ကိုဗစ် – ၁၉ ကာလ မြဝတီသောက

တရုတ်နှစ်သစ်ကူး အားလပ်ရက်ပြီးနောက် ထိုင်းနိုင်ငံအတွင်း သောင်တင်နေသည့် တရုတ်လူမျိုး အလုပ်သမားထောင်ချီအား ကမ္ဘာအရပ်ရပ်သို့ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေသည့် ဖေဖော်ဝါရီလမှာပင် ကရင်နယ်ခြားစောင့်တပ်က မြန်မာနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်ခွင့်ပြုခဲ့သည်။
နော်ဘတ်တီဟန် ရေးသားသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် မြဝတီမြို့လယ်ရှိ ကာစီနိုများမှ တရုတ်လူမျိုး အလုပ်သမား ထောင်ချီသည် လာမည့်တရုတ်နှစ်သစ်ကူးပွဲအတွက် နေရပ်ပြန်ရန် စိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့ကြသည်။
ဒီဇင်ဘာလထဲမှာပင် မြဝတီမြောက်ဘက် ကီလိုမီတာ ၂၀ အကွာ ရွှေကုက္ကိုတွင် မြို့သစ်တည်ဆောက်နေမှုကို ကရင်ပြည်နယ်အစိုးရ၏ ရှောင်တခင်စစ်ဆေးမှုကြောင့် ရပ်ဆိုင်းထားခဲ့ရသည်။
မြေဧက ၃၀,၀၀၀ ပေါ်တွင် ဒေါ်လာ ၁၅ ဘီလျံကုန်ကျသည့် ခမ်းနားကြီးကျယ်သော နိုင်ငံတကာမြို့တော်ကြီး တစ်ခုအဖြစ် ပေါ်ထွက်လာမည်ဟုကြေညာထားသော ရွှေကုက္ကိုစီမံကိန်းသည် ယခင်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ယခုအခါ တပ်မတော်၏အစိတ်အပိုင်းတစ်ခုဖြစ်လာသည့် ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သော ကရင်ပြည်နယ်၊နယ်ခြားစောင့်တပ်နှင့် တရုတ်ရင်းနှီးမြှုပ်နှံသူတို့ ပူးပေါင်းလုပ်ဆောင်သည့် စီမံကိန်းဖြစ်သည်။
အလုပ်ရပ်နားထားမှုကြောင့် ထောင်ချီသည့် တရုတ်လူမျိုးများသည် ရွှေကုက္ကိုမှ မြဝတီမြို့လယ်ရှိ ကာစီနိုလောင်းကစားရုံများဆီသို့ ရောက်လာကြသည်။ မြဝတီမှတဆင့် ထိုင်းနယ်စပ်ကိုဖြတ်၍ မဲဆောက်သို့သွားကာ လေယာဉ်ဖြင့် တရုတ်နှစ်သစ်ကူးပွဲတော်အတွက် အိမ်ကိုစောစောစီးစီးပြန်နိုင်ရန်စီစဉ်ထားခြင်းဖြစ်သည်။
ဆောက်လုပ်ရေးလုပ်ငန်းများ ယာယီမရပ်ဆိုင်းခင်က ရွှေကုက္ကိုတွင် တရုတ်အလုပ်သမား ၃,၀၀၀ ခန့်ရှိကြောင်း ကရင်နယ်ခြားစောင့်တပ်မှ အမည်မဖော်လိုသော စစ်သားတစ်ယောက်က မတ်လ ၁၉ ရက်တွင် Frontier ကိုပြောသည်။
“ကျွန်တော်က ဒီဇင်ဘာတုန်းက မြဝတီမြို့လယ်ကို အလုပ်သမားတွေ ပို့ပေးခဲ့တဲ့ လုံခြုံရေးအဖွဲ့ထဲကပါ။ သူတို့ကို ကားတွေနဲ့ လူခွဲခွဲပြီး မြဝတီကိုပို့ပေးခဲ့တယ်။ ကာစီနိုဝင်းတွေထဲက အဆောင်တွေဆီ ပို့ထားခဲ့တယ်၊ သူတို့မြဝတီထဲမှာနေတုန်းကလည်း လုံခြုံရေးတာဝန်ယူပေးခဲ့ရတယ်” ဟု သူကပြောသည်။
