“ကျွန်တော်တို့ ဒါကို လုပ်နိုင်ပါတယ်”

ရခိုင်ပြည်နယ်ရဲ့ ဝေးလံခေါင်သီတဲ့ ကျေးလက်ဒေသက ရွာသားတွေဟာ ဖွံ့ဖြိုးရေးစီမံချက်တွေကို မြို့နယ်အာဏာပိုင်တွေထံ တင်ပြနေပါတယ်။ ပြီးတော့ သူတို့ဟာ တက်လမ်းလှုပ်ရှားမှုတွေမှာ စီမံကိန်းလုပ်သားတွေအဖြစ် ခန့်အပ်ခံရပြီး သူတို့အတွက် အခြေခံအဆောက်အဦးတွေကို သူတို့ကိုယ်တိုင် တည်ဆောက်နေကြပါတယ်။

JENNIFER MACINTYRE/ တက်လမ်း ရေးသားသည်။

တက်လမ်းက မင်းပြားမြို့နယ်ရဲ့ မြစ်ဝကျွန်းပေါ်ဧရိယာထဲရှိတဲ့ ကြိမ်ချောင်းရွာကို ရောက်လာပြီး ရေကန်တစ်ခုတူးဖော်ဖို့ ဒေသခံ အသိုင်းအဝိုင်းကို ဖိတ်ခေါ်ကတည်းက သူ့ဘဝဟာ ပြောင်းလဲလာခဲ့ပါတယ်လို့ အဲဒီရွာက ဦးတင်စောမြင့်က ပြောပါတယ်။ “ကျွန်တော်ကတော့ တိုက်တွန်းအားပေးသူတစ်ဦးပါ။ ကျွန်တော့ အသိုင်းအဝိုင်းကို တိုက်တွန်း အားပေးပါတယ်။ လူတိုင်းကို ကျွန်တော် ပြောတာပေါ့။ ကျွန်တော်တို့အားလုံး သဘောတူညီမှုရတယ်ဆိုရင်တော့ ဒါကို ကျွန်တော်တို့ လုပ်နိုင်တာပေါ့” လို့ သူကဆိုပါတယ်။ တက်လမ်းရဲ့ လူမှုဖူလုံရေးအခြေခံစည်းမျဉ်းက အားအနည်းဆုံး မိသားစုတွရဲ့ လိုအပ်ချက်တွေကို အသိအမှတ်ပြုထားပါတယ်။ ထို့ကြောင့် ရရစားစား လယ်သမားတစ်ဦးဖြစ်ပြီး ကလေးခုနှစ်ယောက်ရဲ့ ဖခင်ဖြစ်တဲ့ ဦးတင်စောမြင့်ဟာ ရွာသား ၁၆၁ ဦး ပါဝင်တဲ့ စီမံကိန်းလုပ်သားအဖွဲ့ထဲကို ဝင်ရောက်ဖို့ ရွေးချယ်ခံရပါတယ်။ သူတို့အတွက် စိန်ခေါ်မှုကတော့ ကျေးရွာရေကန်တစ်ခုကို ခြောက်ရက်အတွင်း အပြီးတည်ဆောက်ဖို့ ဖြစ်ပါတယ်။ အသက် ၄၇နှစ်အရွယ် ဦးတင်စောမြင့်ရဲ့ လူတွေကို စည်းရုံးနိုင်တဲ့ မွေးရာပါ စွမ်းရည်ဟာ မြန်မြန်ဆန်ဆန်ပဲ ထင်ရှားလာခဲ့ပါတယ်။ သူဟာ ကျေးရွာလူမှုရေးကော်မတီကို ဝင်ရောက်ဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။ ကျေးရွာ ဖွံ့ဖြိုးရေးကော်မတီအတွက် ခေါင်းဆောင်သစ်တစ်ဦးကို ရွေးချယ်ဖို့ ဘုန်းကြီးကျောင်းမှာ စုဝေးချိန်မှာတော့ ဦးတင်စောမြင့်ကို တစ်ညီတစ်ညွတ်တည်း ရွေးချယ်ခံခဲ့ရပါတယ်။ ရပ်ရွာအသိုင်းအဝိုင်း ဖွံ့ဖြိုးရေးရန်ပုံငွေအတွက် ဒေသခံအစိုးရအရာရှိတွေကို စည်းရုံးရာမှာလည်း ဦးတင်စောမြင့်ဟာ ရွေးချယ်ခံ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သန်းချေနဲ့အတူ ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုစည်းရုံးရာမှာ တစ်စုတစ်စည်းတည်းရှိနေတဲ့ အသံ၊ အတိတ်က အောင်မြင်မှုအထောက်အထားတွေကို သုံးခဲ့ရပါတယ်။

