ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ကောင်းကောင်းနားမလည်ဘူးလို့ ကျွန်တော်သုံးသပ်လိုတယ်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စတင်ဆွေးနွေးလုပ်ဆောင်ခဲ့တာအခုဆိုရင် လေးနှစ်ကျော်၊ ငါးနှစ်ကာလထဲကို ရောက်ရှိလာပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေမှာ တပ်မတော်နဲ့ NCAလက်မှတ်မထိုးရ သေးတဲ့ မြောက်ပိုင်းအဖွဲ့တွေအကြား မကြာခဏတိုက်ပွဲတွေဖြစ်ပွားခဲ့သလို NCAလက်မှတ်ထိုးထားတဲ့ KNU/KNLA တပ်မဟာ (၅) အခြေစိုက်ရာ ဖာပွန်ဒေသမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ ဒီလိုအခြေအနေတွေက ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဘယ်လို အကျိုးသက်ရောက်နိုင်သလဲ။ အစိုးရနဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သဘောထားက ဘယ်လိုရှိသလဲဆိုတာတွေကို KNU ဗဟိုကော်မတီဝင်နဲ့ ပြောရေးဆိုခွင့်ရှိသူ အထွေထွေအတွင်းရေးမှူး ဖဒိုစောတာဒိုမူး ကို Frontier Myanmar က ဖေဖော်ဝါရီလ ၁၈ ရက် မှာ သီးသန့်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

နော်ဘတ်တီဟန် တွေ့ဆုံမေးမြန်းသည်။

NLD အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးဖြစ်စဉ်က ဘယ်အတိုင်းအတာထိ ရှိနေပြီလဲ။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ကျွန်တော်တို့နားလည်တာက တန်းတူညီမျှခြင်းကို အခြေခံပြီးတော့ အတူတကွ ပူးပေါင်းပြီး လုပ်ဆောင်ရမဲ့ Joint ကိစ္စတွေဖြစ်တယ်။ တန်းတူရေးအပါအဝင် တစ်ဖက်နဲ့တစ်ဖက် တလေးတစားနဲ့ အသိအမှတ်ပြုပြီးတော့ တစ်ဖက်ရဲ့သဘောထားကို တစ်ဖက်ကနားလည်အောင်ကြိုးစားရင်းနဲ့ နှစ်ဖက်လုံးနားလည် လက်ခံနိုင်မယ့်အဖြေကိုရှာရင်းနဲ့ သွားရမယ့်ကိစ္စပါ။ အစိုးရနှစ်ဆက်ကို ကျွန်တော်တို့ ကြုံခဲ့ရတယ်။ ပြီးခဲ့တဲ့အစိုးရတုန်းကတော့ ကျွန်တော်တို့ ပြောတဲ့ကိစ္စတွေကို တလေးတစားနဲ့နားထောင်တယ်။ အဖြေရှာတဲ့ သဘောမျိုးကိုလည်းတွေ့ရတယ်။ အဲ့ဒီလိုနဲ့ NCA ဆိုတဲ့စာချုပ်ကြီး ဖြစ်လာတာပေါ့။ ဒီဘက်ကိုရောက်လာတော့ အစိုးရပုံစံကပြောင်းသွားတဲ့နေရာမှာ အထူးသဖြင့် negotiator အပိုင်းလုပ်ဆောင်ရမယ့် နေရာမှာ ဗျူရိုကရက်ဆန်တဲ့ ခေါင်းဆောင်တွေနဲ့ ကျွန်တော်တို့ ကြုံတွေ့ရတယ်။ ကျွန်တော်တို့ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုက တစ်ဖက်ကို တစ်ဖက် လေးလေးစားစားနားထောင်ရမယ်၊ ပူးပေါင်းရမယ်ဆိုတာထက် သူတို့ ယူဆောင်လာတဲ့ သူတို့ရဲ့ မူဝါဒကိုပဲ (ငါအစိုးရဆိုတဲ့ အနေအထားအောက်မှာ ကျတော်တို့က လိုက်လုပ်ရမယ်)ဆိုတဲ့ အနေအထားတစ်ခုနဲ့ ကြုံတွေ့ရတယ်။ အဲ့ဒီကနေ နောက်ဆက်တွဲကတော့ တစ်ဖက်ကိုတစ်ဖက် လိုလိုလားနဲ့အဖြေရှာလိုစိတ်ကို လွဲဖယ်သွားတယ်ပေါ့။ အဲ့လိုအနေအထားကို ကြုံတွေ့ရပါတယ်။

မနှစ်ကထင်တယ်။ ချင်းမိုင်မှာ NCA နဲ့ သက်ဆိုင်တဲ့ အစည်းအဝေးလုပ်ဖို့ ကန့်ကွက်ခံရတာမျိုးရှိတယ်။ ဖာပွန်မှာလည်း NCA ရှင်းလင်းပွဲကို ကန့်ကွက်ကြတာမျိုးရှိတယ်။ ဆိုတော့ ဒီအခြေအနေတွေက ဒီအစိုးရလက်ထက်မှာမှ ကြုံလာရတာမျိုးလား။ ဒါမှမဟုတ် အရင်အစိုးရလက်ထက်ကတည်းကရော အလားတူ ကိစ္စမျိုးတွေ ဖြစ်ခဲ့ဖူးသလား။ ဖြေရှင်းပုံ ဘယ်လိုကွာခြားမှုရှိသလဲ။

ဟိုတုန်းက အလုပ်တစ်ခုလုပ်ရင် ညှိနှိုင်းပြီးတော့ လုပ်ကြတယ်။ ဟိုတုန်းကခေါင်းဆောင်တွေရဲ့ သဘောထားက ကျွန်တော်တို့မြင်နေရတဲ့အနေအထားက အဖြေရှာလိုစိတ်ရှိတယ်။ နားထောင်တယ်။ တစ်ဖက်နဲ့ တစ်ဖက် အသိအမှတ်ပြုမှုရှိတယ်။ ဒါပေမဲ့ ဒီဘက်မှာကျတော့ ကျနော်တို့ ပိုပြီးတော့ တွေ့ရတဲ့ စိန်ခေါ်မှုက NCA အပေါ်မှာ သူတို့နားလည်တဲ့ အပေါ်မှာပဲအခြေခံပြီးတော့ အစိုးရယန္တရားရဲ့ တစ်ဖက်က သူတို့ရဲ့ Legitimacy နဲ့ authority ကိုကိုင်ထားပြီး Push လုပ်တဲ့အနေအထားမျိုးတွေမြင်ရတယ်။ အခု လိုအခင်းအကျင်းမျိုးနဲ့ဆို ယခင်အစိုးရသာဆို ဒူးတိုက်ဆွေးနွေးရတဲ့ အနေအထားတွေ ဖြစ်လာလိမ့်မယ်။ (informal) အလွတ်သဘောတွေ့ပြီးဆွေးနွေးတာတွေ တစ်ပွဲပြီးတစ်ပွဲ ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် ဒီဘက်မှာတော့ informal အပိုင်းကို သူတို့အရမ်း sensitive ဖြစ်တယ်။ တွေ့မယ်ဆို formal ပဲတွေ့မယ်လို့ ပြောကြတယ်။ ဒီတော့ formal တွေ့လိုက်တဲ့အခါမှာ ကျနော်တို့ အခက်အခဲ ကြုံရတာက သူ့မူဝါဒ သူ့ policy တွေ သူယူလာပြီးတော့ အဲ့ဒီအတိုင်းလိုက်ရမယ်ဆိုတဲ့ ပုံစံဖြစ်လာပြီးတော့ တိုးတက်မှု ရှိသင့်သလောက်မရှိခဲ့ဘူး။

