စုပေါင်းပိုက်ဆံစုကြပြီး ဘဝတွေကို ပြောင်းလဲကြမယ်

ဤကြော်ငြာဆောင်းပါးကို တက်လမ်းစီမံကိန်းက စီစဉ် ရေးသားထားခြင်းဖြစ်သည်။

တက်လမ်းကနေ အသက်သွင်းပေးလိုက်တဲ့ ငွေစုငွေချေးအဖွဲ့ငယ်တွေဟာ ရခိုင်ပြည်နယ်အတွင်းက ဝေးလံခေါင်ဖျားတဲ့ကျေးရွာတွေမှာ အမျိုးသမီးတွေအတွက် လုပ်ပိုင်ခွင့်နဲ့ အစွမ်းအစတွေဖော်ထုတ်ပြသနိုင်ရာ စင်မြင့်တွေဖြစ်လာကြပါတယ်။

MARGARITE CLAREY/ တက်လမ်း ရေးသားသည်။

“ဒီမယ်ရှင့် … ရေတွင်းက ရေခပ်တာ ကျွန်မတာဝန်ချည်းပဲ မဟုတ်ဘူးနော်။ ရှင့်မှာလည်း တာဝန်ရှိတာပဲ”လို့ သူ့ရွာထဲက အမျိုးသမီးတွေဆီကနေ ကြားရတဲ့အသံအတိုင်း မဌေးစိန်က ပြောပြပါတယ်။ သူက ရခိုင်ပြည်နယ်အလယ်ပိုင်း၊ မင်းပြားမြို့နယ်တွင်းက ချဲတောင်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၃၇ နှစ်အရွယ် တက်ကြွထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ထုံးတမ်းစဉ်လာအရ အမျိုးသားတွေသာ အုပ်ချုပ်ရေးပိုင်းတွေမှာ နေရာယူထားကြတဲ့ အသိုင်းအဝိုင်းတွင်းမှာ မဌေးစိန်ဟာ သူ့နေအိမ်မှာဖြစ်စေ၊ လူအများရှေ့မှာဖြစ်စေ ပြောသင့်ပြောထိုက်တာကို ထုတ်ဖော်ပြောဆိုရမှာကို ကြောက်ရွံ့နေတာမျိုး မရှိတော့ပါဘူး။

“ရွာမှာ အမျိုးသမီးတွေဟာ ယောကျ်ားတွေနဲ့တန်းတူ တစ်နေ့လုံး ပင်ပင်ပန်းပန်းအလုပ်လုပ်ကြရတယ်။ ညနေအိမ်ပြန် ရောက်တော့လည်း ကလေးတစ်ဖက်နဲ့ ရေခပ်၊ ထမင်းချက်အလုပ်တွေကို တစ်ယောက်တည်းလုပ်ရတယ်။ အဲဒီအချိန်မှာ ယောက်ျားတွေကတော့ အေးအေးဆေးဆေး နှပ်နေကြတယ်”လို့ မဌေးစိန်က ပြောလိုက်ချိန်မှာ သူ့ဘေးမှာ ဝိုင်းထိုင်နေကြတဲ့ အမျိုးသမီးတစ်သိုက်က ထောက်ခံတဲ့အနေနဲ့ သူတို့ခေါင်းတွေကို ညိမ့်ပြကြပါတယ်။

မဌေးစိန်ဟာ ချဲတောင်ကျေးရွာမှာဖွဲ့စည်းထားတဲ့ သုခအိမ်ငွေစုငွေချေးအသင်း (Village Saving and Loan Association) ရဲ့ ဥက္ကဋ္ဌဖြစ်ပါတယ်။ အသင်းအစည်းအဝေးကို တက်ရောက်လာကြတဲ့ အမျိုးသမီး ၁၅ ဦးဟာ သူတို့ရဲ့ငွေစုငွေချေးကိစ္စထက် ကျား/မတန်းတူညီမျှရေးအကြောင်းကိုသာ ဆွေးနွေးပြောဆိုနေကြပါတယ်။ ဒါဟာ အံ့သြစရာတော့ မဟုတ်ပါဘူး။

