ရှမ်းမြောက်၌ ခင်ပွန်းနှင့်သားများ ပျောက် ပျောက်သွားကြသည်

တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ဖြစ်ပွားသော စစ်ပွဲများ ကြာရှည်လာသည်နှင့်အမျှ အတင်းအကျပ် ဖမ်းဆီးမှုများနှင့် အင်အားသုံး လူသစ်စုဆောင်းမှုများ တိုးမြင့်လာလျက်ရှိသည်ဟု စစ်ဘေးရှောင်စခန်းနေ ပြည်သူများက ပြောကြားသည်။ 

ကလဲရ် ဟမ်မွန် ရေးသားသည်။

လွန်ခဲ့သော သီတင်းနှစ်ပတ်ခန့်က ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့အထက်ပိုင်း တောင်ကုန်းများပေါ်တွင် လူနှစ်ဦး ပျောက်ဆုံးသွားခဲ့သည်။

အိုက်လုံနှင့် ခမ်းလူတို့နှစ်ဦးမှာ ၎င်းတို့ဇနီးသည်များ၊ ကလေးများနှင့် အခြားရှမ်းတိုင်းရင်းသား ၅၁ ဦးတို့နှင့်အတူ ရွှေမေတ္တာ ဘုန်းကြီးကျောင်းတွင် နေထိုင်ခဲ့ကြသည်။ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်၏ တပ်ဖွဲ့ဝင်များသည် ၎င်းတို့ကျေးရွာသို့ ရောက်ရှိလာပြီး လေထဲသို့ သေနတ်များ ပစ်ဖောက်ကာ ၎င်းတို့အား ထွက်ပြေးမလား၊ သို့မဟုတ် အသက်အသေခံရမလားဟု ခြိမ်းချောက်ခဲ့သည့် ဇွန်လအတွင်းက နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။

နိုဝင်ဘာ ၂၀ ရက်တွင်မူ အိုက်လုံနှင့် ခမ်းလူတို့သည် ၎င်းတို့၏ပစ္စည်းများကို သွားကြည့်ရန် မိုင် ၃၀ ခန့် အကွာရှိ ရွာတစ်ရွာမှ ၎င်းတို့၏အိမ်ဟောင်းများရှိရာသို့ ပြန်သွားခဲ့ကြသည်ဟု နမ္မတူ စစ်ဘေးရှောင် ဒုက္ခသည်စခန်း၌ နေထိုင်သူများ၏အဆိုအရ သိရှိရသည်။ စစ်ဘေးရှောင် ဒုက္ခသည်များသည် နေ့အချိန်တွင် အလုပ်လုပ်ရန်၊ သို့မဟုတ် အနီးအနားရှိ ကျေးရွာများသို့ အလည်အပတ်သွားရောက်ရန် စခန်းအပြင်သို့ မကြာခဏ ထွက်တတ်ကြသည်။

အသက် ၅၀ အရွယ် အိုက်လုံသည် နံနက် ၈ နာရီခန့်တွင် ခြေလျင်ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး အသက် ၃၅ နှစ်အရွယ် ခမ်းလူမှာမူ မော်တော်ဆိုင်ကယ်ဖြင့် နံနက် ၁၁ နာရီတွင် ထွက်သွားခဲ့ခြင်း ဖြစ်သည်ဟု ကျေးရွာအကြီးအကဲ ပါခမ်းပေက ဆိုသည်။ သူ့အဆိုအရ ခမ်းလူသည် ညနေ ၄ နာရီခန့်၌ သူ့မိခင်ထံ ဖုန်းဆက်ကာ ၎င်းအား တအာင်းတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်းနှင့် ပန်းဝါကျေးရွာရှိ ရိုမန်ကက်သလစ် ဘုရားရှိခိုးကျောင်းသို့ ခေါ်ဆောင်သွားကြောင်း အသိပေးပြောကြားခဲ့သည်။

ထိုသို့ ဖုန်းဆက်ပြောစဉ်က အိုက်လုံကို သူတွေ့ရှိခဲ့ရကြောင်း ခမ်းလုံက ပြောသည်ဟု ပါခမ်းပေက ဆိုသည်။ ထိုအချိန်မှစ၍ ၎င်း၏ဖုန်းကို ပိတ်ထားခဲ့သည့်ပြင် အိုက်လုံက ထပ်လည်းမဆက်သွယ်တော့ချေ။

