မသန်စွမ်းသူများအတွက် ပိုကောင်းသည့်အလားအလာပေလော

အစိုးရသည် မသန်စွမ်းသည့် နိုင်ငံသားများကို အစိုးရထောက်ပံ့ကြေးရရှိအောင် ဆောင်ရွက်ပေးနိုင်ရေးအတွက် မှတ်ပုံတင်ကတ် ထုတ်ပေးနိုင်ရန် ပြင်ဆင်လျက်ရှိပါသည်။ သို့သော် သည်ထောက်ပံ့ကြေးကိစ္စမှာ မရေမရာ ဖြစ်နေရသည်။

စာသား – ရဲမွန်၊ ဓာတ်ပုံ – သူရဇော်

မြန်မာနိုင်ငံတွင် မသန်စွမ်းဖြစ်နေသူများသည် “မသန်မစွမ်း” (အဓိပ္ပာယ်အားဖြင့် ရုပ်ပိုင်းဆိုင်ရာ အားနည်းပြီး မစွမ်းဆောင်နိုင်သူ) ဟူ၍ ချိုးချိုးနှိမ်နှိမ် ပြောဆိုခံရသော အကန့်အသတ်ပေါ်တွင် ကာလကြာရှည် ရှိနေခဲ့ကြပြီး နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးလက်အောက်၌ သူတို့၏လိုအပ်ချက်များသည် မူဝါဒချမှတ်သူများ၏ လျစ်လျူရှုခံထားခဲ့ရသည်။

မသန်စွမ်းသူများအပေါ် သဘောထားအမြင်များသည် အရပ်သားတဝက် အစိုးရအုပ်ချုပ်ရေး အကူးအပြောင်းနောက်တွင် စတင်တိုးတက်ပြောင်းလဲလာခဲ့သည်။ ၂၀၁၁ ဒီဇင်ဘာတွင် မြန်မာအစိုးရသည် ကမ္ဘာ့ကုလသမဂ္ဂ မသန်စွမ်းသူအခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

ယင်းနောက်ပိုင်းနှစ်များတွင် အရပ်သားအစိုးရသည် မသန်စွမ်းသူများနှင့်ပတ်သက်ပြီး သိရှိမှုတိုးလာစေရန် အားထုတ်ကြိုးပမ်းလာသည်။ ထို့ပြင် သူတို့ရင်ဆိုင်နေရသော စိန်ခေါ်မှုများအတွက် ကူပံ့ပေးနိုင်ရန် ၂၀၁၅ တွင် မြန်မာနိုင်ငံ မသန်စွမ်းသူများဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့သည်။ ဤဥပဒေသည် မြန်မာနိုင်ငံ၏ ပထမဆုံး မသန်စွမ်းသူများဆိုင်ရာ ဥပဒေဖြစ်ပြီး ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ ဦးဆောင်သော မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကိုလည်း ဖွဲ့စည်းခဲ့သည်။

ဤဥပဒေတွင် မသန်စွမ်းသူဆိုသည်ကို အဓိပ္ပာယ်ဖွင့်ဆိုသည်မှာ ရေရှည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ သို့မဟုတ် အာရုံခံအင်္ဂါ ထိခိုက်ပျက်စီးမှု၊ သို့မဟုတ် စကားမပြောနိုင်ခြင်း၊ အမြင်အာရုံချို့ယွင်းခြင်း၊ နားမကြားခြင်း စသည်တို့ကြောင့် လူ့အဖွဲ့အစည်းတွင် ပြည့်ပြည့်ဝဝ လှုပ်ရှားလုပ်ကိုင် ဆောင်ရွက်နိုင်ခြင်းမရှိသူတို့ကို ခေါ်ဆိုသည်။

ဤဥပဒေ၏ ရည်ရွယ်ချက်တွင် မသန်စွမ်းသူများသည် လူ့အခွင့်အရေးများပြည့်ဝစွာရရှိပြီး ကောင်းမွန်စွာ ရှင်သန်နေထိုင်နိုင်ရန်၊ အခြားသူများနှင့် သာတူညီမျှ အခြေခံလွတ်လပ်ခွင့်များရရှိရန်၊ သူတို့၏ ဂုဏ်သိက္ခာကို အသိအမှတ်ပြုခံရရန်၊ မသန်စွမ်းသူတို့၏ လုပ်နိုင်စွမ်းနှင့် စွမ်းဆောင်ရည်တို့ရရှိလာစေရန်၊ ခွဲခြားဆက်ဆံခံရခြင်းတို့မှ လျော့နည်းလာပြီး ဖယ်ရှားပစ်နိုင်ရန်၊ မသန်စွမ်းသူများ အကြမ်းဖက်ခံရခြင်းနှင့် ကိုယ်ကျိုးရှာအမြတ်ထုတ်ခံရခြင်း (အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးများ) တို့မှ အကာအကွယ်ပေးရန် စသည်တို့ပါဝင်သည်။

