ကြားဖြတ်ရွေးကောက်ပွဲ လာတော့မည်၊ ဘာကြောင့် စိတ်ဝင်စားသင့်သလဲ

နိုဝင်ဘာ ၃ ရက်နေ့တွင် ပြည်သူလူထုက ရွေးချယ်ကြရမည့် လွှတ်တော်ကိုယ်စားလှယ် ၁၃ နေရာသည် လွှတ်တော်တွင်း အာဏာချိန်ခွင်လျှာကို ပြောင်းလဲ မပစ်နိုင်သော်လည်း နိုင်ငံတလွှားရှိ နိုင်ငံရေးအခြေအနေကိုကို ညွှန်ပြပေးမည့် တိုင်းတာချက်တစ်ခုတော့ ဖြစ်လာနိုင်ပေသည်။

ဘန် ဒူးနန့် ရေးသားသည်။

ပိုမို ပွင့်လင်းလွတ်လပ်သည့် လူ့အဖွဲ့အစည်းကို တည်ဆောက်မည်ဟူသော ကတိစကားဖြင့် ၂၀၁၅ ခုနှစ် နှောင်းပိုင်းတွင် လူထု၏ ရွေးချယ်မှုကို ခံခဲ့ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် လွတ်လပ်စွာ ပြောဆိုခွင့်၊ အစိုးရနှင့် အရပ်ဖက် လူ့အဖွဲ့အစည်းတို့အကြား ထိတွေ့ဆက်ဆံမှုမှအစ မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်း လားရာသည် အဆင်းဘက်သို့ လျှောက်လှမ်းနေပုံရလေသည်။

၂၀၁၅ ခုနှစ်မှ စ၍ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ ပြီးမြောက်အောင်မြင်မှုမှာ နှေးကွေးလွန်းခဲ့သည်။ သတ်မှတ်ကာလအတွင်း ရွေးကောက်ပွဲများကို ယုံကြည်လောက်သော အဆင့်အတန်းဖြင့် ကျင်းပပေးနိုင်ခဲ့ခြင်းတို့လောက်သာ ပြစရာရှိသည်။

နိုဝင်ဘာ ၃ ရက်နေ့တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲသည် လက်ရှိအစိုးရလက်ထက်တွင် ကျင်းပသည့် ဒုတိယမြောက် ကြားဖြတ် ရွေးကောက်ပွဲဖြစ်ပြီး လူထုနှင့် မီဒီယာ၏ စိတ်ဝင်စားမှုကိုမူ သိပ်မတွေ့ရပေ၊ ထို့ကြောင့် အေးအေးချမ်းချမ်းနှင့် တရားမျှတသော ရွေးကောက်ပွဲတစ်ခု ဖြစ်လာလိမ့်မည်ဟုသာ မျှော်လင့်ရပေသည်။

စိတ်ဝင်စားမှု နည်းပါးခြင်းကပင် နိုင်ငံရေးအဆောက်အအုံ မခိုင်ခန့်လှသေးသော နိုင်ငံတစ်နိုင်ငံအတွက် အန္တရာယ် ဖြစ်ပေါ်လာနိုင်ပေသည်။ သို့သော် ကြားဖြတ်ရွေးကောက်ပွဲသည် စိတ်ဖိစီးမှုအတွက် စမ်းသပ်ချက်တစ်ခု မဟုတ်သည်ကတော့ အမှန်ပင်ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်၏ လွှတ်တော်နှစ်ခု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ စုစုပေါင်း ကိုယ်စားလှယ်နေရာ ၁,၁၇၁ ရှိသည့်အနက် ယခုလစ်လပ်နေရာမှာ ၁၃ နေရာမျှသာ ဖြစ်သည်။

