လူမှုရေးအတွက် တာဝန်ခံသော အုပ်ချုပ်မှု

ဤကြော်ငြာဆောင်းပါးကို တက်လမ်းစီမံကိန်းက စီစဉ် ရေးသားထားခြင်းဖြစ်သည်။

လူမှုအသိုက်အဝန်းနှင့် အစိုးရတို့ ညှိနှိုင်းတိုင်ပင်မှု၊ အတူလုပ်ဆောင်မှု ပူးပေါင်းဆောင်ရွက်မှုတို့သည် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန် အရေးကြီးလှသည်။

Jennifer Macintyre/ တက်လမ်း ရေးသားသည်။

မြေပုံမြို့တွင် ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် မင်းပြားနှင့် မြေပုံမြို့နယ်တို့မှ ကျေးရွာခေါင်းဆောင် ၁ဝ၄ ဦးတို့သည် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် ပထမဆုံး တွေ့ဆုံဖူးလိုက်ကြသည်။ IRC- တက်လမ်း လူ့အသိုက်အဝန်းလှုပ်ရှားရေးအဖွဲ့က စည်းရုံးလုပ်ဆောင်သော အလုပ်ရုံဆွေးနွေးပွဲအတွင်း ကျေးရွာခေါင်းဆောင်များသည် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဦးအောင်ဝင်း၊ ဦးလှအောင်ညွန့်နှင့် ဦးလှသိန်းအောင်တို့နှင့်အတူ အရေးတကြီး လိုအပ်လျက်ရှိသော ရပ်ရေးရွာရေး လိုအပ်ချက်များကို အားတက်သရော ဆွေးနွေးခဲ့ကြသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကလည်း ဤသို့သော တိုင်ပင်ဆွေးနွေးမှုများကို လုပ်ဆောင်ရန် အစိုးရကို အကြံပြုထားသည်။ အရပ်ဖက်အဖွဲ့အစည်းများ၊ ဒေသတွင်း အုပ်ချုပ်ရေး ကိုယ်စားလှယ်များ၊ ဝန်ကြီးဌာန အရာရှိများနှင့် ပြည်နယ်နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်သော မြို့နယ်အဆင့် အရပ်ဖက်အဖွဲ့အစည်း ဆွေးနွေးပွဲများကို အစိုးရက ပုံမှန် ပြုလုပ်ပေးရန် ကိုဖီအာနန်၏ နောက်ဆုံးအစီရင်ခံစာတွင် အစိုးရအား တိုက်တွန်းထားသည်။ ဤအစည်းအဝေးများသည် နိုင်ငံလုံးဆိုင်ရာ မူဝါဒများ၏ ပုံသဏ္ဍာန်နှင့် သက်ရောက်မှုများကို ပြန်လည်တင်ပြရန် ကျေးရွာလူထုနှင့် အရပ်ဖက် အဖွဲ့အစည်းများအတွက် မရှိမဖြစ်သော အခွင့်အလန်းများအဖြစ် ကော်မရှင်က ရှုထားသည်။ ပြည်နယ်လွှတ်တော်သည် အဓိကမူဝါဒများ ချမှတ်ရာတွင်လည်းကောင်း၊ အကောင်အထည်ဖော်ရာတွင်လည်းကောင်း၊ လွှမ်းမိုးမှု အနည်းငယ်သာရှိနိုင်ကြောင်း၊ ရခိုင်ပြည်နယ် အစိုးရ၏ အဓိကလုပ်ငန်းတာဝန်မှာ နေပြည်တော်မှ ဆုံးဖြတ်ထားသော ပေါ်လစီများကို အကောင်အထည်ဖော်ရန်ပင် ဖြစ်ကြောင်း မှတ်ချက်ပြုထားသည်။

