်ပြန့်သော လမုတောများနှင့် ကပ္ပလီပင်လယ်တွင်းရှိ ရာချီသောကျွန်းငယ်များ၏ အဏ္ဏဝါဂေဟစနစ် ဖြစ်တည်နေမှုများသည် တနင်္သာရီဒေသကြီး၏ သဘာဝတရားနှင့် ဇီဝမျိုးကွဲမျိုးစုံတို့အတွက် အကာအကွယ်ပေးရာ ခံတပ်ကြီးသဖွယ် တည်ရှိနေသည်။

သဘာဝအတိုင်း မပျက်မယွင်းရှိနေသေးသော မြေနိမ့်ဒေသ အမြဲစိမ်းသစ်တောများဖြင့် ဖုံးလွှမ်းနေသည့် အရှေ့တောင်အာရှ၏ အကြီးမားဆုံးကျန်နေသေးသည့် ဒေသများအနက် ဤဒေသကြီးသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ထို့ပြင် ကျား၊ ကြံ့သူတော်၊ သင်းခွေချပ် စသည့် တိရစ္ဆာန်များ အပါအဝင် ရှားပါးပြီး မျိုးသုဉ်းမည့်အန္တရာယ်ရှိသော ဒေသတွင်းမှ သတ္တဝါမျိုးစိတ်များအတွက်လည်း အမာခံနယ်မြေ အိမ်ရာကြီး တစ်ခုလည်းဖြစ်သည်။

ဒေသခံတိုင်းရင်းသားများသည် ၎င်းတို့၏နယ်မြေဒေသများကို သူတို့၏ ဒေသတွင်း အသိပညာများအရ စီမံထိန်းသိမ်းလာခဲ့ကြပြီး မျိုးဆက်သစ်များအတွက် အလေ့အကျင့်ကောင်းများကို မျိုးစေ့ချပေးခဲ့ကြသည်။ ထို့ပြင် ဒေသခံတို့သည် ကျယ်ကျယ်ပြန့်ပြန့် ဆီအုန်းစိုက်ပျိုးနေပြီး ဒေသတွင်းတိုးချဲ့လာသော သတ္ထုတွင်းစီမံကိန်းများမှ ယင်းတို့၏နယ်မြေဒေသများကို ကာကွယ်နိုင်ရန် စည်းရုံးလုပ်ဆောင်လျက်ရှိသည်။

သဘာဝတရား ဂေဟစနစ်အရ နယ်မြေချင်းဆက်စပ်နေသည့် ဤနယ်ပယ်ဒေသများသည် ဒေသခံတိုင်းရင်းသားများ ကာကွယ်ထိန်းသိမ်းသော နယ်မြေများအဖြစ် ဖြစ်ပေါ်ဖွဲ့စည်းလျက်ရှိသည်။ ထို့ကြောင့်လည်း အစိုးရနှင့် နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များမှ အဆိုပြုသော အထက်မှအောက်သို့ သဘာဝထိန်းသိမ်းရေး စီမံကိန်းများအပြင် ဒေသခံတို့ကိုယ်တိုင်က ၎င်းတို့ဒေသကို ကာကွယ်စောင့်ရှောက်ရန် နည်းလမ်းသည်လည်း အခြားရွေးချယ်စရာ နည်းလမ်းတစ်ခုအဖြစ် ရှိနေသည်။

“ကျွန်တော်တို့ဒေသက တဖက်မှာ တိုးချဲ့လာတဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေနဲ့ သတ္ထုတူးဖော်ရေး စီမံကိန်းတွေအပြင် တဖက်မှာလည်း အမျိုးသားဥယျာဉ်နဲ့ သဘာဝထိန်းသိမ်းရေးတွေကြောင့် ဒေသခံတွေက ခြိမ်းခြောက်ခံနေရပါတယ်” ဟု ဒေသခေါင်းဆောင်လည်းဖြစ် မြိတ်မြို့အခြေစိုက် တောင်ပိုင်းလူငယ်များ ဖွံ့ဖြိုးမှုအဖွဲ့၏ စီမံအုပ်ချုပ်သူလည်းဖြစ်သော ကိုစောစံငွေက ပြောကြားသည်။