ဤဥပဒေအရ မသန်စွမ်းသည့်အခြေခံအရ အလုပ်သမားခန့်ထားခြင်းပေါ်တွင် ခွဲခြားဆက်ဆံခံရခြင်းတို့ကို ဟန့်တားပေးနိုင်မည်ဖြစ်ပြီး မသန်စွမ်းသူတို့ကို အလုပ်အကိုင်ခန့်ထားခြင်းအတွက် ကုမ္ပဏီကြီးများကို ချမှတ်ပေးမည့် ခွဲတမ်းပမာဏတို့ကိုလည်း သတ်မှတ်ပေးမည်ဖြစ်သည်။ သို့သော်လည်း ဤအရာတွေကို အမျိုးသားကော်မတီက အရင်ဆုံးဖြတ်ပေးရမည်ဖြစ်သည်။

မသန်စွမ်းသူများကို “မသန်မစွမ်းများဟု” တရားဝင်နှိမ့်ချခေါ်ဝေါ်ခြင်းကို မကြာသေးမီက ပြည်ထောင်စုလွှတ်တော်တွင် အဆိုပြုခဲ့သည်။ မတ်လ ၁၀ ရက် လွှတ်တော်အစည်းအဝေးတွင် ဥပဒေပြုသူများသည် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ဖြည့်စွက်သည့် အဆိုပြုချက် ၁၄ ခုကို မဲခွဲဆုံးဖြတ်ကြရာတွင် အခြေခံဥပဒေထဲ၌ပါဝင်သော ထိခိုက်နစ်နာစေသည့် ပုဒ်အစုကို မသန်စွမ်း (မသန်သော်လည်း စွမ်းပါသည် ဟူသည့်အဓိပ္ပာယ်ဖြင့်) အစားထိုးခဲ့ခြင်းသည် အခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ခြင်းကို အတည်ပြုရန် ကနဦးအစက ၇၅ ရာခိုင်နှုန်း မဲခွဲဆုံးဖြတ်သည့်စနစ်ကို ဖောက်ဖျက်ထားသည့် အဆိုပြုချက် နှစ်ရပ်အနက်မှ တစ်ရပ်ဖြစ်သည်။

အင်းစိန်မြို့နယ်ရှိ မြန်မာခရစ်ယာန်မျက်မမြင်သင်တန်းကျောင်းတွင် အမြင်အာရုံချို့ယွင်းသည့် ကလေးတစ်ဦး လက်ကိုင်တုတ်အကူဖြင့် လမ်းလျှောက်နေစဉ်။ ဓာတ်ပုံ - သူရဇော်

အင်းစိန်မြို့နယ်ရှိ မြန်မာခရစ်ယာန်မျက်မမြင်သင်တန်းကျောင်းတွင် အမြင်အာရုံချို့ယွင်းသည့် ကလေးတစ်ဦး လက်ကိုင်တုတ်အကူဖြင့် လမ်းလျှောက်နေစဉ်။ ဓာတ်ပုံ – သူရဇော်

ပြဋ္ဌာန်းထားသော ဥပဒေအရ ၂၀၁၇ ဒီဇင်ဘာတွင် အစိုးရသည် နှစ်နှစ်အတွင်း မသန်စွမ်းသူများအတွက် မှတ်ပုံတင်ထုတ်ပေးခြင်းကို စတင်လုပ်ဆောင်ရန် လိုအပ်လာသည်။ ဤလုပ်ငန်းစဉ်သည် အချိန်နှောင်းမှ စတင်ဆောင်ရွက်လာနေပြီဖြစ်သည်။

