“မျှတမှုရှိတဲ့အချက်ကို အာမခံဖို့ အရေးကြီးတယ်” ဗစ်ကီ ဘိုးမင်း

ပီတာ ဂျင်ဆင် ရေးသားသည်။

ဗစ်ကီ ဘိုးမင်းဟာ ၂၀၁၃ အောက်တိုဘာလအတွင်း  မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန MCRB ရဲ့ ဒါရိုက်တာဖြစ်လာချိန်မှာ သူဟာ မြန်မာနိုင်ငံနဲ့ စိမ်းတဲ့သူတစ်ဦး မဟုတ်တော့ပါဘူး။ သူဟာ ၁၉၉၀ ကနေ ၁၉၉၃ ခုနှစ်အထိ ဗြိတိသျှသံရုံးမှာ ဒုတိယ အတွင်းဝန်အနေနဲ့ တာဝန်ထမ်းခဲ့ပြီး ၂၀၀၂ ကနေ ၂၀၀၆ ခုနှစ်အထိ  ဗြိတိသျှ သံအမတ်အဖြစ် တာဝန်ထမ်းခဲ့သူ တစ်ဦး ဖြစ်ပါတယ်။

ဗြိတိသျှ နိုင်ငံခြားရေးနဲ့ ဓနသဟာယ ရုံးအဖွဲ့မှာ စီးပွားရေးဆိုင်ရာ ဒါရိုက်တာအဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် မစ္စ ဘိုးမင်းဟာ အင်္ဂလို-သြစတြေးလျ ဖက်စပ် သံထည်နှင့် သတ္တုတွင်း လုပ်ငန်းကြီးဖြစ်တဲ့ Rio Tinto မှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီကုမ္ပဏီက ကုလသမဂ္ဂကနေ လုပ်ငန်းနဲ့ လူ့အခွင့်အရေးအတွက် ချမှတ်ပေးထားတဲ့ စည်းမျဉ်းများအတိုင်း လုပ်ဆောင်နိုင်ဖို့ကို သူက တာဝန်ယူ ကြီးကြပ်ပေးခဲ့တာ ဖြစ်ပါတယ်။ မြန်မာဘာသာစကား ကျွမ်းကျင်ပြီး နာမည်ကျော် မြန်မာ အနုပညာရှင်တစ်ဦးဖြစ်တဲ့ ဦးထိန်လင်းနဲ့ လက်ထပ်ထားတဲ့ မစ္စ ဘိုးမင်းဟာ ကဏ္ဍမျိုးစုံနဲ့ပတ်သက်ပြီး Frontier က ပီတာ ဂျင်ဆင်နဲ့ အင်တာဗျူး ဖြေကြားခဲ့ပါတယ်။

MCRB ဟာ အခုဆိုရင် လုပ်ငန်းလည်ပတ်တာ ၂ နှစ်ကျော်ခဲ့ပြီလို့ သိရပါတယ်၊ ဒီကြားထဲ ဘယ်လိုအောင်မြင်မှုတွေ ရခဲ့ပါလဲ။

ကျွန်မတို့ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကမ္ဘာလှည့်ခရီးသွားလာရေးနဲ့ အိုင်စီတီတို့လို ကဏ္ဍတော်တော်များများရဲ့ အသေးစိတ် အချက်အလက်တွေကို လေ့လာနိုင်ခဲ့ပြီး သူတို့ရဲ့ စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိဖို့ အဓိက စိန်ခေါ်မှုတွေနဲ့ လိုအပ်ချက်တွေကို မီးမောင်းထိုးပြနိုင်ခဲ့ပါတယ်။ ကျွန်မတို့ဟာ ဒီကဏ္ဍတွေထဲက မူဝါဒ၊ စည်းမျဉ်းနဲ့ လူမှုရေးရာ စိန်ခေါ်မှုတွေ အားလုံးနီးပါးကို ဖော်ထုတ်ချပြနိုင်ခဲ့ပြီး အရင်တုန်းက မလုပ်ခဲ့ဖူးတဲ့ ဘယ်လိုနိုင်ငံတကာ စံနှုန်းနဲ့ ဘယ်လိုအလေ့အကျင့်ကောင်းတွေက ကိုက်ညီမှုရှိတယ် ဆိုတာကိုလည်း ပြသပေးနိုင်ခဲ့ပါတယ်။