ထိုနေ့က ပျောက်ဆုံးသွားသည်မှာ ယင်းရှမ်းအမျိုးသား နှစ်ဦးတည်းသာ မဟုတ်ပေ။ မိုင်းတပ်ရွာတွင်လည်း လူ ၁၂ ဦးကို ဖမ်းဆီးခဲ့သည်ဟူသော သတင်းများ ထွက်ပေါ်ခဲ့ပြီး နောက်တစ်နေ့ နံနက်၌ ၎င်းတို့အမည်များနှင့် မှတ်ပုံတင်အမှတ်များ ပါရှိသည့် လက်ရေးမူစာရင်းကို ရိုက်ကူးထားသည့်  ဓာတ်ပုံများကို နမ္မတူမြို့တွင် ဖြန့်ဝေသွားခဲ့သည်။

နမ္မတူမြို့ခံ တစ်ဦးတလေကမှ လက်သည်တရားခံကို တိတိပပ မသိသော်လည်း ယင်းဖမ်းဆီးမှုမှာ ထိုဒေသတွင် လှုပ်ရှားနေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့သုံးဖွဲ့ဖြစ်သော တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ ရက္ခိုင့်တပ်မတော်နှင့် ကချင်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်တို့အနက်မှ တစ်ဖွဲ့ဖွဲ့ဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည်။

ယင်းအဖွဲ့များသည် ယခုသီတင်းပတ်အစောပိုင်းက စတုတ္ထမြောက်အဖွဲ့ဖြစ်သော ကိုးကန့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်နှင့်အတူ “မြောက်ပိုင်း မဟာမိတ်အဖွဲ့” ဟူသော မဟာမိတ်အင်အားစုကို ဖွဲ့စည်းခဲ့သည်ဟု ကြေညာခဲ့သည်။

နိုဝင်ဘာ ၂၀ ရက်တွင် ရှမ်းပြည်မြောက်ပိုင်းရှိ မြို့အများအပြား၌ ရုတ်တရက်တိုက်ခိုက်မှုများ ဆင်နွှဲခဲ့ပြီး လူရှစ်ဦးကို သတ်ဖြတ်ကာ ၂၉ ဦးကို ထိခိုက်ဒဏ်ရာရအောင် ပစ်ခတ်ခဲ့သည်။ နမ္မတူမြို့တွင်မူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက နမ္မတူနှင့်ဘော်တွင်းလမ်းပေါ်မှ တံတားတစ်စင်းကို ဖောက်ခွဲဖျက်ဆီးခဲ့သည်။

သို့သော် ယခင်သီတင်းပတ်ထဲက တိုက်ခိုက်မှုများမှာ လျော့ကျသွားမည့် အရိပ်အရောင် မတွေ့ရသည့် ရှည်ကြာနေပြီဖြစ်သော သွေးထွက်သံယို ပဋိပက္ခဖြစ်စဉ်များအနက်မှ နောက်ဆုံးပစ်ခတ်မှုသာ ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် တပ်မတော်ကို တိုက်ခိုက်ရန် အမျိုးသားများနှင့် အမျိုးသမီးများအား နှစ်များစွာကတည်းက အင်အားသုံး စုဆောင်းခဲ့ကြပြီး ဖြစ်သကဲ့သို့ အခြားသူပုန်အဖွဲ့များကလည်း အလားတူ ပြုလုပ်ခဲ့ကြသည်ဟု ကျေးရွာသားများက ဆိုသည်။ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များမှာ အင်အားသစ်များ အလွန်အမင်း လိုအပ်နေသည့်အတွက် ၎င်းတို့နှင့် မျိုးနွယ်တူ တိုင်းရင်းသားများကိုသာမက အခြားတိုင်းရင်းသားများကိုလည်း ဖမ်းဆီးခေါ်ဆောင်လျက်ရှိသည်။

“ဒီမှာရှိတဲ့သူတွေက သူပုန်တွေကိုကော စစ်တပ်ကိုကော ကြောက်နေကြရတာပါ” ဟု ဒေသခံ ကုန်သည်ဖြစ်သူ စိုင်းခမ်းကဆိုသည်။