ဤမှတ်ပုံတင်ကတ်သည် ဥပဒေထဲတွင် ပြဋ္ဌာန်းထားသော ခွဲတမ်းစနစ်ထဲက အလုပ်အကိုင်များ၊ သက်မွေးဝမ်ကျောင်း တစ်ခုခုကိုအထူးပြုသော သင်တန်းအစီအစဉ်များ စသည့်ခံစားခွင့်များကို ကတ်ကိုင်ဆောင်ခွင့်ရသူက ရရှိခံစားနိုင်ရန်ရည်ရွယ်သည်။ သို့သော်ငြားလည်း ယင်းသို့ နှစ်စဉ် ငွေသားထောက်ပံ့ကြေးပေးခြင်းကို စတင်မဆောင်ရွက်နိုင်သေးသည့်အပြင် တရားဝင်ပင် မသတ်မှတ်ရသေးပေ။ ဥပဒေထဲတွင် မသန်စွမ်းသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ရယူနိုင်ရန် အခွင့်အရေးများကို အခိုင်အမာဖော်ပြထားသော်လည်း အဆိုပါရပိုင်ခွင့်များရရှိရန် အတားအဆီးများကျော်လွှားရန် စုပေါင်းဆောင်ရွက်ချက်များကိုမူ မလုပ်ဆောင်ရသေးပေ။ ယင်းမှာလည်း သွားလာစရိတ်များကို အခမဲ့နှင့် လျှော့ချပေးသည့် အထောက်အပံ့ မရှိသည့်အတွက်ဖြစ်လေသည်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းဇော်က မှတ်ပုံတင်ရေးလုပ်ငန်းစတင်ရန် ကြန့်ကြာနေရခြင်းမှာ ဘတ်ဂျက်နှင့် ဝန်ထမ်းအသုံးစရိတ်ကြောင့် ဖြစ်သည်ဟုဆိုသည်။

“နိုင်ငံတကာ အဖွဲ့အစည်းတေွက ရန်ပုံငွေထောက်ပံ့ပြီး အကူအညီပေးမယ်ဆိုရင်တော့ ဒီလုပ်ငန်းစဉ်တွေက ချောချောမွေ့မွေ့ ပြီးသွားနိုင်ပါတယ်။ ကျွန်တော်တို့ ဒီစီမံကိန်းတွေအတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အထောက်အပံ့တွေကို ကြိုဆိုပါတယ်” ဟုသူကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးမှ လှိုင်သာယာ၊ ကရင်ပြည်နယ်မှ ဘားအံ၊ ပဲခူးတိုင်းဒေသကြီးမှ ညောင်လေးပင် စသည့် မြို့နယ် ၃ မြို့နယ်ကို ရှေ့ဆောင်လုပ်ငန်းစဉ်အဖြစ် ရွေးချယ်ခဲ့သည်။ ကြိုတင်ပြင်ဆင်ခြင်းအဖြစ် မသန်စွမ်းသူများ၏ အစိုးရ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှင့် ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF တို့သည် မှတ်ပုံတင်ရေး လုပ်ငန်းစဉ်များတွင် လုပ်ကိုင်ရန် တာဝန်ပေးမည့်သူများ (ကြီးကြပ်ရေးမှူးများ) အတွက် လေ့ကျင့်ရေးသင်တန်းကို ဇန်နဝါရီတွင် လှိုင်သာယာတွင်လည်းကောင်း၊ ဖေဖော်ဝါရီတွင် ဘားအံနှင့် ညောင်လေးပင်တွင်လည်းကောင်း စတင်လုပ်ဆောင်ခဲ့သည်။

UNICEF မှ လူမှုအဖွဲ့အစည်းဆိုင်ရာမူဝါဒကျွမ်းကျင်သူ မနန္ဒာအောင်က မှတ်ပုံတင် ကြီးကြပ်ရေးမှူးသင်တန်းမှာ ယခုလအကုန်ခန့်၌ ပြီးတော့မည်ဖြစ်၍ ရှေ့ပြေးဧရိယာ ၃ ခုမှာ မှတ်ပုံတင်ခြင်းများကို မတ်လ နောက်ပိုင်းခန့် စနိုင်မည်ဟု မျှော်လင့်ရကြောင်း ဖေဖော်ဝါရီ ၂၄ ရက်က Frontier ကိုပြောသည်။

၂၀၁၄ သန်းခေါင်စာရင်း အချက်အလက်များကိုအခြေခံသော မသန်စွမ်းသည့်အခြေအနေအလိုက်စာရင်းကို ၂၀၁၇ က ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံတွင် မသန်စွမ်းသူ ၂ ဒသမ ၃ သန်းရှိပြီး ယင်းမှာ လူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်းဖြစ်သည်ကိုတွေ့ရသည်။ ထို့ပြင် ယင်းမှာ “မြန်မာနိုင်ငံတွင် မသန်စွမ်းသူ အမှန်တကယ်တည်ရှိမှုကို လျှော့ပေါ့ခန့်မှန်းထားသည့် ကိန်းဂဏန်းများလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။”