NLD ပါတီကိုဦးဆောင်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲမဝင်ခင် ပြည်သူကိုပေးထားတဲ့ ငြိမ်းချမ်းရေးကတိကဝတ်ရှိခဲ့တယ်။ NLD အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးကို ရအောင်ယူမယ်ဆိုပြီး မဲဆွယ်ပွဲတွေ၊ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာပြုလုပ်တဲ့ ပြည်သူနဲ့တွေ့ဆုံပွဲတွေမှာ ပြောခဲ့ဖူးတာမျိုး တွေရှိတယ်။ အခုအာဏာရလာတော့ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တွန်းတွန်းတိုက်တိုက်လုပ်ဆောင်တာမျိုးမရှိတော့ဘူးဆိုပြီးတော့ ဝေဖန်မှုတွေလည်းရှိနေတယ်။ အဲ့ဒီအပေါ်မှာရော ကေအန်ယူရဲ့ ပြောရေးဆိုခွင့်ပုဂ္ဂိုလ်အနေနဲ့ရော ကိုယ်ပိုင်အမြင်ရော ဘယ်လိုရှိသလဲဆိုတာ သိချင်ပါတယ်။

ကိုယ်ပိုင်အမြင်နဲ့ပဲ ပိုပြောချင်ပါတယ်။ နံပါတ်တစ်အချက်က ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ဦးဆောင်မဲ့သူက ခုနကပြောတဲ့အခြေခံအချက်တွေကို လုပ်ဆောင်ဖို့လိုပါတယ်။ ပြောချင်တာက နှစ်ဖက်အပြန်အလှန်နားလည်မှု ရှိရမယ်။ ယုံကြည်မှုရှိအောင် တည်ဆောက်ရမယ်။ ပြီးတော့ အပြန်အလှန်တစ်ဖက်နဲ့တစ်ဖက်အသိမှတ်ပြုပြီး အဖြေရှာလိုတဲ့ ဆန္ဒရှိရမယ်။ တစ်ဖက်မှာလည်း အဖြေကို ရယူလိုပြီး တစ်စိုက်မတ်မတ်နဲ့ အဖြေရှာလိုတဲ့ စိတ်လည်း လိုတယ်။ လက်တွေ့ကြုံရတာတော့ (အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ဆိုရင်လည်း ) သူက မူလ ကတည်းကိုက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပေါ်မှာ လေးနက်မှုသိပ်မရှိဘူးလို့တောင်ပြောလို့ရတယ်။ သူယုံကြည်တာက လွှတ်တော်နိုင်ငံရေးလမ်းကြောင်းကနေ ဖွဲ့စည်းပုံပြင်လို့ရတယ်ဆိုတဲ့ နိုင်ငံရေးလမ်းကြောင်း ကနေပဲ သူက လက်ခံထားတာဖြစ်တယ်။ နောက်တစ်ချက်က သူငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ကောင်းကောင်းနားမလည်ဘူးဆိုတဲ့ပုံစံမျိုး ကျွန်တေ့ာ်အနေနဲ့ သုံးသပ်လိုတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာ ဒီအပေါ်ကနေပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ အပြောင်းလဲကြီးတစ်ခုကို လုပ်သွားနိုင်တယ်ဆိုတဲ့ sense ကိုမရှိနေဘူး။ ဘာလို့ မရှိနေဘူးလဲလို့ ကျနော်ပြောရရင် ၂၀၀၈ အခြေခံဥပဒေကနေ အစိုးရဖြစ်လာတဲ့အခါကျတော့ ၂၀၀၈အခြေခံဥပဒေကို အပြင်ထွက်ပြီးလုပ်နိုင်တဲ့အနေအထား မရှိဘူး။ ဒါပေမဲ့ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကနေ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ဆိုတဲ့ concert ကရှိနေတယ်။ အဲ့ဒါကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အပြင်ဘက်ကနေ pellerl process တစ်ခုအနေနဲ့ လုပ်ဆောင်ဖို့လိုအပ်နေတယ်။ ကျွန်တော်တို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကနေတစ်ဆင့် ငြိမ်းချမ်းရေးယူခဲ့တာမျိုးမဟုတ်ဘူးလေ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကျတော့သူသာတယ် ကိုယ်နာတယ်ဆိုတာထက် reconciliation ကိုဦးတည်ပြီးသွားရ တာကိုး။ သူတို့ဘက်က ကြုံရတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်ပြီးလုပ်လို့မရတော့ တပ်မတော်နဲ့ အစိုးရရဲ့ကြားထဲမှာ ပွတ်တိုက်မှု တွေ ရှိတယ်။ ဒါပေမဲ့ တပ်မတော်ရော အစိုးရရောက ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကျော်လွန်လုပ်လို့ရတဲ့ အနေအထားတွေ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာရှိနေတယ်။ ဒါပေမဲ့ နှစ်ဖက်လုံးက ဒီအနေအထားကို အလေးအနက်မထားတဲ့သဘောမျိုးကို ကျနော်တို့ တွေ့ရတယ်။ တကယ်တမ်း ပြုပြင်ပြောင်းလဲမှုလုပ်လိုတဲ့ ဆန္ဒရှိခဲ့တယ်ဆိုရင် ဒီလုပ်ငန်းစဉ်က လေးငါးနှစ်အတွင်း ဖြစ်မြောက် အောင် ပြီးအောင်လုပ်လို့ရတဲ့အနေအထားရှိတယ်။ ဒါပေမဲ့ မလုပ်ခဲ့ကြဘူး။ ၂၀၂၀ထဲဝင်လာတယ်။ ဘာမှ မယ်မယ်ရရအဖြေမရဘူး။ သဘောတူညီချက် ၅၁ချက်ရတယ်။ ဒါကလည်း ဘာမှ ထိထိရောက်ရောက်ရှေ့ရောက် လာတာမျိုးမရှိဘူး။ အဲ့တော့ Peace Process က သွားလိုက်ရပ်လိုက်နဲ့ ဒီလိုပဲ လည်နေတာပေါ့။ ပြောချင်တာက Peace Process ကိုတကယ်ယုံကြည်တယ် NCAအပေါ်မှာ တကယ်ယုံကြည်တယ်ဆိုရင် NCAနဲ့ ပတ်သတ်ပြီးထေ့ငေါ့နေတဲ့ ကိစ္စတွေကို တစ်စိုက်မတ်မတ်အဖြေရှာလိုစိတ် ပြင်းပြမှုရှိရမယ်။ အဲ့တာဆိုရင်တော့ ဘယ်လိုလမ်းကြောင်းကိုရှာပြီးအဖြေရှာမလဲ ဆွေးနွေးမလဲဆိုတာတွေပေါ်လာမယ်။ ဆွေးနွေးဖို့အတွက် ပံ့ပိုးကူညီမှုအပိုင်းပဲခေါ်ခေါ်၊ အလွတ်သဘောတွေ့ဆုံဖို့ပဲခေါ်ခေါ်၊ ဘယ်အရာမဆို ထောက်ပံ့ကူညီပြီးလုပ်ချင် ကိုင်ချင်စိတ်နဲ့ အားကြိုမာန်တက်ရှေ့တိုးပေးမှ အရှေ့ရောက်နိုင်တော့မယ်။ အခုကတော့ အစိုးရဘက်မှာ အဲ့လိုကြိုးစားလိုတဲ့ဆန္ဒတော့ မရှိကြဘူးဆိုတာတွေ့ရတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကတောင် NCAလက်မှတ်ထိုးထားတဲ့ ခေါင်းဆောင်တွေနဲ့ပုံမှန်တွေ့ပြီး ငြိမ်းချမ်းရေးနဲ့ပတ်သတ်လို့ အလေးထားဆွေးနွေးမှု ပုံမှန်လုပ်လေ့မရှိဘူးလို့ ကြားသိရတယ်။ ဆိုတော့ သူဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုအလေးမထားဘူးလို့ပြောလို့ရလား။

