အပြောင်းအလဲကို လက်တွေ့မြင်ရမှ ပြောင်းလဲချင်သူတွေ

ဤကြော်ငြာဆောင်းပါးကို တက်လမ်းစီမံကိန်းက စီစဉ် ရေးသားထားခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အလယ်ပိုင်းဒေသက လယ်သမားတွေဟာ စပါးအထွက်နှုန်းတိုးတက်လာစေဖို့ စိုက်ပျိုးနည်းပညာသစ်ကို တဖြည်းဖြည်းနဲ့ လက်ခံပြီးအသုံးချလာကြသလို ကြိုတင်ခန့်မှန်းမရနိုင်တဲ့ ရာသီဥတုအခြေအနေနဲ့ လုပ်သားရှားပါးလာမှုအပါအဝင် လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အပြောင်းအလဲတွေနဲ့လည်း အဆင်ပြေကိုက်ညီအောင် ကြိုးစားအားထုတ်လာကြပါတယ်။

မို့မို့သော်/တက်လမ်း စီမံကိန်း

လယ်သမားကြီးကိုကျော်ဆန်းတင်တစ်ယောက် ဒီနှစ်မိုးရာသီကာလမှာ သူ့လယ်ကွက်တွေကို စပါးစိုက်ဖို့ပြင်ဆင်နေချိန်မှာ စိတ်ကျေနပ်ပျော်ရွှင်နေပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းမှာ ကိုကျော်ဆန်းတင်ဟာ Livelihood and Food Security Trust Fund (LIFT) ရဲ့ ထောက်ပံ့ပရိုဂရမ်ဖြစ်တဲ့ တက်လမ်းကနေ မိတ်ဆက်ပေးခဲ့တဲ့ “စပါးအစွမ်းဖွင့်” စိုက်ပျိုးနည်း ပညာသစ် (Systems of Rice Intensification/SRI) နဲ့ စိုက်ပျိုးပုံသင်တန်းမှာ ပါဝင်ပြီး တက်ရောက်ခဲ့ပါတယ်။

ကိုကျော်ဆန်းတင်ဟာ အစပိုင်းမှာတော့ SRI နည်းပညာကိုစတင်အသုံးပြုဖို့ ယုံကြည်ချက် အပြည့်အဝ မရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီခေတ်မီစိုက်ပျိုးနည်းကို သူအသုံးပြုနေကြ မိရိုးဖလာစိုက်ပျိုးနည်းနဲ့ယှဉ်ပြီး စိုက်ပျိုးကြည့်ပြီးတဲ့နောက် နည်းပညာသစ်ကနေရရှိတဲ့ အကျိုးကျေးဇူးကို လက်တွေ့ခံစားခဲ့ရပါတယ်။ ဒါကြောင့် ဒီနှစ်မှာတော့ သူ့ကိုယ်ပိုင်လယ်သုံးဧကအပြင် ငှားရမ်းထားတဲ့အပိုတစ်ဧကကိုပါ နည်းပညာသစ်နဲ့ စိုက်ပျိုးသွားဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

“မနှစ်ကအစဆိုတော့ လယ်အကုန်လုံးကို မလုပ်ရဲသေးဘူး။ ဒါပေမဲ့ တစ်ဧကကိုလုပ်ကြည့်လိုက်တော့ ကုန်ကျစရိတ်လည်း သက်သာတယ်။ လုပ်အားလည်း သက်သာတယ်။ အထွက်နှုန်းလည်း ကောင်းတယ်”လို့ မင်းပြားမြို့နယ်ထဲက ချဲရွာမှာနေထိုင်တဲ့ ကိုကျော်ဆန်းတင်ကပြောပါတယ်။