အနောက်နိုင်ငံ ကုမ္ပဏီတွေတင်မက တရုတ်နဲ့ အာရှကုမ္ပဏီတွေဟာ သူတို့ကုမ္ပဏီတွေရဲ့ အခြေအနေ၊ ပါဝင်သက်ဆိုင်သူတွေကို ဆက်ဆံရမယ့် အခြေအနေတွေနဲ့ပတ်သက်ပြီး တိုင်ပင်ဖို့အတွက်  ကျွန်မတို့ဆီ လာကြပါတယ်။ ကျွန်မတို့ဟာ သီလဝါ အထူးစီးပွားရေးဇုန်အတွက် အဲဒီကိစ္စတွေကို ကူညီပေးခဲ့ပါတယ်။ သီလဝါစီးပွားရေးဇုန်ကိစ္စမှာ ကျွန်မတို့ဟာ အစိုးရ၊ ကုမ္ပဏီတွေနဲ့ တခြားအဖွဲ့ဝင်တွေ၊ ပြီးတော့ အင်န်ဂျီအိုတွေနဲ့ ဂျိုက်ကာJICA တို့ကို စုစည်းပြီး အငြင်းပွားဖွယ် မမျှတဲ့အခြေအနေအတွက် အဖြေရှာ ဆွေးနွေနိုင်ဖို့ကို ကူညီပေးခဲ့ပါတယ်။

ဦးသိန်းစိန်အစိုးရက MCRB ကနေ အကြံဉာဏ် ရယူဖို့ ဘယ်လိုလက်ခံခဲ့သလဲ။

တကယ်လို့ လိုအပ်တဲ့အချိန်မှာ အလုပ်ဖြစ်တဲ့ ရလဒ်တွေကို ကမ်းလှမ်းနိုင်မယ်ဆိုရင် သူတို့လက်ခံကြပါတယ်။ အစိုးရရဲ့ အဓိကကျတဲ့ ပုဂ္ဂိုလ်တွေက အလုပ်များတဲ့သူတွေပါ။ သူတို့က လက်ရှိ ဘာပြဿ     နာ တက်နေတယ် ဆိုတာကိုပဲ ပြောပြောနေတဲ့ အင်န်ဂျီအိုတွေရဲ့ စကားတွေကို နားထောင်ဖို့ အချိန်မရှိကြပါဘူး။ တကယ်လက်တွေ့ကျပြီး သူတို့ကို ကူညီဖြေရှင်းပေးနိုင်မယ့်သူတွေကိုသာ လက်ခံလိုကြပါတယ်။

ကျွန်မတို့က အစိုးရအနေနဲ့ လုပ်ငန်းတွေမှာ ပိုပြီးတာဝန်ရှိဖို့ ဘာတွေလိုအပ်သလဲဆိုတာ ထောက်ပြပါတယ်။ ဥပမာ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး လုပ်ငန်းတစ်ခုအနေနဲ့ ဘယ်လို လိုအပ်ချက်တွေကို စံထားရမလဲဆိုတာမျိုး ဖြစ်ပါတယ်။ ကျွန်မတို့ဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးမျှဝေမှု သဘောတူညီချက်တွေရဲ့ အချက်အလက် ပြောင်းလဲမှုတွေကို အကြံပေးနိုင်ခဲ့သလို ရင်းနှီးမြုပ်နှံမှုဥပဒေနဲ့ ကုမ္ပဏီများဥပဒေ မူကြမ်း၊ တယ်လီကွန်း ပင်မစီမံကိန်းတွေအတွက် အကြံပေးနိုင်ခဲ့ပြီး အစိုးရကလည်း လက်ခံခဲ့ပါတယ်။

ဒါ့အပြင် သူတို့ဟာ ကျွန်မတို့စီစဉ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ ကမ္ဘာလှည့် ခရီးသွားလာရေးကဏ္ဍတွေကြား သဘာဝပတ်ဝန်းကျင် အကျိုးသက်ရောက်မှုEIA၊ အဖွဲ့အစည်းများကြား ဆက်ဆံရေးနှင့် အငြင်းပွားမှုကိစ္စများဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲမှာ အစိုးရက တက်ရောက်ခဲ့ပါတယ်။ ပြီးတော့ စီးပွားရေးလုပ်ငန်းနဲ့ လူမှုအဖွဲ့အစည်းများကြားက ဒီလိုကိစ္စတွေကို ဆွေးနွေးရာမှာလည်း သူတို့အနေနဲ့ ပထမဆုံး ပွင့်ပွင့်လင်းလင်း ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