ကရင်နယ်ခြားစောင့်တပ်သည် ထိုင်းနိုင်ငံ တပ်ခရိုင်၏ တဖက်ကမ်းဖြစ်သော ထိုင်းတို့က မိုအီဟုခေါ်သည့် မြဝတီမြို့နယ်ရှိ သောင်ရင်းမြစ်ကမ်းတလျှောက် တရားမဝင် နယ်စပ်ဂိတ်များကို ထိန်းချုပ်ထားသည်။
ယင်းဂိတ်များသည် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားရှိ တရားဝင်ဂိတ် နှစ်ခုအပြင် ကုန်စည်နှင့်လူများ ဖြတ်သန်းရန် နောက်ထပ်ရွေးချယ်စရာအဖြစ် ရှိနေကြသည်။
ကာစီနိုရုံ ၁၈ ခုသည် နယ်ခြားစောင့်တပ် ထိန်းချုပ်နယ်မြေပေါ်ရှိ မြန်မာမြစ်ကမ်းဘေးတလျှောက်၌ ရှိနေကြပြီး အများစုမှာ ထိုင်းနိုင်ငံဘက်မှ ကူးတို့များဖြင့်ကူး၍ လာရောက်လည်ပတ်သူများအတွက် ရည်ရွယ်သည်။
နယ်ခြားစောင့်တပ်ဂိတ် ၁ အနီး ကာစီနိုရုံတွင်အလုပ်လုပ်သော ဦးကြည်သိန်းသည် တရုတ်အလုပ်သမားများ ရောက်လာသည်ကို အမှတ်ရနေသည်။
ကာစီနိုဝင်းထဲမှ အဆောင်များ၌ လူပြည့်လျှံကုန်သဖြင့် မှတ်မိနေခြင်းဖြစ်သည်။
“ရွှေကုက္ကိုဆိုက်က အလုပ်သမားတွေ ဒီကိုရောက်လာတော့ ဒီလောက်လူတွေများတာ ကျွန်တော် ဘယ်တုန်းကမှ မမြင်ဖူးဘူး” ဟု သူကပြောသည်။
နောက်တော့ သူတို့ ဒီဇင်ဘာ ဒုတိယပတ်လောက်ကစပြီး တစ်သုတ်ပြီးတစ်သုတ် ပျောက်သွားကြသည်။
ဇန်နဝါရီ ပထမပတ်မှာ သူတို့အားလုံးနီးပါး ပြန်ကုန်ကြကြောင်း၊ တရားမဝင် နယ်ခြားစောင့်တပ်ဂိတ်များ ဖြစ်သည့် ဂိတ် ၁ နှင့် ၁၂ ကနေ မဲဆောက်ဘက်ကို ပြန်ပို့ကြကြောင်း ဦးကြည်သိန်းကပြောသည်။
ရွှေကုက္ကိုမှ၊ကာစီနို၊စားသောက်ဆိုင်၊ ဖျော်ဖြေရေးနှင့် မိုင်းတွင်းများသာမကအခြားလုပ်ငန်းများမှ တရုတ်အလုပ်သမားအားလုံးနီးပါး နှစ်ကူးအတွက် အိမ်ပြန်ကြသည်ဟု သူကဆိုသည်။
“မြစ်ထဲက ကူးတို့ကူးတဲ့ ကျွန်တော့်သူငယ်ချင်းတွေ ပြောတာတော့ “လေးပတ်လုံး ထိုင်းဘက်ကို ပို့ပေးရတဲ့ တရုတ်တွေ ၁၅,၀၀၀ ထက်တောင်ပိုလိမ့်မယ်။ အများစုက ညဘက်တွေမှာ” ဟု သူကဆိုသည်။
ဤဖြစ်စဉ်ကို မြဝတီမှ အခြားနေရာအသီးသီးကလည်း အတည်ပြုပြောကြားကြသည်။
မှောင်ခိုပစ္စည်းများသယ်ယူသည့် သောင်ရင်းမြစ်မှ ကူးတို့ဆိပ်။ ဓာတ်ပုံ - ပံ့ပိုး

မှောင်ခိုပစ္စည်းများသယ်ယူသည့် သောင်ရင်းမြစ်မှ ကူးတို့ဆိပ်။ ဓာတ်ပုံ – ပံ့ပိုး

ပြန်ရောက်လာကြခြင်း
ထိုအချိန်နောက်ပိုင်း ဇန်နဝါရီ ၇ ရက်တွင် တရုတ်ကျန်းမာရေးအာဏာပိုင်တို့က နိုဘယ်ကိုရိုနာဗိုင်းရပ်စ် (2019 – nCov) ဟုခေါ်သော ဗိုင်းရပ်စ်အသစ်တမျိုးတွေ့ရှိကြောင်း ကြေညာခဲ့ပြီး ထိုဗိုင်းရပ်စ်ကြောင့် ဟူဘေးပြည်နယ် ဝူဟန်မြို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများဖြင့် ဆေးရုံတက်ကုသနေကြရသော လူများ ရုတ်တရက်များပြားလာနေသည်ဟုဆိုသည်။
