လူထုကြားက ထွက်ပေါ်လာတဲ့အသံ

တက်လမ်းက ဖွဲ့စည်းထားတဲ့ စစ်တွေက လူထုကြားနာမှုဖိုရမ် (Public Hearing Forum) နှစ်ခုဟာ လူ့အသိုင်းအဝိုင်းက စိုးရိမ်တဲ့ ပြဿနာတွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးဖို့ ရခိုင်ပြည်နယ်အစိုးရ ခေါင်းဆောင်တွေ၊ အရပ်ဖက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ရွာသားတွေအတွက် ပထမဆုံးအခွင့်အလမ်းကို ပေးအပ်ခဲ့ပါတယ်။ ဒီလိုမျိုး စိုးရိမ်စရာ အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ ကိုဖီအန်နန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်က အကြံပြုထားတာတွေလည်း ရှိပါတယ်။

JENNIFER MACINTYRE / တက်လမ်း ရေးသားသည်။

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာမှာ စစ်တွေရဲ့ ပထမဆုံး လူထုကြားနာမှုဖိုရမ်ကို သူစတင်ဖွင့်လှစ်ချိန်မှာ ရခိုင်ပြည်နယ်အစိုးရ ဝန်ကြီးတစ်ဦးဖြစ်တဲ့ ဦးကျော်လွင်ဟာ အစိုးရသတင်းအချက်အလက် ရယူအသုံးပြုရေးနဲ့ လူ့အသိုင်းအဝိုင်းရဲ့ လိုအပ်ချက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုရှိခြင်းဟာ အရေးပါကြောင်း မီးမောင်းထိုးပြခဲ့ပါတယ်။

“ကျွန်တော် ပြည်သူတွေရဲ့အသံကို နားထောင်ပါမယ်။ နောက်ပြီး ပြည်သူတွေရဲ့လိုအပ်ချက်တွေကို သက်ဆိုင်ရာ အမတ်တွေ၊ ဌာနဆိုင်ရာတွေနဲ့အတူ တုံ့ပြန်ဖြေရှင်းဖို့ ကြိုးစားသွားမှာပါ” လို့ ဝန်ကြီးက ဆိုပါတယ်။ ဝန်ကြီးဟာ စိုက်ပျိုးရေး၊ သက်မွေးမှု၊ သစ်တော၊ ရေလုပ်ငန်းနဲ့ သတ္တုတွင်းဆိုင်ရာဌာနတွေကို ကိုင်ထားတာပါ။ သိပ်မကြာခင်ကပဲ မြေယာပိုင်ဆိုင်မှု အငြင်းပွားမှုဆိုင်ရာ ပြောကြားချက်တွေက သူ့ကိုစိန်ခေါ်ခဲ့ပါတယ်။

ကျောက်ဖြူမြို့နယ်၊ အုန်းတောကျေးရွာအုပ်စုက မရွှေနွယ်ကတော့ သူဟာ ပုံစံ-၇ လို့ အများကသိထားတဲ့ မြေယာ အသုံးပြုခွင့် တရားဝင်အထောက်အထားတွေ ရရှိဖို့အတွက် လျှောက်လွှာတင်ငွေသွင်းပြီးတဲ့နောက် တရားဝင် အထောက်အထားတွေရဖို့ စောင့်နေတာ နှစ်ပေါင်းများစွာကြာနေတဲ့ လယ်သမားတွေကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။ ဦးကျော်လွင်ကတော့ သူတို့ကိုယ်စား အရေးယူဆောင်ရွက်ပေးဖို့ ကတိပြုပါတယ်။