ယခုလောလောဆယ်တွင် NLD ဘက်သို့ ဇောက်ထိုးမိုးမျှော် တိမ်းစောင်းနေသော ဥပဒေပြုရေးအာဏာ ချိန်ခွင်ညှာကို ပြောင်းလဲထိခိုက်စေနိုင်မည် မဟုတ်သည့်ပြင် ယခုကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံအနှံ့ ကျော်ကြားထင်ရှား လူသိများသော မည်သည့်ပုဂ္ဂိုလ်မှလည်း ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ချေ။ ဝါရင့်တက်ကြွလှုပ်ရှားသူ ဦးကိုကိုကြီး၏ ပြည်သူ့ပါတီသည် ယခုကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် အချိန်မီ မှတ်ပုံမတင်နိုင်ခဲ့သဖြင့် ပါတီကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည် မဟုတ်ပေ။

သို့ဖြစ်ရာ နိုဝင်ဘာ ၃ ရက်နေ့တွင် မဲပေးခွင့်ရသူ မြန်မာနိုင်ငံသား ၁,၀၇၄,၆၇၂ ဦးမှအပ အခြားသူများက ယခု ကြားဖြတ်ရွေးကောက်ပွဲကို ဒုက္ခရှာ၍ စိတ်ဝင်စားနေသင့်ပါ၏လောဟု မေးစရာရှိနေသည်။

စိတ်ဝင်စားစွာ ဂရုပြုသင့်ပါသည်ဟု Frontier က ဆိုချင်ပါသည်။

ကြားဖြတ်ရွေးကောက်ပွဲကို မြန်မာနိုင်ငံအနှံ့ ပြုလုပ်မည်ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီးတွင် ၃ နေရာ၊ ရန်ကုန်တွင် ၂ နေရာ၊ ချင်းတွင် ၂ နေရာ၊ ပဲခူး၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် တစ်နေရာစီနှင့် ကချင်၊ ရှမ်းနှင့် ရခိုင်ပြည်နယ်တို့တွင် တစ်နေရာစီ အသီးသီး ယှဉ်ပြိုင်ကြရမည်။ သို့ဖြစ်ရာ ဤကြားဖြတ်ရွေးကောက်ပွဲသည် အာဏာရ NLD နှင့် စစ်တပ်၏ မဟာမိတ် အတိုက်အခံပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တို့အကြား  အားစမ်းပွဲသက်သက်မျှသာ မဟုတ်ဘဲ ပို၍ပို၍ ၎င်းတို့ကိုယ်၎င်း ယုံကြည်မှုရှိလာသော တိုင်းရင်းသားပါတီများနှင့် အားစမ်းမည့်ပွဲဟုလည်း ရှုမြင်ရပေသည်။

ဤသို့ဆိုလျှင် မေးစရာရှိလာသည်က အဘယ်ကြောင့် ကြားဖြတ်ရွေးကောက်ပွဲဆိုသည်ကို ပြုလုပ်နေသေးလဲဟု၍ ဖြစ်သည်။

အကြောင်းကမူ လွှတ်တော်ကိုယ်စားလှယ်များ မကြာမကြာ ကွယ်လွန်အနိစ္စ ရောက်ကုန်ကြခြင်းကြောင့်ပင် ဖြစ်သည်။ လစ်လပ်သော ၁၃ နေရာတွင် တစ်နေရာမှ လွဲ၍ ကျန်နေရာအားလုံးမှာ လွှတ်တော်သက်တမ်းမကုန်မီ လွှတ်တော်ကိုယ်စားလှယ် ကွယ်လွန်သွား၍ လစ်လပ်သွားသည့် နေရာများဖြစ်သည်။