ဇန်နဝါရီ ၂၃ ရက်တွင် ဟူဘေးပြည်နယ်က ကန့်သတ်တားမြစ်မိန့် lockdown ထုတ်ပြန်ခဲ့ပြီး တစ်ပတ်အကြာ၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု လူထုကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည်။
ထို့နောက် ကမ္ဘာက တရုတ်နိုင်ငံထဲမှာသာဖြစ်ပွားနေသည့် ကျန်းမာရေးပြဿနာဟု ယူဆထားသော ကိုဗစ် – ၁၉ ကို တကမ္ဘာလုံးက အာရုံစိုက်လာကြရသည်။
ပျံ့နှံ့မှုကူးစက်မှုများလာသဖြင့် မြဝတီရှိ အလုပ်များမှ ထွက်ခွာသွားခဲ့ကြသော တရုတ်အလုပ်သမားများသည် မဲဆောက်ကို ပြန်ပြေးလာခဲ့ကြသည်။
သာမန်အခြေအနေတွင် သူတို့က မြန်မာနိုင်ငံတွင်းသို့ ဆိုက်ရောက်ဗီဇာဖြင့် အလည်အပတ်ခရီးသွားအဖြစ်ဝင်တတ်ကြကြောင်း Frontier ကို သတင်းရင်းမြစ်အများအပြားကပြောကြသည်။
သို့သော်လည်း အစိုးရက ဖေဖော်ဝါရီ ၁ ရက်ကစပြီး တရုတ်လူမျိုးတို့ကို ဆိုက်ရောက်ဗီဇာ ဆိုင်းငံ့ထားသဖြင့် အလုပ်သမားများမှာ တရားဝင်ဂိတ်နှစ်ခုမှ ပေါ်ပေါ်တင်တင် ဝင်ရောက်၍မရနိုင်ဖြစ်လာသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ထဲထဲဝင်ဝင်သိရှိသော မြဝတီနှင့်မဲဆောက်မှ လူ ၂၀ ခန့်ကို အင်တာဗျူးရာတွင် သောင်တင်နေသည့် တရုတ်လူမျိုးထောင်ချီမှာ ယခင်ကတည်းက တရားမဝင် နေထိုင်မှုများရှိသည့် မြစ်ဘေးတလျှောက်မှ မည်သူ့ပိုင်နက်မှ မဟုတ်သောနေရာ၌ ၂ ပတ်ခန့် နေထိုင်နေကြသည်ဟု ထုတ်ဖော်ပြောဆိုကြသည်။
ထိုင်းအာဏာပိုင်တို့ကမူ တရုတ်တို့ကိုပြန်ဖို့ တိုက်တွန်းပြောဆိုခဲ့သော်လည်း အဆောက်အအုံ ၅၀ ခန့်၌ နေထိုင်ကြသူများသည် ထိုင်းနယ်စပ်၏အပြင်ဘက်မှာဖြစ်နေသဖြင့် သူတို့ကို အရေးမယူကြကြောင်းဆိုသည်။
“ကျွန်မဆွေမျိုးတချို့လည်း အဲဒီ့နေရာမှာနေတယ်၊ တရုတ်လုပ်သားတွေ အဲဒီမှာနေတာ ၂ ပတ်လောက်ရှိပြီ” ဟု မဲဆောက်နေ နော်မြမြအေးက ပြောသည်။
“ထိုင်းအာဏာပိုင်တွေကတော့ ပြန်ဖို့ သူတို့ကိုပြောတာပဲ။ ဒါပေမဲ့ သူတို့က မပြန်ကြဘူး” ဟု သူကဆက်ပြောသည်။
မူလနေထိုင်နေကြသူတွေက အလုပ်သမားများအား လိုအပ်သည်များ ထောက်ပံ့ပေးနေကြသည်ဟု ဆိုကြသည်။
“အဲဒီမှာနေနေကြသူတွေက ကိုရိုနာဗိုင်းရပ်စ်အကြောင်းကိုကြားတော့ တရုတ်တွေဆီကနေ ကူးမှာ ကြောက်ကြတယ်” ဟု တစ်ဦးကဆိုသည်။
“ဒါပေမဲ့ သူတို့က နယ်ခြားစောင့်တပ်တွေကို ပိုကြောက်ရတယ်လေ။ ဒါကြောင့် တရုတ်တွေကို ကူညီနေတာ”ဟု ဆက်ပြောသည်။