မင်းပြားမြို့နယ်တွင်းက ကျေးရွာတွေမှာ ပုံမှန်အားဖြင့် မိရိုးဖလာနည်းတွေဖြစ်ကြတဲ့ ကြဲပက်စိုက်ပျိုးခြင်း (သို့) အလွယ်ရွေ့ပြောင်းနည်းတို့နဲ့ စပါးစိုက်ကြတာဖြစ်ပါတယ်။ ဒီနည်းလမ်းနှစ်မျိုးစလုံးဟာ ကုန်ကျစရိတ်များပြားပြီး စပါးအထွက်နှုန်းမှာလည်း နည်းပါးလှတာကြောင့် ရခိုင်ပြည်နယ်အလယ်ပိုင်းဒေသက မိသားစုတွေမှာ တစ်နှစ်ပြီးတစ်နှစ် ကြွေးမြီးတွေကြားထဲ တိုးပြီးနစ်ဝင်ရတဲ့ဘဝကို ကြုံတွေ့ခံစားနေရပါတယ်။

စပါးတစ်ဧကစိုက်ပျိုးမယ်ဆိုရင် ကုန်ကျစရိတ်က ကြဲပက်စိုက်ပျိုးရင် ကျပ်တစ်သိန်းခုနစ်သောင်းခန့်၊ ရွေ့ပြောင်းစိုက်ပါက ကျပ်နှစ်သိန်းလေးသောင်းလောက် ကုန်ကျပါတယ်။ စပါးထွက်နှုန်းမှာတော့ မိုးခေါင်မှုမျိုး၊ ဆိုင်ကလုန်းဒဏ်မျိုးလို ပြင်းထန်လွန်းတဲ့ရာသီဥတုမျိုးကိုမကြုံရလေမှ တောင်း (ရခိုင်တောင်း) ၆၀ ကနေ ၁၂၀ လောက်အထိသာ ရရှိပါတယ်။

ကြဲပက်စိုက်ပျိုးတဲ့နည်းစနစ်ဟာ စပါးမျိုးစေ့တွေကို လယ်ကွက်ထဲမှာ အဆင်ပြေသလိုပဲ ကြဲပက်လိုက်တာမို့ လုပ်သားအင်အားကို သက်သာစေပါတယ်။ ဒါပေမယ့်လည်း မျိုးစေ့များစွာကို အသုံးပြုရပြီး တစ်ဧကအတွက် နို့ဆီဗူးနဲ့ ဗူး ၂၀၀ လောက်အထိသုံးရတာကြောင့် အဲဒီအတွက် ကုန်ကျစရိတ်မြင့်နေပြန်ပါတယ်။ အလွယ်ရွေ့ပြောင်းစိုက်နည်းမှာတော့ ကြဲပက်နည်းထက် မျိုးစေ့သက်သာပေမဲ့လည်း ပျိုးပင်တွေပြောင်းရွေ့စိုက်ဖို့အတွက် လုပ်သား ၁၅ ဦးကနေ ၂၀ လောက်အထိလိုအပ်တာကြောင့် ကုန်ကျစရိတ်မှာ မသက်သာလှပါဘူး။

သူတို့မြေကွက်အတွက် အကောင်းဆုံးမျိုးစေ့တွေကို ဘယ်လိုရွေးချယ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး လယ်သမားတွေကို တက်လမ်းက သင်ကြားပေးပါတယ်။ ဓာတ်ပုံ-တက်လမ်း

သူတို့မြေကွက်အတွက် အကောင်းဆုံးမျိုးစေ့တွေကို ဘယ်လိုရွေးချယ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး လယ်သမားတွေကို တက်လမ်းက သင်ကြားပေးပါတယ်။ ဓာတ်ပုံ-တက်လမ်း

ဒီနည်းလမ်းတွေမှာအဓိကကြုံရတဲ့ စိန်ခေါ်မှုနောက်တစ်ခုကတော့ ပေါင်းမြက်တွေရှင်းလင်းရေးပါပဲ။ ကြဲချင်သလိုကြဲပြီး၊ ပျိုးပင်တွေကို စိုက်ချင်သလိုထိုးစိုက်ပျိုးထားတဲ့စနစ်ကြောင့် ပေါင်းမြက်တွေကို ရှင်းလင်းရေးမှာ လုပ်သားတွေရဲ့အင်အားကတစ်ပါး တခြားမရှိနိုင်တော့ပါဘူး။ ဒါပေမယ့်လည်း အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုကြောင့် ဒီနှစ်ပိုင်းအတွင်းမှာ ရခိုင်ကျေးလက်ဒေသတွေမှာ နေရပ်ကိုစွန့်ခွာပြီး တစ်နယ်တစ်ကျေးဆီ ပြောင်းရွေ့အလုပ်လုပ်ကိုင်ကြသူဦးရေ သိသိသာသာ တိုးများလာခြင်းက ကျေးလက်တွေမှာ လယ်လုပ်သားရရှိဖို့ ခက်ခဲလာပြီး လုပ်အားခတွေလည်း မြင့်တက်လာတာက စပါးစိုက်တောင်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတစ်ခုပါပဲ။