ပြောလို့ရပါတယ်။ အဲ့ဒီအတိုင်းပဲဖြစ်ခဲ့တာပဲ။ အခု နောက်ပိုင်းတော့နည်းနည်းလေးတော့ တိုးတက်လာတယ်။ ကျွန်တော်တို့ ဒီဖေဖော်ဝါရီ၂၈ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည့်နဲ့တွေ့ပြီး အစိုးရအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ကိုယ်စားပြုတွေ့ပေးဖို့ ပြောဖို့ရှိတယ်။ သူ့မှာလည်း လူများများစားစားသိပ်မရှိဘူးလေ၊ ဗျူရိုကရက်တွေပဲများတာကိုး။ ဆိုတော့ အဲ့လိုပုံမှန်ကိုယ်စားပြုတွေ့ပေးဖို့ ဦးဇော်ဌေးဖြစ်ဖြစ်တာဝန်ပေးဖို့ ပြောဖို့ရှိတယ်။ လက်ရှိမှာလည်း ဦးဇော်ဌေးကိုတာဝန်ပေးထားသလိုဖြစ်နေပေမဲ့ သတ်သတ်မှတ်မှတ်လေး ဘယ်သူဘယ်ဝါက တာဝန်ယူပေးမယ်ဆိုတာမျိုးရှိပေးဖို့ကလိုတာကိုး။ ပြောချင်တာက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်လို့ လေးနက်မှုရှိတယ်ဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တစ်စိုက်မတ်မတ် ဦးဆောင်လုပ်ပေးမဲ့စိတ်နဲ့ အရည်အချင်းရှိတဲ့သူတစ်ဦးကိုဦးဆောင်ဖို့လုပ်ပေးစေချင်တယ်။ ပြီးရင်တော့ လိုအပ်တဲ့ လုပ်ပိုင်ခွင့်ကို အတိုင်းအတာတစ်ခုအထိပေးထားဖို့လိုမယ်။ အခုက ဒါမျိုးတွေက ခုထိမရှိသေး၊ ခုထိစိန်ခေါ်မှုဖြစ်နေတုန်းပဲ။ ဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင်လည်းမပါဝင်နိုင်ဘူး၊ တစ်ဦးတစ်ယောက်ကို တာဝန်နဲ့ လိုအပ်တာတွေပေးထားတာမျိုးလည်းရှိမနေပြန်ဘူး။

အခုက NCAလက်မှတ်ထိုးထားတာ ၁၀ဖွဲ့ရှိတယ်။ဒါပေမဲ့ အဖွဲ့အရသာ ၁၀ဖွဲ့ဖြစ်နေပေမဲ့ အင်အားအရ ဖြစ်ဖြစ်မြောက်မြောက်က နှစ်ဖွဲ့ခွဲလောက်ပဲရှိနေတယ်။ ဒါပေမဲ့တစ်ဖက်မှာ လက်မှတ်မထိုးထားတဲ့ မြောက်ပိုင်း
အဖွဲ့တွေက အင်အားတော်တော်ကောင်းတယ်။ ဒီအခြေအနေအရ တစ်ဖက်အဖွဲ့တွေ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မှာ (အင်အားအရဖြစ်ဖြစ်) ပူးပေါင်းပါဝင်လာဖို့ ခဲယဉ်းနေတယ်ဆိုတဲ့ သုံးသပ်ချက်တွေအပေါ်မှာရော ဘယ်လို ထင်မြင်ချက်မျိုးပေးလိုသလဲ။