“ကျွန်တော်တို့ရဲ့ ရေကန်မွမ်းမံမှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့သိထားသမျှကို အခြေခံပြီးတော့ ကျွန်တော်တို့ရွာက စီမံကိန်းလုပ်သားတွေနဲ့ စပါးခင်း ရေတာတမံတစ်ခုကို တည်ဆောက်ဖို့ ထောက်ပံ့ကြေးရအောင် ဆည်မြောင်းဌာနမှာ လျှောက်ထားခဲ့ပါတယ်” လို့ ဦးတင်စောမြင့်က ပြောပါတယ်။ သူတို့ဟာ ရေကာတာတစ်ခုနဲ့ တံတားတစ်ခုအတွက် ထောက်ပံ့ကြေးတွေနဲ့အတူ အိမ်ပြန်ခဲ့ကြပါတယ်။ ကြိမ်ချောင်းမှာ လူဦးရေ ၁,၃ဝဝလောက်ရှိပြီး သူတို့ရဲ့ အိမ်ထောင်စုတစ်စုရဲ့ ပျမ်းမျှဝင်ငွေဟာ တစ်လမှ ၇၅,ဝဝဝ ကျပ်လောက်ပဲ ရှိတာပါ။ အိမ်ထောင်စုအများအပြားဟာ သူတို့ ကလေးတွေကို မူလတန်းထက်ကျော်ပြီး ပညာသင်ပေးချင်ပေမယ့် ဆယ်ကျော်သက်ကလေးတွေကို အထက်တန်းကျောင်းပို့ဖို့ ငွေကြေးမတတ်နိုင်ကြပါဘူး။ အလုပ်အဖွဲ့တစ်ခုက သူတို့ရဲ့ မူလတန်းကျောင်းမှာ အခန်းပိုတွေ တည်ဆောက်ခဲ့ကြပြီး ကိုယ်စားလှယ်အဖွဲ့တစ်ခုက မင်းပြားမြို့မှာရှိတဲ့ ပညာရေးဝန်ကြီးဌာနကို သွားရောက်ခဲ့ပါတယ်။

ကျောင်းကို အထက်တန်းကျောင်းတစ်ခုအဖြစ် အဆင့်မြင့်တင်တာကို ပညာရေးဌာနက အတည်ပြုခဲ့ပြီး လိုအပ်တဲ့ ဆရာတွေ စေလွှတ်ရန် သဘောတူခဲ့ပါတယ်။ ဒါ့အပြင် စာသင်ခန်းလေးခန်းပါ ကျောင်းသစ်တစ်ခုအတွက် ကွန်ကရစ်အုတ်မြစ် ချဖို့လည်း ငွေကြေးထောက်ပံ့ခဲ့ပါတယ်။ နောက်ပြီး ရပ်ရွာလူထုဟာ အနီးမှာရှိတဲ့ ရင်ဘွေးရွာကို သွားတဲ့ လမ်းတစ်ခုကို ဖောက်လုပ်ခဲ့တဲ့အတွက် အဲဒီက ကလေးတွေဟာလည်း အထက်တန်းကျောင်းကို လာတက်နိုင်ကြပါတယ်။ မကြာခင်မှာပဲ ကျောင်းမှာ ကျောင်းသား၊ ကျောင်းသူ ၉ဝ ဦးရှိလာခဲ့ပါတယ်။

