ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်မှုမှ လျော့ကျအောင် တည်ဆောက်ခြင်း

ဘင်္ဂလားပင်လယ်အော်ရဲ့ ကမ်းရိုးတန်းဒေသမှာ နေထိုင်ကြတဲ့ ရခိုင်ပြည်နယ်က ရွာသားတွေဟာ ဆိုင်ကလုံးမုန်တိုင်းတွေ ကျလာပြီဆိုရင်တော့ သူတို့ရဲ့ အိမ်တွေအောက်မှာ အချင်းချင်း တိုးဝှေ့ပူးကပ်နေကြပါတယ်။ တည်ငြိမ်မှုမရှိတဲ့ ဒီလိုပတ်ဝန်းကျင်မျိုးမှာ ကြာရှည်ရှင်သန်ဖို့က သံအမိုးပြားတွေထက် သူတို့ပိုပြီး လိုအပ်နေတာ ရှိပါတယ်။ သူတို့ရဲ့ ကြံ့ကြံ့ခံနိုင်မှုဟာ အစားအစာ၊ အသက်မွေးမှု၊ စပါးခင်းတွေနဲ့ အိမ်တွေရဲ့ လုံခြံမှုအပြင် ရေချိုရရှိဖို့အတွက် တောင့်တင်းကြံ့ခိုင်တဲ့ ရေကာတာတွေနဲ့ ရေလွှတ်ပေါက်တွေအပေါ် အားကိုးနေရပါတယ်။

JENNIFER MACINTYRE / တက်လမ်း ရေးသားသည်။

လယ်သမားကြီးဦးဖြိုးထွန်းစိန်ဟာ ရေကာတာတစ်ခုပေါ်မှာ ဆောင့်ကြောင့်ထိုင်ပြီး သူ့ရဲ့စပါးခင်းတွေကို လှမ်းမျှော်ကြည့်နေပါတယ်။ ကျီးခေါင်းတောင်ရွာရဲ့ အုပ်ချုပ်ရေးမှူးလည်းဖြစ်တဲ့ ဒီလယ်သမားကြီးဟာ သူ့ရဲ့နောက်ဘက်မှာ ရှိတဲ့ ရေလွှတ်ပေါက်က သူ့ရွာသားတွေအတွက် အစားအစာဖူလုံေစေသလို သူ့ရဲ့အကြွေးတွေလည်း ပြန်ဆပ်နိုင်ပါစေဆိုပြီး ဆုတောင်းနေရပါတယ်။ လူဦးရေ ၁,၄၀၀ ရှိတဲ့ သူ့ရွာဟာ လွန်ခဲ့တဲ့ ၁၂ နှစ်အတွင်း ဆိုင်ကလုံးမုန်တိုင်း ၅ ခုရဲ့ ဒဏ်ကို ခံစားခဲ့ရပြီး ဖြစ်ပါတယ်။

၂၀၁၀ ပြည့်နှစ်က တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုံးဂီရိကြောင့် လယ်တွေဆားငံရေ အလွန်အကျွံဝင်ခဲ့တဲ့အတွက် ၂၀၁၄ ခုနှစ်အထိ စပါးစိုက်လို့မရခဲ့ပါဘူး။ အဲဒီရာသီက လယ်ယာထုတ်ကုန်တွေ ထွက်ရှိမယ့် ရာသီဖြစ်ပေမယ့် ၂၀၁၅ ခုနှစ်မှာ ဆိုင်ကလုံးကိုမင်နောက်ကပါလာတဲ့ ရေကြီးရေလျှံမှုတွေက လယ်ဧက ၄၈၀ ကို ဖျက်ဆီးပစ်ခဲ့ပြန်ပါတယ်။ လွန်ခဲ့တဲ့ ၄၈ နှစ်က သူတို့ရဲ့ဖခင်တွေ တည်ဆောက်ခဲ့တဲ့ သစ်သားရေလွှဲပေါက်က သစ်လုံးတွေက ကိုမင်ကြောင့် ဖြစ်ပေါ်လာတဲ့ ရေတွေကို ဖွင့်ထုတ်လွှတ်ဖို့ ပျက်ကွက်ခဲ့ချိန်မှာတော့ အိမ်တွေ၊ တာတမံတွေ စပါးတွေ ပျက်စီးခဲ့ပါတော့တယ်။ ဆုံးရှုံးမှုရဲ့အကျိုးဆက်ကတော့ ကျီးခေါင်းတောင်ရွာက လယ်သမား ၅၃ ဦးမှာ အကြွေးတွေ အကြီးအကျယ်တင်သွားခဲ့ပါတယ်။