“ကျွန်တော်တို့ဒေသခံတွေက ဒီနယ်မြေတွေကို မျိုးဆက်သစ်တွေအတွက် ထိန်းသိမ်းစောင့်ရှောက်လာခဲ့တာပါ၊ ဒေသခံတွေရဲ့ အားထုတ်ကြိုးပမ်းမှုနဲ့ လှုပ်ရှားမှုတွေကို အသိအမှတ်ပြုပေးဖို့နဲ့ ကူညီထောက်ပံ့ပေးရမဲ့အချိန်ပါပဲ” ဟုဆိုသည်။

ဒေသတွင်း၌ လုပ်ကိုင်မှီခိုနေထိုင်ကြသော ကရင်တိုင်းရင်းသားများကို အခြေပြုဖွဲ့စည်းထားသည့် တနောသရီ သဘာဝထိန်းသိမ်းရေး မဟာမိတ်အဖွဲ့၏ အစီရင်ခံစာဖြစ်သော “တနောသရီဒေသတွင် နေထိုင်သူတို့၏ဘ၀ Tanawthari Landscape of Life ” တွင် နယ်မြေဒေသတခွင်ရှိ ဒေသခံတိုင်းရင်းသားတို့နှင့် အပြန်အလှန် ဆက်သွယ်နေသော သဘာဝထိန်းသိမ်းရေး လှုပ်ရှားဆောင်ရွက်မှုကို ရေးဆွဲပုံဖော်ထားသည်။

ဤနေထိုင်သူတို့၏ဘဝ Landscape of Life အစီရင်ခံစာတွင် ဒေသခံတိုင်းရင်းသားတို့နှင့် သဘာဝတရားတို့ကြားရှိ ငြိမ်းချမ်းသော အပြန်အလှန်ဆက်စပ်နေမှုကို ဗဟိုပြုသော အနာဂတ်သစ်ကိုပုံဖော်ရန် ဒေသခံများ၏ ပူးပေါင်းအားထုတ်ကြိုးပမ်းမှုကို ဖော်ဆောင်ထားသည်။

ဘုတ်ပြင်းမြို့နယ် လေညာတောအုပ်တွင်း၌ ဟိန်းလိုင်ရွာမှဒေသခံများကိုယ်တိုင် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ကိုင်စဉ်။ ဓာတ်ပုံ - Conservation Alliance Tanawthari

ဘုတ်ပြင်းမြို့နယ် လေညာတောအုပ်တွင်း၌ ဟိန်းလိုင်ရွာမှဒေသခံများကိုယ်တိုင် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ကိုင်စဉ်။ ဓာတ်ပုံ – Conservation Alliance Tanawthari

တောင်တန်းများမှသည် သန္တာကျောက်တန်းများဆီသို့ စီမံကိန်း

မြန်မာ့ သဘာ၀၀န်းကျင်ထိန်းသိမ်းရေး ဥပဒေအရ “သဘာဝထိန်းသိမ်းရေးဒေသ” အဖြစ် အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ဦးစီးဆောင်ရွက်သော (Ridge to Reef) သဘာဝထိန်းသိမ်းရေး စီမံကိန်းသည် တနင်္သာရီဒေသမှ ဒေသခံများအတွက် ကာလရှည်ကြာ အငြင်းပွားဖွယ်ဖြစ်နေခဲ့သည်။

ဥပမာဆိုရလျှင် ၂၀၀၂ ခုနှစ်က ပထမဆုံးအဆိုပြုခဲ့သော လေညာနှင့် တနင်္သာရီအမျိုးသားဥယျာဉ် စီမံကိန်းသည် ရှေးရိုးစဉ်လာ လုပ်ကိုင်လာသောမြေယာများကို ထိခိုက်စေပြီး စစ်ပြေးဒုက္ခသည် လူပေါင်း ၁၈၀၀၀ ကျော်ကို ဌာနပြန်နိုင်ရန် အလားအလာနည်းစေသည်။ ၎င်းအပြင် ဆယ်စုနှစ်များစွာ လက်နက်ကိုင်ပဋိပက္ခဖြစ်ပြီး ၂၀၁၂ တွင် အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုခဲ့သော ကရင်အမျိုးသားသမဂ္ဂ KNU နှင့် အစိုးရကြား အခြေအနေကိုလည်း ပိုမိုတင်းမာစေနိုင်သည်။

ဤတောင်တန်းများမှ သန္တာကျောက်တန်းများသို့ စီမံကိန်း စတင်လာသောအခါ ၌ပင် ၂၀၁၈ ဇူလိုင်တွင် အထက်မှအောက်သို့ သဘာဝထိန်းသိမ်းရေးစနစ်များက အသက်ဝင်လာခဲ့တော့သည်။

