LGBT အရေး လှုပ်ရှားမှုတွေ ပိုမို အားကောင်းလာ

မြန်မာနိုင်ငံရဲ့ LGBT အသိုင်းအဝိုင်းက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ ရှိနေသေးပေမယ့် ပြောင်းလဲလာတဲ့ လက္ခဏာတွေလည်း ရှိနေပါတယ်။

ဟိန်းကိုစိုးနှင့် ဝင်းဇာနည်အောင် ရေးသားသည်။

ဆန့်ကျင်ဖက်လိင်လို ဝတ်စားဆင်ယင်သူ အမျိုးသားတစ်ဦးနဲ့ သူရဲ့ လိင်တူချစ်သူတို့ဟာ သတ်သေကြတော့မယ်ဆိုတဲ့ သဘောတူညီချက်နဲ့ သေစေနိုင်တဲ့ ဓါတုဆေးဝါးတွေကို မျိုချလိုက်တဲ့အကြောင်း သူ့ဆီ ဖုန်းဝင်လာတဲ့အချိန်ကို ကျော်မျိုးတစ်ယောက် မမေ့နိုင်သေးပါဘူး။ သူတို့နှစ်ဦးဟာ အပြင်းအထန် နာကျင်ခံစားနေကြရတဲ့အတွက် သူတို့ဆီ အမြန်လာပြီး ဆေးရုံပို့ပေးဖို့ ကျော်မျိုးဆီ ဖုန်းဆက်ပြောကြားခဲ့ကြတာပါ။ ကျော်မျိုးဟာလည်း လိင်ပြောင်းလဲထားသူတစ်ဦး ဖြစ်ပါတယ်။

အဲဒီစုံတွဲဟာ အခုဖြစ်ရပ်မတိုင်မီ တစ်နှစ်လောက်ကတည်း မန္တလေးမြို့ အနောက်တောင်ဘက် ကီလိုမီတာ ၁ဝဝ လောက်အကွာမှာရှိတဲ့ တောင်သာမှာ နှစ်ဦးသဘောတူ အတူနေထိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့မိဘတွေကတော့ သူတို့နှစ်ဦးရဲ့ ပတ်သက်မှုကို လက်မခံခဲ့ကြပါဘူး။ ဒီလိုဝိုင်းပယ်ခံရတဲ့ စိတ်နာကျင်မှုကြောင့်ပဲ သူတို့ဟာ ဒီလိုသတ်သေဖို့ ဖြစ်လာခဲ့တာပါ။

ဖုန်းဆက်အကူအညီတောင်းခံမှုက သိပ်ကိုနောက်ကျခဲ့ပါပြီ။ ကျော်မျိုးက သူတို့အိမ်ကို အပြေးအလွှားသွားရောက်ပြီး လူနာတင်ယာဉ်ခေါ် ဆေးရုံပို့ခဲ့ပေမယ့် ဆေးရုံရောက်ပြီး မကြာခင်မှာပဲ သူတို့နှစ်ဦးလုံး သေဆုံးသွားခဲ့ပါတယ်။

“သူတို့နှစ်ယောက်က ဘယ်သူ့ကိုမှ ဒုက္ခမပေးခဲ့ပါဘူး။ ဒါပေမယ့် သူတို့ရဲ့ မိဘတွေက ရှေးရိုးစဉ်လာသမားတွေပါ။ အဲဒါကြောင့်ပဲ သူတို့ သေခဲ့ရတာပါ။ ဆန့်ကျင်ဘက်လိင်လို နေထိုင်သူတစ်ယောက်အနေနဲ့ ပြောရရင် ကျွန်တော်တို့ နေတဲ့နေရာမှာ ခွဲခြားဆက်ဆံမှုနဲ့ ကျွန်တော်တို့ ကြုံရပါတယ်။ နေရာတိုင်းမှာပါ။ ကျွန်တော်တို့ရဲ့ မိသားစုတွေမှ မဟုတ်ပါဘူး။ အသိုင်းအဝိုင်းအားလုံးမှာပါ ခွဲခြားဆက်ဆံခံရပါတယ်” လို့ ကျော်မျိုးက ပြောပါတယ်။

