ကသောင်းကနင်းဖြစ်ခဲ့ရတဲ့ ပြည်တော်ဝင်တွေ ရဲ့ အိမ်ပြန်ခရီး

ထိုင်းနိုင်ငံမှ ပြည်တော်ပြန်ဝင်လာသူတွေကို အိမ်မှာ ၁၄ ရက်နေခိုင်းဖို့ နေရပ်ပြန်ပို့တဲ့အစီအစဉ်မှာ ကသောင်းကနင်းဖြစ်မှုတွေရှိခဲ့တာက ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမယ့်အကျိုးဆက်တွေဖြစ်ပေါ်လာနိုင်ပါတယ်။

ဟိန်းသာ၊ရဲမွန်နှင့်အိမ့်သက်ဆု

” သူတို့က ၁၄ရက်စောင့်ကြည့်မခံချင်ဘူး။ ထောင် ၆လ အကျခံကြမှာ ” အခြေအနေတွေကို စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က Frontier ကို မတ်လ ၂၄ ရက်မှာပြောပါတယ်။
နေ့စဉ်ထောင်နဲ့ ချီတဲ့ ထိုင်းရွှေ့ပြောင်းလုပ်သား မြန်မာတွေဟာ မြဝတီ-မဲဆောက်အမှတ်(၂) တံတားကို ဖြတ်ပြီး နေရပ်ပြန်လာနေကြပါတယ်။ မတ်လ ၂၀ ရက်နေ့က နေ့က စလို့ ယနေ့ မတ်လ ၂၈ ရက်နေ့အထိ ပြန်လာတဲ့လူပေါင်းလေးသောင်းလောက် ရှိနေပါတယ်။ ဒီလူတွေကို အိမ်မှာ ၁၄ ရက်နေပြီးအသွားအလာကန့်သတ်ဖို့ (Home quarantine)။ ဒါမှမဟုတ် အိမ်မပြန်သေးဘဲ မြဝတီမြို့မှာ ပြင်ဆင်ထားတဲ့ အဆောက်အဦငါးခုမှာ ၁၄ရက် စောင့်ကြည့်ခံဖို့ ကရင်ပြည်နယ်အစိုးရက နယ်စပ်ဂိတ်မှာ အသဲအသန်ညွှန်ကြားနေပါတယ်။
၁၉၉၅ မှာပြဌာန်းပြီး ၂၀၁၁ခုနှစ်မှာ ပြင်ဆင်လိုက်တဲ့ ကူးစက်နှိမ်ဥပဒေအရ အစိုးရ ရဲ့ စောင့်ကြည့်မှု/ quarantine လုပ်ဖို့ ငြင်းဆန်ရင် ထောင် ၆လ ဒါမှမဟုတ် ဒဏ်ငွေ ၁၀၀၀၀ ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံးကျခံရနိုင်ပါတယ်။ ဒါပေမယ့်ဒီလူတွေဟာ အိမ်မှာပဲ Quarantine လုပ်မယ်ဆိုတဲ့ ကတိတွေနဲ့ အိမ်ပြန်ဖို့ ကြိုးစားနေကြပါတယ်။