ယင်း Ridge to Reef စီမံကိန်းသည် ကမ္ဘာ့ ပတ်ဝန်းကျင်ဆိုင်ရာ ရန်ပုံငွေအဖွဲ့ Global Environment Facility မှ ထောက်ပံ့သော ကန်ဒေါ်လာ ၂၁ သန်းပမာဏရှိ သဘာဝထိန်းသိမ်းရေးဆိုင်ရာ ဧရာမစီမံကိန်းကြီးဖြစ်သည်။ ထိုစီမံကိန်းသည် တနင်္သာရီဒေသ၏ နယ်မြေဒေသ ၃၅ ရာခိုင်နှုန်းဖြစ်သော မြေဧက ၃ ဒသမ ၄ သန်းကို သဘာဝဝန်းကျင်ထိန်းသိမ်းရေးဇုန်အဖြစ် ပြောင်းလဲရန် ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

GEF သည် ၁၉၉၂ ရီယိုမြေကမ္ဘာထိပ်သီးညီလာခံ အကြိုအဖြစ် တည်ထောင်ခဲ့သော ရန်ပုံငွေအဖွဲ့ဖြစ်သည်။

စီမံကိန်းသည် ကုန်းတွင်းပိုင်းနှင့် အဏ္ဏဝါပင်လယ် သဘာဝထိန်းသိမ်းရေးဒေသ ၆ ခုကို ဆက်စပ်ပြီးဖော်ဆောင်ရန် စီမံရေးဆွဲထားသည်။

ယင်းစီမံကိန်းကြီးသည် တင်းကျပ်သော သဘာဝထိန်းသိမ်းရေး ဒေသများအဖြစ် အသက်သွင်းလာခြင်းကြောင့် ဒေသခံတို့၏ သက်မွေးဝမ်းကျောင်းမှုတွင် သဘာဝရင်းမြစ် ထုတ်ယူသုံးစွဲခြင်းတို့၌ သိသိသာသာ လျော့နည်းသွားစေမည်ဖြစ်သည်။ ထို့ပြင်အဆိုပါဒေသတွင်း နေထိုင်လုပ်ကိုင်သည့် ဒေသခံတိုင်းရင်းသားများအပေါ် ကြီးမားသောအခက်အခဲများ ဖြစ်ပေါ်လာစေနိုင်သည်။

ထိုစီမံကိန်းသည် ရွာပေါင်း ၂၂၅ ရွာမျှရှိသော နယ်မြေဒေသနှင့် သဘာဝရင်းမြစ်များကို လွှမ်းခြုံထားသော်လည်း ရွာ ၁၄ ရွာမှ လူပေါင်း ၁၇၀ ဦးနှင့်သာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။

“ကျွန်တော်တို့ရွာက စီမံကိန်းဧရိယာထဲမှာ ပါနေပေမဲ့ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ဘယ်သူကမှ ကျွန်တော်တို့ကို အသိမပေးခဲ့ဘူး၊ စီမံကိန်းသာ ဆက်လုပ်ခဲ့ရင် ကျွန်တော်တို့ ဒီမြေယာတွေကနေ ထပ်ပြီးစွန့်ခွာရဦးမှာစိုးတယ်” ဟု အဆိုပြုချက်ပါ လေညာအမျိုးသားဥယျာဉ်စီမံကိန်း ရှိ ဟိန်းလိုင်ရွာခေါင်းဆောင် ကိုစောမင်းရန်က ပြောကြားသည်။

လက်နက်ကိုင်ပဋိပက္ခများကြောင့် နှစ်ပေါင်းများစွာ နေရပ်စွန့်ခွာခဲ့ရပြီးနောက် မူလနေထိုင်သူများက ၂၀၀၀ ပြည့်နှစ်တွင် ဟိန်းလိုင်ရွာကို ပြန်လည်တည်ထောင်ခဲ့ကြခြင်းဖြစ်သည်။

UNDP ၏ တရားဝင်စောင့်ကြည့်လေ့လာရေးအဖွဲ့ဖြစ်သော လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ လိုက်နာကျင့်ဆောင်မှုဌာန SECU သို့ ဒေသခံလူထုနှင့် တနောသရီ သဘာဝဝန်းကျင်ထိန်းသိမ်းရေး မဟာမိတ်အဖွဲ့ တို့ပူးပေါင်း၍ တိုင်ကြားချက်တစ်စောင်ကို ပေးပို့ခဲ့ပြီးနောက်တွင် စီမံကိန်းကို ၂၀၁၈ ဒီဇင်ဘာ၌ ရပ်ဆိုင်းထားခဲ့သည်။