ငွေစုငွေချေးအသင်းတွေကို အမျိုးသမီးတွေအတွက်ဆိုပြီး အထူးဒီဇိုင်းရေးဆွဲထားတာမျိုး မဟုတ်ပေမဲ့လည်း တက်လမ်းရဲ့မိတ်ဖက်အဖွဲ့တွေဖြစ်ကြတဲ့ Save the Children နဲ့ International Rescue Committee တို့ရဲ့အကူအညီနဲ့ ဖွဲ့စည်းထားတဲ့ ဒီအသင်းတွေဟာ ရပ်ရွာထဲမှာ ချေးငွေရရှိဖို့အတွက် အမျိုးသားတွေထက်ပိုပြီး အခက်အခဲကြုံကြရတဲ့ ရခိုင်ပြည်နယ်က အမျိုးသမီးတွေကြားမှာ ရေပန်းစားလှပါတယ်။

ရခိုင်ပြည်နယ်တွင်းက မြေပုံ၊ မင်းပြား၊ ပေါက်တောနဲ့ ကျောက်ဖြူမြို့နယ်တွေမှာ ဖွဲ့စည်းထားတဲ့ ကျေးရွာငွေစုငွေချေး အသင်းပေါင်း ၃၇၇ သင်းအနက် အမျိုးသမီးအသင်းဝင်ဦးရေဟာ အမျိုးသားဦးရေထက် ခုနစ်ဆနီးပါးမျှ ပိုများနေပါတယ်။ အမျိုးသားအသင်းဝင်ဦးရေဟာ ၁၂၀၀ သာရှိရာ အမျိုးသမီးဦးရေက ၈၁၀၀ ကျော်ရှိပါတယ်။

ဒါပေမဲ့လည်း ငွေစုငွေချေးအသင်းတွေဖွဲ့စည်းဖို့ တက်လမ်းအဖွဲ့ဝင်တွေ ကျေးရွာတွေအထိဆင်းပြီး စည်းရုံးရေး ဆင်းကြစဉ်က တွေ့ဆုံခဲ့ကြတဲ့သူအများစုဟာ မိသားစုအတွင်းမှာ ငွေကြေးစီမံခန့်ခွဲရပေမဲ့လည်း ဆုံးဖြတ်ချမှတ်ရမယ့် ကိစ္စတွေမှာ ဘေးဖယ်ခံထားရတဲ့ အမျိုးသမီးတွေရဲ့အရေးပါပုံနဲ့ အဖွဲ့ထဲမှာငွေစုခြင်းရဲ့တန်ဖိုးကို လက်မခံနိုင်ကြသလို သူတို့မိသားစုဝင်တွေကိုလည်း အဖွဲ့ထဲမဝင်အောင် တားဆီးခဲ့ကြပါတယ်။

ပေါက်တောမြို့နယ်မှာနေထိုင်တဲ့ ငွေစုငွေချေးအသင်းဝင်တစ်ဦးဟာ သူ့ကုန်စုံဆိုင်လေးအတွင်းမှာ သားငယ်လေးတွေကို စာသင်ကြားပေးနေတာဖြစ်ပါတယ်။ ကျေးရွာငွေစုငွေချေးအသင်းဝင်တွေဟာ စုငွေတွေကို သားသမီးတွေရဲ့ပညာရေးအတွက် အလေးထား သုံးကြပါတယ်။ (ဓာတ်ပုံ - ကောင်းထက်/တက်လမ်း)

ပေါက်တောမြို့နယ်မှာနေထိုင်တဲ့ ငွေစုငွေချေးအသင်းဝင်တစ်ဦးဟာ သူ့ကုန်စုံဆိုင်လေးအတွင်းမှာ သားငယ်လေးတွေကို စာသင်ကြားပေးနေတာဖြစ်ပါတယ်။ ကျေးရွာငွေစုငွေချေးအသင်းဝင်တွေဟာ စုငွေတွေကို သားသမီးတွေရဲ့ပညာရေးအတွက် အလေးထား သုံးကြပါတယ်။ (ဓာတ်ပုံ – ကောင်းထက်/တက်လမ်း)

