နိုင်ငံပိုင်မီဒီယာများကိုသာ ပြည်သူလူထုက အယုံကြည်ဆုံးဖြစ်နေဟု လေ့လာချက်တစ်ခု၌ တွေ့ရှိ

နိုင်ငံပိုင်သတင်းစာများနှင့် ရုပ်သံလွှင့်ဌာနများထံကသာ အယုံကြည်ရဆုံးနှင့် အားထားရဆုံး သတင်းများ ရရှိနေသည်ဟု သတင်းမီဒီယာ ဖတ်ရှုသူများက ယုံကြည်နေကြကြောင်း မြန်မာနိုင်ငံ၏ မီဒီယာဓလေ့နှင့် ပတ်သက်သည့် လေ့လာချက်တစ်ခုတွင် ဖော်ပြထားသည်။

ထို့ပြင် သတင်းဖတ်ရှုသူများက ဒေသတွင်းအခြေစိုက် မီဒီယာများကို ပိုမိုနှစ်သက်ကြပြီး ၎င်းတို့၏ဘဝနှင့် ဆက်နွယ်နေသော အကြောင်းအရာ သတင်းများကို အလိုရှိနေကြသည်ကို တွေ့ရှိခဲ့သည်။ ရုပ်သံမီဒီယာများက လူကြိုက်အများဆုံး ဖြစ်နေသေးသော်လည်း လူမှုမီဒီယာ၊ အထူးသဖြင့် Facebook က ကပ်လိုက်လာနေပြီ ဖြစ်သည်။

“ပရိတ်သတ်ရှုထောင့်မှ မြန်မာ့မီဒီယာ” (Myanmar’s media from an audience perspective) ဟု ခေါင်းစဉ်တပ်ထားသည့် လေ့လာချက်တွင် ပြည်သူလူထု၏ မီဒီယာဓလေ့နှင့် သတင်းအချက်အလက် အကြောင်းအရာများအပေါ် လူထု၏ နားလည်မှုကို သုတေသနပြု လေ့လာသုံးသပ်ထားသည်။

ကြိုတင်စိစစ်သည့် ဆင်ဆာစနစ်ကို ၂၀၁၂ ခုနှစ်တွင် ဖျက်သိမ်းလိုက်ခြင်းနှင့် နောက်တစ်နှစ်တွင် မိုဘိုင်း ဆက်သွယ်ရေးကဏ္ဍအား တံခါးဖွင့်ပေးလိုက်ခြင်းတို့ကြောင့် မီဒီယာစင်မြင့် အမျိုးမျိုးပေါ်တွင် မီဒီယာထုတ်ကုန်မျိုးစုံ တိုးပွား ကြီးထွားလာရာ မြန်မာမီဒီယာလောက၏ ပုံစံသွင်ပြင်၌လည်း ပိုမိုကွဲပြား ခြားနားမှုများ ရှိလာသည်။

ဒိန်းမတ်အခြေစိုက် International Media Support၊ ဆွီဒင်အခြေစိုက် Fojo Media Institute နှင့် ပညာအလင်းပွင့် မြန်မာ့သုတေသန ဖောင်ဒေးရှင်း (Enlightened Myanmar Research Foundation) တို့ ပူးပေါင်းပြုလုပ်ခဲ့သည့် ထိုလေ့လာမှုက မြန်မာ့မီဒီယာဝန်းကျင်၌ ဖြစ်ပေါ်လာခဲ့သော အပြောင်းအလဲများက မီဒီယာသုံးစွဲသူများအပေါ် မည်သို့သော သက်ရောက်မှုများ ရှိခဲ့သည်ဆိုသည်ကို ဓမ္မဒီဋ္ဌာန်ကျကျ သိရှိနိုင်စေရန် ဖြစ်သည်။

စိတ်ဝင်စားဖွယ် အကောင်းဆုံး တွေ့ရှိချက်တစ်ခုမှာ ယုံကြည်မှုနှင့် သက်ဆိုင်နေသည်။

“မီဒီယာအပေါ် လူထု၏ ယုံကြည်မှုမှာ မတူကွဲပြားမှုများ ရှိနေသည်။ သို့တစေ နိုင်ငံပိုင်မီဒီယာကသာ အယုံကြည်ရဆုံးနှင့် လေးစားအားထားရဆုံး သတင်းနှင့် အကြောင်းအရာများကို ဖော်ပြပေးနေသည်ဟု လူအများစုက ရှုမြင်ကြသည်” ဟု လေ့လာမှုနှင့် ပတ်သက်သည့် ပြီးခဲ့သည့်လက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“နိုင်ငံပိုင်မီဒီယာတွေကိုသာ ယုံကြည်ရတဲ့ သတင်းရင်းမြစ်အဖြစ် ရှုမြင်ကြတယ်။ အထူးသဖြင့် လစာအဆင့်တွေနဲ့ ပညာရေးဝင်ခွင့် လိုအပ်ချက်လိုမျိုး တရားဝင်သတင်းအချက်နဲ့ သက်ဆိုင်တာမျိုးတွေပေါ့” ဟု IMS အစီအစဉ်ဖွံ့ဖြိုးရေး အကြံပေး Ms Emilie Lehmann Jacobsen က ပြောကြားသည်။

