မြန်မာနိုင်ငံ၏ ပွင့်လင်းမြင်သာမှုအရှိဆုံး စီးပွားရေးလုပ်ငန်းများစာရင်းတွင် စီးတီးမတ်က ထိပ်ဆုံး၌ ရှိနေ

ပွင့်လင်းမြင်သာမှုအရှိဆုံး မြန်မာစီးပွားရေးလုပ်ငန်းများစာရင်းတွင် ယခင်နှစ်များက ထိပ်တန်းတွင် ရပ်တည်ခဲ့သည့်ကုမ္ပဏီများသာ ပြန်လည်ပါဝင်လာပြီး စီးတီးမတ်ဆူပါမားကတ်များဖွင့်လှစ်ထားသည့် City Mart Holdings (CMHL) ထိပ်ဆုံးတွင်ရှိနေသည်ဟု ယခုနှစ်အတွက် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB) က ၂၀၁၉  ခုနှစ်အတွက် ထုတ်ပြန်သည့် အစီရင်ခံစာအရ စာရင်း၏ ထိပ်ပိုင်းတွင် First Myanmar Investment (FMI)၊ Max Myanmar နှင့် Shwe Taung တို့လည်း ပြန်လည်ပါဝင်လာသည်။ ပဉ္စမအကြိမ်မြောက် ပွင့်သစ်စ အစီရင်ခံစာ၊ မြန်မာရှိ စီးပွားရေးလုပ်ငန်းများ၏ပွင့်လင်းမြင်သာမှု  အစီရင်ခံစာကို ဧပြီ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထုတ်ဝေခဲ့ပြီးသော အစီရင်ခံစာများတွင် ထိုကုမ္ပဏီများသာ ထိပ်တန်း ၁၀ နေရာတွင် ရပ်တည်နေသည်ကိုတွေ့ရသလို ၂၀၁၉ တွင်လည်း ၎င်းတို့၏ ထုတ်ဖော်တင်ပြမှုများမှာ ဆက်လက် တိုးတက်နေသည်ကို တွေ့ရသည်ဟုဆိုသည်။

၂၀၁၉ ပွင့်သစ်စတွင် မြန်မာစီးပွားရေးလုပ်ငန်းပေါင်း ၂၄၈ ခု၏ ဝက်ဘ်ဆိုဒ်များကို လေ့လာ အကဲဖြတ်ထားသည်။ ၎င်းတွင် စတော့အိပ်ချိန်းစာရင်းဝင်ကုမ္ပဏီ ငါးခု၊ အများပိုင် ကုမ္ပဏီ ၅၅ ခုနှင့် ပုဂ္ဂလိကပိုင် ထင်ရှားသော ကုမ္ပဏီ ၁၆၀ ခုပါဝင်သည်။ ထို့ပြင် အစိုးရပိုင်လုပ်ငန်း ၂၈ ခုလည်း ပထမဆုံးအကြိမ်အဖြစ် ပါဝင်သည်ဟု သိရသည်။

အကဲဖြတ်ခဲ့သည့် ကုမ္ပဏီ ၂၄၈ ခုအနက် ၁၀၈ ခု(၄၄ ရာခိုင်နှုန်း)က ဝက်ဘ်ဆိုဒ်ပင် မရှိသေးဟု MRCB က ပြောကြားသည်။ အများစုမှာ သတင်းအချက်အလက်အနည်းငယ်သာ တင်ထားခြင်း၊ သို့မဟုတ် ကော်ပိုရိတ် စီမံအုပ်ချုပ်မှုနှင့် စွမ်းဆောင်ရည်ဆိုင်ရာ အချက်အလက်များ ဖော်ပြမှုမရှိခြင်းတို့ကို တွေ့ရသည်ဟု ဆိုသည်။

ရန်ကုန်စတော့အိပ်ချိန်းစာရင်းဝင် ကုမ္ပဏီငါးခုက ပျမ်းမျှရမှတ်၃၂ ရာခိုင်နှုန်းစီ ရရှိပြီး၊ အများပိုင်နှင့် ပုဂ္ဂလိက ကုမ္ပဏီများထက် ပိုမိုကောင်းမွန်သည်ဟုဆိုသည်။ အများပိုင်နှင့် ပုဂ္ဂလိကကုမ္ပဏီများက ပျမ်းမျှရမှတ် လေး ရာခိုင်နှုန်းစီရရှိကြပြီး အစိုးရပိုင်လုပ်ငန်းများမှာမူ ပျမ်းမျှရမှတ် အနည်းဆုံးဖြစ်သည်။ အစိုးရပိုင် လုပ်ငန်းများတွင် ရမှတ်အများဆုံးမှာ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ရန်ကုန်လျှပ်စစ် ဓာတ်အားပေး ကော်ပိုရေးရှင်းတို့ဖြစ်ပြီး ၎င်းတို့နှစ်ခုတည်းသာ ပျမ်းမျှရမှတ် ငါးရာခိုင်နှုန်းအထက် ရရှိထားသည်။