ထိုင်းနိုင်ငံမဲဆောက်ကနေ ပြန်မာပြည်ထဲ စတင်ပြန်လာတဲ့ မတ်လ ၁၆ ရက်ကနေ မတ်လ ၂၈ ရက်နေ့အထိ လူ လေးသောင်းနီးပါး ထဲမှာ မိမိဆန္ဒအရ မြဝတီမြို့က အဆောက်အဦမှာ ၁၄ ရက်အစောင့်ကြည့်ခံတဲ့ လူက တစ်ဦးသာ ရှိနေပါတယ်။
” ဒီတစ်ယောက်ဟာ ကိုယ့်မိသားစုကိုချစ်တဲ့။တိုင်းပြည်ကို ချစ်တဲ့ တာဝန်သိတဲ့ လူတစ်ယောက်လို့ ကျွန်တော်လေးလေးနက်နက်ဆိုချင်ပါတယ်” လို့ မြဝတီမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်ကပြောပါတယ်။
လက်ရှိအချိန်ထိ ဝင်ပေါက် ဂိတ်မှာ တန်းစီစောင့်ဆိုင်းနေတဲ့ လူထောင်ပေါင်းများစွာကို အပူချိန်တိုင်းတာတွေ၊စစ်ဆေးတာတွေ လုပ်ပေမယ့် ပုံမှန်မဟုတ်တဲ့ စောင့်ကြည့်လူနာ ၂ ဦးသာ တွေ့ရပါတယ်။ ဖျားနာနေတဲ့ ဒီလူနာနှစ်ဦးရဲ့ နမူနာကို ဆေးစစ်ကြည့်ရာမှာ Negative တွေ့လို ပြန်လွှတ်ပေးပြီးပါပြီ။
”ရောဂါကြောက်လို့ ပြန်လာတာ။ ကျွန်တော်တို့မှာ ဘာပိုးမှမပါပါဘူး” လို့ “တက်”ခရိုင်မှာ အလုပ်လုပ်ပြီး မြန်မာပြည်ပြန်လာတဲ့ ကိုဇွဲသန့်ကျော် ကပြောပါတယ်။
ထိုင်းနိုင်ငံ မဲဆောက်မြို့ “တက်”ခရိုင်ဟာ မတ်လ ၂၂ရက်နေ့ကတည်းက သူ့ရဲ့နယ်စပ်အဝင်အထွက်ကို ပိတ်ချလိုက်ပါပြီ။ ဒါပေမယ့် ထိုင်းနိုင်ငံအနှံ့အပြားက ပြန်လာတဲ့မြန်မာ ရွှေ့ပြောင်းလုပ်သားတွေဟာ တက် ခရိုင်ထဲမှာပဲစုပုံနေတဲ့ အတွက် နှစ်နိုင်ငံလူဝင်မှုကြီးကြပ်ရေးအရာရှိတွေ သဘောတူညီချက်ယူပြီး မြန်မာပြည်ထဲ ပြန်ခွင့်ပြုနေတာပါ။ မတ်လ ၂၈ ရက်နေ့ နေ့လည်ပိုင်းမှာတင် လူ ၂၀၀၀ လောက်ထပ်ပြန်လာနေပြီး ထပ်ပြန်လာမယ့် လူတွေရှိသေးတာကြောင့် မြန်မာနယ်စပ်ဂိတ်ကို ပိတ်ဖို့ကလည်း မဖြစ်နိုင်ဘူးလို့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က မတ်လ ၂၈ ရက်နေ့မှာ ပြောပါတယ်။