သို့သော် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များသည် ၎င်းတို့၏ မဲဆန္ဒနယ်အတွက် ထောက်ခံချက် ပေးနိုင်ကြသည်။ မြေပုံမြို့နယ် အမတ်ဦးအောင်ဝင်းက မြန်မာနိုင်ငံတွင် အဆင်းရဲဆုံး ပြည်နယ်တစ်ခုဖြစ်သော ရခိုင်ပြည်နယ်တွင် ၎င်းတို့ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို သူနားလည်သဘောပေါက်ကြောင်း ကျေးရွာကိုယ်စားလှယ် ၁ဝ၄ ဦးတို့ကို ပြောြ့ားခဲ့သည်။ ‘တက်လမ်း’ ကျေးရွာ ဖွံ့ဖြိုးရေးကော်မတီ ၅၂ ခုမှ တစ်ခုလျှင် နှစ်ဦးစီဖြင့် ၁ဝ၄ ဦး ရွေးချယ်ထားခြင်း ဖြစ်သည်။

“လူတွေက သိပ်ဆင်းရဲကြပါတယ်။ မြန်မာနိုင်ငံက အခြားပြည်နယ်တွေနဲ့စာရင် သူတို့တတွေဟာ အခက်အခဲတွေများစွာကို ရင်ဆိုင်နေကြတာပါ။ အလုပ်အကိုင်အခွင့်အလမ်းဆိုလို့လဲ ဘာမှမရှိဘူး။ တစ်ဝမ်းတစ်ခါးအတွက် နေရပ်စွန့်ခွာပြီး တစ်နယ်တစ်ဝေးကို ပြောင်းရွှေ့လုပ်ကိုင်နေကြရတယ်။ လူတွေဟာ မသေယုံတမယ် နေနေကြရတယ်။ တစ်ဝမ်းတစ်ခါးအတွက် အသက်စွန့်ရှာဖွေနေကြရရှာတယ်” ဟု ၎င်းက ပြောသည်။

အခြေခံပညာကျောင်းများတွင် ကျောင်းထွက်သူ အလွန်များကြောင်း၊ ကလေးအများစုမှာ ငါးတန်းအထိသာ ကျောင်းနေကြရကြောင်း၊ မူလတန်းလွန် အလယ်တန်း၊ အထက်တန်းကျောင်းများ မရှိကြသောကြောင့်ဖြစ်ကြောင်း ဦးအောင်ဝင်းက ပြောသည်။ ဆေးရုံ ဆေးခန်းရှားပါးသောကြောင့် စိုးရိမ်ဖွယ်ဖြစ်ကြောင်း၊ လူအများအနေဖြင့် ဆေးရုံ၊ ဆေးခန်းသွားရန် အလွန်ခဲယဉ်းကြောင်း ၎င်းကပြောသည်။ “တစ်ခုခုဖြစ်ပြီဆို ရင် အနီးဆုံးမြို့ကို ရေကြောင်းကပဲ လှေတွေ မော်တော်ဘုတ်တွေနဲ့ သွားကြရတယ်” ဟု ၎င်းက ပြောသည်။

img_6738.jpg

 title=

title=

ကျေးရွာခေါင်းဆောင်များအား ၎င်းပြဿနာများ၊ အထူးသဖြင့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ အခြေခံအဆောက်အအုံများနှင့် ပတ်သက်သော အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားကြရန် ဦးအောင်ဝင်း၏ ဖိတ်ခေါ်ကမ်းလှမ်းမှုကို ကျေးရွာခေါင်းဆောင်များက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလက်ခံခဲ့ကြသည်။

“အစိုးရအနေနဲ့ကတော့ ကျေးရွာဖွံ့ဖြိုးရေးတွေမှာ သိပ်များများ ရင်းနှီးမြှုပ်နှံနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ခင်ဗျားတို့ လိုအပ်ချက်တွေကို ကျွန်တော့်ကိုပြောပါ။ ခင်ဗျားကိုယ်စား တင်ပြပေးနိုင်အောင်လို့ပါ” ဟု ဦးအောင်ဝင်းက သူ၏ လုပ်ဖော်ကိုင်ဖက် လွှတ်တော်ကိုယ်စားလှယ်များကိုယ်စား ပြောကြားခဲ့သည်။