သူပုန်ထဲ ဝင်သွားသည့် သားများရှိသည့် မိသားစုများကို တပ်မတာ်က ခြိမ်းချောက်နှိပ်စက်ကြောင်းနှင့် သူပုန်ထဲဝင်ရန် အတင်းအကျပ် စေခိုင်းခံရသူများလည်း အလားတူနှိပ်စက်ခံရကြောင်း ၎င်းကဆိုသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် ရွာသူရွာသားများကို ဖမ်းဆီးရုံမျှမက စီးပွားရေးလုပ်ငန်းများကို အခွန်ကောက်ခြင်းနှင့် လမ်းကြေးကောက်ခြင်းတို့ကိုလည်း ပြုလုပ်လျက်ရှိပြီး ပေးသွင်းရန် ပျက်ကွက်သူများအား အပြစ်ပေးလေ့ရှိသည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့က ငွေပေးဖို့ ငြင်းဆန်ရင် သူတို့က ညဘက်မှာ ကျွန်တော်တို့ကို လာခေါ်တယ်။ ကျွန်တော်တို့ကို သူတို့သတ်ချင်ရင်လည်း ကျွန်တော်တို့ ဘာမှမတတ်နိုင်ဘူး။ သူတို့က ကျွန်တော်တို့ကို ပစ်ထည့်လိုက်ရုံပါပဲ” ဟု ၎င်းကဆိုသည်။

ခရစ်ယာန်ဘာသာဝင် လီဆူးတိုင်းရင်းသား ၂၀၀ ဝန်းကျင်သည် နမ္မတူမြို့စွန်ရှိ မတ်စောက်ပြီး ဖုန်ထူသည့် တောင်ကုန်းပေါ်မှ နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်းဝင်းရှိ ယာယီစခန်းတစ်ခုတွင် နေထိုင်လျက်ရှိသည်။ ၎င်းတို့သည် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ဝင်များက နေရပ်စွန့်ခွာရန်၊ သို့မဟုတ် ဖြစ်လာသမျှကို ရင်ဆိုင်ရန် နှစ်ရက်မျှ အချိန်ပေးခဲ့သည့် ဇူလိုင်လ ၁၃ ရက်တွင် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြသည်။ 

ခရစ်ယာန်ဘာသာဝင် လီဆူးတိုင်းရင်းသား ၂၀၀ ဝန်းကျင်သည် နမ္မတူမြို့စွန်ရှိ မတ်စောက်ပြီး ဖုန်ထူသည့် တောင်ကုန်းပေါ်မှ နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်းဝင်းရှိ ယာယီစခန်းတစ်ခုတွင် နေထိုင်လျက်ရှိသည်။ ဓာတ်ပုံ - ကလဲရ် ဟမ်မွန်

ခရစ်ယာန်ဘာသာဝင် လီဆူးတိုင်းရင်းသား ၂၀၀ ဝန်းကျင်သည် နမ္မတူမြို့စွန်ရှိ မတ်စောက်ပြီး ဖုန်ထူသည့် တောင်ကုန်းပေါ်မှ နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်းဝင်းရှိ ယာယီစခန်းတစ်ခုတွင် နေထိုင်လျက်ရှိသည်။ ဓာတ်ပုံ – ကလဲရ် ဟမ်မွန်

ပိုမိုတောက်ပသော အနာဂတ်မြန်မာပြည် ဖောင်ဒေးရှင်း the Brighter Future Myanmar Foundation ၏ ပိုစတာအရိပ်အောက်တွင် စခန်းခေါင်းဆောင် ကိုဝမ်လူက ဇွန်လအတွင်း ပျောက်ဆုံးသွားခဲ့သည့် လီဆူးအမျိုးသားဆယ်ဦး၏ အမည်များ၊ ဖခင်အမည်များနှင့် မွေးသက္ကရာဇ်များ အပါအဝင် အသေးစိတ် အချက်အလက်များ ပါရှိသော စာအုပ်လေးကို ရိုက်နှိပ်ခဲ့သည်။ ဟောင်းနွမ်းစုတ်ပြဲနေသည့် ယင်းစာအုပ်၌ ၎င်းတို့၏ နိုင်ငံသား မှတ်ပုံတင်အမှတ်များလည်း ပါရှိသည်။ သို့သော် မိတ္တူများမှာ မှုန်ဝါးဝါးဖြစ်နေပြီး ၎င်းတို့၏ မျက်နှာနှင့်် လက်ဗွေရာများကို ခန့်မှန်းရန် ခက်ခဲစေသည်။

