A protester holds a placard in support of the Kachin Independence Organisation and its armed wing, the Kachin Independence Army, during an anti-coup demonstration in the jade mining town of Hpakant in Kachin State on May 3. (Kachinwaves / AFP)
ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)အဖွဲ့ကို ထောက်ခံကြောင်း ပိုစတာကိုင်ဆောင်၍ ဆန္ဒပြနေသူတစ်ဦးကို ကချင်ပြည်နယ်၊ ဖားကန့်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုအတွင်း မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | Kachinwaves/ အေအက်ဖ်ပီ)

တပ်မတော်ရဟတ်ယာဉ်ကိုပစ်ချခဲ့ကြောင်း ကေအိုင်‌အေဆို

တိုက်ခိုက်ရေးဂျက်လေယာဉ်နှင့် ရဟတ်ယာဉ်များအသုံးပြု၍ လေကြောင်းမှတိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် မေ၃ရက်က မြန်မာ့တပ်မတော် တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးကို ပစ်ချလိုက်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

အေအက်ဖ်ပီ

တနင်္လာနေ့က ကချင်ပြည်နယ်တောင်ပိုင်း၊ မိုးမောက်မြို့အနီး ပြင်းထန်သော တိုက်ပွဲများဆင်နွှဲနေစဉ်အတွင်း တပ်မတော်၏ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးကို ကေအိုင်အေအဖွဲ့က ပစ်ချခဲ့ကြောင်း အဆိုပါအဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

နိုင်ငံတစ်ဝန်း အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲများကို တစ်ကျော့ပြန်အကြမ်းဖက်ဖြိုခွင်း၍ အရပ်သားငါးဦးသေဆုံးပြီး တစ်ရက်အကြာတွင် ကေအိုင်‌အေက တပ်မတော်တိုက်ခိုက်ရေးရဟတ်ယာဉ်ကို ယင်းသို့ပစ်ချခဲ့ခြင်းဖြစ်သည်။

တပ်မတော်သည် အရပ်သားအစိုးရကို ဖြုတ်ချ၍ အာဏာသိမ်းယူခဲ့သည့် ဖေဖော်ဝါရီ၁ရက်မှစ၍ မြန်မာနိုင်ငံသည် အကျပ်အတည်းကာလတစ်ခုအတွင်းသို့ သက်ရောက်ခဲ့သည်။

မြို့ကြီးများတွင် လုံခြုံရေးတပ်ဖွဲ့များသည် နေ့စဉ်နီးပါးဆင်နွှဲနေသည့် ဒီမိုကရေစီအရေးဆန္ဒပြပွဲများကို သေစေနိုင်သည်အထိ အကြမ်းဖက်ဖြိုခွင်းနေသည်။ တစ်ပြိုင်နက်တည်းတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တပ်မတော်အကြားက ကာလကြာရှည် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခသည် ပြင်းထန်သောတိုက်ပွဲများအဖြစ် စစ်ရှိန်မြင့်တက်လာခဲ့သည်။

ကချင်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် မြန်မာ့တပ်မတော်ကို ဆယ်စုနှစ်ပေါင်းများစွာ တော်လှန်တိုက်ခိုက်နေသော ကေအိုင်အေအဖွဲ့သည် လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်ခန့်က ကချင်ပြည်နယ်အတွင်း လေကြောင်းမှ တိုက်ခိုက်ခြင်း ခံခဲ့ရသည်။

“သူတို့(မြန်မာစစ်တပ်)က မနက်၈နာရီကတည်းက ကျနော်တို့ရဲ့တပ်တွေကို တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေသုံးပြီး စတိုက်ခဲ့တယ်။ ကျနော်တို့ တပ်သားတွေကလည်း ပြန်ပစ်တော့ ရဟတ်ယာဉ်ထိပြီးပျက်ကျသွားတာပေါ့”ဟု ကေအိုင်အေအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ မည်သည့်လက်နက်အသုံးပြုပြီး တပ်မတော်ရဟတ်ယာဉ်အား ပစ်ချခဲ့သည်ကို မေးမြန်းခဲ့သော်လည်း အသေးစိတ်ဖြေကြားရန် ၎င်းက ငြင်းဆန်ခဲ့သည်။

အေအက်ဖ်ပီ အဆိုပါဖြစ်စဉ်ကို အတည်ပြုနိုင်ရန် မြန်မာ့တပ်မတော်ထံသို့ ဆက်သွယ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနက် အချို့အဖွဲ့များက စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ထောက်ခံကြောင်း လူသိရှင်ကြားကြေညာထားပြီး ထွက်ပြေးတိမ်းရှောင်နေသည့် တက်ကြွလှုပ်ရှားသူများကို ၎င်းတို့၏နယ်မြေအတွင်း ခိုလှုံခွင့်ပေးခဲ့သည်။ အချို့ကိုပင် စစ်သင်တန်းများ ပေးနေသည်။

