ပူးမား၏ကျဉ်းထဲကျပ်ထဲက ဂျက်လေယာဉ်ဆီလုပ်ငန်း

အမြတ်များများရသော်လည်း လေးနှစ်ကြာမြေငှားစာချုပ်မရှိဘဲ လည်ပတ်နေမှုကြောင့် အငြင်းပွားဖွယ် လေယာဉ်ဆီဖက်စပ်လုပ်ငန်းက ဥပဒေပြုအမတ်များနှင့် စာရင်းစစ်ချုပ်ရုံး၏ စိစစ်မှုကို ခံနေရသည်။

ကျော်ရဲလင်းနှင့် သောမတ်စ်ကင်း(န်) ရေးသားသည်။

National Energy Puma Aviation Services (NEPAS) သည် လေယာဉ်ဆီရောင်းချမှုကို လက်ဝါးကြီးအုပ်ထားနိုင်သည့် ပြီးပြည့်စုံသောလုပ်ငန်းတစ်ခု ဖြစ်ခဲ့ဟန်ရှိကာ နည်းလမ်းအချို့အားဖြင့် အမြတ်ရနေပြီး နှစ်အနည်းငယ်အတွင်း ဒေါ်လာသန်းပေါင်းများစွာရရှိခဲ့သည်။ ယင်းသို့ရရှိခြင်းမှာလည်း အများအားဖြင့် ပြိုင်ဘက်မရှိသောကြောင့်ဖြစ်သည်။ ထိုအခြေအနေက ဒေသတွင်းစံနှုန်းအရ မြင့်မားလှသည့်ဈေးဖြင့် ဂျက်လေယာဉ်ဆီကို ရောင်းချနိုင်ခွင့်ရသွားစေသည်။

သို့သော်လည်း ပူးမားစွမ်းအင် Puma Energy အတွက် အရာရာက စီစဉ်ထားသည့်အတိုင်း ဖြစ်နေဟန်မရှိပေ။ ပူးမားစွမ်းအင် သည် နိုင်ငံပိုင် မြန်မာ့ရေနံထုတ်ကုန်လုပ်ငန်းMPPE နှင့် ဖက်စပ်လုပ်ကိုင်သည့် နီပါ့စ် NEPAS မှ နိုင်ငံခြားပါတနာဖြစ်သည်။

နီပါ့စ် တည်ထောင်ပြီး လေးနှစ်ကျော်လာသည့် အဆိုပါဖက်စပ်ကုမ္ပဏီသည် မြေငှားသဘောတူညီချက်များ မရှိသော်လည်း နိုင်ငံတဝန်း လေဆိပ်များရှိ မြေများကိုအသုံးပြုနေကြောင်း Frontier က ဖော်ထုတ်နိုင်ခဲ့သည်။ စာချုပ်ပါအချက်များ၌ လိုအပ်ချက်များရှိခဲ့သဖြင့် ဖက်စပ်ကုမ္ပဏီလက်ဝယ်ရှိ အမြတ်ဒေါ်လာသန်းများစွာမှာ ခွဲဝေမှုမရှိသေးရာ မြန်မာ့ရေနံMPPE က အငှားစာချုပ်များကို လက်မှတ်ရေးထိုးပြီးသည်နှင့် ကြီးမားသည့် စာချုပ်ခွန်ဒဏ်ကြေးများနှင့် ရင်ဆိုင်ရနိုင်လေသည်။

သတိပြုမခံရဘဲ ယင်းပြဿနာများကို ကျော်လွှားသွားနိုင်မည်တော့ မဟုတ်ပေ။ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနှင့် ပြည်ထောင်စုလွှတ်တော်မှ ဥပဒေပြုအမတ်များက နီပါ့စ် ကိုစစ်ဆေးလျက်ရှိသည်။ ဖက်စပ်ဆောင်ရွက်မှုအတွက် ရှေ့တိုးလုပ်ဆောင်ရေးနည်းလမ်းက မရှင်းလင်းသေးပေ။ ဖက်စပ်လုပ်ဆောင်မှု စည်းကမ်းချက်များကို ပြန်လည်သုံးသပ်ရန် အစိုးရကို အချို့ကတောင်းဆိုနေသည်။