“၂၀၁၈ အစီရင်ခံစာမှာ ထိပ်တန်းရောက်ခဲ့တဲ့ကုမ္ပဏီတွေရဲ့ စွမ်းဆောင်ရည်ကို ပိုပြီးတိုးမြှင့်စေဖို့လိုတယ်လို့ ၂၀၁၉ ပွင့်သစ်စကို ဆောင်ရွက်တဲ့ အခါမှာ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်မတို့က ကမ္ဘာကလက်ခံလေးစားတဲ့ Integrated Reporting Framework နဲ့ဆက်နွယ်တဲ့ စွမ်းဆောင်ရည်ဆိုင်ရာ စံနှုန်းတွေကို ထပ်တိုးခဲ့တာပါ။ အဲဒါက အာဆီယံကော်ပိုရိတ် စီမံအုပ်ချုပ်မှုက မျော်လင့်ထားတဲ့ အခြေခံ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ ထုတ်ဖော်တင်ပြမှု(basic corporate governance disclosure)ထက် ကျော်လွန်ပါတယ်” ဟု အစီရင်ခံစာထုတ်ဝေသည့်အခမ်းအနားတွင် MCRB ၏ ဒါရိုက်တာဗစ်ကီဘိုမန်က ပြောကြားသည်။

“ကုမ္ပဏီတွက ထုတ်ထားတဲ့မူဝါဒတွေကို ဘယ်လို လက်တွေ့အကောင်အထည်ဖော်သလဲ ဆိုတာကို ဖော်ပြနိုင်တဲ့ ကုမ္ပဏီတွေကို ဒီစံနှုန်းတွေက အသိမှတ်ပြုပေးနိုင်ပြီး အမှတ်ရရှိစေမှာ ဖြစ်ပါတယ်။ “ရလဒ်အနေနဲ့ကတော့ ထိပ်တန်း ကုမ္ပဏီ ၁၀ ခု ၊အခု ၂၀ ဟာ  ထုတ်ဖော်တင်ပြမှုတွေ ပိုလုပ်လာကြပေမယ့် ၂၀၁၈ က ပျမ်းမျှရမှတ် ၇ ရာခိုင်နှုန်းရှိရာကနေ ၂၀၁၉ မှာတော့ ပျမ်းမျှရမှတ်က ၅ ရာခိုင်နူန်းပဲ ရပါတော့တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယခုနှစ်တွင် အစီရင်ခံစာအတွက် စီးပွားရေး အတိုင်ပင်ခံလုပ်ငန်းတစ်ခုဖြစ်သည့် Yever နှင့် တွဲဖက် လုပ်ကိုင်ခဲ့သည်။ ၂၀၁၉ ပွင့်သစ်စ အစီရင်ခံစာ စစ်တမ်းဆောင်ပုံနည်းလမ်းမှာ ၂၀၁၈ ခုနှစ်က နည်းလမ်းကိုပင် ဆက်လက်အသုံးပြုထားပါသည်။ ကုမ္ပဏီများ၏ ဝက်ဘ်ဆိုဒ်ပေါ်တွင် ဖော်ပြထားသော သတင်းအချက်အလက်များကိုသာ အမှတ်ပေးထားပြီး ကော်ပိုရိတ် အကြောင်းအရာ၊ ကော်ပိုရိတ်စီမံအုပ်ချုပ်ပုံ၊ ရေရှည်တည်တဲ့ခိုင်မြဲမှုဆိုင်ရာ စီမံခန့်ခွဲခြင်းနှင့် အစီရင်ခံခြင်းတို့ကို အာဆီယံ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု ရမှတ်မှတ်တမ်း စံသတ်မှတ်ချက်များနှင့် တိုင်းတာ အကဲဖြတ် အမှတ်ပေးထားသည်။

အာဆီယံ ကော်ပိုရိတ် စီမံအုပ်ချုပ်မှုအမှတ်ပေး စည်းမျဉ်း၏ မူလရည်ရွယ်ချက်သည် ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်တို့မှ အများပိုင်ကုမ္ပဏီများ၏ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုတို့ကို ထင်ဟပ်စေရန် ရေးဆွဲထားသော်လည်း မြန်မာနိုင်ငံတွင် အချို့သော ပုဂ္ဂလိကပိုင် ကုမ္ပဏီများက ပွင့်လင်းမြင်သာမှု ရှိစေရန်အတွက် ၎င်းကို ရွေးချယ် ဆောင်ရွက်ထားကြသည်ဟု ဗစ်ကီဘိုးမန်းက ပြောကြားသည်။

“ပွင့်သစ် ၂၀၁၉ က ထိပ်တန်းကုမ္ပဏီ(၁၀)ကို ကြည့်ရင် နံပတ်တစ်ဖြစ်တဲ့ စီးတီးမတ်အပါအဝင် ၇ ခုဟာ ပုဂ္ဂလိကပိုင်ကုမ္ပဏီတွေပဲ ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ ဒါက ဘာကိုဖော်ပြလဲဆိုရင် ပိုင်ရှင်တွေနဲ့ ထိပ်ပိုင်းဦးဆောင်သူတွေ ကို တက်တက်ကြွကြွလုပ်နေစေတာက ဥပဒေပိုင်းဆိုင်ရာ လိုအပ်ချက်မဟုတ်ဘဲ  စီးပွားရေးလုပ်ငန်းအတွက် ပွင့်လင်းမြင်သာမှု၊  ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနဲ့ ရေရည်တည်တဲ့ခိုင်မြဲမှုတွေဟာ ဘာတွေလဲဆိုတာ သိနေမှုပဲ ဖြစ်ပါတယ်” ဟု ဗစ်ကီဘိုးမန်းက ပြောသည်။

၂၀၁၉ အစီရင်ခံစာကို  https://www.myanmar-responsiblebusiness.org/pwint-thit-sa/2019.html တွင်ရရှိနိုင်မည်ဖြစ်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.