ပဲခူးက ပန်းပဲဆရာ

ပညာတစ်ပိုင်းတစ်စဖြင့် ကျောင်းထွက်ခဲ့ရသူတစ်ဦးသည် လူ ၁၀၀ ခန့်ကို အလုပ်ခန့်ထားနိုင်သော ပန်းပဲလုပ်ငန်းတစ်ခုကို ပဲခူးရှိ ကျေးလက်ဒေသတစ်ခုတွင် အောင်မြင်စွာ လုပ်ကိုင်လျှက်ရှိသည်။ ၂၀၁၃ ခုနှစ်တွင် သူ၏ ပန်းပဲလုပ်ငန်းသည် နိုင်ငံ၏ အကောင်းဆုံး အသေးစားနှင့် အလတ်စားလုပ်ငန်းအဖြစ် သတ်မှတ်ခံခဲ့ရသည်။

စာသားနှင့် ဓာတ်ပုံ – သောမတ်စ် ကင်း(န်)

သတ္တမတန်းတက်နေစဉ်အတွင်း ဦးအေးဝင်း၏ ဘဝအတွက် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။

သူ၏အမေ ဆုံးသွားသောကြောင့် မိသားစုတွင် ငွေကြေး အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။ သူ၏ အဖေဖြစ်သူက သူ့ကို ကျောင်းဆက်တက်ရန် ပြောသော်လည်း ကျောင်းဆက်တက်ပါက မိသားစုအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်မည်ကို သူက သိရှိခဲ့သည်။

သူအသက် ၁၈ နှစ်ရောက်သောအခါ ပန်းပဲလုပ်ငန်းတစ်ခုကို လုပ်ကိုင်နေပြီဖြစ်သည်။ ထိုပန်းပဲလုပ်ငန်း တည်ထောင်နိုင်ရန် လိုအပ်သော ကျပ် ၁၀ သိန်းခန့် ရရှိစေရန် အိမ်ရှိ နွားများကို ရောင်းချခဲ့ရသည်။ လယ်ယာသုံးကိရိယာ ငါးမျိုးခန့်ကို ထုတ်လုပ်နိုင်ရန် လေ့ကျင့်ခဲ့ခြင်းအားဖြင့် ပုံမှန်ဝင်ငွေ ရရှိလာခဲ့သည်။

iron_workshop-3.jpg

“ကျွန်တော့်အရွယ်တွေအားလုံးက လမ်းထဲမှာ ဘောလုံးကန်နေချိန်မှာ ကျွန်တော်က ဒီသံပန်းပဲလုပ်ငန်းကို လုပ်နေခဲ့တာပါ” ဟု ပဲခူးမြို့ရှိ သူ၏ နေအိမ်တွင် Frontier ကို သူက ပြောပြခဲ့သည်။ သူ၏နေအိမ်သည် ဘုရားကြီးမြို့မြောက်ဘက်ရှိ ရွာသစ်ရွာတွင် တည်ရှိသည်။ “လူကြီးတွေကတော့ ကျွန်တော့်ကို ရည်ညွှန်းပြီး သူ့ကို ကြည့်ထား။ တစ်နေ့ကျ အောင်မြင်တဲ့လူတစ်ယောက် ဖြစ်လာမယ်လို့ ပြောလေ့ရှိကြတယ်” ဟုလည်း သူက ဆိုလေသည်။