ဆက်သွယ်ရေးနဲ့ နိုင်ငံခြားဘဏ်လိုင်စင်တွေ ချထားတဲ့နေရာမှာ တရားမျှတမှုရှိပြီး ပွင့်လင်းမြင်သာခဲ့တဲ့အတွက် ဦးသိန်းစိန် အစိုးရက နာမည်ကောင်းရခဲ့ပါတယ်။ ဒါဟာ အနာဂတ်မှာ တခြားလိုင်စင် ချထားပေးမှုတွေအတွက် စံနမူနာဖြစ်လာနိုင်မလား။

ဟုတ်ပါတယ်၊ ကျွန်မတို့လည်း ဒီလိုင်စင်ချထားမှုတွေဟာ အကောင်းဆုံး လုပ်ဆောင်ချက်တွေ ဖြစ်တယ်ဆိုတာ လက်ခံပြီး ကောင်းမွန်တဲ့စမ်းသပ်မှု တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒါတွေကို နိုင်ငံခြားကုမ္ပဏီတွေ ပါဝင်လာလို့ မျှတမှုရှိခဲ့တယ်လို့ မမြင်သင့်ပါဘူး။ ဒါတွေဟာ မြန်မာကုမ္ပဏီတွေအတွက်လည်း အလားတူ အရေးကြီးပါတယ်။

ဆက်သွယ်ရေးနဲ့ ဘဏ်လုပ်ငန်းလိုင်စင်ကိစ္စတွေကို အကောင်းဆုံး ခွဲခြားလုပ်ဆောင်နိုင်ခဲ့တာက နိုင်ငံတကာ အကြံပေးအဖွဲ့တွေကို အစိုးရက အကောင်းဆုံး အသုံးချနိုင်ခဲ့လို့ ဖြစ်ပါတယ်။ သူတို့ဟာ အတွေ့အကြုံရှိတဲ့ ပြင်ပအဖွဲ့အစည်းတွေကို အသေးစိတ်အချက်အလက်တွေ လုပ်ခိုင်းခဲ့တဲ့အတွက် လုပ်ငန်းစဉ်တွေက ပိုမြန်ပြီး ပိုအကျိုးဖြစ်ခဲ့တယ်။ ဒီလိုလုပ်ခဲ့တာကြောင့်လည်း ဒီလုပ်ငန်းစဉ်တွေဟာ လက်ရှိနိုင်ငံတကာစံနှုန်းနဲ့ ကိုက်ညီပြီး လိုင်စင်လျှောက်ထားသူတွေရဲ့ ယုံကြည်မှုကိုလည်း ရရှိခဲ့ပါတယ်။

နောက်တစ်ချက်ကတော့ ဆက်သွယ်ရေးကဏ္ဍမှာပါ။ အဲဒီကဏ္ဍမှာဆိုရင် အစိုးရဟာ ဘယ်လိုင်စင်ရဲ့ အချက်အလက်ကို ချပြသင့်လဲဆိုပြီး အမျိုးအစား ခွဲခြားခဲ့ပါတယ်။ ဒီလိုလုပ်ခဲ့တာကြောင့် ဘယ်နိုင်ငံက ဒီနိုင်ငံမှာ ဘယ်လိုအောင်မြင်မှုမျိုးရဖို့ ကြိုးစားနေသလဲ သိရတယ်၊ အထူးသဖြင့် တာဝန်ယူမှုရှိတဲ့လုပ်ငန်း၊ လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှုနဲ့ လူမှုကွန်ရက် ရင်းနှီးမြုပ်နှံမှုတွေ အပါအဝင်ပေ့ါ။

နောက်ဆုံးလုပ်ခဲ့တဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ ကမ်းလှမ်းလိုက်လျောမှုမှာ ဘာတွေပိုကောင်းအောင် လုပ်နိုင်မလဲ။

ကမ်းလှမ်းမှုအခြေအနေကို အများပြည်သူကို မထုတ်ပြန်ခဲ့ပါဘူး။ ကျွန်မတို့ သိရသလောက်ကတော့ ရေနံနဲ့သဘာဝဓာတ်ငွေ့နယ်ပယ်နဲ့ပတ်သက်ပြီး အရေးကြီးတာတွေဖြစ်တဲ့ လုံခြုံစိတ်ချမှု၊ လူမှုအဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ပတ်ဝန်းကျင်ကာကွယ်မှုတွေနဲ့ ပတ်သက်ပြီး ကုမ္ပဏီတွေကို ထူးထူးခြားခြား တောင်းဆိုခဲ့တာ မရှိပါဘူး။

