Japanese freelancer Yuki Kitazumi at an anti-coup protest in Yangon in early February. (Facebook / Yuki Kitazumi)
အလွတ်တန်း ဂျပန်သတင်းထောက် ယူကီ ကီတာဇူမီကို ဖေဖော်ဝါရီလဆန်းပိုင်းက ရန်ကုန်မြို့ရှိ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုအတွင်း မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ယူကီ ကီတာဇူမီ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ)

ဂျပန်သတင်းထောက်ကို “သတင်းမှား”ရေးသားဖြန့်ဝေမှုဖြင့် စစ်တပ်က တရားစွဲဆိုထား

လွန်ခဲ့သည့်လက ဖမ်းဆီးခံခဲ့ရသည့် ဂျပန်နိုင်ငံသား အလွတ်တန်းသတင်းထောက် ယူကီကီတာဇူမီသည်ကို သတင်းတု၊ သတင်းမှား ရေးသားဖြန့်ဝေသည်ဟုဆိုကာ စစ်ကောင်စီက မေ၃ရက်၊ အပြည်ပြည်ဆိုင်ရာသတင်းစာလွတ်လပ်ခွင့်နေ့တွင် တရားစွဲဆိုလိုက်သည်။

အေအက်ဖ်ပီ

အာဏာသိမ်းစစ်ကောင်စီသည် လွန်ခဲ့သည့်လက ဖမ်းဆီးခံခဲ့ရသည့် ဂျပန်နိုင်ငံသား အလွတ်တန်းသတင်းထောက် တစ်ဦးကို သတင်းတု၊ သတင်းမှားဖြန့်ဝေသည်ဟုဆိုကာ တရားစွဲဆိုထားကြောင်း စစ်ကောင်စီက မေ၄ရက်တွင် သတင်းထုတ်ပြန်သည်။ ယင်းမှာ စစ်အာဏာသိမ်းစဉ်ကစ၍ မီဒီယာလွတ်လပ်ခွင့်ကို ဖိနှိပ်မှုများအနက်က နောက်ဆုံးထိုးနှက်ချက်တစ်ခုဖြစ်လာသည်။

စစ်ကောင်စီက အလွတ်တန်းဂျပန်သတင်းထောက် ယူကီကီတာဇူမီကို လွန်ခဲ့သည့်လက ၎င်း၏နေအိမ်တိုက်ခန်းတွင် ဖမ်းစီးခဲ့ပြီး အပြည်ပြည်ဆိုင်ရာသတင်းလွတ်လပ်ခွင့်နေ့‌ဖြစ်သော မေ၃ရက်တွင်  သတင်းတု၊ သတင်းမှားများ ရေးသားဖြန့်ဝေသည်ဟုဆိုကာ တရားစွဲဆိုထားကြောင်း ဂျပန်အခြေစိုက် ကျိုဒိုသတင်းဌာနတွင် ဖော်ပြထားသည်။

မည်သည့်ဥပဒေ၊ ပုဒ်မဖြင့် တရားစွဲဆိုသည်ကို အတည်မပြုနိုင်သေးသော်လည်း ၎င်းသည် ရာဇသတ်ကြီး ပုဒ်မ၅၀၅-ကဖြင့် တရားစွဲဆိုခံရနိုင်ခြေရှိသည်။ ဖေဖော်ဝါရီ၁ရက်‌၊ စစ်အာဏာသိမ်းမှုအပြီး “သတင်းအတု၊ သတင်းမှား” ဖြန့်ဝေခြင်းကို သုံးနှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်သည့် ပုဒ်မတစ်ခု အဆိုပါဥပဒေသို့ စစ်ကောင်စီက ဖြည့်စွက်ပြဋ္ဌာန်းခဲ့သည်။

တပ်မတော်၏ အုပ်ချုပ်မှုကို ဝေဖန်၊ ဆန့်ကျင်သည့် လှုပ်ရှားမှုများကို ဖြိုခွင်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် စစ်ကောင်စီက သတင်းသမား ၅၀ဦးခန့်ကို ဖမ်းဆီးထားသည်။ ကီတာဇူမီသည် ၎င်းတို့အနက်က တစ်ဦးဖြစ်သည်။ ဖမ်းဆီးခံထားရသည့် သတင်းသမားများအနက် အတော်များများသည် ပုဒ်မ၅၀၅-ကဖြင့် တရားစွဲဆိုခံထားရသည်။