ထိုသို့ ပြောကြားကြသည်မှာလည်း မမှားပေ။ ယခုအခါတွင် သူ၏လုပ်ငန်းသည် အလုပ်သမား ၁၀၅ ဦးခန့်ဖြင့် လည်ပတ်နေပြီး ထုတ်ကုန်ပေါင်း ၃၀၀ ကျော် ထုတ်လုပ်နေသည်။ ဦးအေးဝင်းသည် ရေစုပ်စက်မှ ခြံကာသည့် သံဇကာများအထိ ထုတ်လုပ်နေပြီး သူ၏ထုတ်ကုန်များကို အလုပ်ရုံ၏ ပတ်လည် မိုင် ၂၀၀ ခန့်တွင် နှစ်ခြိုက်စွာ အသုံးပြုနေကြသည်ကို တွေ့ခဲ့ရသည်။ သူက မြောင်းအဖုံးများ ပြုလုပ်ပြီး စင်ကာပူသို့ တင်ပို့ရသည်ဟုလည်း ဆိုသည်။

typeof=

၂၀၁၃ ခုနှစ်တွင် အသေးစားနှင့် အလတ်စားလုပ်ငန်း (SME) များအတွက် အစိုးရက ပေးအပ်သော နိုင်ငံတော်အဆင့်ဆုကို ရရှိခဲ့သဖြင့် သူ၏လုပ်ငန်း ပိုမိုတိုးတက်လာခဲ့သည်။ ပဲခူးနှင့် တခြားပြည်နယ်၊ တိုင်းများမှ ဇကာတင်စာရင်းဝင် အယောက် ၃၀ ကျော်ကို ဖြတ်ကျော်ပြီး ရရှိခဲ့ခြင်းဖြစ်သည်။ ထိုဆုရရှိခဲ့သောကြောင့် သူ့ကို နိုင်ငံတွင်းရှိ စက်မှုဇုန်များမှ လုပ်ငန်းများက သိရှိလာပြီး အော်ဒါများ ပိုမိုရရှိလာခဲ့သည်။

ဦးအေးဝင်းသည် သူ၏အောင်မြင်မှုအတွက် ဂုဏ်ယူနေသူလည်း ဖြစ်သည်။ သမ္မတဦးသိန်းစိန်ကပေးအပ်သော ထိုဆုကို လက်ခံရယူနေသည့် ဓာတ်ပုံကို သူ့အိမ်ခန်းနံရံတွင် ချိတ်ဆွဲထားသည်။ ကမ္ဘောဇအုပ်စု၏ ဥက္ကဋ္ဌဦးအောင်ကိုဝင်းနှင့် တွဲကာ ရိုက်ကူးထားသော ဓာတ်ပုံကိုလည်း တွေ့ရသည်။

iron_workshop-1.jpg

ပန်းပဲလုပ်ငန်းပိုင်ရှင် ဦးအေးဝင်း။ ဓာတ်ပုံ-သောမတ်စ်ကင်း(န်)

သူ၏ ထိုသို့အောင်မြင်မှုက “ပညာအရည်အချင်း ကင်းမဲ့မှုသည် လူတစ်ယောက်၏ဘဝကို ခက်ခဲအောင် မလုပ်နိုင်” ဆိုသည်ကို သက်သေပြနေသည်။ ကလေးအများစုက အထက်တန်းပညာရေးပင် မသင်ကြားဖူးသော ဤနိုင်ငံတွင် ၎င်းမှာ တွန်းအားတစ်ခုပင် ဖြစ်သည်။

သူ့အာင်မြင်မှု၏ လျှို့ဝှက်ချက်မှာ ရိုးရှင်းလှသည်။ ဗီဇအရည်အသွေးဆိုသည်မှာ တစ်ရာခိုင်နှုန်းမျှသာ အရေးပါသည်။ ကျန် ၉၉ ရာခိုင်နှုန်းက ဇွဲကောင်းကောင်းဖြင့် ကြိုးစားခြင်း ဖြစ်သည်။ ရိုးသားပြီး ရည်မှန်းချက်ထားကာ အကောင်းဆုံး ကြိုးစားလျှင် မည်သူမဆို အောင်မြင်နိုင်သည်ဆိုသည်ကို ပြသနေသည်။

typeof=

ဦးအေးဝင်း၏အလုပ်ရုံသည် သူ့နေအိမ်၏ နောက်ဖေးတွင် တည်ရှိသည်။ အလုပ်ရုံ၏အလယ်တွင် ရှည်လျားသော စည်ကြီးတစ်ခုရှိပြီး မီးလျှံများသည် အပေါ်သို့ ထိုးတက်နေသည်။ အလုပ်သမားများက အရည်ကျိုမည့် ပစ္စည်းများကို ခြင်းများဖြင့် သယ်လာပြီး မီးဖိုထဲသို့ ပစ်ထည့်နေသည်။ မီးရှိန်က ပူသည်ကိုပင် သတိမထားနိုင်ကြပေ။