“ဒါကလည်း ဖြစ်ဖို့များပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း နိုင်ငံပိုင်မီဒီယာတွေကသာ သတင်းရရှိရာ တစ်ခုတည်းသော ရင်းမြစ်ဖြစ်နေခဲ့လို့ပါ” ဟု ၎င်းက ပြောသည်။

ထို့ပြင် ဒေသတွင်းအခြေစိုက် မီဒီယာများကိုသာ ပရိတ်သက်က ပိုမိုနှစ်ခြိုက်ကြကြောင်းကိုလည်း လေ့လာချက်တွင် ရှင်းရှင်းလင်းလင်း တွေ့ရှိခဲ့သည်။

“မြို့ကြီးပြကြီးတွေရဲ့ အပြင်ဘက်မှာ နေထိုင်သူတွေက ရန်ကုန်အခြေစိုက်မီဒီယာတွေဟာ သူတို့နဲ့ သက်ဆိုင်တဲ့ သတင်းတွေ မဟုတ်ဘူးလို့ ရှုမြင်ကြတယ်။ သူတို့ရဲ့ နေ့စဉ်ဘဝနဲ့ သက်ဆိုင်တဲ့ သတင်းနဲ့ အကြောင်းအရာတွေကို ဖော်ပြမပေးဘူး၊ လူ့မလိုင်တွေရဲ့ သတင်းတွေကြီးပဲလို့ ခံစားကြရပါတယ်။ သူတို့နဲ့ သက်ဆိုင်တဲ့သတင်းကတော့ ဒေသတွင်း သတင်းတွေပါပဲ” ဟု ဖော်ပြထားသည်။

မီဒီယာထုတ်ကုန်များ ရွေးချယ်စရာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပြီဖြစ်သော်လည်း ယုံကြည်အားထားလောက်သော သတင်းနှင့် လက်လှမ်းမမှီနိုင်သေးသော သတင်းပရိတ်သတ် များစွာရှိနေသေးသည်။

ရွေးချယ်စရာမီဒီယာများအဖြစ် မြန်မာနိုင်ငံတွင် လွတ်လပ်သောသတင်းစာများ၊ အင်တာနက်နှင့် Facebook တို့ ပေါ်လာခြင်းတို့က ပြည်သူများ သတင်းကို သုံးစွဲဖတ်ရှုသည့်ပုံစံနှင့် သတင်းအချက်အလက် လက်ခံရရှိသည့်ပုံစံ ပြောင်းလဲလာသည်ဟု Lehmann Jacobsen က ပြောသည်။

“နိုင်ငံတစ်ဝန်း၊ အထူးသဖြင့် ကျေးလက်ဒေသတွေမှာ သတင်းအချက်အလက် ကွာဟမှုတွေကို ဖြည့်ဆည်းပေးရာ၌ Facebook က အထောက်အကူပေးနေတာ ရှင်းပါတယ်။ သူက တခြားဘယ်မီဒီယာထက်မဆို သတင်းပေးတာ ပိုမြန်ပါတယ်” ဟု ၎င်းကပြောသည်။ လူဦးရေ၏ ၃၄ ရာခိုင်နှုန်းတွင်သာ Facebook အကောင့်ရှိသော်လည်း လေ့လာမှုအရ Facebook သုံးစွဲမှုမှာ အလွန် ကြီးထားနေသည်။