“ရွာက ငွေစုငွေချေးအသင်းမှာ ကျွန်မ ငွေစစုတော့ ယောကျ်ားရဲ့အငေါက်ကို ခံခဲ့ရတယ်။ သူက ဒါကို ဘာမှ အသုံးမကျ ဘူးလို့ထင်ခဲ့တာ”လို့ မြေပုံမြို့နယ်က မခင်မာစိန်က ပြောပြပါတယ်။ ဒါကြောင့်မို့ ခင်ပွန်းဖြစ်သူကို အသိမပေးဘဲ ဓနိရည်ရောင်းချရာကနေ ရရှိတဲ့ဝင်ငွေထဲက တချို့ကို ငွေစုငွေချေးအသင်းထဲမှာ နှစ်ပတ်လျှင်တစ်ကြိမ်ပါဝင်ပြီး စုဆောင်းခဲ့ပါတယ်။

“အသင်းက နှစ်ပတ်လည်ရှယ်ယာတွေထုတ်ပေးတော့ ကျွန်မရတဲ့ စုငွေနဲ့ အတိုးငွေ ကျပ်နှစ်သိန်းကို ယောက်ျားကို ပြောပြတော့ သူအတော်ကို အံ့အားသင့်သွားတယ်၊ နောက်ထပ်စုဖို့လည်း အားပေးလာတယ်၊ ကျွန်မယောက်ျားက လယ်သမားတစ်ဦးပါ”လို့ မခင်မာစိန်က ပြောပါတယ်။

အခုဆိုရင် ငွေစုငွေချေးအသင်းဝင်တွေဟာ ငွေစုနှစ် တစ်နှစ်ကုန်တိုင်း စုငွေအပြင် အတိုးငွေကိုလည်းရရှိကြပါတယ်။ အဲဒီအတိုးငွေဟာလည်း ပျမ်းမျှအားဖြင့် သူတို့ရနေကြလုပ်အားခတွေရဲ့ နှစ်လကျော်စာလောက်ရှိပါတယ်။

ဒီအတွက်ကြောင့် အတိုးကြီးကြီးနဲ့ ငွေချေးကြသူတွေဆီကနေ ငွေချေးကြတဲ့နှုန်းဟာ သိသိသာသာလျော့ကျသွားပါတယ်။ အဲဒီအစား ကျေးရွာ ၂၀၂ ရွာက အိမ်ထောင်စု ၃၃ ရာခိုင်နှုန်းမှာ ငွေစုငွေးချေးအသင်းတွေရဲ့ချေးငွေကို အသုံးပြုနေကြပြီဖြစ်ပါတယ်။ အကြွေးတွေလျော့ကျသွားပြီး ငွေပိုစုလာနိုင်ခြင်းကြောင့် မိသားစုတွေဟာ ချေးငွေတွေကို ဝမ်းဖူလုံရေးအတွက်သာ သုံးမပစ်ကြတော့ဘဲ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံလာကြပါတယ်။

ပိုမိုကောင်းမွန်စေမယ့် ဘဝအတွက် ရင်းနှီးမြှုပ်နှံကြခြင်း

အိမ်ခြေ ၁၅၀ လောက်ရှိတဲ့ ဘားေ၀ ကျေးရွာထဲမှာ ခဏလှည့်ပတ်ကြည့်လိုက်မယ်လိုဆိုရင် ဝက်ခြံတွေ၊ ဘဲခြံတွေနဲ့ အထည်ဆိုင်ငယ်လေးတွေ၊ ကုန်ခြောက်ဆိုင်ငယ်လေးတွေကို ခြေတံရှည်၊ သက်ကယ်မိုးအိမ်တွေရဲ့အောက်မှာ ဖွင့်လှစ်ထားတာကိုတွေ့မြင်ရပါတယ်။ ဒါဟာ ငွေစုငွေချေးအသင်းတွေရဲ့အောင်မြင်မှုတွေပဲဖြစ်ပြီး ကျေးရွာစီမံကိန်း အတွက် အလှူငွေလိုအပ်တဲ့အခါ ဒီအဖွဲ့ဟာ ထောက်ပံ့လှူဒါန်းနိုင်ခဲ့သလို ဂဏန်းမွေးမြူရေးသမားတွေနဲ့ ငါးဖမ်းသမားတွေ သူတို့ရဲ့စီးပွားလုပ်ငန်းတွေကို ချဲ့ထွင်လိုတဲ့အခါ ငွေစုငွေချေးအဖွဲ့ကနေ အကူအညီ တောင်းခံကြပါတယ်။