ဒီလူငယ်စုံတွဲ သေဆုံးခဲ့ပေမယ့် သူတို့မိဘတွေရဲ့ အမြင်ကတော့ မပြောင်းလဲခဲ့ပါဘူး။ MSM လို့ခေါ်တဲ့ လိင်တူအမျိုးသားချင်း ချစ်သူကွန်ရက်တစ်ခုက သူတို့ရဲ့ အုတ်ဂူတွေကို ယှဉ်တွဲလျက်ထားရှိဖို့ ကြိုးစားခဲ့ပေမယ့် နှစ်ဖက်မိသားစုတွေကတော့ ဒါကို ကန့်ကွက်ခဲ့ပါတယ်။

LGBT အသိုင်းအဝိုင်းက လူတွေအပေါ် ခွဲခြားဆက်ဆံမှုဟာ မြန်မာနိုင်ငံမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီး သူတို့ရဲ့ လိင်စိတ်ကိုင်းညွှတ်မှုဟာ အရင်ဘဝက (လိင်မှုဆိုင်ရာ) အကျင့်သီလဖောက်ဖျက်မှုရဲ့ အကျိုးဆက်လို့ ဗုဒ္ဓဘာသာဝင် အများစုက ယုံကြည်ထားကြပါတယ်။ LGBT တစ်ယောက်အဖြစ် ဝန်ခံဖို့ ဆုံးဖြတ်လိုက်တာဟာ ကိုယ်စိတ်ဆင်းရဲစရာတွေ ကြုံရနိုင်ပါတယ်။ တခါတစ်လေ သူငယ်ချင်းတွေနဲ့ မိသားစုတွေရဲ့ ပစ်ပယ်မှုကိုတောင် ခံရနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ အများကလက်ခံထားတဲ့ ယဉ်ကျေးမှုက LGBT တွေအပေါ်မှာ လူတွေရဲ့ အမြင်ကို အဆိုးဘက်ကို ပုံဖော်နေပါတယ်။ မြန်မာရုပ်ရှင်တွေမှာ လိင်တူချင်းနှစ်သက်တဲ့ ဇာတ်ကောင်တွေကို ပုံဖော်မှုဟာ အဓိကပြဿနာပဲ ဖြစ်ပါတယ်။ သူတို့က ပြောင်ချော်ချော်သရုပ်ဆောင်ရပြီး ဇာတ်လမ်းအဆုံးမှာတော့ သူတို့ရဲ့ မူလယောက်ျားစိတ်ကို ပြန်လည်ပြောင်းလဲကာ ဆန့်ကျင်ဖက်လိင်သာ နှစ်သက်သူအဖြစ် ပုံဖော်ကြတာပါ။ ဒါက LGBT ဆိုတာ ကိုယ့်ရဲ့ ရွေးချယ်မှုသာဖြစ်တယ်ဆိုတဲ့ အယူအဆအမှားကြီးကို အားကောင်းအောင် လုပ်နေတာပါ။

_tht1089.jpg

 class=

class=

ဆန့်ကျင်ဘက်လိင်လို ဝတ်စားဆင်ယင်နေထိုင်သူတစ်ဦးဖြစ်ပြီး ရုပ်ရှင်လုပ်ငန်းက မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ လင်းလင်းကတော့ မြန်မာဇာတ်ကားတွေမှာ LGBT တွေအဖြစ် သရုပ်ဆောင်ကြတဲ့ ပုံစံကို မကြိုက်ဘူးလို့ ပြောပါတယ်။

“ရုပ်ရှင်ရိုက်ကူးထုတ်လုပ်သူတွေက ကျွန်တော်တို့အုပ်စုကို လိင်မှုပွေသူတွေလို့ ဖော်ပြတယ်။ ဒါမှမဟုတ် ယောကျားလေးတွေ၊ မိန်းကလေးတွေကို ဖမ်းကြိုက်လိုက်တာပဲလို့ ပြကြတယ်။ အဲဒီထုတ်လုပ်သူတွေက ရုပ်ရှင်မှာပါတဲ့ LGBT ဇာတ်ကောင်စရိုက်တွေနဲ့ ပတ်သက်လို့ ကျွန်တော်နဲ့၊ ဒါမှမဟုတ် LGBT တွေနဲ့ တစ်ခါမှ မဆွေးနွေးဖူးပါဘူး”လို့ မိတ်ကပ်လင်းလင်းကပြောပါတယ်။