ဒါကြောင့်မို့ ကုန်ကျစရိတ်ပမာဏ၊ အထူးသဖြင့် မျိုးစေ့သုံးစွဲမှုနဲ့ လုပ်သားအင်အားကိုသာ လျော့ချနိုင်မယ်ဆိုရင် လယ်သမားတွေဟာ သူတို့ရဲ့လယ်ကွက်ကနေ အကျိုးအမြတ်ကို ရရှိခံစားနိုင်မှာဖြစ်ပါတယ်။

ကုန်ကျစရိတ်နည်းနည်းနဲ့ စပါးများများထုတ်လုပ်ခြင်း

SRI နည်းပညာကို အရှေ့တောင်အာရှမှာ အောင်မြင်စွာနဲ့မိတ်ဆက်ပေးလာခဲ့တာမို့ ရခိုင်ပြည်နယ် အလယ်ပိုင်းဒေသမှာလည်း အသုံးပြုမယ်ဆိုရင် ရလဒ်အနေနဲ့ စိုက်ပျိုးကုန်ကျစရိတ်ကို တစ်ဧကအတွက် ကျပ် တစ်သိန်းနှစ်သောင်းလောက်အထိ လျော့ချနိုင်ပြီး စပါးအထွက်နှုန်းလည်း တိုးများလာစေမယ်လို့ တက်လမ်းက ယုံကြည်ပါတယ်။

စပါးအစွမ်းဖွင့်စိုက်ပျိုးနည်းပညာ SRI ဟာ ရွေ့ပြောင်းစိုက်ပျိုးနည်းတစ်ခုဖြစ်ပြီး စပါးပင်တွေ လွတ်လပ်စွာစိတ်တိုင်းကျ ကြီးထွားခွင့်ရရှိသလို အထွက်ကောင်းစေဖို့အတွက် စိုက်တန်းတွေ တစ်ခုနဲ့တစ်ခုကြားမှာ ၁၀ လက်မ (သို့) ၁၂ လက်မအထိ နေရာချန်လပ်ပြီး စိုက်ပျိုးတာဖြစ်ပါတယ်။ အဲဒီနည်းစနစ်အတွက် အဓိကလိုအပ်တဲ့ကိရိယာကတော့ တိုက်ရိုက်အတန်းဖော်ကိရိယာ (လေးကွက်ကြားဖော်သံဘီးဂွေကြီး) ဖြစ်ပြီး ပျိုးပင်ငယ်တွေ အလွယ်တကူထည့်စိုက်နိုင်ဖို့အတွက် လေးထောင့်အကွက်ငယ်လေးတွေကို အတန်းလိုက် ပုံဖော်ပေးတာဖြစ်ပါတယ်။ ရလဒ်ကတော့ မျိုးစပါးကိုရော၊ လုပ်အားကိုပါ အထူးသက်သာစေတာဖြစ်ပါတယ်။ စနစ်တကျနဲ့နေရာချပြီး စိုက်ပျိုးတာကြောင့် မျိုးစေ့ကိုတစ်ဧကအတွက် နို့ဆီဗူး ၁၂ ဗူး (သို့) ၁၃ ဗူးလောက်သာသုံးစွဲရပါတယ်။

