ငြိမ်းစုစီဥပဒေကို ပြင်ဆင်ဖို့ ပြည်သူ့လွှတ်တော်က ဆက်လက်ဆွေးနွေးမည်

ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို ထပ်မံပြင်ဆင်ဖို့အတွက် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးတော့မှာ ဖြစ်ပါတယ်။

ဒါဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော် သက်တမ်းအတွင်း ငြိမ်းစုစီဥပဒေကို ဒုတိယအကြိမ်မြောက် ပြင်ဆင်တဲ့ ဆောင်ရွက်ချက်ဖြစ်ပါတယ်။

ငြိမ်းစုစီဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းကို ပြီးခဲ့တဲ့ ငါးလကျော်ကတည်းက အမျိုးသားလွှတ်တော်မှာ ဆွေးနွေး အတည်ပြုခဲ့ပြီး ပြည်သူ့လွှတ်တော်ထံ မတ် ၉ ရက်နေ့ကတည်း ပေးပို့ထားခဲ့ပါတယ်။

လက်ရှိကျင်းပနေဆဲ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အဲဒီဥပဒေကြမ်းကို ဆွေးနွေးတော့မှာ ဖြစ်ပါတယ်။

“ငြိမ်းစုစီက ကျွန်တော်တို့ ဒီတစ်ပတ်ထဲတော့ ဆွေးနွေးဖို့တော့ တင်ပြထားပါတယ်။ ဒီလွှတ်တော်မှာက ရက်အားတဲ့အချိန်မှာတော့ ထပ်ပြီးတော့ ဆွေးနွေးဖို့ လုပ်မယ်လို့ ဥက္ကဋ္ဌကြီးက ပြောပါတယ်” လို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက ပြောပါတယ်။

ဥပဒေကြမ်းကို သူတို့ရဲ့ ဥပဒေကြမ်းကော်မတီမှာ ဆွေးနွေးပြီးဖြစ်ကာ လွှတ်တော်သို့ တင်ပြထားပြီး ဖြစ်တယ်လို့လည်း သူက ဆက်လက် ပြောကြားပါတယ်။

အမျိုးသားလွှတ်တော်က အတည်ပြုခဲ့တဲ့အတိုင်းပဲ ဆက်လက် ဆွေးနွေးသွားမှာဖြစ်ပြီး ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားတာ မရှိဘူးလို့ ဆိုပါတယ်။

ရန်ကုန်မဲဆန္ဒနယ် အမှတ်-၃ ကိုယ်စားပြု NLD အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နဲ့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူးလည်းဖြစ်သူ ဒေါက်တာမြတ်ဉာဏစိုးက ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ တင်သွင်းခဲ့တဲ့ အဲဒီဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ မတ် ၅ ရက်နဲ့ ၇ ရက်နေ့တွေက ဆွေးနွေးခဲ့ကြပါတယ်။

ဥပဒေကြမ်းအပေါ် NLD က ခုနစ်ဦး၊ ရခိုင်အမျိုးသားပါတီ (ANP) က နှစ်ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က နှစ်ဦးနဲ့ တပ်မတော်သားကိုယ်စားလှယ် နှစ်ဦး၊ စုစုပေါင်း ၁၃ ဦးတို့ ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးမှုတွေ ပြီးဆုံးသွားတဲ့ မတ် ၇ ရက်နေ့မှာတော့ မဲခွဲဆုံးဖြတ်ပြီး ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က အတည်ပြုခဲ့ပါတယ်။

မူလဥပဒေပါ စီတန်းလှည့်လည်ခြင်းပြုလုပ်မယ့် အစီအစဉ်တင်ပြရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်မှာ အစီအစဉ် အပြည့်အစုံလို့ အမျိုးသားလွှတ်တော်က ထပ်ဖြည့်သွင်းထားပါတယ်။

ဒါ့အပြင် ဆန္ဒပြမှုကို အသိပေးတင်ပြရာမှာ ခန့်မှန်းကုန်ကျစရိတ်နဲ့ ကုန်ကျခံမယ့် ပုဂ္ဂိုလ်အဖွဲ့အစည်း ဖော်ပြရမယ်ဆိုတာလည်း ဥပဒေကြမ်းမှာ ပါဝင်လာပါတယ်။ နောက်တစ်ချက်က သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးတွေထံ ၄၈ နာရီ ကြိုတင်ပြတဲ့အခါ လိုက်နာရမယ့်အချက်ထဲမှာ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး၊ ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသော ဥပဒေများနဲ့ မဆန့်ကျင်ဖို့ဆိုတဲ့ အချက်တွေကို ထပ်မံ ဖြည့်စွက်ထားပါတယ်။

ဒ့ါအပြင် မူလဥပဒေ အခန်း (၇) ပြစ်မှု၊ ပြစ်ဒဏ် ခေါင်းစဉ်အောက်ကပြဋ္ဌာန်းချက်တစ်ခုမှာ ပြည်သူတို့၏ ကိုယ်ကျင့်တရား ပျက်ပြားစေရန် အကြံနဲ့ဖြစ်စေ၊ ပျက်ပြားတန်ရာ အခြေအနေဖြစ်နိုင်ကြောင်း သိရက်နဲ့ ဖြစ်စေ ငွေ၊ ပစ္စည်း၊ အခြားနည်းလမ်းတစ်ခုခု သုံးစွဲပြီး အခြားသူကို ဆန္ဒပြဖို့ လှုံ့ဆော်၊ သွေးဆောင်၊ ဖြားယောင်း၊ တိုက်တွန်းရင်၊ အဲဒီလိုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရရင် နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်အပြင် ငွေဒဏ်လည်း ချမှတ်ရမယ်လို့ ဥပဒေကြမ်းမှာ ပါဝင်တယ်။

အမျိုးသားလွှတ်တော်က ခွင့်ပြုထားပြီးဖြစ်တဲ့ အဲဒီဥပဒေကြမ်းကို ဆွေးနွေးဖို့အတွက် ပြည်သူလွှတ်တော်က တပ်မတော်သား ကိုယ်စားလှယ် ၆၀ ဦးအပါအဝင် ကိုယ်စားလှယ် ၈၀ ဦးက စာရင်းပေးထားပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.