နောက်ဆုံး ဖေဖော်ဝါရီ တတိယပတ်တွင် နယ်ခြားစောင့်တပ်က အလုပ်သမားများကို တစ်အုပ်စု တစ်ကြိမ် မြဝတီပြန်လာရန်နှင့် သောင်ရင်းမြစ်ကို ကူးတို့ဖြင့်ဖြတ်ပြီး မြစ်ဘေးရှိ ကာစီနိုရုံများဆီပို့ရန်စီစဉ်ကြသည်။
ဤသို့ဖြင့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုများ ကမ္ဘာအနှံ့ပျံ့နှံ့လာစဉ်မှာပင် တရုတ်ပြည်မှ မကြာခင်က ပြန်ဝင်လာသည့် ထောင်နှင့်ချီသော အလုပ်သမားများသည် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းစဉ်များနှင့် ကျန်းမာရေးစစ်ဆေးမှုများ မခံယူဘဲ မြန်မာနိုင်ငံတွင်းသို့ ရောက်ရှိလာခဲ့လေသည်။ နယ်ခြားစောင့်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နိုင်မောင်ဇော်က ဧပြီ ၂ ရက်တွင် Frontier ကို ထိုင်းဘက်ကနေ မြစ်ကိုဖြတ်ပြီး ပြန်ခေါ်လာသည့် အလုပ်သမားများကိစ္စ ဘာမှမသိကြောင်းဆိုသည်။
တရုတ်လုပ်သားများ ပြန်သွားပြီးဖြစ်သည့် ဖေဖော်ဝါရီ ၂၉ ရက်တွင် နယ်ခြားစောင့်တပ်ဂိတ်များကို ပိတ်ထားပြီးဖြစ်သည်ဟု သူကပြောသည်။ တဖန်ထိုစဉ်ကတည်းက မည်သူတစ်ဦးတစ်ယောက်မျှ မြစ်ကိုဖြတ်ခွင့်မရဟုဆိုသည်။
“ဂိတ်တွေမပိတ်ခင် ဘယ်သူမှ ကျန်မနေစေဖို့ ကာစီနိုရုံတွေကို ကျွန်တော်တို့စစ်ဆေးခဲ့တယ်” ဟု ဝေဖန်မှုများကို ထပ်မံငြင်းဆိုခဲ့သည်။
လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူများက ပြန်လာကြသည့်လုပ်သားများအကြောင်း သူတို့လည်း ဘာမှမသိဟု ပြောသည်။
မြဝတီခရိုင် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ခိုင်ဆွေက မြဝတီမြို့မှာ တရားဝင်နေထိုင်သော တရုတ်လူမျိုး ၂၀၀ ရှိပြီး ၈၂ ယောက်က အလုပ်ဗီဇာ ကိုင်ဆောင်ထားသည် ဟုဆိုသည်။
သို့သော် တရားမဝင်ဖြတ်သန်းနေကြခြင်းကြောင့် နယ်စပ်တွင် ကြပ်မတ်ရသည်မှာ ခက်ခဲကြောင်း ဦးအောင်ခိုင်ဆွေက ဝန်ခံပြောကြားသည်။
“နယ်ခြားစောင့်တပ်ဂိတ်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့သိပါတယ်။ ဒါပေမဲ့ ဒါတွေကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာတော့ ကျွန်တော်တို့ မပြောတတ်ဘူး” ဟု သူကပြောသည်။
“နယ်ခြားစောင့်တပ်ကို အကြောင်းမကြားဘဲ ဒီနေရာတွေကို ဝင်လို့မရဘူး။ ကျွန်တော်တို့ လာမယ်လို့ ပြောလိုက်ရော နယ်ခြားစောင့်တပ်တွေက လူဝင်မှုကြီးကြပ်ရေးအရာရှိတွေ သွားမစစ်ခင် အဲဒီနေရာတွေကို ရှင်းလင်းထားတယ်လေ” ဟုသူကပြောသည်။