“ငွေစုငွေချေးအသင်းတွေ မရှိခင်ကလည်း လူတွေက ငါးတွေ၊ ပုစွန်တွေ မွေးခဲ့ကြတာပါပဲ။ ဒါပေမဲ့ ဘဝက ပိုပြီး ခက်ခဲတယ်၊ လုပ်ငန်းမှာ သုံးဖို့ငွေမရှိဘူး”လို့ အသက် ၃၁ နှစ်အရွယ် မခင်နန်းကြည်က ပြောပါသည်။

သူက မြေပုံမြို့နယ်ထဲမှာရှိတဲ့ ဘားဝေကျေးရွာက ငွေစုငွေချေးအသင်းနှစ်ခုမှာ ဥက္ကဋ္ဌတာဝန်ယူနေသူဖြစ်ပါတယ်။ “ကျွန်မယောက်ျား ငါးဖမ်းပိုက်ဝယ်ဖို့ ကျွန်မ ငွေချေးခဲ့ရတယ်။ ငါးအသေးတွေကို ရွာကဈေးမှာရောင်းပြီး အမြတ်ကို အသင်းမှာ ပြန်စုထားတယ်”လို့ သူက ဆိုပါတယ်။

 height=

height=

“အိမ်ထောင်စုတွေဟာ အသင်းမှာစုထားတဲ့ငွေတွေကို နေ့စဉ် အိမ်သုံးစရိတ်တွေမှာ မသုံးကြတော့ဘူး၊ ရှေ့ရေးကို မျှော်တွေးပြီး နောင်ဝင်ငွေတွေတိုးစေမယ့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်းနဲ့ တစ်နိုင်စီးပွားရေးလေးတွေမှာ ရင်းနှီးရမယ်ဆိုတာ သိလာကြတယ်”လို့ International Rescue Committee/တက်လမ်းမှ ငွေကြေးဝန်ဆောင်မှုမန်နေဂျာ ကိုကျော်စိုးမိုးက ပြောပါတယ်။

Save the Children မှ စားနပ်ရိက္ခာဖူလုံရေးနှင့် အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Mr Nicolas Guillaud က ငွေစုငွေချေးအသင်းဝင်တွေနဲ့ သူတို့ရဲ့အသိုင်းအဝိုင်းကို ထောက်ပံ့ပေးနေတဲ့ ငွေရေးဆိုင်ရာသင်တန်းတွေကြောင့် ရွာသားတွေရဲ့ငွေကြေးသုံးစွဲပုံဟာ ပြောင်းလဲလာတယ်လို့ ဆိုပါတယ်။

လူငယ်တွေ၊ ကလေးတွေနဲ့ လူကြီးတွေ စုစုပေါင်း ၁၄,၀၀၀ နီးပါးခန့်ဟာ သင်တန်းမှာ ပါဝင်ခဲ့ကြပြီး ငွေစုတတ်တဲ့ အလေ့အကျင့်တွေ ရလာကြသလို ချေးငွေတွေကို စီမံတတ်လာပြီး ဦးစားပေးသုံးရမှာတွေကို သိလာကြတယ်လို့လည်း သူက ဆိုပါတယ်။

“ငွေရေးကြေးရေးဆုံးဖြတ်ချက်တွေ ပြုလုပ်ရာမှာ အခြေခံအသိပညာတွေ ရရှိလာခဲ့ကြတယ်”လို့ သူက ဆိုပါတယ်။