ကျွန်တော်ကတော့ အဲ့ဒီလိုမမြင်ဘူး။ ဘာကြောင့် အဲ့ဒီလိုမမြင်သလဲဆိုရင် NCAဖြစ်လာဖို့ ဆွေးနွေးခဲ့တာ ၁၆ဖွဲ့ရှိတယ်လေ။ အဲ့ဒီလိုဆွေးနွေးတဲ့အခါ မြောက်ပိုင်းအဖွဲ့တွေလည်းတော်တော်များများပါတာပေါ့။ ပြောချင်တာကတော့ NCAလက်မှတ်ရေးထိုးဖို့ လုပ်ဆောင်တဲ့နေရာမှာကျတော်တို့မူလကတည်းကိုက တန်းတူညီမျှရေးအခြေခံ၊ အားလုံးပါဝင်နိုင်ခွင့်အခြေခံ၊ နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့၊ တွေ့ဆုံတဲ့နည်းလမ်းနဲ့ အဖြေရှာဆွေးနွေးဖို့ စတဲ့အချက် တွေအခြေခံပြီးစတင်ခဲ့တာပဲ။ ဒါပေမဲ့ တကယ့်တကယ် လက်မှတ်ထိုးတဲ့အခါမှာတော့ ဘယ်အဖွဲ့က ပါလို့မရဘူး၊ ဘယ်အဖွဲ့က လက်မှတ်ထိုးလို့မရဘူး၊ လက်မှတ်ထိုးလို့ရတယ်ဆိုတာမျိုးတွေဖြစ်လာတော့ အဲ့ဒီမှာ စပျက်တာပဲ။ တိုင်းရင်းသားအဖွဲ့စည်းတွေဆိုတာကလည်း သူ့နည်းသူ့ဟန်နဲ့ ဆက်နွယ်နေကြတယ်လေ။ အဲ့လိုဖြစ်လာတော့ နဂိုကတည်းက သံသယနဲ့ တစ်ဆင့်ခြင်းသွားနေရတဲ့ လုပ်ငန်းစဉ်မှာအဲ့ဒီလိုဖြစ်လာတော့ ယုံကြည်မှုက အဲ့ဒီမှာ စပျက်တယ်။ နောက်ဆက်တွဲ တိုက်ပွဲတွေနဲ့ ဆက်ဖိအားပေးတဲ့အခါမှာတော့ ပိုဆိုးသွားတာပေါ့။ ငြိမ်းချမ်းရေးကိုတကယ်လိုလားရင် တပ်မတော်နဲ့ အစိုးရက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရှေ့ဆက်လိုစိတ်ရှိတယ်ဆိုရင် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးကြေညာလိုက်လို့ရတယ်။ ပြီးရင် လက်ရှိအနေအထားကိုလက်ခံပြီး ဆွေးနွေးရင် တကယ်အရှေ့ရောက်မှာပဲ။ အင်အားကြီးတယ် ငယ်တယ်ဆိုတာထက် သံသယကိုအရင်ခြေဖျက်နိုင်ရင် တော့ငြိမ်းချမ်းရေးရှေ့ဆက်နိုင်မှာပဲလေ။ နောက်တစ်ခုက တခြားအဖွဲ့တွေ လက်မှတ်မထိုးလာနိုင်တာက ကျွန်တော်တို့ လက်မှတ်ထိုးထားတဲ့ ဆယ်ဖွဲ့ကလည်းလုပ်နေတဲ့လမ်းကြောင်းက အီလည်လည်ဖြစ်နေတယ်။ ကိုယ်တိုင်ကလည်နေကြတော့ ကျန်တဲ့ဆယ်ဖွဲ့က လက်မှတ်ထိုးလာဖို့ဆိုတာဝေလာဝေးရောပေါ့။ အဲ့တာကြောင့် အစိုးရနဲ့၊ တပ်မတော်က သဘောထားကြီးကြောင်းပြဖို့လိုနေပြီ။ စစ်ရေးဖိအားပေးတာတွေ လျှော့ဖို့လိုမယ်။ အရင်ကလည်း ခဏခဏပြောခဲ့တယ်။ ပြီးတော့ တကယ်လုပ်ပိုင်ခွင့်ရှိတဲ့သူတွေနဲ့တိုက်ရိုက်စကားပြောဆွေးနွေးနိုင်ဖို့လည်း လိုတယ်။ အခုက တစ် နှစ် သုံးဆိုပြီး စကားစပြော စဆွေးနွေးတာနဲ့ သူတို့က NCAလက်မှတ်ထိုးဖို့ စပြောတယ်။ ပြီးမှဆက်ဆွေးနွေးမယ်ပေါ့။ ထိုးပြီးသားလူတောင်မှ အီလည်လည်ဖြစ်နေတာကို ဖိအားသွားပေးတော့ ဘယ်သူကထိုးမလဲလေ နော်။ အရင်သဘောထားကြီးပြ၊ လမ်းဖွင့်ပေး၊ ဆွေးနွေးဖို့ ဦးဆောင်ပေးရင် ဘယ်သူမှ တင်းခံမနေပါဘူး။ လမ်းကြောင်းတွေကို ဟိုပိတ်ဒီပိတ် လျှောက်မပိတ်ထားဖို့ ကန့်သတ်မထားဖို့တော့ လိုတာပေါ့။