ရုပ်ရှင်တွေထဲက အပြုသဘောမဆောင်တဲ့ LGBT တွေရဲ့နေရာကနေ ဘယ်တော့မှ သရုပ်မဆောင်တော့ဘူးလို့ လင်းလင်းက ပြောပါသေးတယ်။ အခုချိန်မှာတော့ LGBT အသိုင်းအဝိုင်းကလူတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုအချို့အပေါ် စာနာမှုရှိဖို့နဲ့ ပိုပြီး သဘာဝကျတဲ့ LGBT ဇာတ်ကောင်စရိုက်တွေ ဖြစ်ပေါ်လာစေဖို့အတွက် ရုပ်ရှင်ထုတ်လုပ်သူတွေကို စည်းရုံးရာမှာ တခြား LGBT တွေနဲ့အတူ လင်းလင်းက လက်တွဲဆောင်ရွက်နေပါတယ်။

LGBT တွေအတွက် အရှက်ရစေမှုဟာ ကိုလိုနီခေတ်ကတည်းက ပြဌာန်းခဲ့တဲ့ ဥပဒေတစ်ခုကြောင့်လည်း ပိုပြီး ဆိုးစေခဲ့ပါတယ်။ လိင်တူဆက်ဆံမှုဟာ တရားမဝင်ဘူးလို့ အဲဒီဥပဒေထဲမှာ ပြဋ္ဌာန်းခဲ့ပါတယ်။ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၇ အရ ဓမ္မတာနဲ့ဆန့်ကျင်တဲ့ လိင်ဆက်ဆံမှု မပြုလုပ်ရဘူးလို့ တားမြစ်ထားပါတယ်။

ရဲတွေကတော့ LGBT တွေကို နှောင့်ယှက်၊ ခြိမ်းခြောက်၊ ငွေညစ်ဖို့အတွက် ဒီဥပဒေကို များသောအားဖြင့် အသုံးချနေကြတယ်လို့ လင်းလင်းက ပြောပါတယ်။

“ရဲတွေက အမှောင်ထဲမှာ၊ ဒါမှမဟုတ် လိင်ဆက်ဆံနေတဲ့ စုံတွေတစ်တွဲကို ဖမ်းမိတဲ့အခါ သူတို့က ဂေးတွေဆီကသာ ငွေတောင်းတယ်။ သူတို့ဟာ လိင်မတူ နှစ်သက်သူတွေကို မပြောင်းလဲနိုင်ပါဘူး။ ဒါကြောင့် ရဲတွေက ဒီလိုမျိုးခွဲခြား ဆက်ဆံမှုတွေ ဘာဖြစ်လို့လုပ်နေသလဲ” လို့ လင်းလင်းကပြောပါတယ်။

လိင်တူနှစ်သက်သူ အမျိုးသားတွေဟာ လိင်မှုကိစ္စ ပွေရှုပ်တယ်ဆိုတဲ့ အချက်အပါအဝင် မြန်မာ့ယဉ်ကျေးမှုမှာ LGBT တွေနဲ့ ပတ်သက်ပြီး လွဲမှားနေတဲ့ အယူအဆများစွာ ရှိနေသေးတယ်လို့ လင်းလင်းက ဆက်ပြောပါတယ်။

thuya.jpg

 title=

title=

လိင်တူချစ်သူတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ၊ အပယ်ခံရမှုတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ဆွေးနွေးဖို့အတွက် မြန်မာနိုင်ငံ အမျိုးသားလိင်တူချစ်သူကွန်ရက်က အဖွဲ့ဝင်တွေဟာ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားမြှင့်တင်ရေးကော်မတီနဲ့ တွေ့ဆုံခဲ့ကြပါတယ်။

ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာတွေထဲမှာ LGBT တွေအတွက် ပွဲတွေ ပိုမိုကျင်းပရေး၊ ကျန်းမာရေးကုသမှုတွင် ခွဲခြားဆက်ဆံမှု အဆုံးသတ်ရေး၊ အိတ်ချ်အိုင်ဗီ ကူးစက်မှုလျှော့ချရေးနှင့် ရုပ်ရှင်လုပ်ငန်းတွင် LGBT အကြောင်း သတင်းစကားအမှားများ ဖော်ပြနေမှုကို ကိုင်တွယ်ဖြေရှင်းရေး၊ LGBT များအတွက် ဥပဒေအရ တူညီသောအခွင့်အရေးများ ရရှိရေးတို့ ပါဝင်ပါတယ်။

ကော်မတီရဲ့အတွင်းရေးမှူးဖြစ်သူ ဒေါက်တာသန်းဝင်းက MSM ကွန်ရက်နဲ့ သူအကြိမ်တော်တော်များများ တွေ့ဆုံခဲ့ပြီး သူတို့ရဲ့ လှုပ်ရှားမှုတွေကို ထောက်ခံခဲ့တယ်လို့ ပြောပါတယ်။

“ဒါပေမယ့် LGBT တွေနဲ့ ကျွန်တော်တို့ ပိုပြီး တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တယ်။ ဘာလို့လဲဆိုတော့ ခွဲခြားဆက်ဆံတာတွေနဲ့ ရုပ်ရှင်တွေထဲမှာ သတင်းစကားအမှားတွေ ပါနေတဲ့ကိစ္စတွေ ရှိနေတုန်းပဲ” လို့ သူကပြောပါတယ်။

နောက်ထပ်စိန်ခေါ်မှုတစ်ခုကတော့ LGBT အသိုင်းအဝိုင်း ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အစိုးရဝန်ထမ်းအများအပြားက မသိရှိခြင်းဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် LGBT တွေ ရင်ဆိုင်နေရတဲ့အခက်အခဲတွေကို အစိုးရထံ တင်ပြတောင်းဆိုတာတွေလည်း အခုချိန်ထိ မရှိသေးပါဘူး။ LGBT တချို့ကတော့ လာမယ့် ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ အမတ်လောင်းအဖြစ် ပါဝင်အရွေးခံဖို့ စဉ်းစားနေကြပါတယ်။ ဒါမှသာ LGBT တွေရဲ့အသံကို အစိုးရကကြားအောင် ပိုပြီးဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ သူတို့က ယုံကြည်ထားကြပါတယ်။ ဒီအထဲမှာ ဆန့်ကျင်ဘက်လိင်အဖြစ် ပြောင်းလဲထားသူနဲ့ LGBT အရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ ရှင်းသန့်လည်း ပါဝင်ပါတယ်။

“ဒါက အရမ်းခက်ခဲမယ်ဆိုတာ သိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လိင်ပြောင်းအမျိုးသားတစ်ယောက်ကို သူတို့ရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ဘယ်သူ့မှ မလိုလားဘူး။ ဒါပေမယ့် ကြိုးစားကြည့်မယ်။ လူတွေက LGBT၊ ဒါမှမဟုတ် MSM ဖြစ်ဖို့ ရွေးချယ်ကြတာမဟုတ်ပါဘူး။ ဒါပေမယ့် ဒါကဘဝပဲ။ လစ်လျူရှုနိုင်ရင်တောင် ရှင်းသန့်တို့က လူသားတွေပါ။ ဒါကြောင့် မျက်လုံးတွေဖွင့်ပြီး ဘယ်သူဆိုတာ ကြည့်ကြပါ” လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံ၏ LGBT အသိုင်းအဝိုင်းက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ ရှိနေသေးပေမယ့် ပြောင်းလဲလာတဲ့ လက္ခဏာတွေလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံရဲ့ ငါးကြိမ်မြောက် LGBT ပွဲတော်ကို ဇန်နဝါရီ ၂၅ ရက်ကနေ ၂၇ ရက်နေ့အထိလည်းကောင်း၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၃ ရက်နေ့အထိလည်းကောင်း ရန်ကုန်မြို့ သခင်မြပန်းခြံနဲ့ French Institute တို့မှာ ကျင်းပမှာဖြစ်ပါတယ်။ အရင်က &PROUD လို့ ခေါ်တွင်ခဲ့တဲ့ အဲဒီပွဲကို ကမ္ဘာလုံးဆိုင်ရာ Pride လှုပ်ရှားမှုနဲ့ ပိုမိုနီးစပ်စွာ တူညီစေဖို့အတွက် Yangon Pride လို့ ပြန်လည်အမည်ပေးထားပါတယ်။

