ပလပ်ထိုး၊ အားသွင်း၊ မောင်းဖို့ အသင့်

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အားပေးသော နယ်သာလန် အမျိုးသားတစ်ဦးသည် လျှပ်စစ်ကားဖြင့် ကမ္ဘာ့တိုက်ကြီး သုံးတိုက်ကို ပတ်ခဲ့သည့် ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ ခရီးတစ်ထောက် ရောက်ရှိလာခဲ့သည်။

Sing Lee ရေးသားသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အားပေးသောအနေဖြင့် လျှပ်စစ်ကားဖြင့် ကမ္ဘာကို ပတ်ခဲ့သူ နယ်သာလန်လူမျိုးတစ်ဦးက သူ၏ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိ တစ်ထောက်နားခဲ့သည်။

အသက် ၃၀ အရွယ်ရှိ နယ်သာလန်လူမျိုးဖြစ်သူ WIEBE WAKKER သည် မိခင်နိုင်ငံမှ ထွက်ခွာလာပြီး ၁၅ လအကြာ ဇွန် ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သူ၏ နောက်ဆုံး သွားရောက်မည့်နေရာမှာ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ ဖြစ်သည်။ လက်ရှိအချိန်တွင် ၎င်းသည့် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသည်။

Wakker သည် အိန္ဒိယနိုင်ငံမှ Iron Bridge Gate ဟုခေါ်သည့် သံတံတားဂိတ်ကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။ အဆိုပါဂိတ်သည် မိုရေးမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တို့ကို ချိတ်ဆက်ထားသည်။ ပထမဆုံးအနေဖြင့် ရှေးဟောင်းမြို့ဖြစ်သည့် ပုဂံမြို့သို့ သူ သွားရောက်ခဲ့ရာ မြန်မာနိုင်ငံ၏ အလှအပများနှင့် မြန်မာများ၏ နှိမ့်ချတတ်ပြီး ချိုသာသည့် အပြုံးများကြောင့် အံ့အားသင့်ခဲ့ရသည်ဟု သူက ဆိုသည်။

မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သော ၁၁ ရက်အတွင်းတွင် သူ၏ လုံခြုံရေးအတွက် အစိုးရက ဧည့်လမ်းညွန် တစ်ဦးထားရှိကာ လိုက်လံပြသပေးခဲ့သည်။ တခြားနိုင်ငံများတွင် သူက ဒေသခံများ၏ နေအိမ်များတွင် တည်းခိုခဲ့သော်လည်း မြန်မာနိုင်ငံတွင်မူ ထိုသို့ မလုပ်နိုင်ခဲ့သောကြောင့် တခါတရံတွင် သူနောင်တရခဲ့သည်။

ဇွန်လ ၂၁ ရက်နေ့တွင် သူက ရန်ကုန်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။ ထိုမှတဆင့် မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှားနှင့် သြစတြေးလျနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။

လျှပ်စစ်ကားဖြင့် ကမ္ဘာတစ်ပတ် မပတ်မီက Wakker သည် သြစတြေးလျနိုင်ငံတွင် တစ်နှစ်ခန့် နေထိုင်ခဲ့ပြီး ထူးခြားသောနည်းလမ်းများဖြင့် ကမ္ဘာပတ်ခဲ့သူများ၏ စွန့်စားခန်းစာအုပ်များကို နှစ်ခြိုက်စွာဖတ်ရှုခဲ့သည်။ သူတို့၏ ခရီးစဉ်များကို အားကျပြီး သူကိုယ်တိုင်လည်း ထိုကဲ့သို့ စွန့်စားမှုများကို လုပ်ဆောင်လိုခဲ့သည်။ သို့ရာတွင် မည်သို့ စွန့်စား လုပ်ဆောင်ရမည်ကိုမူ မသိခဲ့ပေ။