လူမှုရေးအရ တာဝန်ရှိသောအစိုးရ

၂၀၁၇ ခုနှစ်၊ မတ်လအထိ ၁၄ လတိုင်အောင် Oxfam နဲ့ ၎င်းရဲ့ မိတ်ဖက်များဖြစ်ကြတဲ့ Scholar Institute၊ The International Commission of Jurists နဲ့ Earth Rights International တို့ဟာ ကျောက်ဖြူမြို့နယ်က ရပ်ရွာအသိုင်းအဝိုင်း ၆၈ ခုအပြင် အဲဒီအသိုင်းအဝိုင်းတွေကို တစ်ဦးနဲ့တစ်ဦး ပိုပြီး ထိထိရောက်ရောက် ဆက်သွယ်နိုင်အောင် ပြုလုပ်ပေးနေတဲ့ အစိုးရခေါင်းဆောင်တွေနဲ့အတူ လက်တွဲဆောင်ရွက်ခဲ့ပါတယ်။ သူတို့ဟာ ပူးပေါင်းဆောင်ရွက်တဲ့နည်း၊ အပြုသဘောဆောင်တဲ့နည်းတွေနဲ့ ရပ်ရွာအသိုင်းအဝိုင်း ဖွံ့ဖြိုးရေးပြဿနာတွေဖြေရှင်းဖို့ ကျွမ်းကျင်မှုတွေရှိလာအောင် ပံ့ပိုးပေးခဲ့ပါတယ်။

အောင်မြင်တဲ့ တွေ့ဆုံဆွေးနွေးမှုရဲ့ အုတ်မြစ်က ယုံယုံကြည်ကြည်နဲ့ ဆက်ဆံခြင်းဖြစ်ပါတယ်။ ဒီဆက်ဆံရေးကို Scholar Institute က ပါဝင်ဆောင်ရွက်သူတွေနဲ့ တည်ဆောက်ခဲ့ပါတယ်။ ပထမဦးစွာ ရပ်ရွာအသိုင်းအဝိုင်းတွေအနေနဲ့ သူတို့ အရင်ဆုံး ဖြေရှင်းချင်တဲ့ ပြဿနာတွေကို ရွေးချယ်ရပါတယ်။ အဲဒီနောက် Scholar Institute ဟာ သူတို့ရဲ့ မေးခွန်းတွေကို အစိုးရခေါင်းဆောင်တွေနဲ့ အရာရှိတွေဆီမှာ တင်ပြပါတယ်။ ဒါမှသာ သူတို့ကို ကြိုတင်သတိပေးတာတွေ သတင်းအချက်အလက် ပေးတာတွေလုပ်နိုင်ပြီး လူထုရဲ့ မေးမြန်းမှုအပေါ် ပွင့်ပွင့်လင်းလင်း တုံ့ပြန်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ခေါင်းဆောင်တွေအနေနဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေက ဘယ်လောက်အထိ ရိုက်ခတ်သလဲဆိုတာ နားလည်နိုင်ဖို့ အထောက်အကူပြုခဲ့ပါတယ်။ အဲဒီအချိန်က ရွာသားတွေဟာ မြေယာပိုင်ခွင့်၊ ဖြစ်သလို ဆောက်လုပ်ထားတဲ့ ရေကာတာနဲ့ ပညာရေးရန်ပုံငွေတွေ ရယူသုံးစွဲမှုတွေလို များပြားလှတဲ့ ပြဿနာတွေအတွက် ဖြေရှင်းချက်ရှာနေချိန် ဖြစ်ပါတယ်။

ကျောက်ဖြူမြို့ပေါ်နဲ့ ကျေးရွာနေသူအများစုအတွက်တော့ ဒါဟာသူတို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒေသခံ အစိုးရအရာရှိတွေနဲ့ ပထမဆုံး ထိတွေ့ ဆက်ဆံနိုင်တာလည်း ဖြစ်ပါတယ်။

dsc_0012_u_kyw_lwin.jpg

 title=

title=

စည်ပင်လုပ်ငန်းများ ပွင့်လင်းမြင်သာမှု

ကျောက်ဖြူအခြေစိုက် ရခိုင်အမျိုးသမီးများသမဂ္ဂရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ စောပုချေဟာ ကျောက်ဖြူ စည်ပင်သာယာဈေးမှာ အခွန်ကောက်မှုနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုကို မြို့နယ်စည်ပင်သာယာအဖွဲ့ဥက္ကဋ္ဌထံ မေးမြန်းဖို့ ဒီအခွင့်အရေးကို အသုံးပြုခဲ့ပါတယ်။ အစိုးရဋ္ဌာန ခုနှစ်ခုက အရာရှိ ၂၀ အပါအဝင် ကျောက်ဖြူ ရပ်ရွာအသိုင်းအဝိုင်း ၁၀၇ ခုရဲ့ရှေ့မှာ ပြောကြားခဲ့တာဖြစ်ပြီး အပယ်ခံလမ်းဘေးဈေးသည်တွေရဲ့ ကိုယ်စားပြောခဲ့တာ ဖြစ်တယ်လို့ စောပုချေက ပြောပါတယ်။