Returning migrant workers wait near the Number 2 Thai-Myanmar Friendship Bridge on March 24. (Ko Win Zaw (Myawaddy) | Supplied)

Returning migrant workers wait near the Number 2 Thai-Myanmar Friendship Bridge on March 24. (Ko Win Zaw (Myawaddy) | Supplied)

အရာမရောက်လိုက်တဲ့ အစိုးရအစီအစဉ်
မတ်လ ၂၃ရက်နေက စာရင်းတွေအရ ထိုင်းနိုင်ငံမှာ Covidအတည်ပြုလူနာ ၆၀၀ နီးပါးရှိနေခဲ့ပါပြီ။
နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ ဒါကတော့ သံတမန်တွေနဲ့ ကုလအရာရှိတွေက လွဲလို့ နိုင်ငံရပ်ခြားက မြန်မာပြည်ကို ပြန်လာတဲ့ ဘယ်သူကိုမဆို Facility Quarantine လို့ ခေါ်တဲ့ အထူးစောင့်ကြပ်အစီအစဉ်နဲ့ ထားရှိဖို့ပါ။ အထူးစောင့်ကြပ်ခြင်းရဲ့သဘောအရ ဒီလူတွေဟာနေအိမ်ကလည်းထွက်ခွင့်မရှိသလို အများပြည်သူတွေနဲ့လည်း ရောနှောခွင့်မရှိဘဲ သီးခြားအဆောက်အအုံထဲမှာသာ နေပြီးစောင့်ကြည့်ခံရမှာ ဖြစ်ပါတယ်။
ဒီညွှန်ကြားချက်ဟာ ၂၄ ရက် ညသန်းခေါင်ဆိုအသက်ဝင်လာမှာဖြစ်တဲ့အတွက် အထူးစောင့်ကြပ်မှုမခံလိုတဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ မတ်လ ၂၅ ရက်မတိုင်ခင်မှာပဲ အုံနဲ့ကျင်းနဲ့ဝင်လာကြပါတယ်။ အပူချိန်တိုင်းတဲ့ နေရာတွေကို ကျော်ခွဝင်ကြပြီးတော့ နံရံတွေကနေ ဖြတ်ဝင်လာကြပါတယ် ။ ဒီအခြေအနေတွေကြောင့် ရဲတပ်ဖွဲ့နဲ့ အလုပ်သမားတွေကြား ပဋိပက္ခအနည်းငယ်ဖြစ်ပွားခဲ့သေးတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီနေတဲ့ AAC (Aid Alliance Committee) က ကိုရဲမင်းက ပြောပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက်ကို ရာနှုန်းပြည့်အကောင်အထည်ဖော်ရမယ်ဆိုရင် ၂၅ရက် နောက်ပိုင်းပြန်လာသမျှ လူအားလုံးကို အိမ်ပြန်မလွှတ်သင့်တော့တာ အသေအချာပါပဲ။ သူတို့အားလုံးကိုဘယ်မှသွားဖို့ခွင့်မပြုတော့ဘဲ မြဝတီမြို့က သီးခြားအဆောက်အအုံထဲမှာ ၁၄ ရက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ဒါပေမဲ့ လက်တွေ့မှာတော့ မတ်လ ၂၅ရက်ကစပြီး အဲ့ဒီလိုမဖြစ်ခဲ့ပါဘူး။ လူပေါင်းများစွာကို Facility quarantine မလုပ်နိုင်တာကြောင့် ဒီလူတွေကို မိမိနေရပ်ပြန် အိမ်ပြန်ပြီး home quarantine လုပ်ဖို့ပဲအစိုးရက ညွှန်ကြားနိုင်ပါတယ်။ ဒီလူတွေကို passport တွေမှာ Quarantine လုပ်ဖို့ တံဆိပ်တုံးထု။ လိပ်စာနဲ့ ဖုန်းနံပါတ်တွေယူပြီး သီးသန့်ကားနဲ့ အိမ်ပြန်ခိုင်းတာပဲ လုပ်ခဲ့တယ် လို့ ကရင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဘိုဘိုဝေမောင်က ပြောပါတယ်။
” Home quarantine လုပ်ဖို့ကို သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရကပဲ တာဝန်ယူရမှာပေါ့ဗျာ” လို့ ဦးတေဇာအောင်က စိုးရိမ်ပြီးစိတ်ရှုပ်နေတဲ့ ပုံနဲ့ ပြောပါတယ်။
အစိုးရနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဒီပြန်လာတဲ့ လူတွေကို သီးသန့်ကားတွေစီစဉ်ပေးပြီးစနစ်တကျ ပြန်ခိုင်းတယ်လို့ ပြောပါတယ်။

ထိုင်းမှပြန်လာသောရွှေ့ပြောင်းလုပ်သားများအားမြဝတီမြို့မှတင်ဆောင်လာသည့် ကားတစ်စီး မတ် ၂၄ ရက် ညပိုင်းက အောင်မင်္ဂလာအဝေးပြေးသို့ဆိုက်ရောက်စဉ်။ ဓာတ်ပုံ- ငြိမ်းဆုဝေကျော်စိုး

ထိုင်းမှပြန်လာသောရွှေ့ပြောင်းလုပ်သားများအားမြဝတီမြို့မှတင်ဆောင်လာသည့် ကားတစ်စီး မတ် ၂၄ ရက် ညပိုင်းက အောင်မင်္ဂလာအဝေးပြေးသို့ဆိုက်ရောက်စဉ်။ ဓာတ်ပုံ- ငြိမ်းဆုဝေကျော်စိုး

