COVID-19 ကြောင့်အရှေ့အာရှ၏ ဂျီဒီပီတိုးတက်မှုနှုန်းကို ၄ ဒဿမ ၂ ရာခိုင်နှုန်းသို့ ကျဆင်းနိုင်ဟု ICAEW ခန့်မှန်း

ရန်ကုန်

နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဆက်လက်ပျံ့နှံ့နေမှုက ခရီးသွားလုပ်ငန်း နှင့် ဒေသတွင်း ကုန်စည်စီးဆင်းမှုများကို ထိခိုက်စေပြီး အိမ်ထောင်စုများ၏ ငွေကြေးသုံးစွဲမှုကို ကျဆင်းစေသည့်အတွက် အရှေ့တောင်အာရှဒေသတစ်ခွင်ရှိ စီးပွားရေးတိုးတက်မှုနှုန်းနှေးကွေးကာ ၂၀၂၀ ပြည့်နှစ်တွင် ၄ဒဿမ၂ ရာခိုင်နှုန်းအထိ ရောက်ရှိမည်ဟု ICAEW က ခန့်မှန်းသည်။

ဤခန့်မှန်းချက်မှာ Chartered စာရင်းကိုင်အဖွဲ့အစည်း ICAEW ၏ နောက်ဆုံးထုတ်ပြန်သည့် Economic Update: South-East Asia အစီရင်ခံစာအရဖြစ်သည်။
သို့သော်လည်း လိုက်လျောညီထွေဖြစ်သော နိုင်ငံလုံးဆိုင်ရာ စီးပွားရေးမူဝါဒများ နှင့် ဘဏ္ဍာရေးလှုပ်နှိုးမှုများကြောင့် ဖွံ့ဖြိုးတိုးတက်မှုသည် ၂၀၂၁ ခုနှစ်တွင် ၅% သို့ ပြန်လည်မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။

တရုတ်နိုင်ငံစီးပွားရေးအပေါ် Covid-19 ဗိုင်းရပ်စ်ပျံ့နှံ့မှု၏ ရိုက်ခတ်မှုဒဏ်ချက်က အရှေ့တောင်အာရှဒေသ (SEA) တခွင်ရှိ ခရီးသွားလုပ်ငန်းများနှင့် အိမ်ထောင်စုအလိုက်ငွေကြေးသုံးစွဲမှုများ ကျဆင်းပြီး ကုန်စည်စီးဆင်းမှုများ ပြတ်တောက်ခြင်းမှတဆင့် အရှေ့တောင်အာရှဒေသကို သိသိသာသာထိခိုက်လာရန် ရှိသည်။ အလားတူ မြန်မာနိုင်ငံ၏စီးပွားရေးသည်လည်း တရုတ်နိုင်ငံ နှင့် နယ်စပ်ကုန်သွယ်မှု ကျဆင်းခြင်းကြောင့် ထိခိုက်လျက်ရှိသည်။ တစ်ဖက်တွင် အင်ဒိုနီးရှားနိုင်ငံအနေဖြင့်မူ ခရီးသွားလုပ်ငန်းအပေါ် အားပြုမှုနည်းပါးသည့်အတွက် ထိခိုက်မှုကို ထိန်းချုပ်နိုင်ဖွယ်ရှိသည်။
သို့ရာတွင် ခရီးသွားလုပ်ငန်းနှင့် ကုန်စည်စီးဆင်းမှုများအပေါ်ရိုက်ခတ်မှုမှာ ရေတိုသာဖြစ်မည်ဟု မျှော်လင့်ထားသည်။ အမေရိကန်နိုင်ငံ နှင့် တရုတ်နိုင်ငံအကြား Phase One trade Deal ရှိနေသည့်အတွက် ဒုတိယနှစ်ဝက်အတွင်း လျှပ်စစ်ပစ္စည်းဈေးကွက် နာလန်ထူလာပြီး ကျန်သည့်နှစ်တလျှောက်လုံး သွင်းကုန်ပို့ကုန်လုပ်ငန်းများအနေဖြင့် မျှော်လင့်ထားသလို သိသိသာသာ ပြန်လည်တိုးတက်လာပါက အရှေ့တောင်အာရှဒေသ၏ စီးပွားရေးကျဆင်းမှုကို လျော့နည်းစေမည်ဖြစ်သည်။