တရားနည်းလမ်းကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ မြန်မာနိုင်ငံတွင် သက်ကြီးဝါကြီးများကသာ အုပ်စိုးသောစနစ် အစဉ်အလာ ရှိသည်ဖြစ်ရာ နိုင်ငံရေးသမားတစ်ယောက်သည် မည်မျှပင် ရည်ရွယ်ချက် ဆန္ဒကြီးမားစေကာမူ အသက် ၇၀ အတွင်း မရောက်မချင်း အဆင့်မြင့်ရာထူးနေရာရရန် ခဲယဉ်းလှပေသည်။ ထို့ကြောင့် ရာထူးရပြီး မကြာမီတွင် မရဏလမ်း မြန်းကြရသည်။ မြန်မာနိုင်ငံရေးလောကတွင် လူငယ်ပိုင်းများ ပိုမိုပါဝင်ခွင့်ရလာခဲ့လျှင် ကြားဖြတ်ရွေးကောက်ပွဲများလည်း ပိုမို လျော့နည်းသွားမည်ဟု မျှော်လင့်ရသည်။ ဖြစ်လာနိုင်ဖွယ်တော့ မရှိသေးချေ။ နိုဝင်ဘာ ၃ ရက်နေ့တွင် မည်သည့် တိုင်းရင်းသားများကို စောင့်ကြည့်ရမည်နည်း။

၂၀၁၅ ခုနှစ်က ကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်နေရာ ၁၃ နေရာအနက် NLD က ၁၂ နေရာ အရယူခဲ့သည်။ ရှမ်းပြည်နယ်ရှိ မဲဆန္ဒရှင် ၃၅,၁၆၅ ဦးရှိသော ပြည်သူ့လွှတ်တော် လဲချား မဲဆန္ဒနယ်တွင်သာ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ဆန္ဒမဲအားလုံး၏ ၇၇ ဒသမ ၈ ရာခိုင်နှုန်းကို သိမ်းကြုံးယူသွားခဲ့သည်။ ၂၀၁၇ ကြားဖြတ်တွင်လည်း ရှမ်းပြည်နယ်၌ SNLD ကပင် တောင်ပြိုကမ်းပြိုနိုင်သွားခဲ့ရာ ယခုလည်း SNLD ပင် အနိုင်ရရန် သေချာသလောက်ရှိလေသည်။

ဗမာတိုင်းရင်းသား လူများစုနေထိုင်သော မဲဆန္ဒနယ်များဖြစ်သည့် ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးများတွင် NLD ကသာ ပြတ်ပြတ်သားသား အနိုင်ရဖွယ်ရှိနေသည်။ ဥပမာအားဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင် ၁၂၃,၉၄၃ ဦးရှိသော တာမွေမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ၌ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ကိုယ်စားလှယ်က ဆန္ဒမဲအားလုံး၏ ၈၆ ဒသမ ၈၅ ရာခိုင်နှုန်းကို ရခဲ့ပြီး မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမဲဆန္ဒနယ်-၁ (မဲဆန္ဒရှင် ၇၃,၇၇၆ ဦး)၌ မန္တလေးတိုင်းလွှတ်တော်အတွက် NLD ကိုယ်စားလှယ်က ၇၄ ဒသမ ၄၆ ရာခိုင်နှုန်း ရခဲ့သည်။

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် နေရာများ။

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် နေရာများ။

စစ်တပ် မဲဆန္ဒနယ်များရှိနေသော်လည်း မည်သည့်မဲဆန္ဒနယ်တွင်မှ အပြောင်းအလဲ ရှိလာမည်မဟုတ်ပေ။ စစ်သည်များနှင့် ၎င်းတို့၏ မိသားစုများမှာ USDP ပါတီကိုသာ အများအပြား မဲပေးလိမ့်မည်ဟု မျှော်လင့်ရသည်။ သို့သော်လည်း ကချင်ပြည်နယ်၊ မြစ်ကြီးနားတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိသော်လည်း စစ်သားများထက် ဒေသခံဦးရေက အကြီးအကျယ် ပိုများနေသည်။

ထို့ကြောင့် မည်သည့်နေရာတွင် အစစ်အမှန် ပြိုင်ဆိုင်မှုကို ကျွန်တော်တို့ မျှော်လင့်နိုင်သလဲ။ အများအားဖြင့် တိုင်းရင်းသားပြည်နယ်များတွင် မည်သို့ မျှော်လင့်နိုင်ပါသလဲ။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မဲဆန္ဒနယ်တစ်ခုဖြစ်သည့် ရသေ့တောင် မဲဆန္ဒနယ်-၂ တွင် မဲဆန္ဒရှင် ၉၉,၆၅၆ ဦးရှိနေသည်။