အပြောနဲ့မဟုတ်ဘဲ လက်တွေ့ပြသရတယ်

ဒီလိုမျိုးကုန်ကျစရိတ်ကိုလျော့ချပေးနိုင်တဲ့ အထူးသဖြင့် အလုပ်သမားများစွာမလိုအပ်တဲ့ စိုက်ပျိုးနည်းပညာသစ်ဟာ လယ်သမားတွေရဲ့ အကျိုးဖြစ်ထွန်းမှုအတွက် ကြီးမားတဲ့အားသာချက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ်ပိုင်နည်းစနစ်ဟောင်းတွေနဲ့ အသားကျနေကြသူတွေကို နည်းပညာသစ်အပေါ် ယုံကြည်စိတ်ချစွာနဲ့ ပြောင်းလဲကျင့်သုံးလာဖို့ ကြိုးပမ်းရတာက တက်လမ်းအတွက် အဓိကစိန်ခေါ်မှုပဲဖြစ်တယ်လို့ တက်လမ်းစိုက်ပျိုးရေးအဖွဲ့ရဲ့ မန်နေဂျာဖြစ်တဲ့ Mr Gerasmo Pono က ပြောပါတယ်။

“အခြေခံအားဖြင့် လယ်သမားတွေဟာ ပညာရေးပိုင်းမှာအားနည်းကြတယ်။ ပြီးတော့ စပါးထုတ်လုပ်ရေးနဲ့ပတ်သတ်တဲ့ နောက်ဆုံးသတင်းအချက်အလက်တွေကိုလည်း သူတို့ဆီကိုမရောက်ကြဘူး။ ပြီးတော့ ပုံမှန်မျိုးစေ့ကိုသုံးတာနဲ့ အရည်အသွေးပိုကောင်းတဲ့မျိုးစေ့ကို သုံးတာမှာ ထွက်လာမယ့်စပါးကအတူတူပဲလို့ ရှေးရိုးစွဲယုံကြည်မှုတွေရှိနေကြတယ်။ ဒီတော့ သူတို့ကိုလက်တွေ့တစ်ဆင့်ချင်းစိုက်ပြရတယ်။ ထွက်လာရတဲ့ရလဒ်ကို သူတို့နည်လမ်းလမ်းဟောင်းနဲ့ စိုက်ရတာနဲ့ ယှဉ်ပြရတယ်”လို့ သူကဆိုပါတယ်။

ဒါကြောင့် ပူးပေါင်းလုပ်ဆောင်ချင်တဲ့ လယ်သမားတွေနဲ့အတူ စံပြစိုက်ကွက်တွေကို တက်လမ်းစီမံကိန်းဒေသတွေဖြစ်ကြတဲ့ မင်းပြားနဲ့မြေပုံမြို့နယ်တို့မှာ လက်တွေ့စိုက်ပျိုးပြသခဲ့ကြပါတယ်။ မြေပုံမြို့နယ်၊ ချောင်းကြီးကျေးရွာမှာနေထိုင်ကြတဲ့ ဦးဘိုကျော်မြင့်နဲ့ ဇနီးသည် ဒေါ်သန်းသန်းဝင်းတို့ဟာ သူတို့ရဲ့လယ်ကွက်တချို့ကို တက်လမ်းရဲ့အကူအညီနဲ့ စံပြစိုက်ကွက်အဖြစ် အရေအသွေးကောင်းတဲ့ မျိုးစေ့ကိုအသုံးပြုပြီး SRI နည်းစနစ်အတိုင်း မနှစ်ကမိုးရာသီမှာ စိုက်ပျိုးခဲ့ကြပါတယ်။

နည်းပညာသစ်မှာ အခြားအရေးကြီးတဲ့ကဏ္ဍတစ်ခုကတော့ အရေအသွေးကောင်းတဲ့မျိုးစေ့ကို အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ မျိုးစေ့ကောင်းကောင်းကနေ ပေါက်လာတဲ့ ပျိုးပင်တွေဟာ အရေအသွေးညံ့တဲ့ မျိုးစေ့ကနေပေါက်လာတဲ့ ပျိုးပင်တွေထက် ပိုမိုသန်စွမ်းပါတယ်။ ဦးဘိုကျော်မြင့်နဲ့ ဒေါ်သန်းသန်းဝင်းတို့ဟာ အဲဒီအကျိုးကိုလက်တွေ့ခံစားသိရှိခဲ့ရပါတယ်။