“ကျွန်တော်ရွာမှာ ကျောင်းမရှိပါဘူး” ဟု ရေခေါင်းချောင်းကျေးရွာ ဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဝင်းနိုင်က ပြောသည်။ ရွာတွင် ကျောင်းခွဲလေးတစ်ခု ရှိကြောင်း၊ သို့သော် အစိုးရထံမှ ကျောင်းဆရာ မရခဲ့ကြောင်း၊ ကျောင်းဆရာတစ်ယောက်ရရန် နှစ်ပေါင်းများစွာ တင်ပြတောင်းခံခဲ့ကြောင်း ၎င်းက ပြောသည်။ ဖွံ့ဖြိုးရေးကော်မတီများအနေနှင့် အစိုးရဌာနများနှင့် မည်သို့ထိရောက်အောင် ဆက်သွယ်ရမည်ဆိုသည်ကို အကြံဉာဏ်များပေးခဲ့ကြသည်။ ဥပမာအားဖြင့် ဆရာများ ထပ်ခန့်ပေးရန် အစိုးရထံတောင်းဆိုနေမည့်အစား မူလတန်းကျောင်းသစ် ဆောက်လုပ်ပေးရေး အဆိုပြုလွှာတင်ရန် တိုက်တွန်းခဲ့သည်။

“ကျောင်းသစ်အတွက် ဆရာတွေ ထပ်ခန့်ပေးလာပါလိမ့်မယ်” ဟု ကျေးရွာခေါင်းဆောင်များကို ၎င်းက ရှင်းပြခဲ့သည်။

ကြိမ်ချောင်းရွာမှ ဦးတင်ရွှေမြင့်သည် အစိုးရ၏ အသိအမှတ်ပြု အထက်တန်းကျောင်းတစ်ကျောင်း ရရှိရေးအတွက် စနစ်တကျ ရေးသားပြင်ဆင်ထားသော အဆိုပြုစာတမ်းတစ်စောင်ကို ပညာရေးဌာနသို့ တင်ပြခဲ့သည်။ သူ၏ အဆိုပြုလွှာတွင် ရပ်ရွာမှ ရရှိထားသော အောင်မြင်မှုများကို ဖော်ပြထားပြီး ကျောင်းဆောက်ရာတွင် သူတို့ရွာမှ အစိုးရနှင့်အတူ မည်သို့ ပူးပေါင်းကူညီဆောင်ရွက်ပါမည်ဆိုသည့် အကြောင်းနှင့် အထက်တန်းကျောင်းရရှိပါက အနီးပတ်ဝန်းကျင် ကျေးရွာများမှာ ကျောင်းသားများပါ ပညာဆက်လက်ဆည်းပူးခွင့် ရရှိကြမည့်အကြောင်းများကို တင်ပြထားသည်။

ဦးတင်ရွှေမြင့်က ပညာရေးဌာနသို့ တင်ပြထားသော အဆိုပါစာကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား ပြသခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်များက ဦးတင်ရွှေမြင့်၏စာကို ဖတ်ရှုပြီး သူ၏ လျှောက်လွှာကို ထောက်ခံတင်ပြပေးမည့်အကြောင်းနှင့် အနီးပတ်ဝန်းကျင်ရွာများနှင့်လည်း လမ်းများ ဖောက်လုပ်ပေးရန် အစိုးရထံ တင်ပြမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။ “ကျေးရွာချင်းဆက်လမ်းတွေ လိုတယ်လေ။ သယ်ယူ ပို့ဆောင်ရေးအတွက်သာမက ကျောင်းသားတွေ ပညာသင်ကြားဖို့အတွက်ပါ လမ်းတွေလိုပါတယ်။ ကျွန်တော်တို့ ကျေးရွာတွေမှာ ပညာတတ်တွေ ပေါများပါမှ စီးပွားရေးလည်း တိုးတက်လာမှာပါ” ဟု ဦးတင်ရွှေမြင့်က ပြောသည်။

လေးထောင်ရွာဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်သိန်းမြင့်က တံတားတစ်ခု ဆောက်လုပ်ပေးရန် အစိုးရထံ တင်ပြတောင်းဆိုထားသည်မှာ ၁ဝ နှစ်ရှိပြီဖြစ်ကြောင်းနှင့် ထိုတံတားဆောက်လုပ်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များက ကူညီထောက်ခံ တင်ပြပေးပါရန် အကူအညီ တောင်းခံခဲ့သည်။