“ကျွန်မက ကျွန်မတို့ရဲ့ လူ့အသိုင်းအဝိုင်းက အားနည်းတဲ့ အမျိုးသမီးတွေကို ကိုယ်စားပြု ပြောဆိုတာပါ။ လမ်းပေါ်က ခေါင်းရွက်ဗျက်ထိုး ဈေးသည်တွေဟာ အများအားဖြင့် အမျိုးသမီးဦးဆောင်ရတဲ့၊ ဒါမှမဟုတ် သူတို့ခင်ပွန်းသည်တွေရဲ့ ဝင်ငွေက စားမလောက်တဲ့ ဆင်းရဲတဲ့ အမျိုးသမီးတွေ ဖြစ်ပါတယ်။ သူတို့ရဲ့အသံတွေဟာ လစ်လျှူရှုခံနေရပါတယ်” ဟု သူက ဆိုသည်။ “စည်ပင်သာယာခွန်က တရားဝင်သလား” ဟု သူက မေးမြန်းစဉ် ယခုကဲ့သို့ တဆက်တည်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“လေဟာပြင်ဈေးနေရာတွေကို ကျပ် ၈၀,၀၀၀ နဲ့ ရောင်းချတဲ့ကိစ္စ စုံစမ်းစစ်ဆေးမယ်လို့ စည်ပင်သာယာဌာန အကြီးအကဲက ပြောပါတယ်။ ပြီးတော့ အခွန်ငွေပေးသွင်းမှုတိုင်း ဈေးနှုန်းစာရင်း ပေးပို့ရမယ်လို့လည်း ပါဝင်ပတ်သက်သူ အားလုံးကို သူက အသေအချာပြောပါတယ်။ အခွန်ကောက်သူတွေက ဈေးနှုန်းစာရင်းမပေးပါက တိုင်ကြားဖို့လည်း အစည်းအဝေး တက်ရောက်သူတွေကို ပြောကြားခဲ့ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ အရေးယူဆောင်ရွက်မယ်လို့လည်း သူက ကတိပြုခဲ့ပါတယ်။

“ရွာကို အာဏာပိုင်တွေလာတိုင်း ရွာလူကြီးတွေ၊ ကျောင်းကော်မတီတွေနဲ့ပဲ တွေ့ပါတယ်။ ရပ်ရွာအသိုင်းအဝိုင်းက လူတွေနဲ့တော့ မတွေ့ပါဘူး” လို့ ဖူးချေက ပြောပါတယ်။ “အခုတော့ ကျွန်မအသံကို သူတို့ ကြားရတော့ ကျေနပ်မိတယ်။ ပြဿနာဖြေရှင်းဖို့တော့ သူတို့အချိန်လိုနိုင်ပါတယ်” လို့လည်း သူက ပြောပါတယ်။

သစ်လွင်တဲ့အရာတစ်ခုကို စတင်လုပ်ဆောင်ခြင်း

တက်လမ်းရဲ့ အစီအစဉ်ကနေတဆင့် ကျေးလက်ဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းဌာနက အရာရှိ ၆၉၀ ဟာ ကျေးရွာတွေဆီ သွားရောက်ခဲ့ပြီး ရွာသားတွေနဲ့ စကားပြောဆိုကာ သူတို့ရဲ့ မေးခွန်းတွေကို ဖြေကြားခဲ့ကြပါတယ်။ အစိုးရဝန်ထမ်းတွေဟာ သက်မွေးပညာသင်တန်းတွေမှာ ပါဝင်ခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာမှာ တက်လမ်းရဲ့ အစီအစဉ်ပြီးဆုံးတဲ့အခါ Farmer Field School ရဲ့ စိုက်ပျိုးရေးဆိုင်ရာလှုပ်ရှားမှုတွေ၊ အခြေခံအဆောက်အအုံလုပ်ငန်းတွေ၊ အာဟာရဆိုင်ရာနဲ့ ရေလုပ်ငန်း အစီအစဉ်တွေကို လွှဲပြောင်းရယူဖို့ ပြင်ဆင်နေပါတယ်။

