စီးပွားရေး

အာဏာသိမ်းမှုအလွန်တွင် တနင်္သာရီမှ ထိုင်းသို့ ပင်လယ်စာမှောင်ခိုကုန်သွယ်မှုမြင့်တက်လာသည်။ ထိုမှောင်ခိုကုန်သွယ်မှုတွင် မြန်မာရေတပ်ကလည်း ပါဝင်ပတ်သက်နေသည်။
ကိုဗစ်-၁၉တတိယလှိုင်းကာလအတွင်း စက်မှုဇုန်လုပ်သားများသည် အလုပ်ရှင်အချို့၏ ခေါင်းပုံဖြတ်မှုနှင့် နိုင်ငံရေးအခြေအနေကြောင့် ကူကယ်ရာမဲ့ ဖြစ်ခဲ့ကြသည်။
ကမ္ဘာတဝန်း အဆင့်မြင့်လူသုံးကုန်ပစ္စည်းများလိုအပ်မှုမြင့်မားလာသဖြင့် ကချင်ပြည်နယ်အတွင်း မြေရှားသတ္တုတူးဖော်မှု များလာပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ဖြစ်စေသည်။
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်အတွင်း ပြည်သူ့စစ်အဖွဲ့တစ်ခုသည် မြေရှားသတ္တုတူးဖော်မှုတွင် ပါဝင်နေပြီး သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို ဖြစ်ပေါ်စေနေသည်။
ပွင့်လင်းမြင်သာမှုအရှိဆုံး မြန်မာစီးပွားရေးလုပ်ငန်းများစာရင်းတွင် ယခင်နှစ်များက ထိပ်တန်းတွင် ရပ်တည်ခဲ့သည့်ကုမ္ပဏီများသာ ပြန်လည်ပါဝင်လာပြီး စီးတီးမတ်ဆူပါမားကတ်များဖွင့်လှစ်ထားသည့် City Mart Holdings (CMHL) ထိပ်ဆုံးတွင်ရှိနေသည်ဟု ယခုနှစ်အတွက် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB) က ၂၀၁၉  ခုနှစ်အတွက် ထုတ်ပြန်သည့် အစီရင်ခံစာအရ စာရင်း၏ ထိပ်ပိုင်းတွင် First Myanmar Investment (FMI)၊.
မော်တော်ယာဉ်ငှားရမ်းသည့်လုပ်ငန်းကို အဓိက လုပ်ဆောင်နေသည့် Yoma Fleet ၏ ရှယ်ယာအသစ် ၂၀ ရာခိုင်နှုန်းကို ကမ္ဘာပေါ်ရှိ အကြီးဆုံး ငှားရမ်းကုမ္ပဏီများအနက် တစ်ခုဖြစ်သည့် Tokyo Century Corporation က အမေရိကန်ဒေါ်လာ ၂၆ သန်းကျော်ဖြင့် ဝယ်ယူလိုက်သည်။ ထိုသို့ ပူးပေါင်းလိုက်ပြီးနောက် Yoma Fleet.
မြန်မာနိုင်ငံ၏ လေဆိပ်အချို့တွင် လေယာဉ်ဆီရောင်းချသည့်လုပ်ငန်းအတွက် ရွှေမြန်မာလေကြောင်းလိုင်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးလိုက်သည်။ သို့သော် မြန်မာနိုင်ငံတွင် ပြည်တွင်းပြည်ပ လေယာဉ်များ အများဆုံး အဆင်းအတက် ပြုလုပ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ထိုလုပ်ငန်း လုပ်ကိုင်ခွင့် မပါရှိသည်ကို ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်ဆီ သိုလှောင် ရောင်းချခြင်းကို.
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် စမတ်ဖုန်းအလုံးရေ တစ်သန်းအထိ ရောင်းချနိုင်ခဲ့သည်ဟု တရုတ်နည်းပညာကုမ္ပဏီကြီးဖြစ်သည့် Huawei က ပြောကြားသည်။ “မြန်မာမှာ Huawei ရဲ့ တိုးတက်နှုန်းဟာ အတော်လေးအားရစရာကောင်းခဲ့ပါတယ်။ carrier business ပိုင်းမှာ တည်ငြိမ်နေခဲ့ပြီး consumer business အပိုင်းတွေမှာတော့ စိတ်လှုပ်ရှားစရာ တိုးတက်မှုတွေ ရှိခဲ့ပါတယ်” ဟု.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.