ဒါ့ကြောင့် သူတို့ဟာ သူတို့ရဲ့စိုက်ပျိုးမြေလေးတွေကို ကာကွယ်ရေးအတွက် အတူတူလုပ်ဆောင်ဖို့ လယ်သမားအုပ်စုတစ်ခု ဖွဲ့စည်းပါတယ်။ “ရေကာတာတွေကို ကျွန်တော်တို့ ကိုယ့်ဘာသာကိုယ် ပြန်ဆောက်ပါတယ်။ ခြောက်ပေအမြင့်အထိပါ။ ဒါက ကျွန်တော်တို့သိထားတဲ့ ဘယ်ဒီရေအမြင့်ထက်မဆို ပိုပြီးမြင့်ပါတယ်” လို့ ဦးဖြူထွန်းစိန်က ပြောပါတယ်။ ၎င်းတို့၏ စိုက်ပျိုးမြေနဲ့ ၎င်းတို့အသိုင်းအဝိုင်း၏ အစားအစာဖူလုံရေးအတွက် ရေလွှဲပေါက်အား ပြန်လည်တည်ဆောက်ရန် တက်လမ်းကလည်း ဒေါ်လာ ၁၃,၀၀၀ ကို ပေးအပ်ကူညီခဲ့ပါတယ်။

ခိုင်မာတောင့်တင်းသည့် ဆိုင်ကလုံးဒဏ်ခံ ရေကာတာများ

ရခိုင်ပြည်နယ် ပေါက်တော၊ မြေပုံ၊ မင်းပြားနဲ့ ကျောက်ဖြူမြို့နယ်တွေဟာ နှစ်စဉ်နှစ်တိုင်း ပြင်းထန်တဲ့ မုန်တိုင်းများ၊ အားကောင်းတဲ့ ပင်လယ်ပြင်မြင့်တက်မှု၊ ဒီရေနဲ့ သည်းထန်သည့် မုတ်သုန်မိုးတို့ကြောင့် လွင်ပြင်တွေမှာ ရေလျှံတတ်ပါတယ်။ အားနည်းတဲ့ ကျေးရွာ ၂၅၉ ရွာအတွက် ဒဏ်ခံအဆောက်အဦတွေ ဆောက်လုပ်ဖို့ Livelihoods and Food Security Trust Fund (LIFT) က ဖျက်ဆီးတတ်တဲ့ သဘာဝအင်အားစုနဲ့ ရာသီဥတုပြောင်းလဲမှုကနေ စပါးခင်းနဲ့ အသက်မွေးဝမ်းကျောင်းမှုတွေကို အကာအကွယ်ပေးနိုင်ခြင်းရှိမရှိ သိရှိစေဖို့ အဲဒီမြို့နယ်တွေရဲ့ ပထဝီအနေအထားကို လေ့လာအကဲဖြတ်ရန် နယ်သာလန်အဲန်ဂျီအိုများပုူးပေါင်းအဖွဲ့(CDN)ကို လုပ်ငန်းအပ်နှံခဲ့ပါတယ်။ အစိုးရက ငွေကြေးထောက်ပံ့ပြီး လယ်သမားများ တည်ဆောက်တဲ့ မိုင် ၄၀၀ ရှည်ရေတာတမံ တည်ဆောက်ရန်အတွက် CDN က ၂၀၁၃ ခုနှစ်တွင် ထောက်ခံချက်ပေးခဲ့ပါတယ်။ CDN ရဲ့ ဒီဇိုင်းတွေအရ ၁၅၃ မိုင်နီးပါးရှိတဲ့ ရေတာတမံနဲ့ ရေလွှဲပေါက် ၁၆၆ ပေါက် တည်ဆောက်ရန်အပြင် စိုက်ပျိုးရေးဖွံ့ဖြိုးဖို့အတွက် ငွေကြေးထောက်ပံ့ရန် တက်လမ်းတွင် ဒေါ်လာ ၁၇ ဒသမ ၇ သန်း ရင်းနှီးမြုပ်နှံခြင်းဖြင့် LIFT ကတုံ့ပြန်ခဲ့ပါတယ်။