ချဲရွာသားလယ်သမားကြီးတစ်ဦးဖြစ်တဲ့ ကိုမောင်ငယ်က စပါးပျိုးပင်များကို ပြသနေစဉ်။ တက်လမ်းရဲ့ အကူအညီနဲ့ သူ့လယ်ငါးဧကထဲက တစ်ဧကကိုစံပြစိုက်ကွက်အဖြစ် စိုက်ပျိုးထားပါတယ်။ ဓာတ်ပုံ-ကောင်းထက်/တက်လမ်း

ချဲရွာသားလယ်သမားကြီးတစ်ဦးဖြစ်တဲ့ ကိုမောင်ငယ်က စပါးပျိုးပင်များကို ပြသနေစဉ်။ တက်လမ်းရဲ့ အကူအညီနဲ့ သူ့လယ်ငါးဧကထဲက တစ်ဧကကိုစံပြစိုက်ကွက်အဖြစ် စိုက်ပျိုးထားပါတယ်။ ဓာတ်ပုံ-ကောင်းထက်/တက်လမ်း

ပြီးခဲ့တဲ့နှစ်၊ မေလကုန်ပိုင်းမှာ ဆိုင်ကလုန်းမိုရာကြောင့် ရေကြီးမှုတွေဖြစ်ပွားပြီး သူတို့လယ်ကွက်တွေ ဆီကို အမှိုက်တွေများစွာဝင်ရောက်ခဲ့ပေမဲ့ ပျိုးပင်တွေဟာ ကျန်းမာသန်စွမ်းစွာနဲ့ တောင့်ခံနိုင်ခဲ့သလို ပျိုးပင်တစ်ပင်စီကနေ ပွင်ပွားတွေ ၃၀ ကနေ ၆၀ လောက်အထိထွက်လာပြီး စပါးခင်းတွေ အောင်မြင်ခဲ့တာက ဒေါ်သန်းသန်းဝင်းတို့မိသားစုကို အံ့အားသင့်ပျော်ရွှင်စေခဲ့ပါတယ်။ ပုံမှန်မျိုးစေ့တွေကိုအသုံးပြုတယ်ဆိုရင် ပင်ပွားတွေဟာအပင် ၂၀ လောက်သာ ပုံမှန်ထွက်လာ လေ့ရှိတာပါ။

“စိမ်းမြနေတဲ့ကိုယ့်လယ်ကွက်ကြီးကိုမြင်ရတော့ ပျော်တယ်။ တက်လမ်းရဲ့နည်းပညာတွေက အောင်မြင်တယ်ဆိုတာလက်တွေ့မြင်ရတယ်။ ကိုယ့်လယ်ကွက်နားက တခြားလယ်သမားတွေလည်း ဒီစံပြစိုက်ကွက်ကိုလာကြည့်ကြတယ်။ သူတို့လည်းဒီလိုမျိုးလုပ်ချင်တယ်လို့ပြောကြတယ်”လို့ ဒေါ်သန်းသန်းဝင်းက ဆိုပါတယ်။

ဒီနှစ်မိုးရာသီမှာတော့ ချဲရွာသားလယ်သမားကြီးတစ်ဦးဖြစ်တဲ့ ကိုမောင်ငယ်ဟာ တက်လမ်းရဲ့ အကူအညီနဲ့ သူ့လယ်ငါးဧကထဲက တစ်ဧကကိုစံပြစိုက်ကွက်အဖြစ် စိုက်ပျိုးထားပါတယ်။ အဲဒီအတွက် စိုက်ပျိုးရေးနည်းပညာအပြင် မျိုးစပါးနဲ့ဓာတ်မြေသြဇာအပါအဝင် လိုအပ်တဲ့ကိရိယာနှစ်မျိုးဖြစ်တဲ့ တိုက်ရိုက်အတန်းဖော်ကိရိယာနဲ့ တမန်းနိုးကြားပေါက်လိုက်ကိရိယာတို့ကို တက်လမ်းစိုက်ပျိုးရေး အဖွဲ့က သူ့ကိုကူညီထောက်ပံ့ပေးထားပါတယ်။