တိုင်ကြားချက်တွင် စီမံကိန်းသည် UNDP ၏ ဒေသခံများအား စောင့်ရှောက်ကာကွယ်ခြင်း ကတိပြုချက်အရ ဒေသခံများကို လွတ်လပ်စွာ ကြိုတင်အသိပေး၍ သဘောတူညီချက် ရယူခြင်းမရှိဘဲ (FPIC) အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့သည်။ ထို့ပြင် ဒေသခံလူထု ရာပေါင်းများစွာကို ထိခိုက်ပျက်စီးမှုများလည်း ဖြစ်ပေါ်စေနိုင်ကြောင်း ယင်းတိုင်ကြားချက်တွင် ဖော်ပြထားသည်။

စီမံကိန်းကို ရပ်ဆိုင်းထားပြီးနောက် SECU သည် UNDP မြန်မာမှ ယင်းတို့၏ စောင့်ရှောက်ကာကွယ်ခြင်းဆိုင်ရာ ကတိပြုချက်များကို ချိုးဖောက်ခြင်းရှိမရှိ စုံစမ်းစစ်ဆေးမှုတစ်ခုကို စတင်ဆောင်ရွက်ခဲ့သည်။

ယင်းစုံစမ်းစစ်ဆေးမှုသည် ဖေဖော်ဝါရီတွင် ပြီးဆုံးရမည်ဖြစ်သော်လည်း ကိုဗစ် ၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် နှောင့်နှေးကြန့်ကြာနေသည်။

အထက်မှအောက်သို့ စီမံဆောင်ရွက်သည့်စနစ်နှင့် ဒေသခံလူထုမှ စတင်သည့်စနစ်ကြားရှိ ပဋိပက္ခများသည် မြန်မာနိုင်ငံတွင် အသစ်အဆန်းတော့မဟုတ်ပေ။

ဥပမာ ကချင်ပြည်နယ်ရှိ ခါကာဘိုရာဇီ အမျိုးသားသဘာဝဥယျာဉ်သည် အဆိုအရ ဒေသခံလူထု၏ သဘောတူညီမှုမရယူဘဲ ဖော်ဆောင်ခဲ့သော သဘာဝထိန်းသိမ်းရေးဒေသတစ်ခုဖြစ်ပြီး အကျိုးဆက်အားဖြင့် ဒေသခံများသည် ၎င်းတို့ဘိုးဘေးပိုင်နယ်မြေများမှ နှင်ထုတ်ခံရခြင်း၊ မြေယာများဆုံးရှုံးရခြင်းတို့ ကြုံတွေ့ကြရသည်။

အခြားဥပမာ တစ်ခုအဖြစ် ကချင်ပြည်နယ် ဟူးကောင်းတောင်ကြား တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောရှိ သဘာဝထိန်းသိမ်းရေးဒေသများသည် သဘာ၀၀န်းကျင် ပျက်စီးစေသော ဖွံ့ဖြိုးမှုလုပ်ငန်းများမှ ကာကွယ်ရာတွင်၎င်း၊ တောရိုင်းတိရစ္ဆာန်နှင့် ဇီဝမျိုးကွဲများကို ထိန်းသိမ်းစောင့်ရှောက်ရာတွင်၎င်း ထင်သလောက် ထိရောက်မှုမရှိ ဖြစ်နေရသည်။

တောင်တန်းမှ သန္တာကျောက်တန်းဆီသို့ စီမံကိန်းသည် ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ရန်ပုံငွေအဖွဲ့က ထောက်ပံ့သော ကန်ဒေါ်လာ ၂၁ သန်းပမာဏရှိ တနင်္သာရီဒေသ မြေဧက ၃ ဒသမ ၄ သန်းကို သဘာဝထိန်းသိမ်းရေးလုပ်မည့် ဧရာမစီမံကိန်းကြီးဖြစ်သည်။ (စီမံကိန်းမြေပုံ)

တောင်တန်းမှ သန္တာကျောက်တန်းဆီသို့ စီမံကိန်းသည် ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ရန်ပုံငွေအဖွဲ့က ထောက်ပံ့သော ကန်ဒေါ်လာ ၂၁ သန်းပမာဏရှိ တနင်္သာရီဒေသ မြေဧက ၃ ဒသမ ၄ သန်းကို သဘာဝထိန်းသိမ်းရေးလုပ်မည့် ဧရာမစီမံကိန်းကြီးဖြစ်သည်။ (စီမံကိန်းမြေပုံ)