ထို့နောက် နယ်သာလန်နိုင်ငံသို့ သူပြန်လာခဲ့ပြီး Utrecht မြို့ရှိ University of the Arts တွင် Event Management ဘာသာရပ်ကို လေ့လာခဲ့သည်။ တက္ကသိုလ်တွင် ကျင်းပသောဂီတပွဲတော်တစ်ခုကို ကြည့်ရှုပြီးနောက်တွင် လျှပ်စစ်ကားဖြင့် ကမ္ဘာပတ်မည့် Plug Me In ဟုခေါ်သော ခရီးစဉ်ဖြစ်သည်။ အဆိုပါခရီးစဉ်အား သူ၏ ဘွဲ့ယူပရောဂျက်အဖြစ် လွန်ခဲ့သော သုံးနှစ်ခန့်က စတင်ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။

ယခင်ကမူ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်များမှာ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသည်ဟုသာ Wakker က ရှုမြင်ခဲ့သည်။ ထိုဂီတပွဲတော်၏ ကပွဲတွင် ကကွက် ခြေလှမ်းများ ရွေ့လျားမှုမှတဆင့် လျှပ်စစ်ထုတ်လုပ်နိုင်မှုကို ပြသသည့်အချိန်တွင်မူ သူ၏ ကမ္ဘာလှည့်ခရီးစဉ်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အားပေးသောအချက်များပါ ထည့်သွင်းနိုင်မည်ဟု သူက ယူဆခဲ့သည်။

nswks-5_6.jpg

 title=

title=

“ကျွန်တော်က သာမန်လူ တစ်ယောက်ပါ။ တမန်တော် တစ်ယောက်လည်းမဟုတ်ပါဘူး။ ဒီခရီးစဉ်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာ ဘာလဲဆိုတာကို ကျွန်တော့်ကို ပြသပေးခဲ့တယ်။ ကျွန်တော်က ဘာလုပ်ပေးနိုင်တယ်ဆိုတာ တွေးမိစေခဲ့တယ်” ဟု Wakkerက ပြောသည်။

သူ၏ လျှပ်စစ်ကားဖြင့် ကမ္ဘာပတ်ခရီးစဉ်အတွက် ပံ့ပိုးပေးမည့် စပွန်ဆာများ ရှာဖွေခြင်း၊ အထူးသဖြင့် လျှပ်စစ်ကားတစ်စီး ရရှိအောင် ရှာဖွေခြင်းဖြင့် အချိန် ၁၈ လခန့် ကုန်လွန်ခဲ့သည်။ နောက်ဆုံး ၂၀၁၆ ခုနှစ် မတ် ၁၅ ရက်နေ့တွင် Wakker သည် မိခင်နိုင်ငံဖြစ်သည့် နယ်သာလန်မှ ကမ္ဘာပတ်ခရီး စတင်ထွက်ခွာခဲ့သည်။

နယ်သာလန်ရှိ ကုမ္ပဏီတစ်ခုက စပွန်ဆာပေးသော သူ၏ ကားသည် Volkswagon Golf အမျိုးအစားဖြစ်ပြီး ယခင်က ဓါတ်ဆီဖြင့် မောင်းရသောကား ဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင်မှ လျှပ်စစ်ကားအဖြစ်သို့ ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။ ၎င်းကားမှာ ဘက်ထရီအား ၃၇ ဒသမ ၅ ကီလိုဝပ် ရှိပြီး ကီလိုမီတာ ၂၀၀ ဆက်တိုက် မောင်းနှင်နိုင်သည်။

သူ၏ လျှပ်စစ်ကားသည် ပုံမှန် လျှပ်စစ်ကားများထက် အကွာအဝေးနှစ်ဆ ပိုမိုမောင်းနှင်နိုင်သဖြင့် လမ်းခရီးတွင် မကြာခဏ ရပ်နားနိုင်ခဲ့သည်ဟု ဆိုသည်။ ပုံမှန်လျှပ်စစ်ကားဖြင့်ဆိုပါက မကြာခဏရပ်နားရသဖြင့် ရောက်ရှိရာ တိုင်းပြည်များ၏ အလှအပများကို ခံစား တွေ့ထိနိုင်မည်ဖြစ်သော်လည်း ယခုမူ ထိုသို့မဟုတ်ခဲ့ပေ။