တက်လမ်းနဲ့ ဆည်မြောင်းဋ္ဌာနတို့ဟာ လိုအပ်ချက်အပေါ်အခြေခံပြီး တည်ဆောက်ရေး၊ ရေတာတမံ တည်ဆောက်မယ့် နေရာတို့နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးခဲ့ကြပါတယ်။ တက်လမ်းရေတားတမံတွေဟာ ပတ်ဝန်းကျင်နဲ့ ကိုက်ညီအောင် ပြုလုပ်ထားလို့ မူအမျိုးမျိုး ကွဲပြားနေပါတယ်။ ဒါပေမဲ့ အများအားဖြင့် အကျယ် ၂၈ ပေ၊ အမြင့် ၆ ပေနဲ့ ထိပ်ပိုင်းက လျှောက်လမ်းအကျယ် ၄ ပေရှိတဲ့ အခြေခံမူတစ်ခုတော့ရှိပါတယ်။

အရှည် ၈၇ မိုင်ရှိတဲ့ တာတမံဟာ မြန်မာနိုင်ငံတစ်ဝန်းက အခြားသော အခြေခံအဆောက်အအုံတွေကိုတောင် ပြားသွားအောင် တိုက်စားပစ်နိုင်တဲ့ ကိုမင်မုန်တိုင်းဒဏ်ကနေ ခံနိုင်ရည်ရှိရှိ ရပ်တည်နိုင်ခဲ့တဲ့အခါ အင်ဂျင်နီယာဒီဇိုင်းဖြစ်တဲ့ ဘေးဘက် ဆင်ခြေလျှောတွေက ကောင်းမွန်တယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။ ရေချိုတွေ အများအပြား ဝင်ရောက်လာတဲ့ ပြင်းထန်တဲ့ ရေလျှံမှုနဲ့အတူ အားကောင်းတဲ့ ပင်လယ်လှိုင်းတွေက တက်လမ်း တာတမံတွေရဲ့ ခြောက်မိုင်ခန့်ကိုသာ ကွဲအက်စေခဲ့ပါတယ်။

CDN အင်ဂျင်နီယာ Mr Timmo Gaasbeeck (အလယ်) က တမံပေါ်ရှိ အပေါ်တစ်ခုကို စစ်ဆေးနေစဉ်။ မိုးများရွာပါက တမံရှိ အပေါက်တွင်းသို့ ရေများဝင်လာကာ တမံပုံပျက်သွားနိုင်သည်ဟု သူက ရွာသားများကို ရှင်းပြခဲ့သည်။ ဓာတ်ပုံ-တက်ပုံ

CDN အင်ဂျင်နီယာ Mr Timmo Gaasbeeck (အလယ်) က တမံပေါ်ရှိ အပေါ်တစ်ခုကို စစ်ဆေးနေစဉ်။ မိုးများရွာပါက တမံရှိ အပေါက်တွင်းသို့ ရေများဝင်လာကာ တမံပုံပျက်သွားနိုင်သည်ဟု သူက ရွာသားများကို ရှင်းပြခဲ့သည်။ ဓာတ်ပုံ-တက်ပုံ

ကွဲအက်ရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ အိုဟောင်းနေတဲ့ ရိုးရာအစဉ်အလာအတိုင်း သစ်လုံးတွေနဲ့ ပိတ်ဆို့ထားတဲ့ ရေလွှတ်ပေါက်တွေကြောင့် ဖြစ်ပါတယ်။ အဲဒီရေလွှတ်ပေါက်တွေကတော့ ပူပြင်းသည့်ရာသီအတွင်း စပါးခင်းတွေအတွင်းကနေ ရေဆုံးရှုံးမှုကို လျှော့ချရန်နှင့် ဆားငံရေ ဝင်ရောက်မှုကို တားဆီးပေးရန်ဖြစ်ပါတယ်။