သီလဝါဆိပ်ကမ်း သွင်းကုန်ဂိတ်အပြင်၌ ရပ်စောင့်နေသည့် ဆီတင်ယာဉ်များကိုတွေ့ရစဉ်။ ဓာတ်ပုံ - ခွန်လတ်

သီလဝါဆိပ်ကမ်း သွင်းကုန်ဂိတ်အပြင်၌ ရပ်စောင့်နေသည့် ဆီတင်ယာဉ်များကိုတွေ့ရစဉ်။ ဓာတ်ပုံ – ခွန်လတ်

ရွှေအခွင့်အရေး

မြန်မာ့ရေနံသည် မြန်မာနိုင်ငံတွင် ဂျက်လေယာဉ်ဆီဈေးကွက်ကို လက်ဝါးကြီးအုပ်ထားသည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်ကာ စံချိန်မမီထုတ်ကုန်ကို ဈေးနှုန်းအမြင့်ဖြင့် ပုဂ္ဂလိကထံ ရောင်းချနေခဲ့သည်။

ဦးသိန်းစိန်အစိုးရ၏ ၂၀၁၁ ကစတင်ခဲ့သည့် နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများက လေကြောင်းသွားလာမှုကို အကြီးအကျယ်တိုးတက်စေခဲ့ပြီး ပြင်ပအရေးကြီးပုဂ္ဂိလ်များနှင့် လေယာဉ်စီး ကမ္ဘာလှည့်များလာရောက်ကြသည်။ ဒါဇင်ပေါင်းများစွာသော ပြည်ပလေကြောင်းလိုင်းများလည်း ရန်ကုန်၊ မန္တလေးရှိလေဆိပ်များတွင် ဆင်းသက်လာကြသကဲ့သို့ ပြည်တွင်းလေကြောင်းလိုင်းကုမ္ပဏီများလည်း သိသိသာသာ များပြားလာခဲ့ပြီး အများဆုံး ၁၀ ခုထိ ရှိလာခဲ့သည်။

ရင်းနှီးမြှုပ်နှံမှု များများစားစားမရှိခဲ့သည့် ဆယ်စုနှစ်များစွာက မြန်မာ့ရေနံအတွက် ယင်းကဲ့သို့ ရင်းနှီးမြှုပ်နှံသူအသစ်များကို ကိုင်တွယ်ရန် အရည်အချင်းမပြည့်မီသည့်နှယ် ဖြစ်ခဲ့ရသည်။ ၂၀၁၃ ဇွန်လက နိုင်ငံပိုင်လုပ်ငန်းအတွက် ပါတနာတစ်ဦးရှာဖွေရန် စွမ်းအင်ဝန်ကြီးဌာနက တင်ဒါခေါ်ခဲ့သည်။ ယင်းတင်ဒါသည် ကုမ္ပဏီ ၂၀ ကျော် စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်ခဲ့သည်ဟုသိရကာ စင်ကာပူအခြေစိုက် ပူးမားစွမ်းအင်က ၂၀၁၄ ဒီဇင်ဘာတွင် တင်ဒါအောင်မြင်သူအဖြစ် ရွေးချယ်ခံခဲ့ရပြီး ထိုင်းနိုင်ငံပိုင် PTT မှာ အရန်အဖြစ်သာ အရွေးခံခဲ့ရသည်။

အောက်တိုဘာလရောက်သော် ပူးမားနှင့် မြန်မာ့ရေနံတို့သည် လေယာဉ်ဆီများ တင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းတို့အတွက် ဖက်စပ်လုပ်ငန်းသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ယာယီပါမစ်တစ်ခုကို ထုတ်ပေးခဲ့သည်။

