In photos: တားမြစ်ကန့်သတ်ခံမြို့နယ်သားတို့ဘဝ

စာသားနှင့် ဓာတ်ပုံ – ခွန်လတ်

ရန်ကုန်မြို့လယ်ကောင် ကျောက်တံတား၊ ပန်းဘဲတန်းမြို့နယ်တွေက မြန်မာနိုင်ငံမှာ လူနေသိပ်သည်းတဲ့မြို့နယ် နှစ်ခုဖြစ်ပေမဲ့ လောလောဆယ် ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုးတွေ့လူနာရှိတဲ့မြို့နယ်တွေကို တားမြစ်ကန့်သတ်မိန့် ထုတ်ပြန်ရာမှာ ပါသွားကြလို့ ခါတိုင်းပျားပန်းခပ်လှုပ်ရှားသက်ဝင်နေတဲ့လမ်းတွေဟာ ငြိမ်သက်ကုန်ကြပါတယ်။Hkun Lat | Frontier

Hkun Lat | Frontier

ရန်ကုန်မြို့ အနောက်ပိုင်းခရိုင် ကိုးမြို့နယ်ထဲက ကျောက်တံတား၊ ပန်းဘဲတန်းမြို့နယ်တွေက ဧပြီ ၂၅ ရက်မှာ ရန်ကုန်တိုင်းဒေသကြီးရဲ့ အတည်ပြုကိုရိုနာဗိုင်းရပ်စ်လူနာ ၁၁၂ အနက် ၃၀ ဦးတွေ့ရတဲ့ မြို့နယ်တွေဖြစ်ပြီး ဗဟန်းက ၁၂ ဦးနဲ့အများဆုံးဖြစ်ကာ ပန်းဘဲတန်းက ခုနစ်ဦးနဲ့ဒုတိယလိုက်ပြီး တစ်ဦးသေဆုံးပါတယ်။ ကျောက်တံတားမှာ လူနာနှစ်ဦးတွေ့ရှိရပါတယ်။Hkun Lat | Frontier

Hkun Lat | Frontier

ပန်းဘဲတန်းက ဧပြီ ၁၈ ရက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအမိန့်အရ တားမြစ်ကန့်သတ်ခံရတဲ့ ရန်ကုန်တိုင်း ခုနစ်မြို့နယ်ထဲ ပါဝင်သွားတဲ့တခုတည်းသောမြို့တွင်းမြို့နယ်ဖြစ်ပါတယ်။ ဒီအမိန့်ကြောင့် မြို့တွင်းလမ်းတွေ ခြောက်ကပ်သွားကုန်ပါတယ်။ အစိုးရဝန်ထမ်းတွေ၊ ကုမ္ပဏီဝန်ထမ်းတွေ၊ အလုပ်လာလုပ်တဲ့ အလုပ်သမားတွေကလွဲလို့ ရပ်ကွက်တွင်းနေသူအားလုံး အိမ်မှာပဲ နေကြရပါတယ်။ လိုအပ်တာဝယ်ဖို့ အိမ်သားတစ်ဦးပဲ ဝင်ထွက်ခွင့်ရပြီး ခရီးသည်တင်ကားတွေသာ မြို့နယ်တွင်းဖြတ်ခွင့်ရပါတယ်။Hkun Lat | Frontier

Hkun Lat | Frontier

ပန်းဘဲတန်းမြို့နယ် လမ်းထိပ်တိုင်းမှာ စစ်ဆေးရေးဂိတ်တွေရှိကြပြီး ဂိတ်မှာ အချိန်နဲ့နေရာကို မှတ်တမ်းတင်ပါတယ်။ တားမြစ်ကန့်သတ်မိန့်မထုတ်ခင်နဲ့ ထုတ်ပြီးနောက် လမ်းသားတွေက ဂိတ်တွေကို ထားရှိကြီးကြပ်ကြတာဖြစ်ပါတယ်။

Hkun Lat | Frontier

Hkun Lat | Frontier

ဂိတ်တွေကို ဆောက်လုပ်ရေးလုပ်ငန်းနဲ့ လမ်းတံတားသုံး ပလတ်စတစ်တုံး၊ ပလတ်စတစ်ကြိုးတွေ၊ ဝါးလုံးတွေ၊ စားပွဲခုံတွေ၊ မိုးကာတွေနဲ့ ဖန်တီးထားကြပါတယ်။ စေတနာ့ဝန်ထမ်း ခြောက်ယောက်၊ ခုနစ်ယောက်နဲ့ စစ်ဆေးကြပ်မတ်နေကြပါတယ်။

Hkun Lat | Frontier

Hkun Lat | Frontier

စေတနာ့ဝန်ထမ်းတွေက သူတို့တာဝန်ကို တင်းတင်းကျပ်ကျပ်ဆောင်ရွက်ကြပါတယ်။ လမ်းသားတွေကို တစ်ရက် နှစ်ကြိမ်ပဲ သွားလာခွင့်ပြုပါတယ်။ လမ်းထဲကို အပြင်လူဆိုရင် ဆွေမျိုးသားချင်းတွေကိုတောင် ဝင်ခွင့််မပြုပါဘူး။ အစားအစာမှာစားရင် ဂိတ်မှာ မနက် ၇ နာရီက ည ၁၀ နာရီအတွင်း လာယူခွင့်ပြုပါတယ်။

Hkun Lat | Frontier

Hkun Lat | Frontier

တခါတရံ ဂိတ်မှာအငြင်းပွားတတ်ကြပါတယ်။ စစ်ဆေးရေးဂိတ်မှာ လုံခြုံရေးတာဝန်ယူထားသူနဲ့ လမ်းသားတစ်ဦးတို့ အဲကွန်းပြင်ဆရာကို ဝင်ခွင့်မပေးလို့ စကားအချေအတင်များနေကြတာ Frontier ကတွေ့ခဲ့ရပါတယ်။Hkun Lat | Frontier

Hkun Lat | Frontier

လမ်းသားက ပြင်ဆရာကို သူတာဝန်ယူကြောင်းပြောပေမဲ့ လုံခြုံရေးက ရပ်ကွက်ဥက္ကဋ္ဌခွင့်ပြုမှ ဝင်ခွင့်ပြုနိုင်မယ့်အကြောင်း ပြောပါတယ်။

Hkun Lat | Frontier

Hkun Lat | Frontier

လုံခြုံရေးတာဝန်ယူထားသူက တားမြစ်မိန့်ထုတ်ရတာ၊ တခြားကန့်သတ်ချက်တွေထားရတာ ကိုရိုနာဗိုင်းရပ်စ် မပြန့်ပွားအောင်လုပ်ရမှန်း အသိအမှတ်မပြုချင်ကြဘူးလို့ စိတ်ပျက်လက်ပျက်ညည်တွားပါတယ်။Hkun Lat | Frontier

Hkun Lat | Frontier

“တချို့တွေက ဒီမှာ ဘာလို့တားနေရသလဲဆိုတာ သဘောမပေါက်ကြဘူးဗျာ။ သူတို့က မကျေမနပ် ပြန်ပြောကြဖို့ပဲ သိတယ်။ ကျွန်တော်တို့က ဗိုင်းရပ်စ်ပိုးကင်းစင်စေဖို့ အပင်ပန်းခံလုပ်နေကြရတာလေဗျာ” လို့ လုံခြုံရေးတစ်ဦးကပြောပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.