လွန်ခဲ့သည့်နှစ်က စစ်တပ်၏ စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာမူဆလင်အများအပြားက နေအိမ်မှ ထွက်မပြေးမီက ရသေ့တောင်ဒေသတွင် မူဆလင် အများအပြားရှိခဲ့သည်။ သို့သော်လည်း နိုင်ငံသားမဖြစ်သည့်  ရိုဟင်ဂျာ အများအပြားမှာ ၂၀၁၅ ခုနှစ်က မဲပေးခွင့်မရရှိခဲ့ပေ။

မဲပေးနိုင်သည့် ရခိုင်ဗုဒ္ဓဘာသာအများစုက ရခိုင်အမျိုးသားပါတီ(ANP) အတွက် အောင်ပွဲ ပြန်လည်ရယူပေးနိုင်မည်ဟု မျှော်လင့်ရသည်။ ၎င်းပါတီသည် ၂၀၁၅ ခုနှစ်က မဲအားလုံး၏ ၆၂ ဒသမ ၀၇ ရာခိုင်နှုန်းဖြင့် နေရာရခဲ့ပြီး ပြင်းပြသည့် ရခိုင်တိုင်းရင်းသား အမျိုးသားရေးဝါဒကို ဆက်လက်ဆုပ်ကိုင်ထားသည်။ သို့သော်လည်း ထိုရွေးကောက်ပွဲပြီးကတည်းက ပါတီတွင်း အကွဲအပြဲကြောင့် ယခုတစ်ကြိမ်တွင် ANP ၏ အလားအလားမှာ ခက်ခက်ခဲခဲ ဖြတ်သန်းရနိုင်သည်။

ရခိုင်ပါတီနှစ်ခုဖြစ်သည့် ရခိုင်အမျိုးသား တိုးတက်ရေးပါတီ (RNDP) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့သည် ၂၀၁၅ ရွေးကောက်ပွဲ အကြိုကာလတွင် နှစ်ပါတီပူးပေါင်း၍ ရခိုင်အမျိုးသားပါတီ (ANP) အဖြစ် ဖွဲ့စည်းခဲ့ကြသည်။ ANP သည် ရခိုင်တွင် အမတ်နေရာအများဆုံး ဆက်လက်ရရှိနေခဲ့သည်။ သို့သော်လည်း ထိုစဉ်ကပင် သဘောကွဲလွဲမှုများရှိနေခဲ့ပြီး ALD က NLD ဦးဆောင်သည့် ပြည်ထောင်စုအစိုးရနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရေးကို လိုလားခဲ့ရာမှ ပါတီကွဲပြဲမှုကို ဦးတည်စေခဲ့သည်။

ALD က ပါတီတစ်ခုအဖြစ် ပြီးခဲ့သည့်နှစ်က ပြန်လည်မှတ်ပုံတင်ခဲ့ပြီး ရသေ့တောင်တွင် ANP ကိုယှဉ်ပြိုင်မည် ဖြစ်သည်။ ယင်းသို့ အခြေအနေက ရခိုင်အမျိုးသားရေးဝါဒီတို့၏ မဲများ ကွဲသွားစေနိုင်ပြီး မဲအသာရသူနိုင်သည့် မြန်မာနိုင်ငံ ရွေးကောက်ပွဲစနစ်အရ NLD က မဲအသင့်အတင့်အသာဖြင့် အောင်ပွဲရသွားနိုင်သည်။