“လေးထောင်ရွာနဲ့ ရက်ချောင်းရွာအကြား တံတားတစ်စင်းဆောက်ဖို့အတွက် အစိုးရက သိန်း ၃ဝဝ ထောက်ပံ့ပေးစေ လိုပါတယ်၊ ဒါမှ ကလေးတွေ ဘေးကင်းရန်ကင်းနဲ့ မြစ်ကို ဖြတ်ကူးသွားနိုင်မှာပါ။ မိုးတွင်းမှာ ကလေးတွေ မြစ်ကို လှေနဲ့ ဖြတ်ကူးတဲ့အခါမှာ ဒီရေက အန္တရာယ်ကြီးတယ်။ သူတို့ပညာရေးက ဒီတံတားဆောက်လုပ်မှုပေါ်မှာ မူတည်နေတယ်” ဟု ၎င်းက ပြောပါသည်။ ထိုတံတားကြောင့် စစ်တွေ-ရန်ကုန် အမြန်လမ်းနှင့် ဆက်သွယ်ရေးကိုလည်း ပိုမိုကောင်းမွန်လာစေမည် ဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်ပြောကြားသည်။

မင်းပြားလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်ကမူ ရပ်ကျေးလူထုခေါင်းဆောင်များအား သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များထံ တိုက်ရိုက်သွားရောက် တွေ့ဆုံကြရန် အားပေးထားသည်။ “ခင်ဗျားတို့ အခက်အခဲတွေ ပြောပြပြီး ခင်ဗျားတို့ ရပ်ရွာဖွံ့ဖြိုးလာအောင် ခင်ဗျားတို့ ဘာလုပ်ပေးရမလဲဆိုတာ သူတို့ကို မေးကြပါ” ဟု ၎င်းက ပြောသည်။ ထို့နောက် အစိုးရအရာရှိတွေထံ မည်သို့ ချည်းကပ်ရမယ်ဆိုသည်ကို ရွာလူကြီးများသိစေရန် အစိုးရဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းပြောပြီး အဆိုပြုလွှာ ရေးသားနည်းကို သင်ကြားပေးခဲ့သည်။ အစိုးရထံမှ ၎င်းတို့ရရှိနိုင်သော ဘဏ္ဍာရေး အထောက်အပံ့အကြောင်း ရှင်းလင်းပြောပြပြီး ကျေးရွာဖွံ့ဖြိုးရေးအတွက် အစိုးရနှင့် မည်သု့ ပူးပေါင်းလုပ် ဆောင်နိုင်သည်ဆိုသည့် အကြောင်းများကို ပြောပြခဲ့သည်။

img_6796.jpg

 title=

title=

လွှတ်တော်ကိုယ်စားလှယ်များက ကျေးရွာခေါင်းဆောင်များအား မြေပုံများ၊ ကုန်ကျစရိတ် ခန့်မှန်းတန်ဖိုး၊ ကျေးရွာက ထည့်ဝင်နိုင်မည့် ပမာဏများကို အသေးစိတ် ဖော်ပြပေးရန် ပြောကြားကြသည်။ သို့မှသာ ကျေးရွာက မည်သည့်အရာများကို တောင်းဆိုနေသည်ဆိုသည်ကို အစိုးရဌာနများက ရှင်းရှင်းလင်းလင်း သိနိုင်ပေမည်ဖြစ်သည်။ ဤသို့သော အဆိုပြုလွှာတစ်ခု တင်ပြလာသည်ကို တုံ့ပြန်၍ လွှတ်တော်အမတ်များက ကန်နီနှင့် ပတ်ဝန်းကျင် ငါးရွာအတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးရေးကို ထောက်ခံတင်ပြရန် သဘောတူခဲ့ကြသည်။