ဒေသအတွင်း ငွေကြေးဆိုင်ရာမူဝါဒများဖြေလျှော့မှုနှင့် ဘဏ္ဍာငွေတိုးမြှင့်သုံးစွဲခြင်းများကြောင့်လည်း ဒေသတွင်း ဝယ်လိုအားကို အထောက်အကူပြုကာ ဗိုင်းရပ်စ်ပျံ့နှံ့မှု၏ ရိုက်ခတ်မှုဒဏ်ကို သက်သာစေမည်ဖြစ်သည်။ ခြုံငုံကြည့်လျှင် ဒေသတွင်းဂျီဒီပီတိုးတက်မှုနှုန်းသည် ၂၀၁၉ တွင် ၄ ဒဿမ ၅ ရာခိုင်နှုန်း သို့ ကျဆင်းနေရာမှ ၂၀၂၀ တွင် ၄ ဒဿမ ၂ ရာခိုင်နှုန်းသို့ ထပ်မံကျဆင်းရန်ရှိသည့်အတွက် ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအကြပ်အတည်းဖြစ်ပွားခဲ့သည့် ၂၀၀၈ နောက်ပိုင်းတွင် တိုးတက်မှုအနည်းဆုံး ဖြစ်လာမည်ဖြစ်သည်။
“လူထုရဲ့ပါဝင်ပတ်သက်မှု ပိုမိုများပြားပြီး ကုန်စည်စီးဆင်းမှုအဆင့်ဆင့်မှာ အပြန်အလှန်ထိခိုက်မှုရှိတဲ့အတွက် Covid-19 ပျံ့နှံ့မှုကနေ ရိုက်ခတ်တာက SARS ပျံ့နှံ့မှုထက် ပိုကြီးမယ်ဆိုပေမဲ့ ထိခိုက်မှုအများစုက ၂၀၂၀ ပထမနှစ်ဝက်မှာပဲရှိပြီး၂၀၂၀ဒုတိယနှစ်ဝက်မှာပြန်လည်နာလန်ထူလာမယ်လို့ကျွန်မတို့မျှော်လင့်ထားပါတယ်” ဟု ICAEW ၏ Economic Advisor နှင့် Oxford Economics ၏ Lead Asia Economist ဖြစ်သူ Sian Fenner ကပြောသည်။

ရောဂါပိုးပျံ့နှံ့မှုကြောင့် စီးပွားရေးနှေးကွေးမှုကို ခုသာခံသာရှိစေမည့် လိုက်လျောညီထွေရှိသော နိုင်ငံလုံးဆိုင်ရာမူဝါဒများ

ယိုယွင်းလာသည့် စီးပွားရေးဆိုင်ရာ ပတ်ဝန်းကျင်အနေအထားတွင် Expansionary Monetary Policy များနှင့် ဘဏ္ဍာရေးလှုပ်နှိုးမှုများက ဗိုင်းရပ်ဖြစ်ပွားပျံ့နှံ့မှု၏ရိုက်ခတ်မှုကို ညင်သာစေလိမ့်မည်။ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် အတိုးနှုန်းများကို ယခုနှစ်တွင် အခြေခံပွိုင့် ၂၅ မှတ်စီ လျှော့ချလိုက်ပြီဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံက ၂၀၂၀ ပြည့်နှစ် ပထမနှစ်ဝက်အတွင်း ပိုမိုလျှော့ချဖွယ်ရှိသည်။ စင်ကာပူနိုင်ငံတွင် စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့ (MAS) က ဧပြီလအတွင်း ကုန်သွယ်မှုနှုန်းနှင့် ချိန်ညှိ တိုင်းတာသော ငွေကြေးတန်ဖိုး (Trade-Weight Currency Band ) နှင့် ပတ်သက်၍ လုံး၀၀င်ရောက် မစွက်ဖက်သည့် အနေအထားသို့ ပြောင်းလဲလာနိုင်သည်။

ဘဏ္ဍာရေးမျက်နှာစာတွင် စင်ကာပူနိုင်ငံက ၎င်း၏ ၂၀၂၀ ဘတ်ဂျက်အတွက် မျှော်လင့်သည်ထက် ပိုမိုများပြားသော ဘဏ္ဍာငွေထောက်ပံ့မှု (ဂျီဒီပီ ၁.၂%) ကိုအစပျိုးလိုက်သည်က ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် စီးပွားရေးထိခိုက်မှုကိုသက်သာစေပြီး ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့သည်လည်း မကြာသေးမီက အလားတူလုပ်ဆောင်လာကြသည်။

ICAEW ၏ Greater China and South-East Asia ဆိုင်ရာ Regional Director ဖြစ်သူ Mark Billington က “ရောဂါပိုးပျံ့နှံ့မှုကြာရှည်မယ်ဆိုရင် ရေရှည်အသုံးစရိတ်ကို ထိခိုက်လာနိုင်ပြီး တိုးတက်မှုနှုန်းကို ပိုကျဆင်းစေမှာဖြစ်တဲ့အတွက် ကျွန်တော်တို့သတိထားစောင့်ကြည့်နေပါတယ်။ လောလောဆယ်မှာတော့ Covid-19 ရဲ့ရိုက်ခတ်မှုက ပြင်းထန်ပေမဲ့ရေတိုပဲဖြစ်ပြီး ဒေသတွင်းဝယ်လိုအားကိုတိုးမြှင့်ဖို့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ ကြိုးပမ်းမှုကြောင့် ခုသာခံသာဖြစ်စေမယ်လို့ မျှော်လင့်ထားပါတယ် ” ဟုဆိုသည်။