USDP ပါတီက တိုင်းရင်းသားပါတီများကို အားပေးရမည်ဟူသည့် အကြောင်းပြချက်ဖြင့် ချင်းပြည်နယ်ရှိ မတူပီနှင့် ရှမ်းပြည်နယ်ရှိ လဲချားတို့တွင် ဝင်မပြိုင်ရန် ဆုံးဖြတ်ထားသော်လည်း ချင်းပြည်နယ်၊ ကန်ပက်လက်နှင့် ကချင်ပြည်နယ် မြစ်ကြီးနားတို့တွင်မူ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ကွဲပြားခြင်းထက် တိုင်းရင်းသားအချင်းချင်းကြား ပိုမိုကြီးမားသည့် စည်းလုံးညီညွတ်ရေး လှုပ်ရှားမှုတစ်ခုက မြစ်ကြီးနားကို လွှမ်းခြုံသည့် မဲဆန္ဒရှင် ၁၈၂,၇၀၅  ဦးရှိသော ကချင်ပြည်နယ် အမှတ်-၂ မဲဆန္ဒနယ်၏ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ အခြေအနေကို ပြောင်းလဲစေနိုင်သည်။

တိုင်းရင်းသားများအတွက် တန်းတူညီမျှမှုကို တောင်းဆိုသည့် ကချင်ပါတီ လေးပါတီသည် ပါတီတစ်ခုတည်းအဖြစ် ပေါင်းစည်းရန် သြဂုတ်လက သဘောတူညီခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲများအတွက် ပါတီသစ်အဖြစ် အချိန်မီ မှတ်ပုံမတင်နိုင်ခဲ့သော်လည်း ကချင်ဒီမိုကရက်တစ်ပါတီ (KDP) မှ ကိုယ်စားလှယ်လောင်းတစ်ဦးသည် အခြားပါတီများ၏ ကျောထောက်နောက်ခံဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

မဲများ စုစည်းရရှိခြင်းဖြင့် KDP ကိုယ်စားလှယ်လောင်းသည် ၂၀၁၅ ခုနှစ်က မဲအားလုံး၏ ၄၆ ဒသမ ၆၇ ရာခိုင်နှုန်းဖြင့် နေရာရခဲ့သည့် NLD ကို စိန်ခေါ်နိုင်သည့် အနေအထားသို့ ရောက်ရှိစေမည်ဖြစ်သည်။ သို့သော်လည်း ထိုစဉ်က ကချင်ပါတီလေးခုရရှိခဲ့သည့် စုစုပေါင်း မဲအရေအတွက်မှာ ၃၀ ဒသမ ၈၂ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။

ကချင်ပြည်နယ်တွင် တပ်မတော်၏ထိုးစစ်များနှင့် ပတ်သက်၍ အသံတိတ်နေသည့် NLD အစိုးရနှင့် ပတ်သက်ပြီး ကချင်လူမျိုးများအကြားတွင် KDP ကိုယ်စားလှယ်က အကျိုးအမြတ် ရရှိနိုင်သည်။ သို့သော်လည်း မြစ်ကြီးနားသည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် လူမျိုစုပေါင်းစုံ နေထိုင်သည့် မြို့ကြီးများထဲမှ တစ်မြို့ဖြစ်ပြီး ကချင်မဟုတ်သည့် လူမျိုး အများအပြားလည်း နေထိုင်ကြသည်။

ချင်းပြည်နယ်တွင် အခြေအနေက မကြည်မလင် ဖြစ်နေသည်။ စက်တင်ဘာလက တစ်ပါတီတည်းအဖြစ် ပေါင်းစည်းရန် သဘောတူခဲ့ကြသည့် ချင်းတိုင်းရင်းသားပါတီ သုံးပါတီမှာလည်း ကြားဖြတ်ရွေးကောက်ပွဲများတွင် ၎င်းတို့၏ ပါတီသစ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် နောက်ကျနေပြန်သည်။ သို့သော်လည်း ပြိုင်မည့် နှစ်နေရာဖြစ်သည့် ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒရှင် ၁၁,၅၅၄ ရှိ ကန်ပက်လက်နှင့် ပြည်နယ်လွှတ်တော်တွင် မဲဆန္ဒရှင် ၂၈,၈၀၁ ဦးရှိ မတူပီမဲဆန္ဒနယ်အမှတ်-၁ တို့အတွက် မဟာမိတ်ပြုရေး ကတိကဝတ်မှာ ချောမွေ့ဟန်မရှိပေ။