ပူးမားက လုပ်ငန်းစစချင်း ဒေါ်လာသန်း ၂၀ ပေးမည်ဖြစ်ပြီး ဖက်စပ်လုပ်ငန်းတွင် နောက်ထပ် ဒေါ်လာ ၂၅ သန်းထည့်ရန် သဘောတူညီခြင်းဖြင့် တင်ဒါအောင်ခဲ့ကြောင်း ထိုစဉ်က နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။ အပြန်အလှန်အားဖြင့် ပူးမားကို ရှယ်ယာ ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့်ပေးရမည်ဖြစ်သည်။ ဒေါ်လာ ၂၆ သန်း ရင်းနှီးမြှုပ်နှံခဲ့သည့် မြန်မာ့ရေနံက ရှယ်ယာ ၅၁ ရာခိုင်နှုန်းပိုင်ဆိုင်မည်ဖြစ်သည်။ ဦးသိန်းစိန်အစိုးရ မဆင်းရမီ လေးရက်အလို မတ်လတွင် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပါမစ်အပြည့်အဝထုတ်ပေးခဲ့သည်။

စီးပွားရေးလုပ်ငန်းသစ်က မြန်မာ့ရေနံ၏လက်ရှိလက်ဝါးကြီးအုပ်မှုကို လွှဲပြောင်းရယူသကဲ့သို့ ထည့်သွင်းလာသည့် ပူးမား၏ငွေသားများကို ရောင်းချမှုအဆင့်အားလုံးကို အဆင့်မြှင့်တင်ရန်၊ သို့မဟုတ် ရောင်းချမှုအဆင့်အားလုံးကို အစားထိုးရန် အသုံးပြုခဲ့သည်။ ယင်းသို့အဆင့်မြှင့်အစားထိုးရာတွင် လောင်စာလာသည့်ဂိတ်မှသည် လေယာဉ်ထဲထည့်ပေးသည့် ဆီကန်အထိ ပါဝင်သည်။ ထို့အပြင် ဝန်ထမ်းများ၏ ကျွမ်းကျင်မှုကို အဆင့်မြှင့်ရန်လည်းပါဝင်ခဲ့သည်။

၂၀၁၇ ခုနှစ်က ပူးမား၏ ထိုစဉ်က နိုင်ငံလုံးဆိုင်ရာမန်နေဂျာ မစ္စတာဒေးဗစ်ဟိုးလ်ဒင်းက ၎င်းကုမ္ပဏီ ရောက်ရှိခဲ့ချိန်က နိုင်ငံ၏လောင်စာဖြည့်ဆည်းမှုအခြေအနေမှာ အလွန်ဆိုးနေခဲ့ကြောင်း Frontier ကို ပြောကြားခဲ့သည်။

“များပြားလှတဲ့ လုပ်ငန်းတွေမှာလိုပဲ ကမ္ဘာနဲ့ နှစ်ပေါင်း ၃၀ – ၄၀ လောက် ကင်းကွာနေခဲ့တာဟာ ဂျက်လောင်စာဆီကို နိုင်ငံတကာအဆင့်ပေးသွင်းနိုင်မှုကိုလည်း ထိခိုက်စေပါတယ်။ ခင်ဗျားက ဆီကန်ဟောင်းတွေ၊ ကန်သေးသေးလေးတွေ၊ ပိုက်လိုင်းဟောင်းတွေကို ကိုင်တွယ်အသုံးပြုနေတယ်။ ၁၉၅၀ ၊ ၁၉၆၀ ပြည့်လွန်နှစ်တွေက ကိရိယာတွေအကြောင်း ပြောနေတာ။ အဲဒါတွေနဲ့ပဲ လူတွေက အဆင်ပြေအောင် လုပ်ခဲ့တာ။ ဒါပေမဲ့ နိုင်ငံတကာ လေကြောင်းအသိုင်းအဝိုင်းထဲ ခင်ဗျားဝင်ဆန့်ချင်တယ်ဆိုရင်တော့ ဒီဟာက လက်ခံလို့မရတဲ့ အရာပဲ” ဟု၎င်းကပြောသည်။