img_2614_saw_pu_chay.jpg

 title=

title=

ဒီလိုဆွေးနွေးညှိနှိုင်းတာတွေနဲ့ အသိပညာ မျှဝေမှုတွေဟာ အတားအဆီးတွေကို ဖယ်ရှားပေးပြီး ရခိုင်ပြည်နယ်က ကျောက်ဖြူ၊ မြေပုံ၊ မင်းပြားနဲ့ ပေါက်တောမြို့နယ်တွေမှာ ထိရောက်တဲ့၊ ပူးပေါင်းဆောင်ရွက်တဲ့ လုပ်ငန်းဆက်ဆံရေးအတွက် လမ်းခင်းပေးလျက်ရှိပါတယ်။ ဒါ့အပြင် လူမှုရေးတာဝန်ခံမှု၊ ခေါင်းဆောင်မှု၊ အားပေးထောက်ခံမှုနဲ့ ကျားမလိင်ခွဲခြားမှုတွေအကြောင်း Scholar Institute ရဲ့ သင်တန်းတွေမှာ တက်ရောက်သူ ၇,၇၂၄ ဦး ရှိနေပါတယ်။ သူတို့ဟာ ပဋိပက္ခဆိုင်ရာ ထိလွယ်ရှလွယ်ဖြစ်မှုကို နားလည်စွာ ဖျန်ဖြေရေး၊ ညှိနှိုင်းရေးနဲ့ လွယ်ကူချောမောရေးတို့ကို သင်ယူခဲ့ကြပါတယ်။ ဒီကဏ္ဍတွေမှာ ရရှိခဲ့တဲ့ ယုံကြည်မှုကြောင့် စိုက်ပျိုးရေးဝန်ကြီး ဦးကျော်လွင်ဟာ ရပ်ရွာအသိုင်းကလူတွေ အစိုးရသတင်းအချက်အလက်တွေ ရယူဖို့ အားပေးထောက်ခံခဲ့ပါတယ်။

“အစိုးရရဲ့ လုပ်ငန်းစီမံချက်၊ ဘတ်ဂျက်နဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြည်သူတွေသိသင့်ပါတယ်” လို့ ဦးကျော်လွင်က ဖိုရမ်တက်ရောက်လာသူတွေကို ပြောကြားခဲ့ပါတယ်။ “အရေးကြီးဆုံးကတော့ ရပ်ရွာအသိုင်းအဝိုင်းရဲ့ လိုအပ်ချက်နဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ကျွန်တော်တို့ဟာ ဥပဒေနဲ့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုတွေ မျှဝေရေးပါပဲ။ ကျွန်တော်တို့က ပြည်သူ့အစိုးရပါ။ ပြည်သူတွေကို အတတ်နိုင်ဆုံး ထောက်ခံပံ့ပိုးဖို့ ကျွန်တော်ဘက်ကတော့ အသင့်ပါပဲ” လို့လည်း သူက ပြောပါတယ်။ ဖိုရမ်တွေဟာ အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပြည်သူတွေကြား အပြုသဘောဆောင်တဲ့ ဆက်ဆံရေးထူထောင်ဖို့ အခွင့်အလမ်းတစ်ခုဖြစ်ပြီး ဒါမှသာ ရပ်ရွာအသိုင်းအဝိုင်း ဖွံ့ဖြိုးရေးအတွက် လက်တွဲ ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ Scholar Institute က အုပ်ချုပ်မှုညှိနှိုင်းရေးမှူး ဦးတင်အောင်ကိုက ပြောပါတယ်။ “ပြည်သူတွေကို အသိပေးဖို့ ရပ်ရွာအသိုင်းအဝိုင်းမှာ ဖြစ်နေတဲ့ ပြဿနာတွေကို အစိုးရဋ္ဌာနတွေနဲ့ အကြိတ်အနယ် ဆွေးနွေးဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ ပြဿနာတွေဖြေရှင်းဖို့ ပူးပေါင်းလုပ်ဆောင်ဖို့ လိုပါတယ်” လို့ သူကပြောပါတယ်။