လူဝင်မှုကြီးကြပ်ရေးအရာရှိများက တရားမဝင်တရုတ်လူမျိုး ဝင်ရောက်လာသူများအား မြဝတီမြို့လယ်မှာ ရှာနေကြသော်လည်း ခုတလော၌ တစ်ယောက်မှမတွေ့ကြောင်းသူကဆိုသည်။
ဒေသခံတို့က Frontier ကို ၎င်းတို့သည် မြန်မာပြည် ပြန်ရောက်လာကတည်းက ကာစီနိုဝင်းတွေထဲကနေ မထွက်ကြကြောင်း၊ မြဝတီမြို့ထဲမှာ ယခင်ကကဲ့သို့ မကြာခဏ မတွေ့ရတော့ကြောင်းဆိုသည်။
တရားဝင်စာရင်းအရ မြဝတီမြို့၌ တရုတ်လူမျိုး ၂၀၀ နေထိုင်ကြောင်းဆိုသော်လည်း လူဝင်မှုကြီးကြပ်ရေး အရာရှိများက တရုတ် ၁၅,၀၀၀ ခန့်ရှိသည်ဟုခန့်မှန်းသည်။ ဓာတ်ပုံ - ပံ့ပိုး

တရားဝင်စာရင်းအရ မြဝတီမြို့၌ တရုတ်လူမျိုး ၂၀၀ နေထိုင်ကြောင်းဆိုသော်လည်း လူဝင်မှုကြီးကြပ်ရေး အရာရှိများက တရုတ် ၁၅,၀၀၀ ခန့်ရှိသည်ဟုခန့်မှန်းသည်။ ဓာတ်ပုံ – ပံ့ပိုး

အလုပ်သမားများ သေဆုံး၍ ကြောက်ရွံ့လာကြ
ပြန်လာကြသော တရုတ်အလုပ်သမားများ၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး စိုးရိမ်မှုများရှိနေကြသည့် မြဝတီမြို့ခံတို့သည် ပုံမှန်မဟုတ်သော အခြေအနေများနှင့် အလုပ်သမား သုံးယောက် သေဆုံးခဲ့ကြပြီးနောက် မကြာမီ သီတင်းပတ်များမှာ စိုးရိမ်မှုများ ပိုမိုကြီးထွားလာကြသည်။
မတ်လ ၂၁ ရက်ညတွင် ဟန်ရှန် ၁ ကာစီနိုရုံမှ အလုပ်သမား မစ္စတာ ရှောင်ကိုင်း Mr Xio Kai ၂၉ နှစ်သည် ဖျားခြင်း ချောင်းဆိုးခြင်း ခံစားရပြီး မြဝတီခရိုင်ဆေးရုံသို့ ရောက်လာသော်လည်း ကုသမှုမခံယူမီ သေဆုံးသွားခဲ့သည်။
မတ်လ ၂၂ ရက်က မြဝတီအခြေစိုက် မီဒီယာတစ်ခုတွင် ဆေးရုံမှပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ ရန်နိုင်ဦး၏ ပြောဆိုချက်ကို ထုတ်ပြန်ထားရာ ဗိုင်းရပ်စ် ရှိမရှိ မစစ်ဆေးနိုင်ခဲ့သော်လည်း မစ္စတာရှောင်သည် ကိုဗစ် – ၁၉ နှင့် သေဆုံးခြင်းမဟုတ်ဟုဆိုသည်။
(ဧပြီ ၁၀ ရက်ထိ မြဝတီမြို့တွင် ကိုဗစ် – ၁၉ စစ်ဆေးခံရသူ ငါးဦးသာရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ အားလုံးတွင်ပိုးမရှိဟု အဖြေထွက်ခဲ့သည်။)
“ကျွန်တော်တို့ အလောင်းကို စစ်ဆေးခဲ့ရာမှာ လူနာရဲ့အသည်းက ပုံမှန်ထက် တစ်ဆခွဲလောက်ပိုကြီးနေတယ်လို့ တွေ့ရတယ်။ ဦးနှောက်ညာဘက်ခြမ်းမှာလည်း သွေးခဲနေတယ်။ လူနာက ဦးနှောက်သွေးခဲပြီးသေဆုံးတာ။ ကိုဗစ် ၁၉ ကြောင့် မဟုတ်ဘူးလို့ ကျွန်တော်တို့ ယူဆတယ်” ဟု ဒေါက်တာ ရန်နိုင်ဦးက ပြောသည်။
တာဝန်ရှိသူများက ကာစီနိုဝင်းမှာနေကြသည့် အခြားလူများကိုလည်း ကျန်းမာရေးစစ်ဆေးမှု လုပ်သင့်ကြောင်း ဒေါက်တာက အကြံပြုထားသော်လည်း စစ်ဆေးမှုများ ဆောင်ရွက်ခြင်းရှိမရှိကိုမူ သေချာစွာမသိနိုင်ပေ။