ဆိုင်ကလုံးမုန်တိုင်းတစ်ခု တိုက်ခတ်နေစဉ်မှာ ရေတွေထွက်သွားအောင် သစ်တုံးတွေကို ဖယ်ရှားပစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ကတော့ တက်လမ်းရဲ့ ရေလွှတ်ပေါက်များတွင် စပါးခင်းများရှိ ရေပြင် အလွန်မြင့်မားလာပါက အလိုအလျောက်ဖွင့်ပေးတဲ့ အပြားလေးတွေပါရှိပြီး ပိုလျှံတဲ့ရေများကို ချောင်းများအတွင်းသို့ စီးဆင်းစေပါတယ်။

အောင်မြင်တဲ့လယ်မြေတွေကို ကာကွယ်ဖို့ဆိုရင်တော့ ဆားငံရေတွေကို တားဆီးပေးနိုင်မယ့် ကြံ့ခိုင်သော ရေတာတမံများနဲ့ သီးနှံများမပျက်စီးရန် ပိုလျှံသောမိုးရေများကို အပြင်သို့ စီးဆင်းစေရန်တို့ လိုအပ်တယ်လို့ CDN အင်ဂျင်နီယာ မစ္စတာတင်မိုဂက်စ်ဘိခ်က ပြောပါတယ်။ “ဒေသခံလူ့အသိုင်းအဝိုင်းကတောင် ကိုင်တွယ်နိုင်ပြီး အဆင့်နိမ့် နည်းပညာတစ်ခုနဲ့တောင် ဒါက ဖြစ်နိုင်တယ်ဆိုတာ တက်လမ်းနဲ့အတူ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း ပြသပြီးပါပြီ” လို့ သူကပြောပါတယ်။

ရေလွှတ်ပေါက်တည်ဆောက်ခြင်းနဲ့ ထိန်းသိမ်းပြုပြင်မှု

ရေလွှတ်ပေါက်လုပ်မယ့်နေရာတွေကို လုပ်ငန်းဆောင်ရွက်ပြီး ထိန်းသိမ်းရာမှာ တာဝန်ရှိတဲ့ လယ်သမားတွေနဲ့ တိုင်ပင်ပြီးမှ ရွေးချယ်ပါတယ်။

တက်လမ်းရဲ့ ရေလွှတ်ပေါက်ကျွမ်းကျင်သူ ဦးဇော်ဝင်းဟာ လေ့လာတိုင်းတာသူတွေကို အချက်အလက်များစွာကို အခြေခံထားတဲ့ သူတို့ရဲ့ဒီဇိုင်းတွေကို ပြုပြင်မွမ်းမံဖို့ ဆိုက်တစ်ခုချင်းဆီကို ခေါ်သွားပါတယ်။ အဲဒီအချက်အလက်တွေထဲမှာ မိုးရေချိန်၊ အောက်ခံမြေဆီလွှာ သိပ်သည်းမှု၊ ကာကွယ်မှုလိုအပ်နေတဲ့ လယ်ယာမြေနဲ့ အမြင့်ဆုံးရောက်ဖူးတဲ့ နွေဦးဒီရေအမြင့်တို့လည်း ပါဝင်ပါတယ်။ တာတမံတွေရဲ့ မြေဆီလွှာသိပ်သည်းမှုကိုလည်း စစ်ဆေးပါတယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီမြေဆီလွှာတွေက ပုံမပျက်အောင် ကြံ့ခိုင်မှုမရှိရင် တာတမံတွေက အောက်ကို ကျွံဝင်သွားပါလိမ့်မယ်။