ဒေသခံများမှ စတင်သည့်စနစ်

“တနောသရီဒေသတွင် နေထိုင်သူများ၏ဘဝ” အစီရင်ခံစာတွင် တနင်္သာရီဒေသတွင် ဒေသခံတိုင်းရင်းသားတို့က ၎င်းတို့၏ နယ်မြေဒေသများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ပုံစံငယ်ကို ဖော်ပြထားသည်။

ဤအပြန်အလှန် ဆက်နွယ်လျက်ရှိသော ဒေသခံတို့၏ ကျယ်ပြောသော နယ်မြေဒေသကွန်ရက်များသည် ကမ်းနားသစ်တောများ၊ ရေဝေရေလဲဒေသများ၊ ရွှံ့ညွှံတောများ၊ ဒီရေတောများ၊ သန္တာကျောက်တန်းများနှင့် အခြားဂေဟစနစ်များအပြင် ရှားပါးဇီဝမျိုးစိတ်များ ကျက်စားရာနယ်မြေများကို ကာကွယ်စောင့်ရှောက်ထားသည်။

အစီရင်ခံစာတွင် အစိုးရက ဒေသခံလူထု၏ ဦးဆောင်မှုနှင့် ၎င်းတို့၏ ထိန်းသိမ်းစောင့်ရှောက်သည့် နယ်မြေဒေသများကို ဥပဒေ၊ မူဝါဒများနှင့် အသိအမှတ်ပြုပေးရန်၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အလှူရှင်များကလည်း ဒေသခံတို့ဦးဆောင်သော သဘာဝထိန်းသိမ်းရေးပုံစံများကို ကူညီထောက်ပံ့ပေးရန် ဖော်ပြထားသည်။

ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းရေးအတွက် ဒေသခံတို့၏ သဘာဝရင်းမြစ်မြေယာများကို စီမံကိုင်တွယ်ပုံသည် အဓိကသော့ချက်ဖြစ်သည်ဟူသည့် သက်သေအထောက်အထားများကိုလည်း တဖြည်းဖြည်း ပိုမိုတွေ့မြင်လာနေရပြီဖြစ်သည်။

တကမ္ဘာလုံးကို ခြုံငုံကြည့်လျှင် ဒေသခံတို့ထိန်းသိမ်းနေသော နယ်မြေပိုင်နက်များသည် ကမ္ဘာ့မြေမျက်နှာပြင်၏ လေးပုံတစ်ပုံကျော်ရှိကာ ကမ္ဘာတွင်ကျန်ရှိနေသေးသော ဇီဝမျိုးကွဲများ ၈၀ ရာနှုန်း ရှိနေသောဒေသများဖြစ်ပြီး၊ ကာဗွန်မက်ထရစ်တန်ချိန် အနည်းဆုံး ၂၉၃ ဘီလျံ သိုမှီးနေသော ဒေသများဖြစ်သည်။

ဒေသခံတို့ထိန်းသိမ်းနေသော နယ်မြေဒေသများသည် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် သဘောတူညီချက်များအရ ဒေသခံများထိန်းသိမ်းစောင့်ရှောက်သော နယ်မြေများအဖြစ် နိုင်ငံတကာမှ အသိအမှတ်ပြုခံထားရသည်။

တနင်္သာရီဒေသတွင် ရွာနှင့်ဒေသအခြေစိုက် ကော်မတီအဖွဲ့အစည်းများက ဂရုတစိုက်မြေယာအသုံးချရေး အစီအစဉ်များ၊ ဒေသတွင်းချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများ၊ ဒေသအခြေစိုက် စောင့်ကြည့်ရေးနှင့် လိုက်နာဆောင်ရွက်ရေး လုပ်ထုံးလုပ်နည်းများဖြင့် ၎င်းတို့ဒေသကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။

ဒေသခံတို့သတ်မှတ်ထားသော စံနှုန်းများနှင့် ရှောင်ကြဉ်ရန်သဘောတူညီချက်များမှာ သဘာဝရင်းမြစ်များကို တပိုင်တနိုင် အသုံးပြုခြင်းအတွက်သာ ထုတ်ယူသုံးစွဲရန်၊ စီးပွားရေးအရနှင့် တစ်ဦးကောင်းချမ်းသာရေးအတွက် အသုံးမချရန်တို့ဖြစ်သည်။