တနင်္ဂနွေနေ့က ဆန္ဒပြမှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြိုခွင်းမှုအတွင်း အနည်းဆုံး အရပ်သားငါးဦး သေဆုံးခဲ့ကြောင်း ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့အခြေစိုက်  စောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်သော နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(အေအေပီပီ)က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်လက မြန်မာနိုင်ငံအရေးဖြေရှင်းရန် ခေါ်ယူကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးပြီးဆုံးချိန်မှစလျှင် မေ၂ရက်သည် တစ်နေ့တာ သေဆုံးမှုအများဆုံးဖြစ်ပေါ်ခဲ့သည့် ရက်တစ်ရက်ဖြစ်ကြောင်း အေအေပီပီက ပြောသည်။

ဖေဖော်ဝါရီ၁ရက်‌၊ အာဏာသိမ်းသည့်နေ့မှစ၍ မေ၃ရက်အထိ ဆန္ဒပြပွဲများကို ဖြိုခွင်းမှုအတွင်း အရပ်သားသေဆုံးသူဦးရေ ၇၆၅ဦးရှိသွားပြီဖြစ်ကြောင်း အေအေပီပီက ဆိုသည်။ စစ်တပ်ကမူ အဆိုပါအရေအတွက်ထက် များစွာလျော့နည်းသော ပမာဏသာ သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဒါဇင်နှင့်ချီသည့် သတင်းထောက်များအပါအဝင် လူပေါင်း ၄,၅၀၀ကျော် ဖမ်းဆီးခံထားရကြောင်း အေအေပီပီထုတ်ပြန်ချက်များက ဆိုသည်။

အပြည်ပြည်ဆိုင်ရာသတင်းလွတ်လပ်ခွင့်နေ့ဖြစ်သော မေ၃ရက်၊ တနင်္လာနေ့က နိုင်ငံခြားသံရုံးများစုပေါင်း၍ ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီ၏ သတင်းသမားများကို ပစ်မှတ်ထားဖမ်းဆီးမှုကို ပြစ်တင်ရှုတ်ချခဲ့ကြသည်။ သတင်းထောက်များသည် “ဖိနှိပ်ခံရရန် ပစ်မှတ်” ဖြစ်လာသည်ဟု ၎င်းတို့ကဆိုသည်။

အာဏာသိမ်းမှုနောက်ပိုင်းတွင် စစ်ကောင်စီသည် နိုင်ငံအတွင်းက လွတ်လပ်သောသတင်းမီဒီယာများကို ပိတ်သိမ်းခြင်း သို့မဟုတ် လုပ်ငန်းလိုင်စင်များကို ရုတ်သိမ်းခြင်းစသည့် ဖိနှိပ်မှုများ လုပ်ဆောင်ခဲ့သည်။ တစ်ချိန်တည်းတွင် ဆန္ဒပြပွဲများနှင့် အကြမ်းဖက်နှိမ်နင်းမှုများနှင့်ပတ်သက်၍ သတင်းအချက်အလက် စီးဆင်းမှုကို ထိန်းချုပ်ရန် အင်တာနက်ဆက်သွယ်မှုကွန်ရက်များကိုလည်း အကြီးအကျယ် ကန့်သတ်ထိန်းချုပ်ထားသည်။

“သတင်းမီဒီယာသမားများအားလုံးကို ချက်ချင်းပြန်လွှတ်ပေးရန်၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာတို့ကို လွတ်လပ်စွာ ရယူသုံးစွဲခွင့်ရရှိရန်နှင့် အင်တာနက်ကန့်သတ်မှုအားလုံးကို အဆုံးသတ်ရန် တောင်းဆိုလိုက်သည်”ဟု သံရုံးများ၏ ပူးတွဲထုတ်ပြန်ချက်က ဆိုသည်။ ဖမ်းဆီးခံရသည့် သတင်းသမားဦးရေမှာ ၈၀ကျော်ရှိကြောင်းနှင့် ၎င်းတို့အနက် ထက်ဝက်ခန့်မှာ ဖမ်းဆီးခံထားရသေးကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ကြေညာချက်ကို ပူးတွဲထုတ်ပြန်ရာတွင် ပါဝင်သူများမှာ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ဩစတျေးလျ၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံများ၏ မြန်မာနိုင်ငံဆိုင်ရာ သံရုံးများဖြစ်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.