လူနည်းစုအုပ်ချုပ်တဲ့ အနာဂတ်ပဲလား

နိုဝင်ဘာလမှာသာ အင်န်အယ်လ်ဒီ က ရလဒ်ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့တယ်ဆိုရင် အုပ်ချုပ်ရေးအဖွဲ့ ဟာ ဥပဒေ ပြဋ္ဌာန်းရေးပိုင်းမှာ ပိုမိုအရေးပါတဲ့ အခန်းကဏ္ဍတစ်ရပ်ကို ရယူနိုင်ဖွယ် ရှိပါတယ်။

အဲလက်စ် ဘွတ်ခ်ဘိုင်ဒါ ရေးသားသည်။

တရားဝင်ဆိုပေမယ့် လူတိုင်းသတိပြုမိခဲတဲ့ လှုပ်ရှားမှုတစ်ခုပါ။ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ မြန်မာ့လွှတ်တော်က နိုဝင်ဘာလမှ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံပြင်ဆင်ခြင်းကို ကန့်ကွက်ပယ်ချခဲ့ပါတယ်။

သူ့ရဲ့အခွင့်အရေးတွေက နည်းပါးသွားခဲ့ပြီ ဖြစ်ပေမဲ့လည်း ယခုအခါမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတလောင်းအဖြစ် အရွေးချယ်ခံဖို့ အရည်အချင်းသတ်မှတ်ချက်နဲ့ မညီညွတ်တာက တော့ သေချာသွားပါပြီ။ ယခုအချိန်အထိတော့ မြန်မာ့တပ်မတော်ကို ကျောထောက်နောက်ခံ ပြုထားတဲ့ ဖွဲ့စည်းမှုက အလွန့်အလွန် ရှင်းလင်းစွာ ပြောဆိုနေတာကတော့ မြန်မာ့နိုင်ငံရေးအနာဂတ်မှာ သူ့ရဲ့ အခန်းကဏ္ဍကို မလိုလားဘူး ဆိုတာပဲ ဖြစ်ပါတယ်။ ဒါဆိုရင် သူတို့အတွက် အကဲဆတ်တဲ့ မေးခွန်းဟာ သူက ဘယ်နေရာနဲ့ သင့်တော်မလဲဆိုတာပဲ ဖြစ်ပါတယ်။

 ရွေးကောက်ပွဲကို စီစဉ်ထားတဲ့အတိုင်း ဆက်လက်ဆောင်ရွက်မယ်၊ လွတ်လပ်ပြီး တရားမျှတမယ်ဆိုရင် အင်န်အယ်လ်ဒီ က အပြတ်အသတ် အနိုင်ရဖို့ သေချာသလောက် ရှိပါတယ်။

တပ်မတော်က ခန့်အပ်တဲ့ ကိုယ်စားလှယ်တွေက အထက်လွှတ်တော်(အမျိုးသားလွှတ်တော်)နဲ့ အောက်လွှတ်တော် (ပြည်သူ့လွှတ်တော်)ရဲ့ ၂၅ ရာခိုင်နှုန်းကို ထိန်းသိမ်းသွားမှာ ဖြစ်သလို ဥပဒေပြုရေးအပေါ် ထိရောက်တဲ့ ဗီတိုအာဏာ ကို ဆက်လက် ဆုပ်ကိုင်သွားမှာပါ။

၂၀၁၁ ခုနှစ်ကတည်းက မြန်မာ့အရပ်သား နိုင်ငံရေးလောကအပေါ် လွှမ်းမိုးနေတဲ့ ပြယုဂ်(ပုံရိပ်/ ပုဂ္ဂိုလ်)နှစ်ဦးရှိပါတယ်။ ပါလီမန်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ သမ္မတ ဦးသိန်းစိန်တို့ပဲပါ။ တစ်ခါတစ်ရံမှာ ၎င်းတို့နှစ်ဦးစလုံးအကြားက တင်းမာမှုတွေ မြင့်တက်လာပေမယ့် နှစ်ဦးစလုံးဟာ တပ်မတော်က မောင်းနှင်တဲ့အစီအစဉ်ရဲ့ အမာခံအဖွဲ့ဝင်နှစ်ဦးဖြစ်သလို ယေဘုယျအနေနဲ့ အရေးပါတဲ့ အစီအစဉ်တစ်ရပ်ကို ဆက်လက်ဆောင်ရွက်ဖို့အတွက် တပ်မတော်နဲ့အတူ ၎င်းတို့ နှစ်ဦးစလုံး ပူးပေါင်းဆောင်ရွက်ခဲ့ပြီးပါပြီ။

အင်န်အယ်လ်ဒီ က လွှတ်တော်အမတ်နေရာ အများစုကို နိုင်ခဲ့မယ်ဆိုရင် ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးအကြား တည်ရှိ ဆဲ အာဏာဟန်ချက်ညီမှုက ပျက်ပြယ်သွားပါလိမ့်မယ်။ ဖြစ်နိုင်ခြေရှိတဲ့ ရလဒ်တစ်ခုက တပ်မတော်နဲ့ ရင်းနီးတဲ့ သမ္မတလောင်းတစ်ဦးရဲ့လက်ထဲကို စစ်မှန်တဲ့အာဏာတွေ ရောက်ရှိသွားမယ့် အုပ်ချုပ်ရေးအာဏာဆီကို ကူးပြောင်းမှု တစ်ရပ်ပဲ ဖြစ်ပါတယ်။

