ကရင်ပြည်နယ်၊ ဒေးပူနို့ကျေးရွာတွင် မတ်လအတွင်းက တပ်မတော်၏လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်ဆီးသွားသော အဆောက်အအုံအချို့ကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | Karen Information Center / အေအက်ဖ်ပီ)

အာဏာသိမ်းပြီးနောက် မြင့်တက်လာသည့်တိုက်ပွဲများကြား အရပ်သားထောင်ပေါင်းများစွာ နေရပ်စွန့်ခွာထွက်ပြေးနေရ

စစ်အာဏာသိမ်းမှုအလွန် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား တိုက်ပွဲများကြောင့် အရပ်သားထောင်ပေါင်းများစွာ နေရပ်စွန့်ခွာ ထွက်ပြေးကြရသည်။

ဖရွန်းတီးယားမြန်မာ

အာဏာသိမ်းပြီးနောက် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများတစ်ကျော့ပြန် ပြန်လည်မြင့်တက်လာပြီး ဒေသခံထောင်ပေါင်းများစွာ နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ယမန်နေ့၊ မေ၁၈ရက်တွင် ထုတ်ပြန်သည်။

ကချင်ပြည်နယ်၏ မြို့နယ်၁၃ခုတွင် မတ်လအတွင်း စစ်ကောင်စီ၏ တပ်ဖွဲ့များနှင့် ကချင်လွတ်မြောက်ရေးတပ်မတော်ကြား တိုက်ပွဲပေါင်း ၁၀၀ကျော်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁,၀၀၀ကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်။ အဆိုပါ လူဦးရေ ၁,၀၀၀ကျော်အနက် ၈,၅၀၀ခန့်မှာ လက်ရှိအချိန်အထိ နေရပ်သို့ မပြန်နိုင်သေးပေ။ မေလတွင် တိုက်ပွဲများနှင့် မြေမြှုပ်မိုင်းများကြောင့်  ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ခြောက်ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၁၁ဦးရှိခဲ့သည်။ ထို့ပြင် မတ်လလယ်မှ မေလအထိ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူ အရပ်သား ၃၃ဦးရှိသည်ဟု UNOCA ကထုတ်ပြန်သည်။

အလားတူ  ဇန်နဝါရီမှ စတင်၍ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ခုနစ်ခုတွင် တပ်မတော်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA)၊ တအာင်းအမျိုးသားတပ်မတော်(TNLA)နှင့် ကိုးကန့်တပ်မတော်(MNDAA)တို့ပါဝင်နေသည့် တိုက်ပွဲများကြောင့် ဒေသခံရွာသား ၁၂,၆၄၀ဦး နေရပ်မှထွက်ပြေးတိမ်းရှောင်ခဲ့သည်။

အဆိုပါ တိမ်းရှောင်နေရသူများအနက် ၅,၈၇၀ဦးမှာ သီပေါ၊ ကျောက်မဲ၊ မိုးမိတ်၊ နမ္မတူ၊ နမ့်ခမ်းနှင့် နောင်ချို့မြို့နယ်ရှိ နေရာ၃၃ခုတွင် လက်ရှိအချိန်အထိ ရှောင်တိမ်းနေရဆဲဖြစ်သည်။ တိုက်ပွဲများကြောင့် မေလအတွင်း သေဆုံးသူ အရပ်သားခြောက်ဦးရှိလာပြီဖြစ်သည်။ ဇန်နဝါရီမှ လက်ရှိအချိန်ထိ ရှမ်းပြည်မြောက်ပိုင်းတွင် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူ အရပ်သား ၆၀ဦးအထိရှိခဲ့ပြီး အာဏာသိမ်းသည့် ဖေဖော်ဝါရီ တစ်လတည်းမှာပင် သေဆုံးသူ ၁၄ဦးနှင့် ၂၂ ဦးဒဏ်ရာရခဲ့ပြီး သေဆုံးသူအမြင့်ဆုံးလအဖြစ်မှတ်တမ်းတင်ခဲ့သည်။