_tht0831.jpg

 class=

class=

“&Proudနဲ့ ပတ်သက်ပြီး တစ်နှစ်ထက်တစ်နှစ် တိုးတက်လာတာကတော့ လူသိရှင်ကြားဖြစ်မှုပါ။ အရင်က ဒီလိုပွဲ တွေ မရှိခဲ့ဘူး။ ရှိရင်တောင် Private (သီးသန့်) အခြေနေမျိုးနဲ့လုပ်ရတယ်။ ကိုယ့်ခြံဝန်းထဲမှာပဲ။ အခုကျတော့ အများပြည်သူ ပန်းခြံတွေမှာ လူထိကြားထဲမှာသွားပြီး လုပ်ဆောင်တာဖြစ်တဲ့အတွက် LGBT ဘာလဲ ဆိုတာ ပိုပြီး စိတ်ဝင်စားလာမယ်”လို့ LGBT အရေးနဲ့ ပတ်သက်ပြီးထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ ဦးအောင်မျိုးမင်းကပြောပါတယ်။

“ကျွန်တော်တို့ပေးတဲ့ message (သတင်းစကား) တွေ ပြောတဲ့အချက်တွေက လောကကြီး ဖျက်ဆီးဖို့မဟုတ်ဘူး။ အားလုံးက တန်းတူအခွင့်အရေး၊ တန်းတူ ဖြစ်ပါတယ်ဆိုတဲ့ အကြောင်းအရာကို တင်ပြတာ။ ကြားသွားတဲ့အချိန်မှာ အဲဒီလူတွေရဲ့ အမြင်၊ အတွေး၊ အမူအကျင့်တွေ ပြောင်းသွားတယ်။ behibour change (အပြုအမူ ပြောင်းလဲမှု) ဖြစ်တဲ့အတွက် အားကောင်းတယ်။ အဲဒီအားတွေကိုယူပြီး ဥပေဒပြောင်းလဲဖို့အတွက် သွားပြီးလှုံ့ဆော်တဲ့အခါ ပြည်သူလူထုအားနဲ့ လူထုရဲ့ထောက်ခံချက်ကို ယူတဲ့အခါမှာ ပိုအားကောင်းမယ်ထင်တယ်” လို့ သူက ဆက်ပြောပါတယ်။

Yangon Pride မှာ အခမဲ့ဖျော်ဖြေပွဲတွေအပြင် ပြပွဲတွေ၊ ပါဖောင့်မန့်တွေ၊ Drag Olympics အပါအဝင် ကစားပွဲတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အာရှမှာ ပထမဆုံးအဖြစ် LGBT တွေက လှေတွေနဲ့ စီတန်းလှည့်လည်ပွဲလည်း ပါဝင်မှာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်က ၃ ရက်နေ့အထိ ပွဲကိုတော့ French Institute မှာ ပြုလုပ်မှာဖြစ်ပြီး ရုပ်ရှင်ပြသမှုတွေနဲ့ လိင်ပြောင်းသူကျန်းမာရေးနဲ့ ဥပဒေပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆွေးနွေးပွဲတွေ ပါဝင်မှာ ဖြစ်ပါတယ်။

ခေါင်းစီးဓာတ်ပုံ- ငါးကြိမ်မြောက် LGBT ပွဲတော်ဖြစ်တဲ့ Yangon Pride ကို ရန်ကုန်သခင်မြပန်းခြံမှာ ဇန်နဝါရီ ၂၅ ရက်နေ့က စတင်ကျင်းပပါတယ်။ ဓာတ်ပုံ-သက်ထူး/&Proud

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.