ဖွံ့ဖြိုးရေးရန်ပုံငွေများ ရယူအသုံးပြုခြင်း

အစိုးရ၏ ဖွံ့ဖြိုးရေးရန်ပုံငွေများမှာ ရပ်ရွာအသိုင်းအဝိုင်းအတွက် ရရှိနိုင်သော်လည်း ၎င်းတို့ကို မည်သို့ လျှောက်ထာား ရယူရမည်ကို မသိကြပေ။ နေပြည်တော်မှ ဘတ်ဂျက်ချပေးမှုများကို မည်သို့သုံးစွဲသည်နှင့် ပတ်သက်၍ အစိုးရနှင့် ထိတွေ့ ဆက်ဆံရေးမှာ ရပ်ရွာအသိုင်းအဝိုင်းများအတွက် နယ်ပယ် ကျဉ်းမြောင်းလွန်းလှသည်။ ယင်းသို့ အခြေအနေက ပွင်လင့် မြင်သာမှုမရှိခြင်းနှင့် တာဝန်ခံမှုမရှိခြင်းတို့ကို ဖြစ်စေတတ်ပြီး အစိုးရအပေါ် ရပ်ရွာအသိုင်းအဝိုင်း၏ ယုံကြည်မှုကို လျော့ပါးစေသည်။

အစိုးရရန်ပုံငွေနှစ်ရပ်မှာ ရပ်ရွာဖွံ့ဖြိုးရေးအတွက် ခွဲဝေချထားပြီး ကျေးရွာများက ရယူသုံးစွဲနိုင်ကြောင်း လွှတ်တော်အမတ်များက အကြမ်းဖျင်း ပြောကြားခဲ့ကြသည်။ မြစ်တစ်ခုကို ဖြတ်ကာ ကျေးရွာနှစ်ရွာကို ဆက်သွယ်ပေးသည့် တံတားများကဲ့သို့ ပမာဏကြီးမားသည့် အခြေခံအဆောက်အအုံအတွက် လွှတ်တော်ရံပုံငွေကို ရရှိနိုင်သည်။

ထိုစဉ် ကျေးလက်ဖွံ့ဖြိုးရေးဋ္ဌာနက ကိုင်တွယ်သော မြစိမ်းရောင်ရန်ပုံငွေကို ရေကန်များ၊ ကျေးရွာချင်းဆက်လမ်းများနှင့် တံတားငယ်များကဲ့သို့ ရပ်ရွာအခြေခံအဆောက်အအုံအတွက် ပေးအပ်မည်ဖြစ်သည်။ ထို့အပြင် ယင်းရန်ပုံငွေကို စီးပွားရေးလုပ်ငန်းများ စတင်ရန် သေးငယ်သည့် ချေးငွေများအဖြစ်လည်း အသုံးပြုနိုင်သည်။

ယင်းရန်ပုံငွေများနှင့် ပတ်သက်၍ ကျေးရွာအဆင့်တွင် စီမံခန့်ခွဲမှုနှင့် အစိုးရအရင်းအမြစ်များကို ခွဲဝေ သတ်မှတ်ခြင်းတို့အတွက် ကျေးရွာကော်မတီများတွင် ဆုံးဖြတ်ချက်များ ချမှတ်ခွင့်ရှိသည်။ ထို့ကြောင့် ၎င်းတို့၏ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် အစိုးရရန်ပုံငွေများက ၎င်းတို့၏ ဘဝနှင့် အသက်မွေးမှုအား ရိုက်ခတ်မှုအပေါ် ရွာသားများက သြဇာလွှမ်းမိုးနိုင်သည်ဟု လွှတ်တော်အမတ်များက ပြောကြားသည်။

လာမည့်လွှတ်တော်တွင် ကျေးရွာခေါင်းဆောင်များထံမှ အဆိုပြုချက် ၂ဝ ကို တင်ပြပေးရန် အစည်းအဝေးပြီးချိန်၌ အမတ်များက သဘောတူညီခဲ့သည်။ ထို့အပြင် ၎င်းတို့၏ သဘောတူညီချက် အသေးစိတ်အချက်အလက်များ မျှဝေခြင်းနှင့် နောက်ထပ် ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်မူကြမ်းမရေးဆွဲမီ ကျေးရွာခေါင်းဆောင်များနှင့် နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးရန် ၎င်းတို့က သဘောတူခဲ့သည်။