မတ်လ ၂၇ ရက်တွင် ရွှေကုက္ကိုတွင်နေသော တရုတ်လူမျိုး မစ္စတာကျန်ယောင်ရွန် Mr. Jian Yong Rong သည် ယခင်ရက်များက လည်ချောင်းနာသည့် ဝေဒနာခံစားရပြီးနောက် မြဝတီဆေးရုံ၌သေဆုံးသွားခဲ့သည်။ ဆေးစစ်ချက်အရ နှလုံးရောဂါနှင့် သေဆုံးခြင်းဖြစ်သည်ဟု ဖော်ပြထားပါသည်။
နောက်နေ့မှာပင် ရွှေကုက္ကိုမှ အုပ်ချုပ်ရေးဝန်ထမ်း မစ္စတာ ယွမ်လီဖေး Mr Huang Lifei ထပ်မံသေဆုံးပြန်သဖြင့် မတ် ၂၉ ရက်တွင် ရဲများက စုံစမ်းစစ်ဆေးမှုများလုပ်လာကြသည်။
မြဝတီမှ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ထိုသူမှာ နှလုံးရောဂါအခံရှိသည်ဟုဆိုသည်။
“သူက ဆေးကုဖို့ မဲဆောက်ကို မကြာခဏ သွားတတ်တယ်။ သူ နှလုံးရောဂါနဲ့သေတာ၊ ဖျားတဲ့လက္ခဏာ မတွေ့ရဘူး” ဟု ရဲအရာရှိကပြောသည်။
မြန်မာနိုင်ငံတွင် ကိုဗစ် – ၁၉ ပိုးတွေ့သူကို ပထဆုံးစတင်တွေ့ရှိပြီး များမကြာမီ ကရင်ပြည်နယ်၊ မြဝတီ (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင် က မြဝတီမှာ မကြာခင်က သေဆုံးခဲ့ခြင်းများက အလွန့်ကိုစိုးရိမ်စရာ ဖြစ်လာရကြောင်းပြောသည်။
“မြဝတီမှာ တရုတ်လူမျိုးတွေ သေဆုံးတဲ့အကြောင်း ကြားပြီးနောက်မှာတော့ ဒေသခံတွေက ကိုဗစ် – ၁၉ နဲ့ပတ်သက်ပြီး စိုးရိမ်လာကြတယ်” ဟု မတ် ၂၇ ရက်တွင် မစ္စတာကျန် Jian သေဆုံးပြီးနောက် မြဝတီသို့သွားရောက်ခဲ့သော ဦးသန့်ဇင်အောင်က ပြောသည်။
“ကျွန်တော်တို့ ကိုဗစ် – ၁၉ မဖြစ်ပွားအောင် အကောင်းဆုံး ကြိုးစားနေပါတယ်” ဟုသူကပြောသည်။
မြဝတီမြို့ရှိ နယ်ခြားစောင့်တပ်ဂိတ်အနီးမှ ကာစီနိုရုံ။ ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

မြဝတီမြို့ရှိ နယ်ခြားစောင့်တပ်ဂိတ်အနီးမှ ကာစီနိုရုံ။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

မကျေနပ်မှုများ တိုးလာခြင်း
ကိုဗစ် – ၁၉ မဖြစ်ပွားခင်ကပင်လျှင် တရုတ်အလုပ်သမားများ များစွာရှိနေခြင်းကြောင့် မြဝတီတွင် မကျေမချမ်းဖြစ်မှုများရှိနေသည်။
လွန်ခဲ့သည့်နှစ်များက ထောင်ချီသည့်တရုတ်လူမျိုးများသည် လောင်းကစားဝိုင်းများ၊ ဆောက်လုပ်ရေး စီမံကိန်းများ၊ သတ္ထုမိုင်းများ၊ စားသောက်ဆိုင်များ နှင့် ဖျော်ဖြေရေးလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ရန် မြဝတီသို့ အုံလိုက်ကျင်းလိုက် ရောက်လာကြသည်။
“မြဝတီမှာ တရုတ်တွေကို နေရာတိုင်းတ?

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.