ထိုကောက်ယူထားသော စာရင်းများအနက် အမြင်အာရုံချို့ယွင်းသူ ၅၅,၀၀၀၊ အကြားအာရုံချို့ယွင်းသူ ၄၃,၀၀၀၊ လမ်းလုံးဝမလျှောက်နိုင်သူ ၉၉,၀၀၀ ရှိသည်ကိုတွေ့ရသည်။ စာရင်း၌ မသန်စွမ်းသူများသည် ကျေးလက်ဒေသ၌ ၇၇ ရာခိုင်နှုန်းရှိပြီး အမျိုးသားထက် အမျိုးသမီးက မသန်စွမ်းဖြစ်သူ ပိုမိုများကာ ၁ ဒသမ ၂၅ သန်းနှင့် ၁ ဒသမ ၀၆ သန်းအသီးသီးရှိပြီး သက်ကြီးရွယ်အိုများတွင် ပိုမိုတွေ့ရှိရသည်။

အင်းစိန်မြို့နယ်ရှိ မြန်မာခရစ်ယာန်မျက်မမြင်သင်တန်းကျောင်းတွင် အမြင်အာရုံချို့ယွင်းသည့်ကလေးများ ရေဒီယိုဖွင့်အနားယူနေစဉ်။ ဓာတ်ပုံ - သူရဇော်

အင်းစိန်မြို့နယ်ရှိ မြန်မာခရစ်ယာန်မျက်မမြင်သင်တန်းကျောင်းတွင် အမြင်အာရုံချို့ယွင်းသည့်ကလေးများ ရေဒီယိုဖွင့်အနားယူနေစဉ်။ ဓာတ်ပုံ – သူရဇော်

မှတ်ပုံတင်ရေးလုပ်ငန်း၏ ရည်ရွယ်ချက်ထဲမှ တစ်ရပ်မှာ အမျိုးသား မသန်စွမ်းဦးရေ၏ ပိုမိုပြီးပြည့်စုံသော အချက်အလက်များကို စုဆောင်းနိုင်ရန်ဖြစ်သည်။ သန်းခေါင်စာရင်းကောက်ယူစဉ်က မသန်စွမ်းမှုဆိုင်ရာ မေးခွန်း လေးခု ပါဝင်ခဲ့သည်။ ယင်းတို့မှာ အမြင်အာရုံ၊ အကြားအာရုံ၊ လမ်းလျှောက်နိုင်ခြင်း၊ မှတ်ဉာဏ်၊ သို့မဟုတ် အာရုံစူးစိုက်နိုင်ခြင်းတို့တွင် ထိခိုက်ချို့ယွင်းမှု ရှိမရှိ ဖြေဆိုသူများကို မေးမြန်းခဲ့သည်။

လက်ရှိလုပ်ငန်းစဉ်တွင်မူ ကြီးကြပ်ရေးမှူးများသည် မှတ်ပုံတင်မည့်သူ တစ်ဦးချင်းစီ၏ ၎င်းတို့ရင်ဆိုင်ခံစားနေရသော မသန်စွမ်းမှုကို ပြင်းထန်မှုအလိုက် စာရင်းကောက်ယူမည်ဖြစ်သည်။ မသန်စွမ်းသူများကို မှတ်ပုံတင်ကတ်ထုတ်မပေးခင် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ မှတ်ပုံတင်အရာရှိထံတွင် ထိုသူတို့၏ အသေးစိတ်အချက်အလက်များကို အတည်ပြုချက်ရယူရန် တင်ပြရမည်ဖြစ်သည်။

ထိုသူများကို ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတို့တွင် မှတ်ပုံတင်ပေးမည်ဟု ဦးထွန်းဇော်ကပြောသည်။ သို့သော် ရုံးသို့ မလာရောက်နိုင်သော မသန်စွမ်းသူများကိုတော့ ကြီးကြပ်ရေးမှူးများက အိမ်သို့သွားရောက် ဆောင်ရွက်ပေးမည်ဟုဆိုသည်။