ကုမ္ပဏီတွေအားလုံးကို တပြိုင်တည်း တင်ဒါခေါ်ယူခဲ့တာက အစိုးရကနေ ဆွေးနွေးမှုတိုင်းကို အောင်အောင်မြင်မြင် ကိုင်တွယ်နိုင်ခဲ့တဲ့ အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကုမ္ပဏီတွေဟာ တစ်ချိန်တည်းမှာပဲ အကုန်လှုပ်ရှားခဲ့ရတယ်။ အစိုးရဟာ ကံကောင်းထောက်မစွာနဲ့ပဲ “မြန်မာ့ရှေ့ဆောင်”တွေရဲ့ စိတ်ဝင်စားမှုကိုရခဲ့ပြီး ၂၀၁၃ ခုနှစ်က ရှိခဲ့တဲ့ ရေနံဈေးကလည်း ဒီကနေ့ဈေးထက် ၃ ဆကျော် ရှိခဲ့ပါတယ်။ အခုအချိန် တစ်ခုခုကို တင်ဒါခေါ်ခဲ့ရင် လာတင်တဲ့သူ အများအပြားရဖို့ မသေချာနိုင်ပါဘူး။

နောက်ထပ် ပြဿ     နာတစ်ခုကတော့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကလုပ်တဲ့ ထုတ်လုပ်ခွဲဝေမှု စာချုပ် (PSC) မူကြမ်းမှာ အစိုးရဌာနတွင်း အကြံပေးလုပ်ဆောင်မှုမျိုး မမြင်ခဲ့ရတာပါပဲ။ ဥပမာဆိုရင် PSC ထဲက EIA လိုအပ်ချက်တွေက သေချာရေရာမှု မရှိသလို မြန်မာ့ရင်းနှီးမြုပ်နှံမှုကော်မရှင် ဒါမှမဟုတ် သဘာဝပတ်ဝန်းကျင်နှင့် သစ်တောစောင့်ကြည့်ရေး ဝန်ကြီးဌာန(MOECAF) က ဘာတွေ လိုအပ်တောင်းဆိုသလဲ ဆိုတာကိုလည်း သိအောင်မလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ကုမ္ပဏီတွေဟာ EIA လိုအပ်ချက်တွေ ဖြေရှင်းဖို့ ရှုပ်ထွေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သဘောတူစာချုပ်ထဲမှာ ပါဝင်ခဲ့တဲ့ ကုမ္ပဏီတွေအပါအဝင် ပြင်ပလုပ်ငန်းတွေဆီကလည်း ဘာတုံ့ပြန်သံမှ MOGE က မတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ တင်ဒါကိစ္စ ဆွေးနွေတဲ့နေရာနဲ့ ကုမ္ပဏီတွေအတွက် အချက်အလက် ထုတ်ပြန်ရာမှာ မလိုအပ်ဘဲ အချိန်တွေ အများကြီး ကုန်ခဲ့ရပါတယ်။

ဦးသိန်းစိန်အစိုးရက စီမံကိန်းသစ်တွေအတွက် EIA လုပ်ငန်းစဉ်တွေကို အတည်ပြုပေးခဲ့တယ်၊ သူတို့က လက်ရှိလုပ်ဆောင်နေတဲ့ စီမံကိန်းတွေမှာပါ အကျုံးဝင်နိုင်မလား။

ဒီနေရာမှာ ဥပဒေအတိုင်း လုပ်ဆောင်နိုင်ပုံ ၂ ခု ရှိပါတယ်။ တစ်ခုကတော့ EIA လုပ်ငန်းစဉ်ကိုယ်တိုင်ပါပဲ။ ဒီထဲမှာ EIA တွေအနေနဲ့ ပတ်ဝန်းကျင် စီမံခန့်ခွဲရေး စီမံကိန်းEMP နဲ့ပတ်သက်ပြီး သင့်တော်တဲ့ လုပ်ဆောင်မှုနဲ့ အကျိုးဆက်တွေ အားလုံးအတွက် အားကိုးနိုင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အကြံပေးမှုတွေလည်း လိုအပ်ပါလိမ့်မယ်။ ဒါဟာ လုံးဝပြည့်စုံဖို့ လိုပါတယ်။ လုပ်ငန်းစဉ်က EIA က ဖော်ပြထားတဲ့အချက်တွေ လိုအပ်လိမ့်မယ်။ ဥပမာ ကုမ္ပဏီတွေအနေနဲ့ ဝန်ကြီးဌာနကို EIA ပို့ပြီး ၁၅ ရက်ကြာပြီးရင် အများကို ထုတ်ပြန်ကြေညာမယ်၊ တုံ့ပြန်မှု မှတ်ချက်တွေ စုဆောင်းရမယ့်အချက် ဖြစ်ပါတယ်။