ရပ်ရွာအသိုင်းအဝိုင်း စီမံအုပ်ချုပ်မှု

တက်လမ်းရဲ့ ရပ်ရွာအသိုင်းအဝိုင်း ၂၅၂ ခုရဲ့ ရေရှည်တည်တံ့မှုဟာ သူတို့ကျေးရွာတွေရဲ့ အုပ်ချုပ်မှုပိုင်း၊ သူတို့ရဲ့ အနာဂါတ် ဖွံ့ဖြိုးရေးအတွက် ဒေသခံအစိုးရဌာနတွေ၊ မြို့နယ်အာဏာပိုင်တွေနဲ့ သူတို့ ညိနှိုင်းဆောင်ရွက်နိုင်တဲ့ စွမ်းရည်ပေါ်မှာ မူတည်နေပါတယ်။ ဒီလိုမျိုးဖြစ်ဖို့က အလုပ်အကိုင်နဲ့ စားနပ်ရိက္ခာ လုံခြုံရေး ရန်ပုံငွေ (Livelihoods and Food Security Trust Fund (LIFT) က တက်လမ်းရဲ့ ရပ်ရွာအသိုင်းအဝိုင်းအခွင့်အာဏာ အပ်နှင်းခြင်းနဲ့ အုပ်ချုပ်ရေးအစီစဉ်တွေမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ သန်း ရင်းနှီးမြုပ်နှံထားပါတယ်။ အမျိုးသမီး ၈၁၃ ဦးအပါအဝင် ရွာသား ၂,၅ဝဝလောက်ဟာ ကျေးရွာဖွံ့ဖြိုးရေးကော်မတီ(VDC) ၂၃ဝ ဖွဲစည်းထားပါတယ်။ ဒီလို ကော်မတီတွေရဲ့ ခေါင်းဆောင်တွေကိုတော့ ရွာသားအားလုံးကို ဖိတ်ကြားတဲ့ လူထုအစည်းအဝေးတစ်ခုမှာ ပွင့်လင်းမြင်သာမှုရှိတဲ့ လုပ်ငန်းစဉ်တစ်ခုကနေ ရွေးချယ်တင်မြောက်ပါတယ်။ VDCs တွေမှာ စာသင်ကျောင်း၊ နာရေး၊ လူငယ်နဲ့ အမျိုးသမီးများကော်မတီတွေ အပါအဝင် ကျေးရွာအသက်မွေးဝမ်းကျောင်းနဲ့ လူမှုရေးအဖွဲ့အစည်းအမျိုးမျိုးက ကိုယ်စားလှယ်တွေ ပါရှိပါတယ်။ တက်လမ်းစီမံကိန်းတစ်ဝှမ်း လူဦးရေ တစ်ဝက်ကတော့ သူတို့ရဲ့ ရပ်ရွာအသိုင်းအဝိုင်းတွေအတွက် ဖွံ့ဖြိုးရေးစီမံချက်တွေမှာ ပါဝင်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

8_kc_market_img_0811_edit.jpg

 title=

title=

ပေါက်တောမြို့နယ်၊ ဇီးချိုမော်ဟာ ရပ်ရွာအသိုင်းအဝိုင်း အခွင့်အာဏာအပ်နှင်းမှု၊ စွမ်းဆောင်နိုင်အောင် ဆောင်ရွက်ပေးမှုရဲ့ နောက်ထပ်သာဓကတစ်ခု ဖြစ်ပါတယ်။ ကျေးရွာခေါင်းဆောင် ဦးအောင်ကျော်သိန်းက သူတို့ရွာမှာရှိတဲ့ လူတိုင်းနီးပါးဟာ သူတို့ရဲ့ ရေကန်ကို ခြံစည်းရိုးခတ်တာ၊ ရေစစ်စနစ်တစ်ခုဆောက်တာတွေမှာ ကူညီကြတယ်လို့ ဆိုပါတယ်။ ဒါမှလည်း သန့်ရှင်းလတ်ဆတ်တဲ့ရေကို သူတို့ရနိုင်မှာ ဖြစ်ပါတယ်။ လူတွေက သူတို့ကိုယ်တိုင် အကုန်အကျခံပြီး တည်ဆောက်ထားတဲ့ ၃၃၅ မီတာရှည်တဲ့ ကွန်ကရစ်လျှောက်လမ်းအတွက် ဂုဏ်ယူပြောဆိုကြပါတယ်။ လူတိုင်းက ၂၈,ဝဝဝ ကျပ်ထည့်ပြီး အိမ်ထောင်စုတိုင်းက အခမဲ့လုပ်အားပေးကြတယ်လို့ ဦးအောင်ကျော်သိန်းက ပြောပါတယ်။ ဦးအောင်ကျော်သိန်းဟာ VDC ဥက္ကဋ္ဌ ဦးလှထွန်းစိန်နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်ပါတယ်။ ဇီးချိုမော်ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်းမှာ ကျေးရွာတစ်ဝှမ်း ၁၈၃ မီတာရှိတဲ့ ကွန်ကရစ်လမ်းတွေ၊ သုသာန်အမိုးအကာနဲ့ အလယ်တန်းကျောင်းတစ်ခု တည်ဆောက်ရေးတွေ ပါဝင်ပါတယ်။