ပိုလန်နိုင်ငံနှင့် အိုမန်နိုင်ငံတို့တွင် ဘက်ထရီ နှစ်ကြိမ် ကုန်ခဲ့သော်လည်း အားပြန်သွင်းရန်အတွက် လျှပ်စစ်ဓာတ်အား ရှာဖွေနိုင်ရေးကို သူမည်သည့်အခါမှ စိတ်ပူစရာ မလိုခဲ့ပေ။ “ဓါတ်ဆီက ကုန်သွားရင် ရှာရတာခက်တယ်။ လျှပ်စစ်ကတော့ နေရာတိုင်းမှာရှိတယ်လေ” ဟုသူကဆိုသည်။

သူ၏ ခရီးစဉ်ကို စိတ်ဝင်စားသည့် Youtube မှ ပရိသတ် ၁,၀၀၀ အတွက် သူက ဗီဒီယိုများ နေ့စဉ်ရိုက်ကာ တင်ပေးခဲ့သည်။ သူ၏ ခရီးစဉ်အတွက် ကုန်ကျစရိတ်ကို တခြားသူများက စုပေးသော ငွေကြေးဖြင့်သည့် crowdfunding မှ ရရှိမှုများဖြင့် အကုန်အကျခံခဲ့သည်။ နိုင်ငံတိုင်းတွင် သူ၏ အွန်လိုင်းပရိသတ်များက သူ့ကိုလမ်းပြရန် ကူညီခဲ့သည်။

“ကျွန်တော်က နိုင်ငံတစ်နိုင်ငံထဲကို မရောက်ခင်မှာ ငါတော့ နောက်တစ်ပတ် အဲဒီကိုရောက်မယ်ဟေ့လို့ အွန်လိုင်းကနေ ပြောလိုက်တာနဲ့ လူတွေက သူတို့သိတဲ့ လူတွေဆီကို သတင်းစကား ပို့ပြီး ကျွန်တော့်ကို ကူညီဖို့ ပြောပေးကြတယ်” ဟု သူကဆိုသည်။

nswks-27_0.jpg

 title=

title=

အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင်မူ သူ၏ကား ဘက်ထရီပျက်သွားပြီး လမ်းကကြမ်းလွန်းလှသောကြောင့် ကားအောက်ပိုင်း suspension လည်း ထိခိုက်သွားခဲ့ သည်။

ဒေသခံများက မြေကြီးများဖို့ကာ ဆင်ခြေလျောထိုးပေးသဖြင့် Wakker သည် သူ၏ ကားကို ထရပ်ကားတစ်စီးပေါ်သို့ တင်နိုင်ခဲ့ပြီး အနီးဆုံး ဝပ်ရှော့သို့ ပို့နိုင်ခဲ့သည်။ သို့သော် ဝပ်ရှော့သို့ ရောက်ချိန်တွင် ကားကို အောက်ချရန် အခက်အခဲ တွေ့ရပြန်သည်။

ထိုအချိန်တွင် သူ၏ အွန်လိုင်းမှ ပရိသတ်များက ကူညီခဲ့ကြသည်။ ကားကို ထရပ်ကားပေါ်မှ ဆင်းနိုင်ရန်အတွက် ဆင်ခြေလျောစင်တစ်ခု တည်ဆောက်နည်းကို ပုံများဆွဲပြီး ပြသပေးခဲ့ကြသည်။

ကားကို ပြင်နေစဉ်တွင် ဒေသခံများက သူ့ကို လိုလေသေးမရှိ ကူညီကြသဖြင့် သူဝမ်းသာခဲ့ရသည်။

“လူတွေ အများကြီးက ကျွန်တော့်ဆီကို နာရီတိုင်းနီးပါး ဖုန်းဆက်ပြီး လိုအပ်တာပြောဖို့ ပြောကြတယ်” ဟု သူကဆိုသည်။