တကယ်လို့ အချက်အလက်တွေကို ဖွင့်ချလိုက်မယ်၊ အများက ဝေဖန်ဆန်းစစ် မှတ်ချက်ပေးတာမျိုးကို ခွင့်ပြုထားမယ်ဆိုရင် ဒါက ပိုကောင်းတဲ့ စံနှုန်းတစ်ခု ဖြစ်ပါတယ်။ ကျွန်မသိခဲ့တဲ့ တချို့ မြန်မာနဲ့ နိုင်ငံတကာ အကြံပေးအဖွဲ့တွေရဲ့ EIA တွေကတော့ ပြင်ပကို သတင်းအချက်အလက် ထုတ်ပြန်တာ မရှိခဲ့ပါဘူး။ ဒါဟာ လုံးဝမသင့်တော်တဲ့ ကိစ္စပါပဲ။

ဝန်ကြီးဌာနအနေနဲ့ သူတို့ကို တုံ့ပြန်ဖြေရှင်းနိုင်စွမ်း ရှိရမှာဖြစ်ပြီး လုပ်ငန်းထဲမှာ ပါဝင်နေသူတွေကလည်း မှတ်ချက်တွေကိုဖတ်ပြီး ပြန်ဖြေနိုင်စွမ်းရှိဖို့ လိုပါလိမ့်မယ်။ တစ်ခါတလေ ကျွန်မစဉ်းစားမိတာက ကျွန်မဟာ လက်ပံတောင်း EIA ကို ဖတ်ခဲ့တဲ့ အစိုးရနဲ့ ကုမ္ပဏီပြင်ပက လူတစ်ဦး ဖြစ်ပြီး အဲဒါကလည်း သိပ်မဆိုးတဲ့ EIA ပါပဲ။ ဒါပေမယ့် EIA ထဲမှာ စီမံကိန်းနဲ့ပတ်သက်လို့ ပိုပြီးအသေးစိတ်တဲ့ စီမံခန့်ခွဲမှု လုပ်ငန်းစဉ်တွေ ပါဝင်ဖို့ လိုအပ်နေပါတယ်။

ဒုတိယအချက်ကတော့ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု လုပ်ငန်းစဉ်အတွက် လုပ်ဆောင်ရမှာတွေပဲ ဖြစ်ပါတယ်။ ဒါကို MOECAF က ကောင်းကောင်း မလုပ်နိုင်ပါဘူး။ အကောင်းဆုံး လုပ်နိုင်မယ့်နည်းကတော့ နေပြည်တော်ကနေ လူ့စွမ်းအားအရင်းအမြစ် ထောက်ပံ့ခြင်း၊ နိုင်ငံရေးအရ ထောက်ကူခြင်းနဲ့ သူတို့ရဲ့ စည်းမျဉ်းစည်းကမ်း ထိန်းကွပ်ရေးလုပ်ငန်းစဉ် လည်ပတ်နိုင်ဖို့ နည်းပညာ ကူပံ့ပေးခြင်းတို့ ဖြစ်ပါတယ်။

EMP ကြောင့် အစိုးရအနေနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှု ကာကွယ်ရေး နိုင်ငံတကာ စံနှုန်းတွေကို မိတ်ဆက် ပေးသွားနိုင်လိမ့်မယ်။ ဒီလိုအပ်ချက်တွေက မြန်မာ့ဥပဒေမှာ မရှိသေးတဲ့အချက်ပါပဲ။ သူတို့အနေနဲ့ ဒါကို စတင်ကျင့်သုံးတဲ့နေရမှာ ခွဲခြားဆက်ဆံတဲ့နည်း မဖြစ်ဖို့ အရေးကြီးပါတယ်။ အစိုးရအနေနဲ့ ကဏ္ဍတစ်ခုထဲမှာ စီမံကိန်းအားလုံးအတွက် တူညီတဲ့စံနှုန်းတွေထားဖို့ လိုအပ်ပြီး နိုင်ငံခြား စီမံကိန်းတွေ၊ ၂၀၁၆ ကနေ ရှေ့ရှောက်လုပ်မယ့် စီမံကိန်းတွေသာမက အားလုံးဆီကပါ လိုအပ်ပါလိမ့်မယ်။

Vicky Bowman, director of the Myanmar Centre for Responsible Business. (Maro Verli / Frontier)

Vicky Bowman, director of the Myanmar Centre for Responsible Business. (Maro Verli / Frontier)

