Shell အမှတ်တံဆိပ် လောင်စာဆီဆိုင်များ ပြည်တွင်း၌ ဖွင့်လှစ်တော့မည်

ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၈၀ နီးပါးတွင် အရောင်းဆိုင်ပေါင်း ၄၃,၀၀၀ ဖွင့်လှစ်ထားသည့် Shell အမှတ်တံဆိပ် လောင်စာဆီ လက်လီအရောင်းဆိုင်များကို မြန်မာနိုင်ငံတွင် မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်သည်။

ထိုသို့ဖွင့်လှစ်နိုင်ရေးအတွက် ပြည်တွင်းတွင် လောင်စာဆီဆိုင်များဖွင့်လှစ်ထားသည့် Max Energy Myanmar နှင့် Shell တ့ိုအကြား လက်လီရောင်းချခြင်း ကုန်အမှတ်တံဆိပ်လိုင်စင် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်ဟု ၎င်းတို့က ဇူလိုင် ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

“Max Energy Company Limited နှင့် Shell Brands International AG တ့ို အကျိုးတူပူးပေါင်းပြီး Max Energy Myanmar က ပိုင်ဆိုင်ကာ လုပ်ငန်းလည်ပတ်မည့် Shell အမှတ်တံဆိပ် လက်လီအရောင်းနေရာများကို မြန်မာနိုင်ငံတွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ဝမ်းမြောက်စွာ ထုတ်ပြန်ကြေညာလိုက်ပါသည်” ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါသဘောတူညီမှုအရ လာမည့်သုံးနှစ်တာကာလတွင် Shell အမှတ်တံဆိပ်လက်လီဆိုင်များအား နိုင်ငံတဝန်း ဖွင့်လှစ်နိုင်ရန်ရည်ရွယ်ထားသည်ဟုလည်း ဖော်ပြထားသည်။

Max Myanmar Holding Co Ltd ၏ ဥက္ကဋ္ဌ ဦးဇော်ဇော်  “ကမ္ဘာ့အကြီးဆုံး လောင်စာဆီ လက်လီဖြန့်ချိနေတဲ့ Shell နဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုက လောင်စာဆီတွေရဲ့ အရည်အသွေးနဲ့ စံနှုန်းကို မြှင့်တင်ပေးပြီး ပြည်သူတွေအတွက်လည်း ပြိုင်ဘက်ကင်း ဝန်ဆောင်မှုနဲ့ အတွေ့အကြုံတွေကို ပေးစွမ်းခြင်းကနေတစ်ဆင့် နိုင်ငံကို အကျိုးပြုပေးမှာပါ” ဟု ထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။

အဆိုပါလက်လီအရောင်းဆိုင်များတွင် Shell အမှတ်တံဆိပ်၏ တန်ဖိုးထားမှုများ၊ အရည်အသွေးမြင့် လောင်စာဆီနှင့် ဝန်ဆောင်မှုစသည့်ကဏ္ဍများတွင် ထားရှိသည့်အဆင့်အမြင့်ဆုံး စံချိန်စံညွှန်းအတိုင်း လုပ်ဆောင်သွားမည် ဖြစ်သည်ဟုဆိုသည်။

Shell Myanmar ၏ Country Chair ဖြစ်သူ Yasuko Yoshida က “Shell အမှတ်တံဆိပ် လက်လီ အရောင်းဆိုင်တွေကို မြန်မာနိုင်ငံမှာ မိတ်ဆက်ခွင့်ရတော့မယ့်အတွက် စိတ်လှုပ်ရှား ဂုဏ်ယူမိပါတယ်။ Max Energy Myanmar နဲ့ အခုလိုရေရှည်အကျိုးတူပူးပေါင်းခြင်းက မော်တော်ယာဉ်မောင်းတွေ၊ တခြား ဖောက်သည်တွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ဒီဇိုင်းဆွဲထားတဲ့ အဆင်ပြေပြေသုံးစွဲနိုင်တဲ့ ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှု အမျိုးမျိုး၊ Shell ရဲ့ အရည်အသွေးမြင့် လောင်စာဆီနဲ့ ချောဆီ၊ အထူးကောင်းမွန်တဲ့ Customer ဝန်ဆောင်မှုတွေကို  မြန်မာပြည်သူပြည်သားတွေအတွက် ပံ့ပိုးပေးမှာဖြစ်ပါတယ်။ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုအတွက် ကတိကဝတ်ထားပြီး အဖွဲ့အစည်း အုပ်ချုပ်မှုခိုင်မာတဲ့ Max Myanmar Group လုပ်ငန်းစုကြီးနဲ့အတူ လုပ်ဆောင်ရမှာဖြစ်လို့ ဝမ်းမြောက်မိပါတယ်” ဟု ပြောကြားသည်။

Max က မြန်မာတစ်နိုင်ငံလုံးတွင် လောင်စာဆီအရောင်းဆိုင်ပေါင်း ၃၁ ဆိုင်ကို ဖွင့်လှစ်ရောင်းချနေပြီး Max ၏ လောင်စာဆီ လိုအပ်မှုများအား Shell International Eastern Trading Company (SIETCO) က ဖြည့်တင်းပေးမည်ဖြစ်သလို ထုတ်ကုန်အရည်အသွေးနှင့် လုံခြုံစိတ်ချရသည့် ထောက်ပံ့မှုရှိစေရန် ကူညီပေးမည် ဖြစ်သည်။

ပြည်တွင်းဈေးကွက်တွင် လောင်စာဆီတင်သွင်း၊ ဖြန့်ဖြူးရောင်းချခွင့်ရသည့် ပထဆုံးသော ပြည်ပ ရင်းနှီးမြုပ်နှံသူအဖြစ် Puma Energy ကုမ္ပဏီကိုလည်း  ခွင့်ပြုထားပြီးဖြစ်ရာ ဓါတ်ဆီနှင့် ဒီဇယ်ဆီများကို ပြည်တွင်းရှိ Puma အမှတ်တံဆိပ်ပါဆိုင်များတွင် ရောင်းချနိုင်မည်ဖြစ်သည့်အပြင် အခြားဆီဆိုင်များသို့လည်း ဖြန့်ဖြူးရောင်းချခွင့်ရရှိမည်ဖြစ်ကြောင်း Puma ၏ မြန်မာနိုင်ငံဆိုင်ရာမန်နေဂျာ မစ္စတာဒေးဗစ်ဟိုးလ်ဒင်းက Frontier ကို ပြောကြားထားသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.