ယင်းသို့အဆင့်မြှင့်တင်ပြီးနောက် နီပါ့စ်သည် မြန်မာနိုင်ငံတဝန်းရှိ လေဆိပ် ဆယ်ခုကျော်သို့ လောင်စာဆီများ စတင်ဖြန့်ဖြူးပေးခဲ့ပြီး လေယာဉ်ဆီ၏ အရည်အသွေးမှာ မငြင်းနိုင်လောက်အောင် တိုးတက်ကောင်းမွန်ခဲ့သည်။ သို့ရာတွင် ဈေးနှုန်းမှာ စင်ကာပူ၊ သို့မဟုတ် ထိုင်းနိုင်ငံတို့ထက် ၂၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းကြား မြင့်မားနေဆဲဖြစ်သည်။ ရလဒ်အားဖြင့် ပြည်ပလေကြောင်းလိုင်းများက မြန်မာနိုင်ငံတွင် ဆီမဖြည့်ဘဲ ရှောင်ရှားကြသကဲ့သို့ ထိုသို့ လောင်စာဆီဈေးမြင့်မားမှုကြောင့် ပြည်တွင်းလေကြောင်းလိုင်း အချို့လည်း လုပ်ငန်းရပ်နားခဲ့ရသည်။

နီပါ့စ်၏လက်ဝါးကြီးအုပ်မှုမှာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံရပြီး ပြည်တွင်းလေကြောင်းဌာနကပါ ဝေဖန်ခဲ့ရာ ၂၀၁၉ ဧပြီလတွင် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် နီပါ့စ်ကို ယှဉ်ပြိုင်၍ လေယာဉ်ဆီရောင်းချရန် ဂိုးလ်ဒင်းမြန်မာလေကြောင်း Golden Myanmar Airline ကို ရင်းနှီးမြှုပ်နှံမှုပါမစ် တစ်ခုချပေးခဲ့သည်။

ဓာတ်ဆီနှင့်ဒီဇယ်ကို ပြည်ပမှတင်သွင်းဖြန့်ဖြူးမှုတွင် အဓိကကျသည့် ပြည်တွင်းကုမ္ပဏီဖြစ်သော မြတ်မေတ္တာမွန်ကလည်း ယင်းလုပ်ငန်းကဏ္ဍသို့ ဝင်ရောက်ရန်ဆန္ဒရှိသည်ဟု ပြောကြားထားသည်။ ထို့အတူ ရန်ကုန်နိုင်ငံတကာလေဆိပ်ကို စီမံခန့်ခွဲလုပ်ကိုင်နေသော အေးရှားဝါးလ်ကုမ္ပဏီစုကြီး၏ လက်အောက်ခံ ရန်ကုန်အဲရိုဒရုန်းကုမ္ပဏီလီမိတက် Yangon Aerodrome (YACL) က ရန်ကုန်နိုင်ငံတကာလေဆိပ်တွင် လေယာဉ်ဆီဝန်ဆောင်မှုပေးရန် ပြင်ဆင်နေသည်ဟု သတင်းရင်းမြစ်အချို့က Frontier ကို ပြောသည်။

“လေဆိပ်တစ်ခုမှာ လောင်စာဆီဝန်ဆောင်မှုနှစ်ခု၊ ဒါမှမဟုတ် နှစ်ခုထက်ပိုပြီး ရှိစေချင်ပါတယ်။ ဒါယှဉ်ပြိုင်မှုကို မြှင့်တင်ပေးပြီး ဆီဈေးလည်း ကျသွားမှာပါ” ဟု ပြည်တွင်းလေကြောင်းမှ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်အောင်က လွန်ခဲ့သည့်နှစ်က Frontier ကိုပြောခဲ့ဖူးသည်။

သို့သော်လည်း ယခုအချိန်ထိတော့ နီပါ့စ်သာ ရှိသေးသည်။

၂၀၁၇ က ပူးမား၏ ယခင်ဌာနေမန်နေဂျာ မစ္စတာဒေးဗစ်ဟိုးဒင်းက Frontier သိလိုသည်များ ဖြေကြားစဉ်။ ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

၂၀၁၇ က ပူးမား၏ ယခင်ဌာနေမန်နေဂျာ မစ္စတာဒေးဗစ်ဟိုးဒင်းက Frontier သိလိုသည်များ ဖြေကြားစဉ်။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