ဒါပေမယ့် ဒါကလည်း လက်တွေ့မြေပြင်အခြေအနေမှာ တကယ်မဟုတ်ဘဲ ဆိုးဆိုးဝါးဝါးကို ဖြစ်နေခဲ့ပါတယ်။ ရွှေ့ပြောင်းလုပ်သားအများစုဟာ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပြန်လာသူတွေရှိသလို ခရီးသည်တင် အဝေးပြေးကားတွေကို အသုံးပြု ပြီးပြန်လာကြတာတွေလည်းရှိပါတယ်။
မတ်လ ၂၄ ရက် ည မှာဆိုရင် ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးကို မြဝတီမြို့ က ရွှေ့ပြောင်းလုပ်သား ဦးရေ ၄၀၀ လောက်အဝေးပြေးကားတွေနဲ့ ရောက်ရှိလာပါတယ် ။ အောင်မင်္ဂလာဂိတ်မှာ ရဲတပ်ဖွဲ့၊ကြက်ခြေနီနဲ့ သူနာပြုတွေက အဖျားတိုင်းပြီး စစ်ဆေးတာတွေ လုပ်ပေးဖို့ အသင့်ရှိနေကြပါတယ်။

စိတ်မသက်မသာဖြစ်စရာကတော့ ရွှေ့ပြောင်းအလုပ်သမားအချို့ ဟာ သီးသန့်ကားနဲ့ မဟုတ်ဘဲ ခရီးသည်တင် ယာဉ်လိုင်းတွေမှာ ပုံမှန်ခရီးသည်တွေနဲ့ ရောနှောပြီးပြန်လာကြတာပါပဲဖြစ်ပါ တယ်။ ဒါ့အပြင် ယာဉ်လိုင်းတစ်ချို့ကလည်း မလုပ်သင့်တဲ့ လုပ်ရပ်တွေကိုလုပ်ကိုင်ခဲ့ကြပါတယ်။ ဒါကတော့ အောင်မင်္ဂလာဂိတ်ဆုံးကို မရောက်ခင် ခရီးသည်တစ်ချို့ကို လမ်းမှာတင် ချပေးခဲ့တာပါပဲ။ ရန်ကုန်မြို့အဝေးပြေးကားတွေရဲ့ထုံးစံအတိုင်းလမ်းမှာ ရပ်ပြီး Taxi တွေငှားပေးခဲ့တာပါ။
မိဘဂုဏ် ဆိုတဲ့ ယာဉ်လိုင်းဟာ Express ကားသုံးစီးပေါ်က ခရီးသည်တွေကိုလမ်းမှာချခဲ့လို့ ရဲတပ်ဖွဲ့ဝင်တွေနဲ့အခြေအတင်ဖြစ်ပါတယ်။

”မင်းတို့ ခရီးဆုံးထိဂိတ်ရောက်အောင် ခေါ်လာရမှာမသိဘူးလား “လို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက စိတ်ဆိုးမာန်ဆိုးနဲ့ အော်ဟစ်နေပါတယ်။

Frontier က စုံစမ်းရသလောက်တော့တခြားမြို့တွေမှာ လည်း အလားတူဖြစ်ရပ်တွေဖြစ်ခဲ့ပါတယ်။ မန္တလေး၊မကွေးနဲ့ ဧရာဝတီတိုင်းကအဝေးပြေးကွင်းတွေမှာလည်း မြဝတီက ပြန်လာတဲ့ရွှေ့ပြောင်းအလုပ်သမားတွေဟာ ကိုယ့်အစီအစဉ်နဲ့ ကိုယ်အများဆုံးပြန်လာခဲ့ကြတာပါ။ တချို့လူတွေဟာ ခရီးသည်တင်ယာဉ်တွေနဲ့ပဲ ရောနှောပြန်လာတယ်လို့ သတင်းရင်းမြစ်တွေက Frontier ကိုပြောပါတယ်။

Health workers record the personal information of passengers arriving at Aung Mingalar bus station in Yangon on the night of March 24. (Nyein Su Wai Kyaw Soe | Frontier)

Health workers record the personal information of passengers arriving at Aung Mingalar bus station in Yangon on the night of March 24. (Nyein Su Wai Kyaw Soe | Frontier)