ရပ်ရွာလူထု ကော်မတီများကလည်း သဘာဝကို ပျက်စီးစေသော စီမံကိန်းများနှင့် သစ်တောပြုန်းတီးမှုနှင့် ရေထုညစ်ညမ်းမှုကိုဖြစ်ပေါ်စေသော စက်ရုံများကို ဆန့်ကျင်သည့် စည်းရုံးလှုံ့ဆော်ရေးများကို လုပ်ဆောင်လျက်ရှိသည်။

“တနင်္သာရီဒေသက ကျွန်တော်တို့ဒေသခံ တိုင်းရင်းသားတွေအနေနဲ့ တောရိုင်းတိရစ္ဆာန်တွေနဲ့ ရေဝေရေလဲဒေသတွေကို ကာကွယ်ထိန်းသိမ်းဖို့ သဘာဝထိန်းသိမ်းရေး သစ်တောဧရိယာကို ဖော်ဆောင်လုပ်ကိုင်နေပါတယ်”ဟု ထားဝယ်ခရိုင် တမိုသွေး မှ ကရင်ခေါင်းဆောင် ကိုစောခိုက ပြောသည်။

“ကျွန်တော်တို့ ကျန်းမာရေးနဲ့ အင်အားပြည့်ဖြိုးဖို့အတွက် အရေးပါတဲ့ ဆေးဖက်ဝင်သစ်တောတွေကို ကာကွယ်ထိန်းသိမ်းနေပါတယ်” ဟုဆိုသည်။

“ကာကွယ်ထိန်းသိမ်းရေးဆိုတာ ကျွန်တော်တို့အတွက် အသစ်အဆန်းမဟုတ်ပါဘူး။ ကျွန်တော်တို့ ဘိုးဘေးတွေရဲ့ အစဉ်အလာကောင်းတွေကို ဆက်ခံထားပါတယ်၊ ကျွန်တော်တို့ အရင်ထဲက သုံးနေကျစကား “သုံးလည်းသုံး၊ ထိန်းလည်းထိန်း” ဆိုသလိုပေါ့။ ဒါတွေက ဒေသခံတိုင်းရင်းသားတွေ လိုက်နာကျင့်သုံးနေတဲ့ စံချိန်စံနှုန်းတွေပဲ” ဟု ကိုစောခိုက ပြောသည်။

ယင်းကဲ့သို့ အပြန်အလှန် ဆက်စပ်နေသော နယ်မြေဒေသများနှင့် ဂေဟစနစ်များကို စီမံခန့်ခွဲရာတွင် အကျိုးထိရောက်သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပုံစံအဖြစ် ဖြစ်ပေါ်ရန် ဒေသခံတိုင်းရင်းသားများက အစဉ်အလာကောင်းများနှင့် ပေါင်းစည်းလုပ်ဆောင်လျက်ရှိနေပါသည်။

“ဧရိယာငယ်လေးတွေ သီးသန့်စီ ကာကွယ်ထိန်းသိမ်းနေတာက အလုပ်မဖြစ်ပါဘူး။ ကျွန်တော်တို့ဟာ သဘာဝထိန်းသိမ်းရေးကို နယ်မြေဒေသတခွင်လုံး ခြုံငုံချဉ်းကပ်နည်းနဲ့ ကြည့်ရမယ်” ဟု ကရင် သဘာဝပတ်ဝန်းကျင်နှင့်လူမှုဆိုင်ရာ လှုပ်ရှားမှုကွန်ရက် စီမံအုပ်ချုပ်သူဖြစ်ပြီး တနောသရီ သဘာဝထိန်းသိမ်းရေး မဟာမိတ်အဖွဲ့၏ အဖွဲ့ဝင်လည်းဖြစ်သော စောပေါစိန်ထွားက ပြောသည်။

“ဒေသခံတိုင်းရင်းသားတွေက ဒေသတွင်း ဂေဟစနစ်တွေရဲ့ မတူညီတဲ့ အစိတ်အပိုင်းတွေ အပြန်အလှန် ဆက်နွယ်နေတာကို ရှုမြင်ပြီး နယ်မြေတခွင်လုံး ခြုံငုံချဉ်းကပ်နည်းနဲ့ သူတို့ရဲ့ဒေသတ?

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.