“အသင်းဝင်တွေအချင်းချင်းကြားမှာ ယုံကြည်မှုနဲ့ စုစုစည်းစည်းရှိမှုဟာ သိပ်အရေးကြီးပါတယ်။ ဒါဟာ အသင်းဝင်တစ်ဦးစီရဲ့ စွမ်းအားအခြေအနေနဲ့ လိုအပ်ချက်တွေကို ထည့်စဉ်းစားတာကြောင့်မို့လို့ ငွေချေးမှုနဲ့အတူပါလာတဲ့ ငွေကြေး အန္တရာယ်ကို လျော့ပါးစေပါတယ်။ ဒီလိုမျိုးကို အသေးစားငွေချေးလုပ်ငန်း (ဒါမှမဟုတ်) ပိုပြီး formal ပုံစံသွားတဲ့ ငွေကြေးဝန်ဆောင်မှုတွေမှာ ရနိုင်မှာမဟုတ်ပါဘူး”လို့ Guillaud က ဆိုပါတယ်။

ငွေစုငွေချေးအသင်းတိုင်းမှာ လူမှုရေးရန်ပုံငွေရှိပြီး မိသားစုတစ်စုမှာ အရေးပေါ်ကိစ္စတွေ ကြုံလာပါက အတိုးမလိုဘဲ ထုတ်ယူသုံးစွဲနိုင်ပါတယ်။ ဒါဟာ အဖွဲ့ဝင်တွေကြားမှာ စည်းလုံးညီညွတ်မှုကို အားကောင်းလာစေဖို့ ဖန်တီးပေးတာ ဖြစ်ပါတယ်။

အမျိုးသမီးများအတွက် လုပ်ပိုင်ခွင့်တိုးမြှင့်ရရှိလာစေခြင်း

ချေးငွေတွေကို ပြန်လည်ပေးဆပ်နှုန်းမှာ ၉၈ ရာခိုင်နှုန်းအထိရှိလေရာ ဒါဟာ ကောင်းမွန်တဲ့ရလဒ်ပဲဖြစ်ပါတယ်။ သို့ပေမဲ့လည်း အသင်းဝင်အမျိုးသမီးတွေအတွက် အဖွဲ့ရဲ့စည်းလုံးညီညွတ်မှုဟာ ငွေထက်များစွာတန်ဖိုးကြီးမားတဲ့ ရလဒ်ပဲဖြစ်ပါတယ်။

“ငွေစုငွေချေးအဖွဲ့ရှိနေတော့ အမျိုးသမီးတွေကြားမှာ ခိုင်မာတဲ့ကွန်ရက်တစ်ခုရထားတယ်။ တစ်ဦးပြဿနာတွေကို မျှဝေခွင့်ရကြတယ်။ ဒါက စိတ်ဖိစီးမှုတွေကိုလျော့ချရာမှာ အတော်အထောက်အကူရပါတယ်”လို့ ချဲတောင်ကျေးရွာက ငွေစုငွေချေးအဖွဲ့ခေါင်းဆောင် မဌေးစိန်က ပြောပါတယ်။

မင်းပြားမြို့နယ်၊ ကမ်းနီရွာက မသန်းသန်းဦးဟာ ၂၀၁၇ ခုနှစ်မှာ ငွေစုငွေချေးအဖွဲ့ထဲ ဝင်ရောက်ခဲ့ပြီး သူ့ရဲ့ပထမဆုံး ချေးငွေနဲ့ ငါးခြောက်အရောင်းအဝယ်ပြုလုပ်ခဲ့ပါတယ်။ ဒုတိယအကြိမ်ချေးငွေရရှိတဲ့အခါမှာတော့ သူ့လုပ်ငန်းကိုတိုးချဲ့ခဲ့ပြီး သူ့ဒေသမှာ မစိုက်ပျိုးတဲ့ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ဂေါ်ဖီထုပ်နဲ့ အာလူးတို့ကို မကွေးကနေ တင်သွင်းပြီးရောင်းချပါတော့တယ်။ အခုဆိုရင် ကုန်စို၊ ကုန်ခြောက်တွေကို သိုလှောင်ပြီးရောင်းချနိုင်မယ့် ကုန်စည်ပွဲရုံတစ်ခုကို ရင်းနှီးမြှုပ်နှံနိုင်ဖို့လည်း စဉ်းစားနေပြီဖြစ်ပါတယ်။