အတန်းဖော်ကိရိယာနဲ့ လယ်ကွက်ထဲမှာ စိုက်ကွက်ဖော်လိုက်တဲ့အခါ ပျိုးပင်ငယ်လေးတွေကို ရွေ့ပြောင်းစိုက်ပျိုးဖို့အတွက် လူအများကြီး မလိုအပ်တော့ပါဘူး။ ဥပမာအားဖြင့် မိသားစုတစ်စုမှာ အလုပ်လုပ်နိုင်သူငါးဦးရှိပါက တစ်ဧကကို နှစ်ရက်နဲ့အပြီးလုပ်ကိုင်နိုင်ပါတယ်။

ကိုမောင်ငယ်ဟာ မနှစ်ကအထိ ကြိုးတန်းပြီးရွေ့ပြောင်းစိုက်ပျိုးတဲ့နည်းကိုအသုံးပြုခဲ့ပြီး အဲဒီနည်းစနစ်မှာ ပျိုးပင်တွေစိုက်တဲ့အခါ လယ်ကွက်တစ်ဖက်တစ်ချက်ကနေ ကြိုးတန်းဆွဲပေးထားရတဲ့ လူနှစ်ယောက်လိုအပ်ပါတယ်။ ပျိုးပင်စိုက်ကြသူတွေဟာ သူတို့ဆွဲပေးထားတဲ့ကြိုးတန်းတလျောက်မှာ စပါးပင်ပေါက်လေးတွေကိုလိုက်စိုက်ကြတာပါ။ ဒီနည်းစနစ်မှာ အလုပ်သမားတွေများစွာလိုအပ်ရုံမကဘဲ တခြားပြဿနာတွေလည်းရှိနေတယ်လို့ ကိုမောင်ငယ်ကဆိုပါတယ်။

စိုက်ကြောင်းဖော်ကိရိယာအသုံးပြုမှုကို ကိုမောင်ငယ်က သရုပ်ပြသနေစဉ်။ ဓာတ်ပုံ-ကောင်းထက်/တက်လမ်း

စိုက်ကြောင်းဖော်ကိရိယာအသုံးပြုမှုကို ကိုမောင်ငယ်က သရုပ်ပြသနေစဉ်။ ဓာတ်ပုံ-ကောင်းထက်/တက်လမ်း

“တခါတလေမှာ ဆွဲနေတဲ့ကြိုးကလိုင်းမညီတော့ စပါးပင်တန်းတွေကလည်း မညီတော့ဘူး။ ပြီးတော့ စပါးတန်းတွေကြားမှာ နေရာကျယ်ကျယ်လည်းမရှိဘူး။ အခုစိုက်ကြောင်းဖော်ကိရိယာနဲ့ဆိုတော့ တန်းတွေကလည်းညီတော့ အပင်ပေါက်တွေလိုက်စိုက်ရတာလည်း မြန်သွားတယ်။ လယ်အလုပ်တွေတော်တော်များများကို ကိုယ့်ဖာသာကိုယ်ပဲ ပြီးအောင်လုပ်နိုင်လာတယ်။ အရင်လိုအလုပ်သမားတွေလည်းငှားစရာမလိုတော့ ပိုက်ဆံအကုန်လည်းသက်သာသွားတယ်”လို့ အသက် ၃၆ နှစ်အရွယ် ကိုမောင်ငယ်ကဆိုပါတယ်။

နည်းပညာသစ်က ပျိုးတန်းတွေတစ်တန်းနဲ့တစ်တန်းကြားမှာ နေရာကျယ်ကျယ် ချန်လှန်ပြီး စိုက်ပျိုးတာကြောင့် တမန်းနိုးကြားပေါင်းလိုက်ကိရိယာကိုအသုံးပြုပြီး အချိန်မရွေး တစ်ပိုင်တနိုင် ပေါင်းရှင်းနိုင်တာကြောင့် အလုပ်သမား ငှားဖို့မလိုတော့ဘူးလို့လည်း ကိုမောင်ငယ်က ဆိုပါတယ်။

ပေါင်းထိုးစနစ်ကြောင့် တပြိုက်နက်တည်းမှာပဲ ဆွေးမြေ့သွားတဲ့ပေါင်းမြက်တွေဟာ စပါးပင်တွေအတွက် အာဟာရဓာတ်တွေပေးစွမ်းနိုင်ပါတယ်။