အရည်ကျိုသည့် လုပ်ငန်းစဉ်မှာမူ ရိုးရှင်းလှသည်။ လိုအပ်သော သံရည်ပူရရှိလာပါက မီးဖိုကိုစောင်းပြီး ပုံးတစ်ခုထဲသို့ သံရည်ပူများကို လောင်းထည့်ရသည်။ သံရည်ပူများဖြင့် ပုံးကို အလုပ်ရုံထဲအထိ ပြန်သယ်သွားပြီး မြေဖြင့် ပုံသွင်းထားသော  မိုခွက်များထဲကို ထည့်သွင်းရသည်။

iron_workshop-17.jpg

ထိုပုံစံခွက်၏ အပေါ်ဘက်တွင် သံရည်ပူများကို လောင်းချရန် အပေါက်တစ်ခု ပါရှိသည်။ သံရည်ပူက အေးသွားသောအခါ မီးခိုးငွေ့များ ထွက်လာပြီး တစ်စက္ကန့် နှစ်စက္ကန့်အတွင်းမှာပင် သံရည်ပူသည် နီဝါရောင်မှ မီးခိုးရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ အေးခဲသွားသောအခါ ပုံစံခွက်ကို ဖယ်ရှားပြီး အထဲမှ ပစ္စည်းကို ထုတ်ယူကာ အချောသတ်ခြင်းနှင့် ဆေးသုတ်ခြင်းများကို ပြုလုပ်ရသည်။

typeof=

ထိုသို့ လုပ်ဆောင်မှုအဆင့်တိုင်းတွင် ဘေးကင်းလုံခြုံစေမည့် အကာအရံဝတ်စုံများကို အလုပ်သမားများက  ဝတ်ဆင်ထားခြင်း မရှိပေ။ သံရည်ပူပုံးကို ကိုင်ဆောင်ရသော အလုပ်သမားများ အားလုံးမှာ သာမာန်အဝတ်အစားပင် လုံခြုံစွာ ဝတ်ဆင်ထားခြင်း မရှိပေ။ အကာအကွယ်ပေးသော ဘွတ်ဖိနပ်များ၊ လက်အိတ်များလည်း လုံးဝမပါရှိပေ။

iron_workshop-7.jpg

ဤဆောင်းပါးအတွက် ဓာတ်ပုံရိုက်ကူးစဉ်တွင် အလုပ်ကြပ်က ကျွန်တော့်ကို သတိထားဟု လှမ်းပြောလိုက်သည်။ ကျွန်တော်အောက်ကို ငုံ့မကြည့်ခင်မှာပင် ရာဘာညော်နံ့ကို ရလိုက်သည်။ ကျွန်တော်၏ ရှူးဖိနပ်က ယခုမှချထားသော သံရည်ပူပုံစံခွက်နှင့် ထိမိနေသဖြင့် ဖိနပ်မီးလောင်နေခြင်းဖြစ်သည်။

typeof=

ခေတ်မီနည်းပညာများဖြင့် လုပ်ဆောင်မှုလည်း တစ်ခုမှ မပါဝင်ပေ။ ထိုသို့ဆိုလျှင် ဦးအေးဝင်းသည် နိုင်ငံခြားမှ တင်သွင်းသော ဈေးချိုသည့် ထုတ်ကုန်များကို မည်သို့ ယှဉ်ပြိုင်မည်နည်း။