“ကျွန်မ ဒီအလုပ်ကို ရွေးချယ်ခဲ့တာက နေ့တိုင်းထမင်းစားနေကြတော့ ကြက်သွန်နီ၊ ကြက်သွန်ဖြူလို အခြေခံစားကုန်တွေ အမြဲလိုအပ်နေတာကြောင့်”လို့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလအတွင်းက မင်းပြားမြို့နယ်မှာ တက်လမ်းကနေ ပြုလုပ်ခဲ့တဲ့ အသေးစားစီးပွားရေးလုပ်ငန်းသင်တန်းမှာ ပါဝင်တက်ရောက်ခဲ့တဲ့ မသန်းသန်းဦးက ပြောပါတယ်။

“အခုဆိုရင် လုပ်ငန်းလုပ်ကိုင်ရာမှာ ကိုယ်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိသွားပြီ။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ငန်းက အောင်မြင်တယ်။ ကိုယ်လုပ်နိုင်တာကိုလည်း သိလာတယ်”လို့ သူက ဆိုပါတယ်။

ကိုယ်ပိုင်စီးပွားလုပ်ငန်းကနေ ရရှိတဲ့ဝင်ငွေနဲ့ ယုံကြည်မှုကြောင့် အရေးကြီးတဲ့ကိစ္စရပ်တွေအပေါ် ခင်ပွန်းသည်ဖြစ်သူသာ အမြဲတမ်းဆုံးဖြတ်ချက်ချတတ်တဲ့ သူ့မိသားစုအတွင်းမှာ အပြောင်းအလဲလေးတွေရှိလာတယ်လို့ ဆိုပါတယ်။

“သူက မိသားစုအတွက် ငွေရှာသူဖြစ်တော့ ငွေလည်းသူပဲကိုင်တာပေါ့။ သူ့စကားကို နားထောင်ရတယ်။ အနှိမ်ခံ၊ အဆူခံရတာတွေလည်းရှိတာပေါ့”လို့ အရင်က သူ့မိသားစုအတွင်းပုံစံကို မသန်းသန်းဦးက ပြောပြပါတယ်။

အမျိုးသမီးတွေကို သူတို့ရဲ့မိသားစုငွေကြေးစီမံခန့်ခွဲရာမှာ ပိုမိုအရေးပါသောနေရာမျိုးတွေမှာ ပါဝင်လာနိုင်စေဖို့ ငွေစုငွေချေးအသင်းတွေဟာ လမ်းကြောင်းဖောက်ပေးနေစဉ်မှာ စုပေါင်းဆုံးဖြတ်လုပ်ကိုင်မှုတွေမှာ အမျိုးသမီးတွေ ပါဝင်လာနိုင်မှုကြောင့် ယုံကြည်မှုတွေကို တိုးမြှင့်စေသလို ရပ်ရွာအတွင်းမှာလည်း အပြောင်းအလဲတွေဖြစ်လာစေတယ်လို့ ငွေကြေးဆိုင်ရာကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး တက်လမ်းရဲ့ငွေစုငွေကြေးအသင်းပရိုဂရမ်အတွက် အကြံပေးအဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ Ms Sharon Mosin က ပြောပါတယ်။

“ငွေစုငွေချေးအဖွဲ့ဝင်တစ်ယောက်အနေနဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရတာကြောင့်မို့ လူအများရှေ့မှာ စကားပြောဆိုတတ်လာတာ၊ မေးခွန်းတွေမေးတတ်လာတာ၊ နောက် .. ငွေကြေးကို ကိုင်တွယ်စီမံတတ်လာတဲ့ ထိတွေ့မှုတွေကို ရရှိကြရပါတယ်”လို့ သူက ဆိုပါတယ်။

ငွေစုငွေချေးအဖွဲ့ရဲ့လုပ်ငန်းဆောင်တာမှာ လျှို့ဝှက်မဲပေးစနစ်နဲ့ အဖွဲ့ခေါင်းဆောင်ကို ရွေးချယ်တင်မြှောက်တာက အစပြုလို့ စုငွေ၊ ချေးငွေတွေကို ခွဲခြမ်းပေးတာအထိ ကျား/မ တန်းတူညီမျှမှုမှာ အဖြစ်မနေ ပါဝင်ရမည့် အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။