မတူပီအမှတ်-၁ မဲဆန္ဒနယ်သည် မြင်းနှစ်ကောင်တည်းသာ ယှဉ်ပြိုင်မည့် ပြိုင်ပွဲဖြစ်သည်။ NLD နှင့် ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD) တို့ကသာ ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်းများကို အဆိုပြုထားသည်။

CLD က ကန်ပက်လက်ကို စွန့်လွှတ်မည်ဖြစ်သော်လည်း ပေါင်းစည်းရန် သဘောတူထားသည့် အခြားသော ချင်းပါတီနှစ်ခုဖြစ်သည့် ချင်းအမျိုးသားဒီမိုကရက်ပါတီနှင့် ချင်းတိုးတက်ရေးပါတီတို့က အချင်းချင်း ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

၂၀၁၅ ခုနှစ်က NLD သည် မတူပီမဲဆန္ဒနယ်အမှတ်-၁ တွင် မဲအားလုံး၏ ၄၄ ဒသမ ၂၅ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ကန်ပက်လက်တွင် ၃၇ ဒသမ ၉၄ ရာခိုင်နှုန်းဖြင့်လည်းကောင်း အနိုင်ရခဲ့သည်။ မဲဆန္ဒနယ်နှစ်ခုစလုံးတွင် ပေါင်းစည်း ချင်းပါတီမဲများမှာ မဲ ၃၀ ရာခိုင်နှုန်းအောက်သာ ရရှိခဲ့သည်။ မဟာမိတ်ဖွဲ့ထားသည်ဖြစ်စေ၊ မဖွဲ့သည်ဖြစ်စေ ချင်းပါတီများမှာ ချင်းပြည်နယ်တွင် ရှုံးနိမ့်နေသည်။

သို့သော်လည်း ကြားဖြတ်ရွေးကောက်ပွဲများတွင် လာရောက် မဲပေးမှုက အဓိကသော့ချက် ဖြစ်လိမ့်မည်ဖြစ်သည်။ မဲပေးသူလာရောက်မှု နည်းပါးခြင်းက အပြင်ပန်းအားဖြင့် စိတ်ချရသည့် NLD ၏ နေရာများကိုပင် ထိခိုက်စေနိုင်သည့် အလားအလာ ရှိသည်။ နေရာ ၁၉ နေရာယှဉ်ပြိုင်ခဲ့သည့်  ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများတွင် မဲပေးခွင့်ရှိသူ ၃၄ ရာခိုင်နှုန်းသာ လာရောက်မဲပေးခဲ့ကြသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ၆၉ ရာခိုင်နှုန်းရှိခဲ့ရာမှ ကျဆင်းခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၃ ရက်နေ့တွင် မဲဆွယ်ကာလ တရားဝင် စတင်ပြီးကတည်းက မဲဆွယ်လှုပ်ရှားမှုမှာ ယေဘုယျအားဖြင့် အသံတိတ်နေခဲ့သည်။ စာနယ်ဇင်းများတွင် ဖော်ပြမှုအနည်းငယ်နှင့် မဲဆန္ဒရှင်ပညာပေးရေးကြိုးပမ်းမှုက မရှိသလောက် နည်းပါးနေခဲ့သည်။ မဲပေးရမည့်နေ့တွင် ထောက်ခံသူများကို လာရောက်မဲပေးအောင် အကောင်းဆုံး လုပ်ဆောင်နိုင်သည့် ပါတီများနှင့် ရွေးကောက်ခံ ကိုယ်စားလှယ်များအတွက် အောင်ပွဲများက အသင့်ရှိနေမည်ဖြစ်သည်။

ခေါင်းစီးဓာတ်ပုံ- ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် လမ်းမတော်မြို့နယ်ရှိ မဲရုံတစ်ခု၌ မဲပေးခဲ့သူတစ်ဦးက မဲပေးပြီးနောက် မှင်တို့ထားသည့် ၎င်း၏ လက်သန်းကို ပြသနေစဉ်။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ဟိန်းကိုစိုး ဖြည့်စွက်ရေးသားသည်။

ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.