“လယ်သမားတွေကဒီလိုမျိုးအတွေ့အကြုံမျိုးမရှိဘူးလေ။ ဒီတော့ မိရိုးဖလာနည်းကိုပဲ သုံးကြရတာပေါ့။ ကျွန်တော်စိုက်တဲ့အခါ အနီးအနားက တခြားလယ်သမားတွေလည်း လာကြည့်ပြီးမင်းက ဖြစ်ပါ့မလားကွာဆိုပြီးပြောကြတယ်။ ခုတော့ သူတို့က မင်းဖြစ်နေပြီလားကွာဆိုပြီး ပြောကြတယ်။ ကျွန်တော်လုပ်သလိုမျိုးလုပ်ကြမယ်လို့ပြောတယ်”လို့ ပျိုးပင်တွေရွေ့ပြောင်းစိုက်ထားပြီးသားဖြစ်တဲ့ သူ့လက်ကွက်တချို့ကိုလှမ်းကြည့်ပြီး ကိုမောင်ငယ်ကဂုဏ်ယူဟန်နဲ့ ပြောလိုက်ပါတယ်။

ကိုမောင်ငယ်ဟာ ဒီနှစ်အတွက် ပြုလုပ်တဲ့ စပါးမျိုးစေ့ထုတ်လုပ်တဲ့အစီအစဉ်မှာ ပါဝင်ကြတဲ့ ရွာလေးရွာကနေ လယ်သမား ၃၅ ဦးထဲက တစ်ဦးဖြစ်ပါတယ်။ မျိုးစေ့ထုတ်အစီအစဉ်ကို၂၀၁၆ ခုနှစ်မှာ ပထမဆုံးအကြိမ် စတင်ပြုလုပ်ခဲ့ရာ စုစုပေါင်းလယ်သမား ၁၀ ဦးပါဝင်ခဲ့ပြီး နှစ်ဦးရဲ့မျိုးစေ့တွေသာ အရေအသွေးပြည့်မီစွာ ရရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း နောက်တစ်နှစ် ၂၀၁၇ မှာတော့ အလုံးစုံအောင်မြင်မှုရှိတဲ့ရလဒ်ကိုရရှိခဲ့ပါတယ်။

“၂၀၁၇ ခုနှစ်မှာစပါးထုတ်တောင်သူ ၂၁ ဦးကို ကျွန်တော်တို့သင်တန်းပေးခဲ့တယ်။ သူတို့အားလုံး မျိုးအောင်တဲ့စပါးတွေကို ထုတ်လုပ်နိုင်ခဲ့တယ်။ အဲဒီနှစ်ထဲမှာပဲ SRI စနစ်ကို တောင်သူတွေနဲ့မိတ်ဆက် ပေးခဲ့တယ်”လို့ Gerasmo က ဆိုပါတယ်။

မျိုးစေ့ရွေးချယ်နည်းသင်တန်းသို့ တက်ရောက်လာသည့် လယ်သမားများ။ ဓာတ်ပုံ-တက်လမ်း

မျိုးစေ့ရွေးချယ်နည်းသင်တန်းသို့ တက်ရောက်လာသည့် လယ်သမားများ။ ဓာတ်ပုံ-တက်လမ်း

“အရည်အသွေးကောင်းမွန်တဲ့မျိုးစေ့ဟာ လယ်သမားတွေအတွက် အင်မတန်မှအရေးပါတယ်။ မျိုးစေ့ကောင်းကိုသုံးမယ်ဆိုရင် စပါးထွက်နှုန်းကို ၅-၁၀ ရာခိုင်နှုန်းအထိတိုးလာစေနိုင်တယ်”လို့လည်း သူက ဆိုပါတယ်။