ဒီအမြင်ကို ကိုဖီအန်နန်ရဲ့ အကြံပေးကော်မရှင်ကလည်း ထောက်ခံပါတယ်။ ကော်မရှင်ရဲ့ နောက်ဆုံးအစီရင်ခံစာမှာ မြို့နယ်အဆင့် အရပ်ဖက်လူ့အဖွဲ့အစည်းရဲ့ အစည်းအဝေးတွေကို သုံးလတစ်ကြိမ်ကျင်းပပြီး အဲဒီအစည်းအဝေးတွေကို ဒေသခံအုပ်ချုပ်ရေးကိုယ်စားလှယ်တွေနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်သင့်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ယုံကြည်မှု တည်ဆောက်ခြင်း

နေရာချထားပေးရေးနှင့် မြေယာမှတ်တမ်းဌာနက (Settlement and Land Record Department) က အုန်းတောက လယ်သမားတွေအတွက် မြေယာမှတ်ပုံတင်တဲ့လုပ်ငန်းစဉ်တွေကို ပြီးစီးအောင်လုပ်ဆောင်ခဲ့ပြီး မြေယာပိုင်ဆိုင်ကြောင်း တရားဝင် အထောက်အထားတွေ ပေးအပ်ခဲ့ပါတယ်။ ကျောက်ဖြူစည်ပင်သာယာဋ္ဌာနကလည်း လမ်းဘေးဈေးသည်တွေဆီက အခွန်မကောက်တော့ဘူးလို့ သိရပါတယ်။ ချို့ယွင်းချက်ရှိတဲ့ ရေကာတာတွေကို ပြန်လည်တည်ဆောက်ပြီးဖြစ်ပြီး ရွာသားတွေဟာ သူတို့အသိုင်းအဝိုင်းမှာ သင်ကြားရေး လိုအပ်ချက်တွေကို ရန်ပုံငွေပံ့ပိုးရေးအတွက် အစိုးရရဲ့ ပညာရေးဌာနနဲ့ ညှိနှိုင်းလျက်ရှိပါတယ်။

ပြည်သူ့ကြားနာမှုဖိုရမ်တွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာမှာ Oxfam ကပြောကြားတာကတော့ သူတို့ဟာ အစိုးရဝန်ကြီးဌာနတွေကြားမှာ ဦးတည်ချက် ပြောင်းလဲမှုတစ်ခုကို ပြသခဲ့ပြီး လူ့အသိုင်းအဝိုင်းတွေနဲ့ ပိုပြီးတိုင်ပင်၊ ပိုပြီးနီးကပ်တဲ့ ဆက်ဆံရေးမျိုးနဲ့ ထိတွေ့နိုင်တဲ့ သူတို့ရဲ့စွမ်းရည်ကို ပြသခဲ့ပါတယ်။ နောက်ဆုံးမှာတော့ တက်လမ်းက “ပြောစရာရှိတော့ ပြောပြီပေါ့” လို့ ပါဝင်သူအများအပြားက ပြောကြားခဲ့တယ်လို့ Oxfam က ဆိုပါတယ်။

တက်လမ်းစီမံကိန်းသည် ရေမြေအနေအထားအရ ဆိုင်ကလုန်းမုန်တိုင်းဒဏ်၊ ကြီးမားတဲ့ရေလှိုင်းဒဏ်နှင့် မုတ်သုံရာသီရေလွှမ်းမိုးမှုဒဏ်စသည့် သဘာဝဘေးအန္တရာယ်ကျရောက်ထိခိုက်လွယ်သည့် ရခိုင်ပြည်နယ်ရှိ ကျေးရွာ (၂၅၃) ရွာတွင် ရေရှည်စားနပ်ရိက္ခာဖူလုံရေး၊ အစာအာဟာရပြည့်ဝရေး၊ အသက်မွေးဝမ်းကျောင်းမှုတိုးတက်ရေး၊ ငွေကြေးဝန်ဆောင်မှုများရရှိရေး၊ စိုက်ပျိုးရေး၊ ရေ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးတို့ကိုလုပ်ဆောင်ခြင်းဖြင့် ဒေသခံတို့၏ ရှင်သန်ရပ်တည်နိုင်စွမ်းမြင့်မားအောင် လုပ်ဆောင်လျက်ရှိသည်။ စီမံကိန်းအတွက် အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ (LIFT) မှငွေကြေးထောက်ပံ့ထားသည်။

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.