“ကျွန်တော့်မှာ အားသာချက်တစ်ချို့ ရှိပါတယ်” ဟု ဦးအေးဝင်းကဆိုသည်။ “တစ်ခုက အလုပ်ရုံရဲ့ တည်နေရာပဲ။ စက်မှုဇုန်ထဲမှာ လုပ်ရတာမဟုတ်တော့ မြေအတွက် ဈေးချိုတယ်။ ပဲခူးမြို့နယ် ကျေးလက်ဒေသက အလုပ်သမားတွေက မြို့ကြီးတွေထက် လုပ်အားခ သက်သာတယ်” ဟုသူက ပြောသည်။ ဦးအေးဝင်းက တစ်နေ့လျှင် ကျပ် ၇,၀၀၀ ပေးသော အလုပ်သမား တစ်ယောက်သည် ရန်ကုန်တွင် ကျပ် ၁၀,၀၀၀ အထိ ရရှိနိုင်သည်။

iron_workshop-29.jpg

အရည်ကျိုမည့် ကုန်ကြမ်းများကို သေချာစွာ ရွေးချယ်ဝယ်ယူခြင်းဖြင့်လည်း သူ၏ ထုတ်ကုန်အရည်အသွေး ကောင်းမွန်အောင် ထိန်းသိမ်းထားသည်။

typeof=

ကျေးလက်ဒေသတွင် ထိုကဲ့သို့ ကုန်ကြမ်းများက ပေါများလှသည်။ အရည်ကျိုပစ္စည်း ဝယ်သူများက သူ့ထံ လာရောက် ရောင်းချကြသည်။ ရန်ကုန်အထိ သယ်ယူပြီး ရောင်းချပါက ပို့ဆောင်စရိတ် ကုန်ကျသဖြင့် ဦးအေးဝင်းထံတွင် ၂၀ ရာခိုင်နှုန်း ဈေးလျော့ပြီး ရောင်းချလေ့ရှိကြသည်။

typeof=

ကျေးလက်စီးပွားရေးအတွက် အကျိုးရှိစေမည့် ထုတ်ကုန်များကိုလည်း ဦးအေးဝင်းက ထုတ်လုပ် ရောင်းချနေသည်။ မီးဖိုများ၊ ရေစုပ်စက်နှင့် ထွန်စက်အစိတ်အပိုင်း အပိုပစ္စည်းများမှသည် အပ်ချုပ်စက် အပိုပစ္စည်းများအထိ ထုတ်လုပ် ရောင်းချသည်။ မြန်မာနိုင်ငံ ကျေးလက်ဒေသရှိ အိမ်တိုင်းအတွက် အပိုဝင်ငွေရရှိစေရန် ၎င်းပစ္စည်းများ မရှိမဖြစ် လိုအပ်သည်။

typeof=

အရည်အသွေးမြင့်သော မူလီများနှင့် တံခါးမင်းတုံးများ၊ မော်တော်ယာဉ်အစိတ်အပိုင်းများ ထုတ်လုပ်ရန်အတွက် ခေတ်မီစက်ကိရိယာများ ဝယ်ယူရန်လည်း ဦးအေးဝင်းက ငွေကြေး စုဆောင်းလျက်ရှိသည်။ မြန်မာနိုင်ငံရှိ အခြားသော SMEs များကဲ့သို့ပင် လိုအပ်သော အရင်းအနှီးရရှိရန် ခက်ခဲလျက်ရှိသည်။

“ကျွန်တော့်မှာ စိန်ခေါ်မှုတွေ အများကြီး ကျန်သေးတယ်။ ကျွန်တော့်ရဲ့ အလုပ်ရုံကို အဆင့်မြှင့်တင်ချင်တယ်။ အရင်းအနှီးငွေတွေ လိုအပ်တယ်။ ဒါပေမယ့် လိုလျှင်ကြံဆနည်းလမ်းရလာပါလိမ့်မယ်” ဟု သူက ဆိုလေသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။  

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.