မတ်လအတွင်းမှာ ဦးသိန်းစိန်က ဝန်ကြီးဌာနအမျိုးမျိုးကို ပြန်လည်ဖွဲ့စည်းဖို့နဲ့ ပြည်သူ့အုပ်ချုပ်ရေးမူဝါဒ ဖော်ဆောင်ခြင်း လုပ်ငန်းစဉ်ကို ရေးဆွဲဖို့ အမြဲတမ်းအတွင်းဝန်တွေ ခန့်အပ်ကြောင်း ကြေညာခဲ့ပြီး အုပ်ချုပ်ရေးအရ ပြုပြင်ပြောင်းလဲမှု ပြုလုပ်ဖို့ အလွန်အမင်း လိုအပ်နေစဉ်မှာ သည်လို အရေးပါတဲ့ ပြယုဂ်တွေကို လွှတ်တော်နဲ့ တိုင်ပင်ဆွေးနွေးပြီး ခန့်အပ် ရမယ့်အစား သမ္မတအမိန့်အာဏာနဲ့ ရွေးချယ်ခဲ့တာဟာ ရွေးကောက်ပွဲပြီးနောက် ပြုလုပ်မယ့် အနာဂတ် ပြုပြင် ပြောင်းလဲမှုတွေအတွက် ဝမ်းနည်းဖွယ်ရာ နိမိတ်ပုံတစ်ရပ်ပဲ ဖြစ်ပါတယ်။

 မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော အာဏာအရှိဆုံး အုပ်ချုပ်ရေးအဖွဲ့ဟာ ၂၀၁၁ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဖြစ်နိုင်ပြီး အဲသည်ကောင်စီမှာ သူရဦးရွှေမန်းနဲ့ ဦးသိန်းစိန်တို့က တပ်မတော်နဲ့အတူ သုံးပွင့်ဆိုင်မူဝါဒ ချမှတ်ခြင်းရဲ့ သိသာထင်ရှားမှု အရှိဆုံး တရားဝင်ကြားခံအဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

မိမိရဲ့အခိုင်အမာ ချုပ်ကိုင်ထားမှုကို လက်လွှတ်လိုစိတ်မရှိဘူးလို့  ထင်ရတဲ့ တပ်မတော်ကသာ သည်လို အာဏာ ဖွဲ့စည်းမှုကို ဒီအတိုင်းပဲ ဆက်ထားမယ်ဆိုရင် အမှန်တကယ် အာဏာရှိတဲ့အဖွဲ့အဖြစ် ဆောင်ရွက်မယ့် လွှတ်တော်ရဲ့ အခန်းကဏ္ဍကလည်း ရွေးကောက်ပွဲ ပြီးဆုံးပြီးနောက်မှာ လျော့ပါးသွားနိုင်ပါတယ်။

အင်န်အယ်လ်ဒီ အနေနဲ့ တပ်မတော်က လက်ခံမယ့် သမ္မတကိုယ်စားလှယ်လောင်းတစ်ဦး အရွေးချယ်ခံဖို့ ဆောင်ရွက်နိုင်မယ့် အလားအလာ နည်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်းတို့နှစ်ဦးဟာ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးတစ်ရပ်ကို တိုးမြှင့်ခဲ့ပြီး အင်န်အယ်လ်ဒီ အနေနဲ့ ရွေးကောက်ပွဲ ပြီးတဲ့ နောက်မှာ သူရဦးရွှေမန်းကို သမ္မတအဖြစ် ထောက်ခံလိမ့်မယ်ဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေ ထွက်ပေါ်လာပါတယ်။

အထူးသဖြင့် အင်န်အယ်လ်ဒီကသာ ရွေးကောက်ပွဲမှာ ရလဒ်ကောင်းကောင်း ဖော်ဆောင်နိုင်ခဲ့မယ်ဆိုရင် ဒေါ် အောင်ဆန်းစုကြည်အပေါ် အာဏာငြင်းပယ်မှုက ဆိုးရွားတဲ့နိုင်ငံရေးကို ပေါ်ပေါက်စေမှာ ဖြစ်တာကြောင့် သူ့ကို သူရဦးရွှေမန်းရဲ့ နေရာဖြစ်တဲ့ လွှတ်တော်ဥက္ကဋ္ဌရာထူးကို ပေးအပ်ပါလိမ့်မယ်။ သို့ပေမဲ့ မြန်မာ့နိုင်ငံရေးချိန်ခွင်လျှာက အုပ်ချုပ်ရေးအထူး အခွင့်အရေးပေးတဲ့ အနေအထားကို ရောက်ရှိသွားမယ်ဆိုရင် ပြုပြင်ပြောင်းလဲရေးရဲ့ အနာဂတ် အတွက် သူ့ရဲ့ အရှိန်မြှင့်တင်မှုကလည်း အကန့်အသတ် ရှိလာပါလိမ့်မယ်။ ဒါဟာ လွန်ခဲ့တဲ့ကြာသပတေးနေ့ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်မှုက ဖော်ပြနေတဲ့ တပ်မတော်က ဘာလိုချင်သလဲဆိုတဲ့ အမှန်အကန် အခြေအနေ တစ်ရပ်ပါပဲ။

အောင်မင်း ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.