ရန်ကုန်မြို့ရှိ နိုင်ငံရေးအကျဉ်းသားများကို ဖမ်းဆီးထိန်းသိမ်းလေ့ရှိသော အင်းစိန်ထောင်တွင် ရက်သတ္တပတ်များစွာ ထိန်းသိမ်းခံထားရသော်လည်း ကီတာဇူမီသည် ကျန်းမာရေးကောင်းမွန်ကြောင်း အမည်မဖော်လိုသော မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးအရာရှိတစ်ဦးကို ကိုးကား၍ ကျိုဒိုသတင်းဌာနက သတင်းဖော်ပြသည်။

စစ်အာဏာသိမ်းပြီးနောက် ဧပြီ၁၈ရက် ဖမ်းခံရခြင်းသည် အလွတ်တန်းသတင်းထောက်ကီတာဇူမီအတွက် ဒုတိယအကြိမ် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ၎င်းသည် ဖေဖော်ဝါရီလအတွင်းက ဆန္ဒပြပွဲများကိုသတင်းရယူနေစဉ် ပထမအကြိမ် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသော်လည်း မကြာမီပြန်လည်လွတ်မြောက်ခဲ့သည်။

နှစ်ပေါင်းများစွာ မြန်မာနိုင်ငံအတွက် အကူအညီ၊ အထောက်အပံ့များပေးနေသည့် ဂျပန်နိုင်ငံအစိုးရကမူ ကီတာဇူမီကို ပြန်လွှတ်ပေးရန် စစ်ကောင်စီအား တောင်းဆိုထားသည်။

“ကျနော်တို့ (မြန်မာနိုင်ငံမှာ) ဖမ်းဆီးခံထားရတဲ့ ဂျပန်နိုင်ငံသား မကြာခင်ပြန်လွတ်လာဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်”ဟု  ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆူ မိုတယ်ဂီက ဗြိတိန်နိုင်ငံရောက်ရှိစဉ်အတွင်း ဂျပန်သတင်းထောက်များကို ပြောကြားခဲ့ကြောင်း NHK သတင်းဌာနက ဆိုသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများကို ဖြိုခွင်းမှုအတွင်း ယနေ့အထိ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသည့် ဆန္ဒပြသူဦးရေ ၇၆၆ဦးရှိသွားပြီဖြစ်သည်ဟု စောင့်ကြည့်အဖွဲ့အစည်းတစ်ခုဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ထုတ်ပြန်ထားသည်။

သတင်းသမားများကို ဖမ်းဆီးရုံမက ဆန္ဒပြပွဲအကြမ်းဖက်ဖြိုခွင်းမှုများနှင့်ပတ်သက်၍ သတင်းစီးဆင်းမှု နှောင့်နှေးစေရန် စစ်ကောင်စီသည် လွတ်လပ်သော သတင်းဌာနများကို လုပ်ငန်းလိုင်စင်ပိတ်သိမ်းသည့်အပြင် အင်တာနက် ဆက်သွယ်မှု အမြန်နှုန်းကိုလည်း ကန့်သတ်ထားသည်။

လက်ရှိတွင် သတင်းထောက်အယောက်၅၀ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ၎င်းတို့အနက် ၂၅ဦးသည် တရားစွဲဆိုခံထားရသည်ဟု အေအေပီပီအဖွဲ့က ဆိုသည်။ ထို့ပြင် နောက်ထပ် သတင်းထောက်၂၉ဦးကိုလည်း စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားကြောင်း အဆိုပါအဖွဲ့က ဆိုသည်။

အန္တရာယ်အမျိုးမျိုးရင်ဆိုင်ရသော်လည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပေါ်နေသည်။ အင်္ဂါနေ့နံနက်ပိုင်းက မန္တလေးမြို့နှင့် ကချင်ပြည်နယ်အတွင်းရှိ ဒေသအချို့တွင် မြို့ခံများသည် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။

အတိအကျ သက်သေမပြနိုင်သော်လည်း နိုဝင်ဘာရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သော မဲမသမာမှုကြောင့် ဖေဖော်ဝါရီအာဏာသိမ်းမှုကို ပြုလုပ်ရခြင်းဖြစ်ကြောင်း စစ်ကောင်စီက ကာကွယ်ပြောဆိုလေ့ရှိသည်။ ထို့ပြင် စစ်ကောင်စီသည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပါဝင်သူများအား “ဆူပူသူများ”နှင့် “အကြမ်းဖက်သူများ”ဟု ခေါ်ဆိုသုံးစွဲလေ့ရှိသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.