အခု လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်မှာ တပ်မတော်က အဓိကအခန်းကဏ္ဍကပါနေတယ်။ အစိုးရနဲ့တပ်မတော်ကြားက အခြေအနေကလည်း အစိုးရက တပ်မတော်ရဲ့လုပ်ဆောင်ချင်တဲ့ပုံစံကို မလွှမ်းခြုံနိုင်နေဘူး။ လက်ရှိအခြေအနေမှာလည်း အစိုးရနဲ့တပ်မတော်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာ ရပ်တည်ချက်က တစ်သားတည်းမဖြစ်နေဘူး။ အဲ့ဒီအပေါ်မှာရော ဘယ်လိုသုံးသပ်ချင်ပါသလဲ။

တစ်ဝက်တော့မှန်တယ်။ သဘောက တပ်မတော်နဲ့ အစိုးရ သဘောထားခြင်းမတူတာကမှန်တယ်။ ဒါပေမဲ့ တပ်မတော်နဲ့ အစိုးရက တိုင်းရင်းသားအဖွဲ့တွေအပေါ်မှာထားတဲ့သဘောထားနဲ့ အမြင်ကတော့တူတူပဲ။ အဲ့တာက ပြသနာဖြစ်နေတာ။ အစိုးရတစ်ရပ်အနေနဲ့ ဒီနိုင်ငံကိုငြိမ်းချမ်းအောင် တကယ်လုပ်မယ်လို့ ဆန္ဒရှိရင်တော့ ငြိမ်းချမ်းနိုင်လောက်တဲ့ အတွေးအခေါ်အယူဆမျိုး စဉ်းစားဖို့ လိုတယ်။ အဲ့ဒီအခါကျရင် ဒီနိုင်ငံမှာ အစိတ်စိတ်အမွှာမွှာဖြစ်နေတဲ့ အမြင်မတူတဲ့ အနေအထားတွေရှိတယ်။ ဒီတိုင်းရင်းသားက ဟိုတိုင်းရင်းသားကိုမကြိုက်ဘူး ဆိုတဲ့အမြင်တွေပေါ့။ ဒီအမြင်တွေက ဘယ်က အမြစ်တွယ်လာသလဲဆိုရင် ကိုလိုနီခေတ်က အတွေးအခေါ်တွေနဲ့တောက်လျှောက်သယ်လာတဲ့အခါမှာ နိုင်ငံကလူ့အဖွဲ့အစည်းက နိုင်ငံတကာရဲ့ အနောက်မှာကျန်ခဲ့တယ်။ နိုင်ငံတကာက diversity ကိုအခြေခံပြီး Unityတည်ဆောက်ပြီး အားသာချက်ကိုဖော်ထုတ်နေတဲ့အချိန်မှာ ကျွန်တော်တို့ နိုင်ငံမှာက ကွဲပြားနေတာကိုပိုကွဲအောင်လုပ်ပြီးတော့ အားကြီးတဲ့သူက အားငယ်တဲ့သူကိုဖိနှိပ်မယ်ဆိုတဲ့အယူအဆတွေက အခုထိပါလာနေတုန်းပဲ။ အဲ့လိုထင်မြင်ချက်သဘောထားတွေကို လက်ရှိအာဏာရအစိုးရ အသိုင်းအဝိုင်း သာမကဘဲ လူမှုအသိုင်းအဝိုင်းတွေအထိ ဆက်လက်ကိုင်ဆွဲထားတော့ အကုန်လုံးအဆင်မပြေဖြစ်ကုန်ရော။ အမြစ်ကနေလှန်ပြီးပြင်ရမှာ။ ပညာရေးစနစ်ကနေစပြီးတော့ ပြင်ရမယ်။ ဥပမာ ဖတ်စာတွေထဲမှာ ဘုရင့်နောင် ကျန်စစ်သားတို့အလောင်ဘုရားတို့ကို သူရဲကောင်းတွေလို့ ပြဌာန်းထားပေမဲ့၊ မွန်က ဘုရင့်နောင်ကို ?

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.