အပြစ်တင်ရခက်တဲ့ အခြေအနေ

မြန်မာပြည်ဟာ ရွေ့ပြောင်းအလုပ်သမားသန်းနဲ့ချီပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်ခုပါ။ စာရင်းဇယားတွေအရ ထိုင်းနိုင်ငံမှာ မြန်မာပြည်က တရားဝင်ရွှေ့ပြောင်းလုပ်သားပေါင်း ၃ သန်းကနေ ၄ သန်းအထိ ရှိမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။ တရားမဝင်လုပ်သားက တော့ ဒီအရေအတွက်ထက်ပိုပါတယ်။
ရွှေ့ပြောင်းလုပ်သားတွေဟာ မြန်မာနိုင်ငံကို” ပြည်ပပြန်ပို့ငွေ” တွေ ပြန်ပို့ပြီး တချို့ဒေသတွေမှာ ငွေကြေးလည်ပတ်မှုကိုဦးဆောင်ကူညီပေးနေတာဖြစ်ပါတယ်။ ရောဂါဖြစ်ပွားတဲ့ အချိန်မှာတောင် ဇာတိမှာပဲ သေသွားချင်တယ်လို ရခိုင်ပြည်နယ်မှာနေထိုင်တဲ့ ထိုင်းကရွှေ့ပြောင်းအလုပ်သမား မရည်မွန်လွင်က ငိုပြီးပြောပါတယ်။ သူတို့ဟာ ကူကယ်ရာမဲ့ နေသလို quarantine လုပ်ပြီးထိန်းချုပ်စောင့်ကြည့်တယ်ဆိုတာကိုလည်း သေသေချာချာမသိပါဘူး။ သူမရဲ့ စိတ်ထဲမှာ အိမ်မပြန်နိုင်ရင်ဖမ်းချုပ်ခံရမယ်လို့ သူမထင်နေတာပါ။
တစ်ဖက်မှာလည်း ထိုင်းနိုင်ငံက ပြန်လာသူတွေ မထိန်းချုပ်နိုင်တာက ရောဂါပြန့်ပွားနိုင်ချေ အန္တရာယ်ကို လက်ယပ်ခေါ်နေသလိုပါပဲ။ ဒီထက်ဆိုးတာကတော့ ဖရိုဖရဲ အခြေအနေတွေ ကြားမှာ အစိုးရရဲ့အစီအမံတွေကို မယုံကြည်ကြတော့ဘဲမလိုက်နာမှုတွေဖြစ်လာနိုင်ပါတယ်။ပြီးတော့ လူထုကြားမှာ ထိုင်းပြန်တွေကြောင့် အထိတ်တလန့်ဖြစ်မှုတွေ၊ ကောလဟလတွေက နေ့စဉ်တိုးပွားလို့နေပါတယ်။
မြန်မာပြည်က ဒီလို အခက်အခဲတွေကြောင့် အငြင်းပွားနေကြပေမယ့် တစ်ဖက်မှာ ထိုင်းနဲ့ မြန်မာ ကြားက သောင်ရင်းမြစ်ကို ဖြတ်ပြီး အိမ်ပြန်ဖို့ အပြင်းအထန်ကြိုးစားနေတဲ့ တရားမဝင်ရွှေ့ပြောင်း အလုပ်သမားတွေလည်းရှိနေသေးပါတယ်။
” တရားမဝင်လုပ်သားတွေက ပွဲစားတွေအကူအညီနဲ့ ပြန်ဖို့နေ့တိုင်းကြိုးစားနေမှာပဲ။ သူတို့ကို ဘယ်သူမှ စစ်ဆေးပေးမှာမဟုတ်ဘူး ” လို့ ထိုင်းနိုင်ငံမှာ မြန်မာလုပ်သားအရေး ဆောင်ရွက်နေတဲ့ ကိုဆန်းလင်းအောင်ကပြောပါတယ်။ သူက ထိုင်းနိုင်ငံမှာ ၁၃ နှစ်ကြာနေထိုင်လျက်ရှိပြီး အလုပ်သမားသံအရာရှိရုံးနဲ့ နီးကပ်တဲ့ အဆက်အသွယ်ရှိသူပါ။
မတ်လ ၂၆ ရက်က ထိုင်းနိုင်ငံသောင်ရင်းမြစ်အနီးမှာ မြန်မာဘက်ကို တရားမဝင်လမ်းကြောင်းက ဝင်ရောက်ဖို့ကြိုးစားနေတဲ့ လူ ၈၁ ဦးကို ထိုင်းစစ်တပ်က ဖမ်းဆီးမိခဲ့ပါတယ်။ စစ်ဆေးကြည့်လိုက်တဲ့ အခါ ၁၃ ဦးကပဲ တရားဝင်စာရွက်စာတမ်းတွေရှိနေတဲ့ အလုပ်သမားဖြစ်ပြီး ကျန်တဲ့ ၆၈ ဦးက တရားမဝင်အလုပ်သမားတွေဖြစ်ကြပါတယ်။ ထိုင်းစစ်တပ်က နေ့စဉ် နယ်စပ်မှာ ကင်းလှည့်နေပေမယ့် သူတို့ မဖမ်းဆီးနိုင်ရင် မြန်မာပြည်ထဲ တရားမဝင် ပြန်လာမယ့် လူစုကလည်း မနည်းရှိနေပါတယ်။
” ဒါတော်တော်ဆိုးတဲ့ အခြေအနေပါ။ သူတို့က စာရင်းမရှိအင်းမရှိနဲ့ မြန်မာပြည်ထဲ ရောက်သွားကြမှာ။သူတို့ကို ဘယ်လိုစစ်ကြမလဲ” လို့ ကိုဆန်းလင်းအောင်က ပြောပါတယ်။
မြန်မာပြည်ကို ပြန်ရောက်လာတဲ့ ထိုင်းပြန် အများစုကရော Home Quarantine ဆိုတဲ့ ညွှန်ကြားချက်ကို လိုက်နာပါ့မလားဆိုတာလည်း စိန်ခေါ်မေးခွန်းပါပဲ။