သင့်မြေလည်း တို့မြေ

“ခင်ဗျားရန်ကုန်လေဆိပ်ကနေ ပျံတက်တဲ့အခါ ကျွန်တော်တို့လေယာဉ်ဆီနဲ့ ပျံနေတာပေါ့။ အောက်က လေဆိပ်ဘက်ဆီ ခင်ဗျားငုံ့ကြည့်လိုက်ရင် ဘေးမှာ Puma Energy လို့ရေးထားတဲ့ဆီကန်ခြံကြီးကို တွေ့မှာပဲ။ အဲဒါ မင်္ဂလာဒုံက အဆင်မြှင့်တင်ထားတဲ့ သိုလှောင်ရုံကြီးပေါ့” ဟု မစ္စတာဟိုးလ်ဒင်းက ၂၀၁၇ တုန်းက Frontier ကို ပြောခဲ့သည်။

ဆီကန်ခြံကြီး၏အပေါ်တွင် ပူးမားအမည်ရှိနေသော်လည်း အောက်ကမြေကိုလုပ်ကိုင်ခွင့်မှာမူ ပူးမားတွင်မရှိပေ။

ယင်းကိစ္စကို လွန်ခဲ့သည့်လက လွှတ်တော်တွင် ဖော်ထုတ်ခဲ့ပြီး ထိုစဉ်က ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီက ၂၀၁၆ – ၁၇ နှစ်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာ တစ်စောင်ကို ကိုးကားခဲ့သည်။ ဖက်စပ်လုပ်ငန်းသို့ မြန်မာ့ရေနံ၏ ဒေါ်လာ ၂၆ သန်းထည့်ဝင်မှုမှာ ငွေသားဖြင့်မဟုတ်ဘဲ ပစ္စည်းအားဖြင့်သာဖြစ်သည်ဆိုပြီး အစီရင်ခံစာ၌တွေ့ရှိခဲ့သည်။ ပစ္စည်းအားဖြင့်ဆိုရာတွင် အများအားဖြင့် ရန်ကုန်နိုင်ငံတကာလေဆိပ်ရှိ သိုလှောင်ရုံနှစ်ခုကို ပိုင်ခွင့်ရယူခြင်းနှင့် နိုင်ငံတဝန်းရှိ အခြားလေဆိပ်များမှ မြေအသုံးပြုခွင့်တို့ပါဝင်သည်ဆိုသည်။

နီပါ့စ်သည် မြန်မာ့ရေနံက ကတိပြုထားသောမြေကို အသုံးပြုနေသော်လည်း မြေယာအသုံးပြုမှု သဘောတူညီချက်များမရှိဘဲ အသုံးပြုခြင်းဖြစ်ပြီး ငှားရမ်းခတစုံတရာမပေးကြောင်း ကော်မတီကပြောသည်။

လွန်ခဲ့သည့်လက စာရင်းစစ်အစီရင်ခံစာအပေါ် ၎င်း၏တွေ့ရှိချက်များကို ကော်မတီက တင်ပြခဲ့ပြီးနောက် မြေများကို မြန်မာ့ရေနံရော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကပါမပိုင်ဆိုင်ဘဲ နီပါ့စ်အတွက် လေဆိပ်အားလုံးရှိ မြေယာအသုံးပြုခွင့်ကို မြန်မာ့ရေနံက မည်သို့လျှင် ကတိပြုနိုင်ရသည်ကို ပြည်ထောင်စုလွှတ်တော်အမတ်များက မေးခွန်းထုတ်ခဲ့သည်။