သို့သော်လည်း Facebook က သတင်းအချက်အလက ်လစ်ဟာမှုကို ဖြည့်ဆည်းပေးရန် ထောက်ကူသော်လည်း အတည်ပြုနိုင်သည့် ယုံကြည်ရသော သတင်းအချက်အလက်ရရှိမှုမှာမူ အကန့်အသတ်နှင့် ရှိနေဆဲဖြစ်သည်။ “Facebook ပေါ်ကနေ ဖတ်ရသမျှ အရာရာတိုင်းကို ယုံကြည်လို့မရဘူးဆိုတာ လူတော်တော်များများ သိပါတယ်။ ဒါပေမယ့် အချက်အလက်စိစစ်တဲ့ သတင်းအချက်အလက်ကို ရွေးစရာမရှိတော့ သူတို့က ရသလောက်ကိုပဲ သုံးရတာပေါ့” ဟု Lehmann Jacobsen က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များရှိ လူ ၁၆၈ ဦးအား တွေ့ဆုံမေးမြန်းမှုများ ပါဝင်သည့် အဆိုပါလေ့လာမှုက အမျိုးသားများနှင့် အမျိုးသမီးများကြား သတင်းအပေါ် ခြားနားသည့် သဘောထားများကိုလည်း ဖော်ထုတ်ခဲ့သည်။ အမျိုးသမီးများက သတင်းကို ပညာရေး၊ ကျန်းမာရေးကဲ့သို့ အကြောင်းအရာများနှင့် ဆက်စပ်ရှုမြင်ပြီး အမျိုးသားများက စီးပွားရေး၊ နိုင်ငံရေးတို့ကို ပိုမိုစိတ်ဝင်စားကြောင်း ၎င်းက ဆိုသည်။

ထိုသို့ဖြစ်ရခြင်းမှာ အစဉ်အလာ ကျားမကဏ္ဍအပေါ် မူတည်နေခြင်းဖြစ်ပြီး အမျိုးသားများမှာ ဆုံးဖြတ်ချက်ချရသူများ၊ လူ့အသိုင်းအဝိုင်းတွင် ပိုမိုပါဝင်ပတ်သက်ရသူများဖြစ်ကာ အမျိုးသမီးများမှာမူ မိသားစုကို စောင့်ရှောက်ရလေ့ရှိသူများ ဖြစ်သောကြောင့်ဟု ၎င်းကဆိုသည်။

လေ့လာမှုက ကျေးလက်ပရိသတ်နှင့် မြို့ပြပရိသတ်ကြား ခြားနားချက်များကိုလည်း ဆန်းစစ်ခဲ့သည်။ ကျေးလက်ဒေသများရှိ ပြည်သူများမှာ ၎င်းတို့စိုက်ပျိုးထားသည့် သီးနှံများနှင့် အသက်မွေးအလုပ်အပေါ် သက်ရောက်မှုများ ရှိနိုင်သဖြင့် ရာသီဥတုသတင်းများကို ပို၍ စိတ်ဝင်စားကြသည်။

မြို့ပြဖြစ်သည့် ရန်ကုန်နှင့် မန္တလေးတို့ရှိ ပြည်သူများမှာ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ဖျော်ဖြေရေးတို့ကဲ့သို့ ပိုမို ကျယ်ပြန့်သည့် အကြောင်းအရာများကို ပိုမို စိတ်ဝင်စားကြသည်။

သို့သော်လည်း မြို့ပြဒေသများရှိ သုတေသန ပါဝင်ဖြေကြားသည့် ပိုမိုငယ်ရွယ်သူများမှာ ပိုမိုပျော့ပြောင်းသည့် သတင်း အကြောင်းအရာများအပေါ်တွင် အလေးပေးသည်ကို တွေ့ရပြီး အသက်ပိုကြီးသည့် ဖြေကြားသူများထက် နာမည်ကျော်ကြားသူများအကြောင်းကို သတင်းနှင့် ပို၍ ဆက်စပ်မြင်ကြသည်။

ပြည်တွင်းအခြေအနေများနှင့် တစ်ဦးချင်းဆိုင်ရာ ဦးစားမှုများက သတင်းအပေါ် သဘောထားကို ဘောင်ကန့်ပေးနေသည်။ မိမိတို့၏ ဘဝနှင့် ချိတ်ဆက်မှုရှိနေသည်ကို မမြင်သေးသမျှ မိမိတိုင်းပြည်နှင့် ဝေးလံသည့် နေရာမှ ဖြစ်ပျက်မှုများမှာ မိမိတို့နှင့် ပတ်သက်ရန် ခဲယဉ်းသဖြင့် ပြည်တွင်းသတင်းများကိုသာ ပိုမိုနှစ်သက်ကြသည်။

သတင်းအချက်အလက် စီးဆင်းမှုကို ဦးစားပေးခြင်းနှင့် ချိတ်ဆက်ရန် သတင်းကို ရွေးချယ်ခြင်းပြုလုပ်သည့်အခါ ဆက်စပ်မှုရှိခြင်းမှာ ပြည်သူများအတွက် အရေးကြီးဆုံးဖြစ်သည့် သတင်းသတ်မှတ်စံဖြစ်သည်ဟု လေ့လာမှုက ဖော်ပြသည်။ ထို့အပြင် မီဒီယာတိုက်များ၊ ဂျာနယ်လစ်များ၊ မီဒီယာဖွံ့ဖြိုးရေးအုပ်စုများနှင့် သင်ယူရေး အင်စတီကျူးရှင်းတို့အတွက် အကြံပြုခဲ့သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.