ကြီးကြပ်ရေးမှူးများတွင် လူမှုဝန်ထမ်းဝန်ကြီးဌာနမှဝန်ထမ်းများအပြင် ယင်းဝန်ကြီးဌာန၊ လူမှုအဖွဲ့အစည်းများ၊ ပြည်တွင်း အာဏာပိုင်အဖွဲ့အစည်းများကလျာထားသော စေတနာ့ဝန်ထမ်းလည်း ပါဝင်သည်။ မှတ်ပုံတင်ခြင်းနှင့်အတူ ကြီးကြပ်ရေးမှူးများသည် ထိုလုပ်ငန်းစဉ်အကြောင်းနှင့် ယင်းမှရရှိလာမည့် ခံစားခွင့်များကို ကြိုတင်သိရှိထားရန် လိုအပ်သည်။

ဒေါ်ခင်မာအေး ၄၆ နှစ်သည် လှိုင်သာယာတွင် သင်တန်းတက်ခဲ့သော ကြီးကြပ်ရေးမှူးများထဲမှ တစ်ဦးဖြစ်သည်။ သူ့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးက ကြီးကြပ်ရေးမှူးအဖြစ် ရွေးချယ်ပေးခဲ့သော်လည်း သူ့မှာ ပါဝင်ဆောင်ရွက်ရသည့် သီးသန့်အကြောင်းရင်း ရှိလေသည်။

ဒေါ်ခင်မာအေးတွင် ၂၂ နှစ် နှင့် ၂၅ နှစ် သားနှစ်ယောက်ရှိပြီး နှစ်ဦးစလုံး အော်တစ်ဇင်များဖြစ်သည်။ သူတို့နှစ်ဦးစလုံး အားကစားမှာတော်ပြီး အလုပ်လုပ်နိုင်ကြသည်။ သို့သော် အကြီးဖြစ်သူက ရှစ်တန်းပြီးနောက် ကျောင်းထွက်ခဲ့ရသည်။ အငယ်ဖြစ်သူမှာမူ ကျောင်းလုံးဝမတက်နိုင်ခဲ့ကြောင်း သူကပြောသည်။

“မြန်မာနိုင်ငံက ကျောင်းတွေမှာ မသန်စွမ်းကလေးငယ်တွေအတွက် သင်ရိုးညွှန်းတမ်းတွေမရှိသေးဘူး” ဟု သူက Frontier ကိုပြောသည်။

သူ့သားကြီးသည် ရန်ကုန်က ဟိုတယ်ကြီးတစ်ခုတွင် လုံခြုံရေးအဖြစ် အလုပ်လုပ်ကိုင်ပြီး တစ်လ ဝင်ငွေ ကျပ် ၃၀၀,၀၀၀ ရရှိသော်လည်း ၂၂ နှစ် လူငယ်လေးကတော့ အလုပ်အကိုင်မရှိပေ။

သူ့ကလေးများကို စောင့်ရှောက်ရန် လွန်ခဲ့သည် ဇူလိုင်လက လူမှုဝန်ထမ်းဌာနထံမှ နှစ်စဉ်ထောက်ပံ့ကြေး ကျပ် ၃၀,၀၀၀ ရသည်ဟု ဒေါ်ခင်မာအေးကပြောသည်။

ခံစားခွင့်များ မပေးရသေးခင် ၂၀၁၇ – ၂၈ ဘဏ္ဍာနှစ်ကတည်းက လူမှုဝန်ကြီးဌာနက ယင်းထောက်ပံ့ကြေးကို မသန်စွမ်းသူများ၊ သို့မဟုတ် သူတို့၏မိသားစုဝင်များ၊ သို့မဟုတ် အုပ်ထိန်းသူများအား ထုတ်ပေးလျက်ရှိသည်။ သို့သော် မသန်စွမ်းသူများနှင့် သူတို့၏ မိသားစုဝင်များအားလုံး ကံကောင်းကြသည်တော့မဟုတ်ချေ။ ထိုသို့သော အကူအညီရခြင်းသည်လည်း မရှင်းမလင်းတော့ဖြစ်နေသည်။

“ကျွန်မ ဒီထောက်ပံ့ကြေးရဖို့ ဘယ်လိုဆုံးဖြတ်ကြတယ်တော့ မသိဘူး။ ကျွန်မတို့ရပ်ကွက်ထဲမှာ ထောက်ပံ့ကြေးမရတဲ့ မသန်စွမ်းသူတွေ အတော်များများရှိတယ်။ သူတို့ထဲက တချို့က ကျွန်မကို မနာလိုကြတယ်” ဟု ဒေါ်ခင်မာအေးကပြောသည်။