“သဘောတူညီချက်ကို စနစ်တကျ လုပ်မထားတာကတော့ ထူးဆန်းပါတယ်။ ဒါတွေက သူတို့ဟာ မဟုတ်ဘူးဆိုရင် ဒီပိုင်ဆိုင်မှုတွေရဲ့တန်ဖိုးကို မြန်မာ့ရေနံက ဘယ်လိုတွက်ချက်ခဲ့တာလဲ။ ပြီးတော့ ပူးမားကလည်း ဒီလိုတိကျရေရာမှုမရှိတဲ့ အစီအစဉ်တစ်ခုကို ဘယ်လိုသဘောတူခဲ့တာလဲ” ဟု ပြည်သူ့လွှတ်တော် သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းထွဋ်(ဖျာပုံ – အင်န်အယ်လ်ဒီ) က ဇန်နဝါရီ ၃၁ က Frontier ကို ဖုန်းဖြင့်ပြောသည်။

မြန်မာ့ရေနံ၏ပစ္စည်းထည့်ဝင်ရင်းနှီးမြှုပ်နှံမှုတွင် ပါဝင်သော ရန်ကုန်နိုင်ငံတကာလေဆိပ်မှ သိုလှောင်ရုံ နှစ်ခုအနက် တစ်ခုမှာ ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေပေါ်တွင်ရှိနေသည်ဟု ဦးဝင်းထွဋ်ကပြောသည်။

မင်္ဂလာဒုံ လေတပ်အခြေစိုက်စခန်းဌာနချုပ်နှင့်ဆက်စပ်သည့် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့်ဟုဆိုကာ ကာကွယ်ရေးဝန်ကြီးဌာနက ကာလရှည်ငှားရမ်းရန် ငြင်းဆိုခဲ့သည်။ အခြားတစ်ခုမှာ အရပ်ဘက် ထိန်းချုပ်မှုအောက်ရှိသော်လည်း အေးရှားဝါးလ်အုပ်စု၏လက်အောက်ခံ ရန်ကုန်အဲရိုဒရုန်းထံ ပြည်တွင်းလေကြောင်းဌာနက ကနဦးနှစ် ၃၀၊ နောက်ထပ် ၁၀ နှစ်သက်တမ်းနှစ်ကြိမ်တိုးသဘောတူစာချုပ်ဖြင့် ငှားရမ်းခဲ့သည်။

မြန်မာ့ရေနံသည် ရန်ကုန်လေဆိပ်ရှိ ဌာနမြေကို ဈေးကွက်ပေါက်ဈေးအောက် နိမ့်သောနှုန်းဖြင့် ယခင်က ငှားရမ်းနိုင်ခဲ့သော်လည်း ပုဂ္ဂလိကလုပ်ငန်းဆောင်ရွက်သူနှင့် သိသာစွာ သဘောတူချက်များလုပ်ဆောင်မှုမရှိဟု ဦးဝင်းထွဋ်ကပြောသည်။

ကော်မတီ၏ပြောကြားချက်အရ မြေအသုံးပြုခွင့်ရရှိရန် မြန်မာ့ရေနံက မစွမ်းဆောင်နိုင်မှုကြောင့် ပူးမားသည် ဖက်စပ်စာချုပ်အရ ၎င်း၏ဒေါ်လာ ၂၅သန်းရင်းနှီးမည့်အစီအစဉ်ထဲမှ နောက်ဆုံး ဒေါ်လာ ၁၀ သန်းကို ရင်းနှီးမြှုပ်နှံမှုမလုပ်ရသေးကြောင်း စာရင်းစစ်အစီရင်ခံစာက ဆိုသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ မှတ်တမ်းများအရ ကုမ္ပဏီသည် ရှယ်ယာအရင်းအနှီး ဒေါ်လာ ၄၀ ဒသမ ၈၁၆ သန်းရှိပြီး မြန်မာ့ရေနံက ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ကိုင်ထားသည်။ ၎င်း၏ကုမ္ပဏီသည် ဖက်စပ်လုပ်ငန်းတွင် ဒေါ်လာ ၇၅ သန်း အမှန်တကယ် ရင်းနှီးမြှုပ်နှံထားပြီးဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာဟောင်း မစ္စတာဟိုးလ်ဒင်းက ၂၀၁၇ က Frontier ကို ပြောသည်။ (ယခုဆောင်းပါးနှင့်ပတ်သက်၍ သုံးသပ်ချက်ပေးရန် ပူးမားက ငြင်းဆိုခဲ့သည်။)