ထိုင်းမှပြန်လာသောရွှေ့ပြောင်းလုပ်သားများအားမြဝတီမြို့မှတင်ဆောင်လာသည့် ကားတစ်စီး မတ် ၂၄ ရက် ညပိုင်းက အောင်မင်္ဂလာအဝေးပြေးသို့ဆိုက်ရောက်စဉ်။ ဓာတ်ပုံ- ငြိမ်းဆုဝေကျော်စိုး

ထိုင်းမှပြန်လာသောရွှေ့ပြောင်းလုပ်သားများအားမြဝတီမြို့မှတင်ဆောင်လာသည့် ကားတစ်စီး မတ် ၂၄ ရက် ညပိုင်းက အောင်မင်္ဂလာအဝေးပြေးသို့ဆိုက်ရောက်စဉ်။ ဓာတ်ပုံ- ငြိမ်းဆုဝေကျော်စိုး

မတ်လ ၂၇ ရက်နေ့မှာတော့ ရန်ကုန်တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန က ဒေသန္တရညွှန်ကြားချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ မြို့နယ်အသီးသီးမှာရှိတဲ့ ပြည်ပက ပြန်လာသူတွေ ဟာ အိမ်ထဲမှာနေဖို့၊ Home quarantine လုပ်ဖို့၊ အပြင်ထွက်တာကိုရှောင်ဖို့ပါ။ အဲ့လို မလိုက်နာဘူးဆိုရင် ၁၉၉၅ ဥပဒေအရ အပါအဝင် အခြားဥပဒေ တွေနဲ့ပါအရေးယူဖို့ ထုတ်ပြန်ခဲ့ပါတယ်။
၁၉၉၅ ဥပဒေအရ ရောဂါနဲ့ပတ်သက်ပြီး ကန့်သတ်မှုတွေ၊ထိန်းချုပ်မှုတွေနဲ့ ပိတ်ပင်မှုတွေပြုလုပ်တဲ့ အခွင့်အာဏာမှန်သမျှကို ကျန်းမာရေးဦးစီးဌာန၊ သက်ဆိုင်ရာမြို့နယ်ရဲ့ ကျန်းမာရေးဦးစီးဌာနကို အာဏာအပြည့်ပေးထားပါတယ်။ ဒါပေမယ့် တစ်နိုင်ငံလုံးကို ပျံ့နှံ့ဝင်ရောက်သွားတဲ့ ပြည်တော်ပြန် လေးသောင်းလောက်ကို ခြေရာခံပြီးထိန်းချုပ်ဖို့ဆိုတာ မြို့နယ်ကျန်းမာရေးဦးစီးဌာနတစ်ခု မှာရှိနေတဲ့ ကျန်းမာရေးဝန်ထမ်း ဦးရေ နဲ့တင်မလုံလောက်ပါဘူး။ တခြားဌာနဆိုင်ရာတွေ၊ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးဝန်ထမ်းတွေကပါပူးပေါင်းပြီး အချိန်နဲ့တပြေးညီဆောင်ရွက်ရမှာပါ။
တချို့ထိုင်းပြန်တွေဟာ ဖုန်းနံပါတ်အမှားတွေ၊လိပ်စာအမှားတွေပေးခဲ့ပြီး ခြေရာဖျောက်ကုန်ကြတာတွေလည်းရှိပါသေးတယ်။