မှတ်ပုံတင်ကြီးကြပ်ရေးမှူး ဒေါ်ခင်မာအေး။ ဓာတ်ပုံ - သူရဇော်

မှတ်ပုံတင်ကြီးကြပ်ရေးမှူး ဒေါ်ခင်မာအေး။ ဓာတ်ပုံ – သူရဇော်

လူမှုဝန်ထမ်းဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေး က လက်ရှိတွင် ယင်းထောက်ပံ့ကြေးကို လူမည်ရွေ့မည်မျှ ပေးရမည်ဆိုသည့်အချက်အလက်များ ဌာနမှာမရှိကြောင်း Frontier ကိုပြောသည်။ ယင်းတို့ကို အထွေထွေအုပ်ချုပ်ရေးဌာနလက်အောက်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ စုဆောင်းတင်ပြသည့် မသန်စွမ်းသူစာရင်းအရ ပေးနေခြင်းဖြစ်သည်ဟုဆိုသည်။

ဒေါ်စန်းစန်းအေးက မှတ်ပုံတင်လုပ်ငန်းစဉ်ဟူသည် တိုးလာသော နှစ်စဉ်ထောက်ပံ့ကြေး ၁၂၀,၀၀၀ ကို လေး ရစ်ခွဲပြီး မသန်စွမ်းသူများကိုပေးနိုင်ဖို့ ရည်ရွယ်သည်ဟုဆိုသည်။ မှတ်ပုံတင်ကတ်တို့က အနာဂတ်မှာ အစိုးရဦးဆောင်သည့် အလုပ်အကိုင်ဖန်တီးပေးခြင်းတို့တွင် မသန်စွမ်းသူများအတွက် ရည်ရွယ်သည့်သင်တန်း အစီအစဉ်များ(အကောင်အထည် မဖော်ရသေးပေ) မှာ ကတ်ပေးအပ်ခံရသူများ ပါဝင်နိုင်ဖို့ဖြစ်သည်ဟုဆိုသည်။

လှိုင်သာယာမြို့နယ် မြန်မာမသန်စွမ်းသူများအသင်းမှ အတွင်းရေးမှူး ဦးခင်မောင်ဝင်းက လူမှုဝန်ထမ်းဌာနသည် မှတ်ပုံတင်ရေးလုပ်ငန်းများကို မသန်စွမ်းသူများ ပိုမိုသိရှိလာစေရန် အသိပေးခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ဖို့လိုအပ်နေသည်ဟုဆိုသည်။

“မသန်စွမ်းသူအများစုက မှတ်ပုံတင်ကတ်ရှိတဲ့ အကျိုးကျေးဇူးကို မသိကြသေးဘူး” ဟု Frontier ကိုပြောသည်။

ဦးခင်မောင်ဝင်းက အစိုးရက ဝန်ထမ်းများ၏ သဘောထားခံယူချက်များ တိုးတက်လာစေဖို့လည်း အာရုံစိုက်သင့်ကြောင်း ဆိုသည်။

“တချို့အစိုးရဝန်ထမ်းတွေကိုယ်တိုင်က မသန်စွမ်းသူတွေကို ‘မသန်မစွမ်း’လို့ ခေါ်ဝေါ်ပြောဆိုနေကြတုန်းပဲ။ ဒါ သိပ်ဆိုးပါတယ်။ မှတ်ပုံတင်ရေးလုပ်ငန်းမစခင် အစိုးရဝန်ထမ်းတွေကို မသန်စွမ်းသူတွေနဲ့ ဘယ်လို သင့်တင့်လျောက်ပတ်အောင် ဆက်ဆံပြောဆိုရမယ်ဆိုတာ သင်ပေးသင့်တယ်” ဟု သူကဆိုသည်။

လှိုင်သာယာမြို့နယ် မြန်မာမသန်စွမ်းသူများအသင်းမှ အတွင်းရေးမှူး ဦးခင်မောင်ဝင်း။ ဓာတ်ပုံ - သူရဇော်

လှိုင်သာယာမြို့နယ် မြန်မာမသန်စွမ်းသူများအသင်းမှ အတွင်းရေးမှူး ဦးခင်မောင်ဝင်း။ ဓာတ်ပုံ – သူရဇော်

သို့သော် မှတ်ပုံတင်ရေးလုပ်ငန်းများအတွက် လေ့ကျင့်သင်တန်းပေးခြင်းသည် စာနာနားလည်ခြင်းကို အားပေးသော သဘောလက္ခဏာဆောင်လေသည်။

ဇန်နဝါရီလတွင် မှတ်ပုံတင်ကြီးကြပ်ရေးမှူ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.