စွမ်းအင်ဝန်ကြီးဌာန (ထိုစဉ်ကအခေါ်) က လေယာဉ်ဆီတင်ဒါခေါ်ရန် ဆုံးဖြတ်ခဲ့သည့်အခါ လုပ်ငန်းစဉ်ကို ကြီးကြပ်ရန် ဥပဒေအကြံပေးကုမ္ပဏီ VDB Loi ကိုခန့်ထားခဲ့သည်။ ဖက်စပ်လုပ်ငန်းသည် မြေအသုံးပြုခွင့်ရှိမည်ဟု လေလံများအတွက် တောင်းခံချက်တွင် ဖော်ပြထားခဲ့သော်လည်း ပူးမား အရွေးခံရပြီးနောက်မှသာ ပြဿနာပေါ်လာခဲ့ခြင်းဖြစ်သည်ဟု အကြီးတန်းပါတနာ မစ္စတာ အက်ဒွင် ဗန်ဒါဘရပ်ဂင်က ပြောသည်။

“အချိန်ဖိအားတော့ ကြီးကြီးမားမားရှိခဲ့ပါတယ်၊ ပြဿနာရယ်လို့တော့ များများစားစား မရှိခဲ့ပါဘူး။ လုပ်ငန်းစဉ်တလျှောက်လုံးမှာ ဘယ်သူမှ ဂဃနဏမသိတဲ့အရာတွေကို ကြုံတွေ့ခဲ့ရတယ်” ဟု၎င်းကဆိုသည်။

“ဝန်ကြီးဌာနတွေကြားမှာ ဘာအထောက်အထားစာရွက်စာတမ်းမှ ကျွန်တော်တို့မတွေ့ခဲ့ဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ မြန်မာ့ရေနံဟာ ကာလရှည်မြေသုံးခွင့်ရခဲ့သလား၊ ဒါမှမဟုတ် တကွေ့ကွေ့မှာ ဖျက်သိမ်းခံရနိုင်တဲ့ လုပ်ငန်းနေရာ အသုံးပြုဖို့ သဘောတူမှုတစ်ခုပဲလားဆိုတာ အခိုင်အမာသက်သေမထူနိုင်ခဲ့ဘူး”

“မြန်မာ့ရေနံက ဒီအပေါ်မှာ လုပ်ငန်းအဆောက်အအုံတွေရှိလို့ ကာလရှည်မြေအသုံးပြုခွင့်အတွက် သဘောတူထားတာက ရှင်းလင်းတယ်လို့ ကျွန်တော်တို့ယူဆခဲ့တယ်။ ဒီလုပ်ငန်းအဆောက်အအုံတွေကို တစ်ရက်တည်းနဲ့ဖယ်ရှားလို့မရပါဘူး။ ရပ်ထားတဲ့ကားတစ်စင်းကို ရွှေ့ရသလိုမျိုးမှ မဟုတ်တာ” ဟု ၎င်းကပြောသည်။

ရန်ကုန်နိုင်ငံတကာလေဆိပ်ရှိ မြေအသုံးပြုခွင့်အပေါ် ရန်ကုန်အဲရိုဒရုန်းနှင့်ပဋိပက္ခတစ်ခုရှိခဲ့သည်ကို ရှင်းလင်းလာခဲ့ချိန်မှာ ပါတနာများသည် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံက ပါမစ်တစ်ခုရရှိရရှိရန် ကြိုးစားချိန်သာဖြစ်သည်ဟု ဗန်ဒါဘရပ်ဂင်က ပြောသည်။

“ဒါကရှုပ်ထွေးတဲ့ အမွေပြဿနာတစ်ခုလိုပဲ။ ပါဝင်တဲ့အဖွဲ့တွေက ဒီမြေပြဿနာဆီကနေ မသေချာမှုကို ဘယ်လိုကိုင်တွယ်မယ်ဆိုတာနဲ့ပတ်သက်လို့ သူတို့ကြားမှာ စီးပွားရေးအ?

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.