နယ်သာလန်နိုင်ငံမှ ထွက်ခွာအပြီးတွင် Wakker သည် ဂျာမနီ၊ ဆွဇ်ဇာလန်နှင့် အီတလီနိုင်ငံတို့သို့ သွားရောက်ခဲ့သည်။ ထို့နောက် နောက်ပြန်ကွေ့ကာ စကင်ဒီနေးဗီးယားနိုင်ငံများသို့ သွားရောက်ခဲ့သည်။ နော်ဝေနိုင်ငံ မြောက်ဖျားသို့ ဦးစွာရောက်ရှိခဲ့ပြီး ထိုမှတဆင့် ဖင်လန်၊ ရုရှားနှင့် ဥရောပအရှေ့ပိုင်းနိုင်ငံများမှတဆင့် တူရကီသို့ ရောက်ရှိခဲ့သည်။ ထို့နောက်တွင် အီရန်နှင့် ယူအေအီးနိုင်ငံများသို့ ရောက်ရှိခဲ့သည်။ ထို့နောက်တွင် အာရေဗျပင်လယ်ကို သဘောၤဖြင့် ဖြတ်ကာ Gateway of India ဟုခေါ်ဆိုသော မွန်ဘိုင်းသို့ ရောက်ရှိခဲ့သည်။

ဒူဘိုင်းနှင့် ယူအေအီးနိုင်ငံတို့တွင် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို စိတ်ဝင်စားသော တော်ဝင်မိသားစုဝင်များနှင့် Wakker တွေ့ဆုံခဲ့ရသည်။

“သူက ကျွန်တော် လုပ်နေတာကို သဘောကျတယ်။ ကျွန်တော့်ကို သူ့ရဲ့ နေအိမ်မှာ တွေ့ဆုံခဲ့တယ်။ သူရဲ့ နေအိမ်မှာ ရက်အတော်ကြာ နေခဲ့ရတယ်” ဟု Wakker က ပြောသည်။ ၎င်းမှာ သူ၏ ခရီးစဉ်တွင် မမေ့နိုင်သော အဖြစ်အပျက် တစ်ခုဖြစ်ကြောင်း Wakker က ဆိုသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိချိန်တွင် Wakker ခရီးသွားနေခဲ့သည်မှာ ရက်ပေါင်း ၄၆၀ ကျော်ရှိသွားပြီ ဖြစ်သည်။ ရောက်သောနေရာတိုင်းတွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို သူက အလေးအနက်ထားပြောဆိုပြီး ထိုသို့ ထိန်းသိမ်းခြင်းမှာ အမြော်အမြင်ရှိသော ဘဝနေထိုင်မှုပုံစံ ဖြစ်သည်ဟု သူကဆိုသည်။ လူတိုင်းသည် သူတို့၏ လုပ်ရပ်ကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် မည်သို့ အကျိုးသက်ရောက်မည်ကို စဉ်းစားတွေးတောရမည်၊ ကန့်သတ်သင့်သည်ကို ကန့်သတ်ရမည်ဟု သူကဆိုသည်။

electric_car_road_map_0.jpg

 title=

title=

သူက နိုင်ငံအများအပြားသို့ လက်တွေ့ ခရီးနှင့် ရောက်ရှိခဲ့ပြီးဖြစ်ရာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းမြင့်တင်မှုနှင့် မထိန်းသိမ်းမှုတို့၏ ကွာခြားချက်ကို ကောင်းစွာသိရှိထားသည်။

အိန္ဒိယနိုင်ငံတွင် ပလပ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ အသုံးပြုမှုက သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ဖြစ်ပေါ်စေကြောင်း သူက ပြောကြားခဲ့သည်။ “ဒါပေမဲ့ သူတို့တွေက ကျွန်တော် ဘာပြောမှန်း နားလည်ကြပုံမပေါ်ဘူး” ဟု သူကဆိုသည်။

အိန္ဒိယနိုင်ငံရှိ မြို့ကြီးများတွင်သာ အမှိုက်စွန့်ပစ်ရေးစနစ်ရှိပြီး ကျန်ဒေသများတွင် အမှိုက်ကို အိမ်ပြင်တွင်သာ စွန့်ပစ်နေကြသည်ဟု Wakker က ပြောသည်။။ recycle အဖြစ် ပြန်လည် အသုံးပြုမှုလည်း မရှိကြပေ။ ထိုအမှိုက်များကြောင့် သန့်ရှင်းသောသောက်သုံးရေရှားပါးမှု ဖြစ်လာပြီး “လူတွေက ရေသန့်ဘူးတွေကို ဝယ်သောက်ကြရတယ်” ဟု သူကပြောသည်။