“ဆုံးဖြတ်ချက်တွေကို အဖွဲ့ဝင်တွေက မကျေနပ်တာရှိရင် မကျေနပ်ကြောင်း ထုတ်ဖော်ပြောဆိုနိုင်တယ်။ သူတို့ အသံတွေက အရေးကြီးပါတယ်။ သူတို့ ဒီလိုထုတ်မပြောရင် လူတိုင်းနစ်နာကြရမယ်ဆိုတာ သူတို့ သဘောပေါက်နား လည်ထားကြတာပါတယ်”လို့ Mosin က ပြောပါတယ်။

လိင်ခွဲခြားဆက်ဆံမှုကို ကိုင်တွယ်ဖြေရှင်းခြင်း

ငွေစုငွေချေးအဖွဲ့ကနေ ရရှိလာတဲ့ကွန်ရက်နဲ့အတူ အမျိုးသမီးတွေဟာ ရပ်ရွာအစည်းအဝေးတွေမှာ ရဲရဲဝံ့ဝံ့နဲ့ ပြောဆိုလာကြသလို သူတို့အရည်အချင်းတွေကိုလည်း ထုတ်ဖော်ပြသလာနိုင်တာကို သက်သေပြသလျက်ရှိပါတယ်။

တက်လမ်းစီမံကိန်းကို အကောင်အထည်ဖော်ဆောင်နေတဲ့ ရခိုင်ပြည်နယ်အလယ်ပိုင်းကျေးရွာတွေက အချက်အလက်တွေကို စောင့်ကြည့်နေတဲ့ရလဒ်တွေအရ ခြောက်နှစ်တာကာလအတွင်းမှာ ရပ်ရွာအသိုင်းအဝိုင်းကနေ ဆုံးဖြတ်ချက်ချမှတ်တဲ့ လုပ်ငန်းစဉ်တွေမှာ ပါဝင်ကြပါတယ်လို့ ပြောကြားကြတဲ့ အမျိုးသမီးအချိုးအစားမှာ ၄၁ ရာခိုင်နှုန်းကနေ ၇၉ ရာခိုင်နှုန်းကို ရောက်ရှိလာခဲ့ပြီး နှစ်ဆနီးပါး မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

“ကျွန်မတို့အသိုင်းအဝိုင်းရဲ့ယဉ်ကျေးမှုအရ အမျိုးသမီးတွေကို အမျိုးသားတွေနဲ့ တန်းတူမဆက်ဆံပါဘူး”လို့ မဌေးစိန်က ပြောပါတယ်။ “ပညာရေးအရဆိုလည်း မိဘတွေက နင်က မီးဖိုချောင်ဝင်မှာပဲဆိုပြီး ငါးတန်း၊ ၆ တန်းဆိုရင်ထွက်တော့။ ယောကျ်ားလေးတွေကိုတော့ ဆက်ထားဖို့ အားပေးတယ်။ အခုဆိုရင် အမျိုးသီးတွေကိုပေးတဲ့ လုပ်အားခဆိုလည်း အမျိုးသားတွေထက် အများကြီးနည်းပါတယ်”လို့လည်း သူက ဆိုပါတယ်။

သူပါဝင်တဲ့ ကျေးရွာငွေစုငွေချေးအသင်းဟာ တက်လမ်းရဲ့အပတ်စဉ် Coffee and Tea ဆွေးနွေးပွဲတွေကို တက်ရောက်ဖို့အတွက် လက်မှတ်ရေးထိုးထားတဲ့ ငွေစုငွေချေးအသင်း ၂၈ သင်းထဲမှာပါဝင်ပြီး အဖွဲ့ဝင်တွေဟာ လိင်ခွဲခြားဆက်ဆံမှု၊ အကြမ်းဖက်မှုတို့နဲ့ပတ်သက်ပြီး ဆွေးနွေးသုံးသပ်မှုတွေပြုလုပ်ကြပါတယ်။ ခြောက်လ သင်ရိုးညွှန်းတမ်းကို အခြေခံပြီး ၂၀၁၈ ခုနှစ်တွင်းမှာ မြေပုံနဲ့ မင်းပြားမြို့နယ်တို့မှာ စတင်မိတ်ဆက်ခ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.