ကရင်ပြည်နယ်တွင် မတ်လနှောင်းပိုင်းက တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှုများ စတင်ခဲ့ချိန်မှစ၍ တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံးအကြား တိုက်ပွဲပေါင်း၄၀၀ကျော် ဖြစ်ပွားခဲ့သည်။ ဖေဖော်ဝါရီမှ ဧပြီလနှောင်းပိုင်းတွင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်သူ အရပ်သားဦးရေ ၄၂,၀၀၀အထိ မြင့်တက်ခဲ့သည်။ ဧပြီ၂၇ရက်တွင် ဖြစ်ပွားသည့်တိုက်ပွဲကြောင့် ရွာသား၄,၀၀၀ခန့် ကရင်ပြည်နယ်မှ ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်ခဲ့ရသည်။ မေ ၁၇တွင် အရပ်သား ၁,၇၀၀ကျော်မှာ ထိုင်းနိုင်ငံအတွင်း လုံခြုံစိတ်ချရသည့်နေရာများတွင် နေထိုင်နေရဆဲဖြစ်ပြီး ကျန်စစ်ရှောင်များမှာ မြန်မာနိုင်ငံဘက်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။

အလားတူရခိုင်ပြည်နယ်အတွင်း စစ်တွေနှင့် ပေါက်တောမြို့နယ်တွင်လည်း မေလအစောပိုင်းက ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုကြောင့် လူအချို့သေဆုံးခဲ့သည်။ ပုဏ္ဏကျွန်းနှင့် အမ်းမြို့နယ်တွင် မေ၃ရက်နှင့် မေ၁၅ရက်တွင် မြေမြှုပ်မိုင်းနှင့် အခြားပေါက်ကွဲမှုကြောင့် လူနှစ်ဦးသေဆုံးခဲ့သည်။ မင်းပြားမြို့နယ်တွင်လည်း မေ၇ရက်တွင် အလားတူပေါက်ကွဲမှုကြောင့် အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

ချင်းပြည်နယ်၊ မင်းတပ်တွင်မူ မေ၇မှစတင်ခါ တပ်မတော်နှင့် ဒေသခံပြည်သူကာကွယ်ရေးတပ်(PDF)တို့ကြား တိုက်ပွဲများပြင်းထန်လာခဲ့သည်။ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် လူဦးရေအတိအကျ မသိရသည့်တိုင် စစ်ဘေးရှောင်ဦးရေ ထောင်ဂဏန်းရှိနိုင်သည်ဟု ကုလမသဂ္ဂက ခန့်မှန်းသည်။ ထို့ပြင်သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူများရှိနေပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးရန် လုံခြုံရေးအရ စိန်ခေါ်မှုများရှိနေကြောင်း UNOCHA ကထုတ်ပြန်သည်။

မင်းတပ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကမူ တိုက်ပွဲအတွင်း တပ်မတော်ဘက်က ကျဆုံးသူတွေရှိနေပြီး  CDF အဖွဲ့ဘက်က သေဆုံးသူ လူငယ်ကိုးဦးရှိခဲ့ကြောင်း အတည်ပြုပြောကြားထားသည်။ ချင်းပြည်နယ်ရှိ ဟားခါး၊ မင်းတပ်၊ တီးတိန်၊ ကန်ပက်လက်စသည့် မြို့နယ်များတွင် အာဏာသိမ်းစစ်ကောင်စီကို ဒေသခံလူငယ်များက ရိုးရာလက်လုပ်သေနတ်များဖြင့် ခုခံတိုက်ပွဲဝင်နေကြပြီး စစ်တပ်ဘက်ကလည်း အင်အားအလုံးအရင်းဖြင့် ချေမှုန်းနှိမ်နင်းရန် ကြိုးပမ်းနေသည်။

တိုက်ပွဲများပြင်းထန်ခဲ့သည့် မင်းတပ်မြို့တွင် လက်ရှိအချိန်၌ တပ်မတော်က အင်အားအများအပြားချထားပြီး မြို့ကို လုံခြုံရေးတင်းကျပ်ထားသည်။ စားနပ်ရိက္ခာ၊ ရေနှင့် မီးများလည်း ဖြတ်တောက်ထားကြောင်း ဒေသခံများက ဆိုသည်။ ဟားခါးမြို့တွင်လည်း တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ဘေးရှောင်ဦးရေမှာ ပိုများလာဖွယ်ရှိသည်။

မေ၁၈ရက်တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) အကြီးအကဲ ဖိလစ်ပိုဂရမ်ဒီက မြန်မာနိုင်ငံတွင်  ဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသူများအတွက် နယ်စပ်ဂိတ်များကိုဖွင့်ပေးထားရန် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအား တိုက်တွန်းပြောကြားထားသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.