အစိုးရလယ်ယာစိုက်ပျိုးရေးဌာန၏ ထောက်ပံ့အားပေးမှု

စပါးရိတ်သိမ်းချိန်မှာ လယ်သမားတွေရဲ့ မျိုးစေ့အရည်အသွေးကို စစ်ဆေးဖို့အတွက် ရခိုင်ပြည်နယ်စိုက်ပျိုးရေးဌာနများမှ ကျွမ်းကျင်ပညာရှင်တွေက တက်လမ်းအဖွဲ့ကို ကူညီပေးကြပါ တယ်။ မြောက်ဦးခရိုင်လယ်ယာစိုက်ပျိုးရေးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းနိုင်ကလည်း SRI နည်းပညာဟာ လယ်သမားတွေအတွက် အကျိုးဖြစ်ထွန်းမှုတွေရရှ?
?နိုင်တယ်ဆိုတာကို လက်ခံသူဖြစ်ပါတယ်။

“လုပ်သားရှားနေတဲ့အချိန်၊ အားကောင်းမောင်းသန်တွေ အပြင်ရောက်နေတဲ့အချိန်မှာ SRI နည်းစနစ်ကိုသုံးပြီး ကိုယ့်မိသားစုနဲ့ပဲ တစ်ပိုင်တစ်နိုင်စိုက်ပျိုးနိုင်တယ်”လို့ ဒေါ်ဝင်းဝင်းနိုင်က ဆိုပါတယ်။ သူကတက်လမ်းကနေပြုလုပ်တဲ့ လယ်သမားသင်တန်းတွေမှာလည်း ပါဝင်ပြီးသင်တန်း ပေးသူတစ်ဦးဖြစ်ပါတယ်။

သူ့ရဲ့အတွေ့အကြုံအရ လယ်သမားတွေဟာ လက်တွေ့သမားတွေမို့ စာတွေ့ထက် လက်တွေ့ပြောင်းလဲတာကိုမြင်မှ လက်ခံပြီးလိုက်ပါလုပ်ဆောင်ကြတာလို့လည်း ပြောပြပါတယ်။

“လယ်သမားတွေကို ဒီနည်းလမ်းက ကောင်းပါတယ်ဆိုပြီး တခါတည်းသွားပြောလို့ လက်ခံကြမှာမဟုတ်ဘူး။ စာနဲ့ပေနဲ့ သွားပြောလို့လည်း ခေါင်းထဲမှာ အများကြီးလက်မခံနိုင်ဘူး။ သူတို့က လက်တွေ့လုပ်နေကြတဲ့သူတွေ ဆိုတော့ လက်တွေ့လုပ်ပြမှရတာ။ လက်တွေ့ပြောင်းလဲတာမြင်မှ သူတို့ကလက်ခံတာ”လို့ ဆိုပါတယ်။

SRI နည်းပညာကို ၂၀၁၇ ခုနှစ်ကစတင်ကာ ရခိုင်ပြည်နယ်အလယ်ပိုင်းဒေသ မင်းပြားနဲ့ မြေပုံမြို့နယ်အတွင်းက လယ်သမား ၅၆ ဦးကို တက်လမ်းကနေ မိတ်ဆက်ပေးခဲ့ပြီးဖြစ်ပါတယ်။

တက်လမ်းစီမံကိန်းသည် ရေမြေအနေအထားအရ ဆိုင်ကလုန်းမုန်တိုင်းဒဏ်၊ ကြီးမားတဲ့ရေလှိုင်းဒဏ်နှင့် မုတ်သုံရာသီရေလွှမ်းမိုးမှုဒဏ်စသည့် သဘာဝဘေးအန္တရာယ်ကျရောက်ထိခိုက်လွယ်သည့် ရခိုင်ပြည်နယ်ရှိ ကျေးရွာ (၂၅၃) ရွာတွင် ရေရှည်စားနပ်ရိက္ခာဖူလုံရေး၊ အစာအာဟာရပြည့်ဝရေး၊ အသက်မွေးဝမ်းကျောင်းမှုတိုးတက်ရေး၊ ငွေကြေးဝန်ဆောင်မှုများရရှိရေး၊ စိုက်ပျိုးရေး၊ ရေ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးတို့ကိုလုပ်ဆောင်ခြင်းဖြင့် ဒေသခံတို့၏ ရှင်သန်ရပ်တည်နိုင်စွမ်းမြင့်မားအောင် လုပ်ဆောင်လျက်ရှိသည်။ စီမံကိန်းအတွက် အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ (LIFT) မှငွေကြေးထောက်ပံ့ထားသည်။

“”

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.