“ပညာရေးဝန်ကြီးဌာနနဲ့ ကျွန်တော်တို့ သဘောတူညီမှုတစ်ခု ရှိပါတယ်။ ကျေးရွာက ကျောင်းဆောက်ရမှာဖြစ်ပြီး ဝန်ကြီးဌာနက လိုတဲ့ ဆရာပေးရမှာပါ” လို့ ဦးလှထွန်းစိန်က ပြောပါတယ်။ “ကျွန်တော်တို့ဘဝ ပိုပြီး အဆင်ပြေတော့မှာပါ” လို့လည်း သူကဆိုပါတယ်။ အာဟာရ၊ သန့်ရှင်းမှုနဲ့ စိုက်ပျိုးရေးသုတတွေက ရွာသားတွေရဲ့ ဘဝတွေကို တိုးတက်စေပေမယ့်လည်း ရပ်ရွာအသိုင်းအဝိုင်းတွေအနေနဲ့ စုစုစည်းစည်းနဲ့ တိုးတက်အောင်လုပ်ပေးတာတွေ၊ စွမ်းရည်ပြနိုင်တဲ့ သက်သေ၊ သူတို့ရဲ့အနာဂါတ်အတွက် အာမခံပေးနိုင်တဲ့ စွမ်းရည်နဲ့ သူတို့ရဲ့ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်းတွေ ကိုယ်တိုင်ရေးဆွဲနိုင်မှုတွေကို ကူညီရေးစီမံကိန်းတွေမှာပဲ တွေ့နိုင်ပါတယ်။ သူတို့ ရပ်ရွာအသိုင်းအဝိုင်းတွေရဲ့ အလားအလာကို အမှန်သိရှိဖို့ VDC တွေရဲ့ စွမ်းရည်ကို ဆုံးဖြတ်တဲ့ အချက်သုံးချက်ထဲက တစ်ချက်ကတော့ ပိုင်ဆိုင်မှုပါပဲလို့ နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီ(IRC) အတွက် တက်လမ်းရဲ့ လူမှုအသိုင်းအဝိုင်း စည်းရုံးဆော်သြရေး မန်နေဂျာ ဦးဝင်းနိုင်ဦးက ပြောပါတယ်။

ရပ်ရွာအသိုင်းအဝိုင်းက သူတို့ရဲ့ ဖွံ့ဖြိုးရေးအတွက် ပိုင်ဆိုင်မှုကို ရယူရတဲ့အခါ လုပ်ဆောင်ချက်တွေ ရှေ့တိုးဆောင်ရွက်ဖို့ နည်းလမ်းတွေ ရှာရပါတယ်။ ကျောင်းတွေဆောက်၊ လမ်းတွေဖောက်၊ ရေတွင်းရေကန်တွေတူး၊ ရေကာတာနဲ့ တံတားတွေဆောက် စတဲ့ ရှေ့တိုးဆောင်ရွက်စရာတွေ ဖြစ်ပါတယ်။ “ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတား ဖြစ်သောအရာမှာ ထီးတည်းဖြစ်ခြင်းကြောင့် ဖြစ်စေည့် ဆင်းရဲမှုစိတ်အခြေအနေ ဖြစ်တယ်” လို့ ဦးဝင်းနိုင်ဦးက ဆိုပါတယ်။ ထီးတည်းဖြစ်ခြင်းက ရပ်ရွာအသိုင်းအဝိုင်းကို ကမ္ဘာကြီးနဲ့ စိတ်ကူးအသစ်အဆန်းတွေနဲ့ ထိတွေ့ရာမှာ အကန့်အသတ် ဖြစ်စေပါတယ်။ မြစ်ကမ်းဘေးနဲ့ နီးနီး၊ ဒါမှမဟုတ် မင်းပြား-ရန်ကုန်သွား လမ်းဘေးတစ်လျှောက်နေတဲ့ ရပ်ရွာအသိုင်းအဝိုင်းတွေဟာ လောကအမြင်မှာ ထီးတည်းနေ အသိုင်းအဝိုင်းတွေနဲ့ မတူပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီမြစ်ဘေးနေသူတွေက ဈေးတွေဆီ ဝင်ရောက်သွားလာနိုင်မှုတွေနဲ့ ဗဟုသုတရှိနေလို့ပါ။ နောက်ဆုံးတော့ ရပ်ရွာအသိုင်းအဝိုင်းတွေဟာ အစိုးရအရာရှိတွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေနဲ့ ကောင်းမွန်တဲ့ လုပ်ငန်းဆက်ဆံရေးရှိတဲ့ ယုံကြည်ရတဲ့ခေါင်းဆောင်တွေ လိုအပ်ပါတယ်။ ခေါင်းဆောင်တွေ ပူးပေါင်းဆောင်ရွက်တဲ့အခါ သူတို့ရဲ့ လူတွေအတွက် ဖြစ်မြောက်အောင် လုပ်နိုင်ပါတယ်လို့ ဦးဝင်းနိုင်ဦးက ပြောပါတယ်။