သို့သော် ၎င်းတို့၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများအတွက် အိန္ဒိယအစိုးရအား ချီးမွမ်းထိုက်သည်ဟု Wakker က ပြောကြားသည်။ အိန္ဒိယနိုင်ငံတွင် ကမ္ဘာ့အကြီးဆုံး နေအားလျှပ်စစ်စက်ရုံကြီး တည်ရှိသည်။ Tamil Nadu ရှိ Kamuthi ဒေသတွင် ဖြစ်သည်။ အစိုးရအနေဖြင့် ကြီးမားသောစီမံကိန်းများ လုပ်ဆောင်ပေးခြင်းအပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သာမန်ပြည်သူများကို အသိပညာပေးမှုများ လုပ်ဆောင်ပေးရမည်ဟု သူက ဆိုသည်။

သေးငယ်သောအပြောင်းအလဲများကပင် ကွဲပြားခြားနားမှုကို ဖြစ်ပေါ်စေနိုင်သည်။ လူတစ်ဦးချင်းစီ၏ သဘာဝပတ်ဝန်းကျင်အပေါ် ရိုက်ခတ်မှုကို ကန့်သတ်ပေးနိုင်သည့်အပြင် တခြားသူများကိုလည်း နမူနာပေးရာ ရောက်နိုင်သည်ဟု ဆိုသည်။ ထို့ပြင် ကုမ္ပဏီများအနေဖြင့် သဘာဝပတ်ဝန်းကျင် မပျက်စီးစေသော လုပ်ငန်းလည်ပတ်မှုစနစ်များကို လုပ်ဆောင်လာစေနိုင်မည်ဟု Wakker က ဆိုသည်။

လျှပ်စစ်ကားဖြင့် ကမ္ဘာပေါ်မှ လူများသွားခဲ့သောခရီးထက် များစွာပိုမိုသည့် ခရီးကို သွားခဲ့အပြီးတွင် Wakker က လျှပ်စစ်ကားနည်းပညာသည် နေ့စဉ် ခရီးသွားလာမှုအတွက် လုံလောက်နေပြီဟု ပြောကြားခဲ့သည်။ သို့သော် “ကမ္ဘာပတ်လောက်အောင်တော့ နည်းပညာက လိုက်မမီပေးဘူးပေါ့” ဟု ရယ်မောကာ ပြောသည်။

Wakker က သူ နယ်သာလန်နိုင်ငံသို့ ပြန်ရောက်ချိန်တွင် လူမှုဘဈ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဦးစားပေး လုပ်ဆောင်သွားမည်ဟု ဆိုသည်။ ၎င်းမှာ စီးပွားရေး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုနှင့် သာမန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုတို့လောက် ရေပန်းစားခြင်းမရှိသေးဟု သူကဆိုသည်။

“လျှပ်စစ်ကားထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုမှာ ကျွန်တော် အလုပ်လုပ်ကောင်း လုပ်ဖြစ်မယ်။ လျှပ်စစ်ကားတွေကို အခု တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပြီ။ ဒါပေမဲ့ ကျွန်တော်က ဝန်ထမ်းတော့ ကြာကြာမလုပ်ချင်ဘူး။ ကျွန်တော့်မှာ ဒါထက်ကောင်းတဲ့ စိတ်ကူးတွေ ရှိတယ်။ ဒါပေမဲ့ အခုလက်ရှိတော့ ဒီကမ္ဘာပတ်ခရီးစဉ်ကို အောင်မြင်အောင် အဆုံးသတ်ချင်တယ်။ ပြီးမှ ထပ်လုပ်စရာတွေ စဉ်းစားရမယ်” ဟုသူကပြောသည်။

ခေါင်းစီးဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.