နောက်တက်လာမယ့်အစိုးရအနေနဲ့ အရင်အစိုးရလက်ထက်က လုပ်ခဲ့တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စာချုပ်တွေလို စာချုပ်တွေကို ပြန်ပြီး ဆန်းစစ် ချုပ်ဆိုသင့်သလား။

လက်ရှိလိုအပ်နေတာက ဒီစာချုပ်တွေမှာ ဘာတွေပါလဲဆိုတာကို ပွင့်ပွင့်လင်းလင်း ချပြဖို့နဲ့ ဒီလိုလုပ်မှပဲ ကျွမ်းကျင်သူတွေနဲ့ ပြည်သူတွေက သူတို့အမြင်ကို ဖော်ထုတ်ခွင့်ရကြမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းတွေဟာ လက်ရှိမြန်မာနိုင်ငံက မျှော်လင့်နေတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုကာကွယ်ရေး စံနှုန်းတွေနဲ့ ကိုက်ညီမှုရှိရဲ့လား။ ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံအတွက် ကောင်းမွန်တဲ့ လုပ်ငန်းတွေလား။ ဒီနေရာမှာ မြန်မာ့စီးပွားရေး အခြေအနေသာမက ကမ္ဘာ့စီးပွားရေး အခြေအနေကိုပါ ထည့်ပြီးစဉ်းစားရလိမ့်မယ်။

သဘောတူညီချက်ရပြီးသား လုပ်ငန်းတွေကို အချင်းချင်း အပြန်အလှန်နားလည်မှုနဲ့ ပြန်ဆွေးနွေးနိုင်မလား။ လက်ပံတောင်း စာချုပ်ကို အောင်အောင်မြင်မြင် ပြန်ချုပ်နိုင်တာက နှစ်ဦးနှစ်ဘက် လိုအပ်ချက်အရ ပြန်လည် ချုပ်ဆိုနိုင်တယ်ဆိုတာကို ပြသခဲ့တာ ဖြစ်ပါတယ်။ တချို့အငြင်းပွားစရာ စီမံကိန်းတွေဖြစ်တဲ့ သံလွင် ရေလှောင်တမံလို ကိစ္စမျိုးကို အစိုးရကနေ ပြန်စဉ်းစားသင့်ပါတယ်။

အင်န်အယ်လ်ဒီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှုတွေမှာ တာဝန်ယူမှုရှိရမယ်လို့ မကြာခဏ ပြောခဲ့ပါတယ်။ အင်န်အယ်လ်ဒီအနေနဲ့ အာဏာလွှဲပြောင်းရယူဖို့ ပြင်ဆင်နေတဲ့အချိန်မှာ MCRB ကို အကြံပေးနေခဲ့တာမျိုးတွေရှိလား။

ကျွန်မတို့ဟာ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြုပ်နှံမှုနဲ့ နိုင်ငံတကာ စံချိန်စံနှုန်းတွေကို ဖောြ်ပနိုင်ဖို့ အစိုးရသစ်က လုပ်မယ့် စီမံကိန်းတွေရဲ့ အသေးစိတ် အချက်အလက်ကို စောင့်ကြည့်နေပါတယ်။

မြန်မာကုမ္ပဏီများရဲ့ ရင်းနှီးမြုပ်နှံမှုဟာ နိုင်ငံခြားကုမ္ပဏီများ ရင်းနှီးမြုပ်မှုရဲ့ လိုအပ်ချက်အတိုင်း တူညီဖို့ လိုအပ်ပါတယ်။

နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဥပဒေကို ဘယ်လိုမြင်လဲ။

ဥပဒေက အမှန်တကယ်ကို လိုအပ်ပါတယ်။ ကုမ္ပဏီတစ်ခုအနေနဲ့ သူ့ရဲ့ပြိုင်ဘက်က ဥပဒေအတိုင်း၊ ဒါမှမဟုတ် စံနှုန်းအတိုင်း မလိုက်နာဘူးလို့မြင်ရင် သူတို့လည်း လိုက်လုပ်တော့မှာ မဟုတ်ပါဘူး။

အရင်အစိုးရက နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဥပဒေနဲ့ နိုင်ငံသားများ ရင်းနှီးမြုပ်နှံမှုဥပဒေကို ပေါင်းစပ်သွားဖို့ အစီအစဉ် ရှိခဲ့ပါတယ်။ တစ်ဘက်ကလည်း စီးပွားရေး ပူးပေါင်းလုပ်ဆောင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ OECD ရဲ့ ထောက်ခံမှုကို ရယူဖို့ပါပဲ။ ဥပဒေမူကြမ်းမှာတော့ ဒီလုပ်ငန်းစဉ်က ရိုးရှင်းပါတယ်။