“အဲ့ဒီလိုမဟုတ်တာတွေပေးခဲ့တော့ ကျွန်တော်တို့က အလုပ်ရှုပ်ရတယ်။ Passport ရုံးကို သွားပြီး နံပါတ်နဲ့ တိုက်စစ်ရမယ်။လိပ်စာပြန်ရှာရမယ်။ ဒါပေမယ့် ဒါတွေကျွန်တော်တို့လုပ်ဖို့အချိန်ကိုမရှိဘူးဖြစ်နေတာ” လို့ အမည်မဖော်လိုတဲ့ မြို့နယ် ရဲတပ်ဖွဲ့မှူးတစ်ဦးကပြောပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ ညစဉ် ကင်းလှည့်ပြီး ထိုင်းက ပြန်ရောက်လာတဲ့ လူတွေရဲ့နေအိမ်ကို စောင့်ကြည့်ဖို့၊ ပြန်လာသူ အသစ်တွေကို သတိပေးဖို့ လုပ်ဆောင်နေတယ် လို့သူက ဆိုပါတယ်။
မြေပြင်အခြေအနေတွေကတော့ ပြည်သူအများစုဟာ နိုင်ငံခြားက ပြန်လာသူမှန်သမျှကို သံသယ ထားတဲ့ အနေအထားကို ရောက်လာခဲ့ပါတယ်။
“သုံးအိမ်ကျော်မှာ ထိုင်းက ပြန်လာတဲ့အမျိုးသမီးတစ်ယောက်ရောက်နေတယ်။ ဘာကျန်းမာရေး ဆေးစစ်မှုမှလည်းမခံယူဘူး။ မနေ့ကပဲ သူ့ဇာတိကို အမျိုးတွေနဲ့ ပြန်သွားတယ်” လို့ ရွှေပေါက္ကံံမြို့သစ်မှာနေတဲ့ ကျောင်းသူ မနုနုစံကပြောပါတယ်။ သူရဲ့သတင်းပေးချက်ကို အတည်မပြုနိုင်ပေမယ့် သူအပါအဝင် မိသားစုကတော့ စိုးရိမ်မှုတွေရှိနေပါတယ်။
မြန်မာလို ရွှေ့ပြောင်းအလုပ်သမား သန်းနဲ့ချီပိုင်ဆိုင်ထားတဲ့ နိုင်ငံအတွက် ပြည်တော်ပြန်လာသူများ အရေးကို ကြိုတင်ပြင်ဆင်မှုများစွာ ပြုလုပ်ထားသင့်တယ် လို့ မြဝတီမြို့မှာရွှေ့ပြောင်းလုပ်သားတွေရဲ့ အမှုကိစ္စတွေကို ဥပဒေအရ ဖြေရှင်းပေးနေတဲ့ တရားလွှတ်တော်ရှေ့နေဦးကျော်ဆန်းအောင် ကပြောပါတယ်။
” သာမန်ဆင်းရဲသား၊အောက်ခြေလူတန်းစားဟာ ဘယ်လို Home quarantine လုပ်နိုင်မှာလဲ။ ကိုယ်ပိုင်အခန်းမရှိဘူး။မိသားစုနဲ့ စုနေရတယ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.