ရင်ဘွေကို သူတို့ဖောက်ခဲ့တဲ့လမ်းကြောင့် ရွာသားတွေဟာ သူတို့ရဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ငါးနဲ့ အသားတွေ ရောင်းချနိုင်တဲ့အပြင် အတွေးအခေါ်အယူအဆတွေလည်း မျှဝေနိုင်ပါတယ်လို့ VDC ဥက္ကဋ္ဌ ဦးတင်စောမြင့်က ပြောပါတယ်။ ဒီလိုဗဟုသုတတွေက ဆေးကုဋ္ဌာနတစ်ခုရှိတဲ့ ကြိမ်ချောင်းရွာက ထွက်ပေါ်ခဲ့ပါတယ်။ အခုဆေးခန်းမှာ ပစ္စည်းကိရိယာတွေနဲ့ သားဖွားဆရာမနှစ်ယောက် ခန့်ထားပါတယ်။

“ကျွန်တော်တို့ရဲ့ ခံယူချက်တွေ တဖြည်းဖြည်းပြောင်းလဲနေပါပြီ” လို့ ဦးတင်စောမြင့်က ပြောပါတယ်။ “အခုဆိုရင် ရွာသားအားလုံးက အောင်မြင်အောင်ဆောင်ရွက်ဖို့ တက်တက်ကြွကြွနဲ့ ပါဝင်လုပ်ဆောင်နေကြပါပြီ။ အောင်မြင်မှုတွေလည်း ကျွန်တော်တို့ အများကြီး ရရှိထားပါတယ်” လို့ သူက ဆက်ပြောပါတယ်။

တက်လမ်းစီမံကိန်းသည် ရေမြေအနေအထားအရ ဆိုင်ကလုန်းမုန်တိုင်းဒဏ်၊ ကြီးမားတဲ့ရေလှိုင်းဒဏ်နှင့် မုတ်သုံရာသီရေလွှမ်းမိုးမှုဒဏ်စသည့် သဘာဝဘေးအန္တရာယ်ကျရောက်ထိခိုက်လွယ်သည့် ရခိုင်ပြည်နယ်ရှိ ကျေးရွာ (၂၅၃) ရွာတွင် ရေရှည်စားနပ်ရိက္ခာဖူလုံရေး၊ အစာအာဟာရပြည့်ဝရေး၊ အသက်မွေးဝမ်းကျောင်းမှုတိုးတက်ရေး၊ ငွေကြေးဝန်ဆောင်မှုများရရှိရေး၊ စိုက်ပျိုးရေး၊ ရေ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးတို့ကိုလုပ်ဆောင်ခြင်းဖြင့် ဒေသခံတို့၏ ရှင်သန်ရပ်တည်နိုင်စွမ်းမြင့်မားအောင် လုပ်ဆောင်လျက်ရှိသည်။ စီမံကိန်းအတွက် အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ (LIFT) မှငွေကြေးထောက်ပံ့ထားသည်။

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.