ပျောက်ဆုံးသွားသည့် အမျိုးသားနှစ်ဦး၏ ဖခင် ပြာမာလေး၏ အဆိုအရ ၎င်း၏သားများဖြစ်ကြသည့် လာတာနှင့် ငွါစိဟုလည်း ခေါ်ဆိုသည့် လာလေးတို့အား ဗန်ကောကျေးရွာအနီးတွင် ဇွန်လ ၁၈ ရက်၌ နောက်ဆုံးတွေ့ခဲ့ရသည်ဟု သိရသည်။

“မနက်အစောပိုင်းမှာ လယ်ကွင်းတွေဘက် သူတို့သွားရာကနေ ပြန်ရောက်မလာခဲ့ကြတာပါပဲ။ ညနေပိုင်းရောက်တော့ သားတွေကို မျှော်နေပေမဲ့ သားနှစ်ယောက်ကို သူပုန်တွေခေါ်သွားတယ်လို့ ကျွန်တော်တို့ ကြားခဲ့ရတယ်” ဟု ၎င်းကဆိုသည်။ “သူတို့တွေ သက်ရှိထင်ရှား ရှိနေသေးလား ဆိုတာကို ကျွန်တော်တို့ သိချင်ပါတယ်”

ပျောက်ဆုံးနေသော အမျိုးသား ၁၀ ဦးအား တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်ရပ်စာချုပ်တွင် ယမန်နှစ်က လက်မှတ်ထိုးခဲ့သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) က ဗန်ကောကျေးရွာအနီးရှိ လမ်းကွေ့တစ်နေရာတွင် ဖမ်းခဲ့သည်ဟု စခန်းခေါင်းဆောင်များက ယုံကြည်နေသော်လည်း ၎င်းတို့သတင်းကို ဇွန်လမှစ၍ နမ္မတူ စစ်ဘေးရှောင် စခန်းရှိ မည်သူတစ်ဦးတစ်ယောက်မျှ မကြားကြရတော့ပေ။

“ကျွန်တော်တို့ ကြားမိတာက ဒီတုန်းက အဲ့ဒီ အက်စ်အက်စ်အေ-တောင်ပိုင်း သူပုန်တွေ ဒီအနီးအနားမှာ ရှိနေခဲ့ကြတယ်” ဟု ဗန်ကောရွာသူကြီး ဦးဂိုတာက ပြောသည်။ “ဒါပေမဲ့ ကျွန်တော်တို့ကလေးတွေကို သူတို့  ခေါ်သွားလိမ့်မယ်လို့တော့ ကျွန်တော်တို့ မထင်ခဲ့ကြပါဘူး”

နေအိမ်များလည်း ဆုံးရှုံးစွန့်ခွာခဲ့ရသည့် ၎င်းတို့အဖို့မူ အနာဂတ်မှာ ဝေဝါးမှုန်မှိုင်းလျက်ပင် ရှိသေးသည်။ ကျေးရွာများတွင် ဆက်လက်တိုက်ခိုက်နေရုံမျှမက အခြေအနေများလည်း ပိုမိုဆိုးရွာလာနေသည်ဟု ဦးဂိုတာက ဆိုသည်။ နိုဝင်ဘာ ၂၀ ရက်က မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ ထိုးစစ်သည် လက်နက်ကိုင် ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးအတွက် မျှော်လင့်ချက်များအားလုံး လုံးဝထိခိုက်စေခဲ့သည်။

“လောလောဆယ်အထိတော့ ကျွန်တော်တို့အိမ်တွေကို သူတို့ မဖျက်ဆီးသေးပါဘူး” ဟု ဦးဂိုတာက ဆိုသည်။ “ဒါပေမဲ့ မနက်ဖြန်အတွက်တော့ တပ်အပ်မပြောနိုင်ပါဘူး” ဟုလည်း ထပ်လောင်းပြောကြားသည်။

အောင်မင်း ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လမ်းမပေါ်တွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.