ကုမ္ပဏီတွေအနေနဲ့ တစ်နှစ်ထက်ပိုတဲ့ ငှားရမ်းမှု ရရှိအောင်  မြန်မာ့ရင်းနှီးမြုပ်နှံမှုကော်မရှင် MIC ဆီက ပါမစ်လျှောက်ထားဖို့ မလိုပါဘူး။ ဒါဟာ သူတို့ အလိုချင်ဆုံးကိစ္စပါပဲ။ ဒီလို ဥပဒေနှစ်ခု ပေါင်းထားတဲ့ ဥပဒေက လာမယ့်အစိုးရသစ်ဆီ ဆက်ပါခဲ့တယ်လို့ ဆိုပါစို့။ MCRB ကနေ ထောက်ပြချင်တဲ့အချက်ကတော့ MIC ကနေ ပါမစ်ရထားတဲ့ ကုမ္ပဏီတွေအနေနဲ့  မြန်မာနိုင်ငံအတွင်း တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြုပ်နှံမှု နှစ်စဉ်မှတ်တမ်းကို အများထံ ထုတ်ပြန်ကြေညာဖို့ အစိုးရက လိုအပ်မှာဖြစ်တယ်လို့ ထောက်ပြချင်ပါတယ်။

တာဝန်ယူမှုရှိတဲ့ ကုမ္ပဏီတွေက ခရိုနီတွေနဲ့ တွဲဖက်အလုပ်လုပ်နိုင်မလား။

ပထမဆုံးအနေနဲ့ သေသေချာချာ သိထားရမှာက ခရိုနီအားလုံးက အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေ(သို့) အထူးနိုင်ငံသားSDN တွေစာရင်းမှာ မပါဝင်ဘူးဆိုတာပါပဲ။ ကုမ္ပဏီတွေအားလုံးက အဲဒီစာရင်းမှာ မပါတဲ့ သူတို့ရဲ့ပါတနာ ဖြစ်လာမယ့်သူတွေကိုလည်း ဂရုတစိုက် လေ့လာထားသင့်ပါတယ်။ အမေရိကန် ပိတ်ဆို့အရေးယူမှုစာရင်းဟာ အမေရိကန်ကုမ္ပဏီတွေနဲ့ အဲဒီစာရင်းမှာ ပါဝင်သူတွေကြား ဆက်ဆံမှုကို တရားဝင်ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မူးယစ်ခေါင်းဆောင်တွေနဲ့ အဆက်အဆံရှိတဲ့သူ တော်တော်များများကလည်း SDN စာရင်းထဲ ပါဝင်ခဲ့ခြင်း မရှိဘူးလို့ သိပ်မကြာခင်က ဂလိုဘယ် ဝတ်နက်စ် Global Witness အစီရင်ခံစာက ထုတ်ပြန်ခဲ့တာက လုပ်ငန်းရှင်တွေအနေနဲ့ သူတို့နဲ့ပေါင်းရမယ်လို့ ဆိုလိုခဲ့တာမဟုတ်ဘူးဆိုတာ သိထားရပါမယ်။

ကျွန်မတို့ရဲ့ ပွင့်သစ်စ မြန်မာ့ပွင့်လင်းမြင်သာမှု လုပ်ငန်းများ (TiME) မှတ်တမ်းကနေ MCRB သိရတာက တာဝန်ယူမှုရှိတဲ့ လုပ်ငန်းနဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့နေရာမှာ SDN စာရင်းမှာပါတဲ့ ကုမ္ပဏီတွေနဲ့ ပုဂ္ဂိုလ်တွေဟာ ပိုပြီး ကောင်းမွန်အောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မက်စ်မြန်မာ Max Myanmar ကုမ္ပဏီဟာဆိုရင် အစိုးရ မူဝါဒတွေကို အပြည့်အဝလိုက်နာပြီး ကမ္ဘာ့အသိအမှတ်ပြု အကြံပေးအဖွဲ့တွေဆီကနေ အကြံဉာဏ်တွေကို ရယူကာ နိုင်ငံတကာ ငွေကြေး မှတ်တမ်းထုတ်ပြန်ရေးစံနှုန်း IFRS အရ ငွေကြေးမှတ်တမ်း ထုတ်ပြန်မှုကို စတင်မိတ်ဆက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် လူ့အရင်းအမြစ်အတွက် အန္တရာယ်ရှိတဲ့ စီမံကိန်း၊ ကဏ္ဍတွေကိုလည်း လုပ်ဆောင်ခြင်း မရှိတော့ဘူးလို့ သိရပါတယ်။ တခြားကုမ္ပဏီတွေဖြစ်တဲ့ ဇေကမ္ဘာနဲ့ မြန်မာ့စီးပွားရေး လုပ်ငန်းတွေကတော့ သတင်းအချက်အလက်တွေကို ထုတ်ပြန်ခြင်းမရှိဘဲ အငြင်းပွားမှု ကဏ္ဍတွေဖြစ်တဲ့ မြေနေရာပိုင်ဆိုင်မှုတွေမှာ ပါဝင်ပတ်သက်နေသေးတယ်လို့ သိရပါတယ်။