မြေဆီလွှာကို ဖိသိပ်တဲ့ စက်ကိရိယာမရှိတာကြောင့် ကျွံဝင်နိုင်မှုကို မျှော်မှန်းပြီး တက်လမ်းရဲ့ တာတမံတွေကို ၈ ပေအမြင့်ထိ တည်ဆောက်ပါတယ်။ တာတမံအားလုံးကို လက်နဲ့သာ ပြုလုပ်တာဖြစ်လို့ ရွာသား ၃၃,၀၀၀ အတွက် အပိုဝင်ငွေ ရှာပေးနိုင်ပါတယ်။ အဖွဲ့တွေဖွဲ့ပြီး လုပ်တာဖြစ်ပြီး တူညီအလုပ်တစ်ခုအတွက် အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့အတူူတူ လုပ်ခရကြပါတယ်။ ၁၅ ယောက်ပါတဲ့အဖွဲ့တွေဟာ တစ်လကို ပေ ၉၀၀ အထိပြီးအောင် လုပ်နိုင်ကြပြီး ယခုအချိန်အထိ တာတမံ မိုင် ၁၃၀ နဲ့ ရေလွှတ်ပေါက်တံခါး ၁၁၀ အထိတည်ဆောက်နိုင်ကာ စပါးစိုက်ဧက ၃၀,၀၀၀ ကို ကာကွယ်ပေးနေပါတယ်။

ဒီအခြေခံအအုံကနေ အကျိုးခံစားခွင့်ရနေတဲ့ လယ်သမား ၇,၀၀၀ ကလည်း ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။ တက်လမ်းစီမံကိန်းပြီးတဲ့အခါ တာတမံနဲ့ ရေလွှတ်ပေါက်ဒီဇိုင်းအားလုံးကို ဆည်မြောင်းဋ္ဌာနနဲ့ မျှဝေသုံးစွဲမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အဲဒီဋ္ဌာနနဲ့ လယ်သမားတွေဟာ နောက်ထပ်နည်းပညာပိုင်း ပြုပြင်ထိန်းသိမ်းဖို့လိုအပ်တဲ့အခါ ပူးပေါင်းဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

မြေသြဇာ၊ မျိုးစေ့နဲ့ အသိပညာဖြန့်ဝေမှုမှာ တက်လမ်းရဲ့ရင်းနှီးမြုပ်နှံမှုနဲ့အတူ ရေလွှတ်ပေါက်တွေနဲ့ ကြံ့ခိုင်တဲ့ တာတမံတွေက ဒီနှစ်ရိတ်သိမ်းချိန်မှာ လယ်သမားတွေအတွက် နှစ်ဆအထွက်တိုးစေမှာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ စိုက်ပျိုးမြေတွေမှာ ရေလျှံမှုမရှိအောင်၊ ဆားငံရေမဝင်အောင် တားဆီးနိုင်ပြီဆိုတော့ သီးနှံအထွက်တိုး လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါမှလည်း အကြွေးတွေ ကြေမှာလေ” လို့ ဦးဖြူစိန်ထွန်းကဆိုပါတယ်။

“Farmer Field Schools မှာ သင်ယူခဲ့တဲ့ စိုက်ပျိုးနည်းစနစ်တွေကို အသုံးချမှာပါ။ ပြီးတော့ အထွက်တိုးဖို့ ဆားငံရည်ဒဏ်ခံနိုင်တဲ့ မျိုးစေ့တွေကို စိုက်ပျိုးမှာပါ” လို့လည်း သူကပြောပါတယ်။

တက်လမ်းစီမံကိန်းသည် ရေမြေအနေအထားအရ ဆိုင်ကလုန်းမုန်တိုင်းဒဏ်၊ ကြီးမားတဲ့ရေလှိုင်းဒဏ်နှင့် မုတ်သုံရာသီရေလွှမ်းမိုးမှုဒဏ်စသည့် သဘာဝဘေးအန္တရာယ်ကျရောက်ထိခိုက်လွယ်သည့် ရခိုင်ပြည်နယ်ရှိ ကျေးရွာ (၂၅၃) ရွာတွင် ရေရှည်စားနပ်ရိက္ခာဖူလုံရေး၊ အစာအာဟာရပြည့်ဝရေး၊ အသက်မွေးဝမ်းကျောင်းမှုတိုးတက်ရေး၊ ငွေကြေးဝန်ဆောင်မှုများရရှိရေး၊ စိုက်ပျိုးရေး၊ ရေ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးတို့ကိုလုပ်ဆောင်ခြင်းဖြင့် ဒေသခံတို့၏ ရှင်သန်ရပ်တည်နိုင်စွမ်းမြင့်မားအောင် လုပ်ဆောင်လျက်ရှိသည်။ စီမံကိန်းအတွက် အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ (LIFT) မှငွေကြေးထောက်ပံ့ထားသည်။

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.