ကျောက်ဖြူရွာ ရင်းနှီးမြုပ်နှံမှု

၂ဝ၁၅ ခုနှစ် စက်တင်ဘာလက ကျောက်ဖြူမြို့နယ်၊ ပြိုင်ဆိပ်ကေးကျေးရွာ ဒေသခံများသည် မြစိမ်းရောင် ရံပုံငွေမှ ကျပ် သန်း ၃ဝ လက်ခံရရှိခဲ့သည်။ ယင်းကျေးရွာကို ကျေးလက်ဖွံ့ဖြိုးရေးဌာနက ရွေးချယ်ရခြင်းမှာ အစောပိုင်းနှစ်နှစ်က တက်လမ်း၏ လက်အောက်တွင် ဖွဲ့စည်းခဲ့သော ကျေးရွာစုဆောင်းငွေနှင့် ချေးငွေများအဖွဲ့မှာ အောင်မြင်မှုရှိသောကြောင့် ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ စုဆောင်းငွေများနှင့် အကြွေးများပြန်ဆပ်ခြင်းကနေ တိုးတက်အောင်လုပ်ဆောင်မည့် ၎င်းတို့၏ စွမ်းအားနှင့် ကတိကဝတ်က ကျေးလက်ဖွံ့ဖြိုးရေးဌာနကို အထင်ကြီးစေခဲ့သည်။

ပြိုင်ဆိပ်ကေးရွာသားများသည် ရံပုံငွေများကို စီမံခန့်ခွဲရန် အဖွဲ့ဝင်ခုနှစ်ဦးပါ ကော်မတီတစ်ခုကို ရွေးချယ်ဖွဲ့စည်းခဲ့ပြီး မျှတသော တစ်လလျှင် တစ်ရာခိုင်နှုန်း အတိုးနှုန်းဖြင့် ငွေချေးရန် သဘောတူညီခဲ့ကြသည်။ ၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာတွင် လူ ၁၂၈ ဦးသည် ကျပ် တစ်သိန်းမှ သုံးသိန်းအထိ ချေးယူများ လက်ခံရယူခဲ့ပြီး ၂ဝ၁၆ ခုနှစ်တွင် နောက်ထပ် ၂၄ ဦးကိုလည်း အလားတူ အခွင့်အရေးများ ပေးအပ်ခဲ့သည်။ ကော်မတီက ၎င်းတို့၏ ရပ်ရွာရှိ အားအနည်းဆုံးသူများကို ချေးငွေ ဦးစွာ ထုတ်ချေးခဲ့သည်။ ကျေးရွာ စုဆောင်းငွေနှင့် ချေးငွေများအသင်းအား ဦးဆောင်ရန် ယုံကြည်လွှဲအပ်ခြင်းခံရသည့် အသက် ၄၈ နှစ် အရွယ် ဒေါ်ခိုင်မာဦးသည် ရန်ပုံငွေကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသည်။

img_6776.jpg

 title=

title=

“ကော်မတီမှာပါတဲ့သူ အားလုံးကပဲ ဆုံးဖြတ်ချက်တွေကို အတူချမှတ်ပါတယ်” ဟု ၎င်းကပြောသည်။ “ကျွန်မတို့ ရံပုံငွေ ရတဲ့အချိန်မှာ လူတွေအငြင်းအခုံစဖြစ်ရမယ့် အန္တရာယ်တော့ ရှိပါတယ်။ ဒါ့ကြောင့် ကျေးရွာ လူကြီး၊ ရွာ့မိရွာ့ဖတွေအပြင် ဘုန်းတော်ကြီးတွေဆီကလည်း သေချာ အကြံတောင်းပါတယ်။ ပွင့်လင်း မြင်သာမှုရှိအောင် ကြိုးပမ်းတဲ့အနေနဲ့ ကျေးရွာဆိုင်းဘုတ်ပေါ်မှာ ချေးငွေစာရင်းတစ်ခုကို ရေးသားထားပါတယ်” ဟု ၎င်းကပြောသည်။

မြစိမ်းရောင်ရန်ပုံငွေ၏ ရည်ရွယ်ချက်မှာ ဝင်ငွေတိုးတက်စေရန်၊ အသက်မွေးဝမ်းကျောင်းမှု ခိုင်မာစေရန်နှင့် ထိခိုက်ပြောင်းလဲမှုဒဏ်ကို စဉ်ဆက်မပြတ် ခံနိုင်ရန်ရှိစေရေးအတွက် ရပ်ရွာများကို

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.