ထူးကုမ္ပဏီအုပ်စုက အင်န်အယ်လ်ဒီ ရွေးချယ်ခံအမတ်တွေ လွှတ်တော်သင်တန်းတက်ဖို့ ထောက်ပံ့နေပါတယ်။ MCRB အတွက် စိုးရိမ်စရာဖြစ်နိုင်မလား။

အင်န်အယ်လ်ဒီဟာ သူတို့ရဲ့ လွှတ်တော်အမတ်တွေ သင်တန်းတက်ရာမှာ အခမဲ့ဟိုတယ် တည်းခိုနိုင်ခွင့်ကို အမေရိကန်ရဲ့ SDN စာရင်းမှာပါတဲ့ ထူးကုမ္ပဏီအုပ်စုနဲ့ ယုဇနအုပ်စုတို့က ပူးတွဲ ထောက်ပံ့ထားတယ်လို့ မီဒီယာကတစ်ဆင့် သိရပါတယ်။ ဒီလိုမျိုး နိုင်ငံရေးမှာ ပါဝင်ပတ်သက်တဲ့ ကုမ္ပဏီအနေနဲ့ တာဝန်ယူမှုရှိတဲ့ ကုမ္ပဏီဖြစ်ခဲ့မယ် ဆိုရင် MCRB ကနေ မေးချင်တာက သူတို့ဟာ ထောက်ပံ့မှုနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရဲ့လား၊ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ရဲ့လားဆိုတာဖြစ်ပါတယ်။

ဒါက ထူးကုမ္ပဏီအုပ်စုနဲ့ ယုဇနအုပ်စုတို့က လုပ်သင့်တာ ဖြစ်ပေမယ့် ကုမ္ပဏီ နှစ်ခုစလုံးက ဘာမှမလုပ်ခဲ့ပါဘူး။ တကယ်လို့ သူတို့သာ သတင်းအချက်အလက် အသေးစိတ်ကို ထုတ်ပြန်ခဲ့မယ်ဆိုရင် မီဒီယာတွေအနေနဲ့ ကုမ္ပဏီနဲ့ နိုင်ငံရေးပါတီတို့ရဲ့ ဆက်နွယ်မှုကို သိပြီး သတင်းရေးနိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံတကာ အကြံပေးအဖွဲ့ ဖြစ်တဲ့ IDEA ဆီမှာ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး ငွေကြေး ထိန်းကွပ်ရေးနဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေ ရှိပါတယ်။ ဒီထဲမှာ နိုင်ငံတွေရဲ့ ၂၂ ရာခိုင်နှုန်းကသာ နိုင်ငံရေးပါတီကို လှူဒါန်းတာကို ပိတ်ပင်ထားပါတယ်။ ဒါဟာ ကျွန်မတို့ရဲ့ နိုင်ငံရေးဘဝလို့ပဲ ဆိုရမှာပေ့ါ။ ဒါပေမဲ့ လှူဒါန်းမှု အခြေအနေပေါ်လိုက်ပြီး နိုင်ငံရေး လှူဒါန်းမှုနဲ့ အကျင့်ပျက် ခြစားမှုကြားမှာ ကွဲပြားမှုတွေ ရှိနေပါတယ်။ ဒါကြောင့် ကုမ္ပဏီတွေအနေနဲ့ နိုင်ငံရေးလှူဒါန်းမှုတွေလုပ်ရင် အမြင့်ဆုံး အနေအထားအထိ အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်ရမှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် လာဘ်ထိုးခြင်းကို ဟန့်တားဖို့ ဒီလိုမျိုး လှူဒါန်းတာကို ပိတ်ပင်ထားရမှာ ဖြစ်ပါတယ။်

ရဲထွဋ်သိန်း ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.