အစီရင်ခံစာပါ တွေ့ရှိချက်အချို့

COVID-19 ပျံ့နှံ့မှုကြောင့် စင်ကာပူ၏ ဂျီဒီပီတိုးတက်မှုသည် ၂၀၂၀ တွင် ၁ ရာခိုင်နှုန်းသို့ရောက်ရှိမည်ဟု ယခင်ခန့်မှန်းပမာဏကို လျှော့ချလိုက်သည်။

COVID-19 ပျံ့နှံ့မှုကြောင့် စင်ကာပူသည် တရုတ်၊ အီရန်၊ အီတလီမြောက်ပိုင်း နှင့် တောင်ကိုရီးယားတို့မှ ခရီးသွားများဝင်ရောက်ခြင်းကိုပိတ်ပင်လိုက်သည့်အတွက်၂၀၂၀ ပထမပတ်တွင် ခရီးသွားလုပ်ငန်းနှင့်ဆိုင်သော ကဏ္ဍများကိုထိခိုက်စေသည်။ ထို့အပြင် တရုတ်နှင့် စင်ကာပူ နှစ်နိုင်ငံကြား ကူးလူးဆက်သွယ်မှု များပြားသည့်အတွက်စင်ကာပူနိုင်ငံ၏ဝန်ဆောင်မှုပို့ကုန်များသိသိသာသာကျဆင်းပြီးဝန်ဆောင်မှုသွင်းကုန်အားနည်းခြင်းကသာလျှင် ထိုသို့ကျဆင်းမှုကို တစ်စိတ်တစ်ပိုင်း ခုခံနိုင်မည်ဖြစ်သည်။ ပုဂ္ဂလိကသုံးစွဲမှုများသည်လည်း စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများအကြား ယိုင်နဲ့သည့် ဆက်ဆံရေးကြောင့် ကနဦးခန့်မှန်းထားသည်ထက် ပိုမိုနှေးကွေးလိမ့်မည်ဖြစ်သည်။
သမိုင်းတစ်လျှောက် အများပြားဆုံးဘတ်ဂျက်ပမာဏများအနက် အပါအဝင်ဖြစ်သည့် ၂၀၂၀ ပြည့်နှစ်အတွက် စင်ကာပူဘတ်ဂျက်သည် COVID-19 ပျံ့နှံ့မှုမှအခြေခံလာသည့် အနုတ်သဘောဆောင်သော စီးပွားရေးဒဏ်ချက် များကို ခုသာခံသာရှိစေလိမ့်မည်ဖြစ်သည်။ စင်ကာပူအစိုးရ၏ ဘဏ္ဍာရေးပံ့ပိုးမှု (၁ဒဿမ၂ ရာခိုင်နှုန်း ဂျီဒီပီ) နှင့် ကျန်းမာရေးလုပ်သားများ၊ စီးပွားရေးလုပ်ငန်းများ နှင့် အိမ်ထောင်စုများအတွက် ပံ့ပိုးကူညီငွေ စင်ကာပူဒေါ်လာ
၆ ဒဿမ ၄ ဘီလျံကလည်း ကုန်ကျစရိတ်များအတွက် အထောက်အပံ့ဖြစ်စေလိမ့်မည်ဖြစ်သည်။ စာရင်းသေ ရင်းနှီးမြှုပ်နှံမှုများသည်လည်း Changi Airport Terminal 5 နှင့် North-South Corridor ကဲ့သို့သော အကြီးစားပြည်သူ့စီမံကိန်းများနှင့်အတူ လာမည့်လများအတွင်း ကောင်းမွန်သောအရှိန်အဟုန်ဖြင့် ကြီးထွားလာရန် ရှိသည်။

ခြုံငုံကြည့်လျှင် ရေတိုသာဖြစ်သော်လည်း စိန်ခေါ်မှုကြီးမားသော ဗိုင်းရပ်စ်ပျံ့နှံ့မှုနှင့် ပြင်ပပတ်ဝန်းကျင် အနေအထားကြောင့် ၂၀၂၀ ပြည့်နှစ်အတွက် စင်ကာပူနိုင်ငံ၏ဂျီဒီပီသည် ၁ ရာခိုင်နှုန်း သို့ကျဆင်းဖွယ်ရှိသည်။

ထိုင်းနိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှုန်းသည် ၂၀၁၉ တွင် ၂ ဒဿမ ၄ ရာခိုင်နှုန်းရှိရာမှ ခရီးသွားလုပ်ငန်းများ နှင့် ပုဂ္ဂလိကဝယ်ယူသုံးစွဲမှုများ လျော့ကျခြင်းကြောင့် ၂၀၂၀ တွင် ၁ ဒဿမ ၉ ရာခိုင်နှုန်း သို့ကျဆင်းရန်ရှိသည်။

ထိုင်းနိုင်ငံစီးပွားရေးသည် ယေဘုယျအားဖြင့် ကျဆင်းနေသည့်အနေအထားရှိပြီး ၂၀၁၉ စတုတ္ထပတ်တွင် ဂျီဒီပီသည် 1.6% သို့ရောက်ရှိသွားသည့်အတွက် ၂၀၁၉ ခုနှစ်ကို အကျဘက်နှင့်အဆုံးသတ်ခဲ့ပြီးဖြစ်သည်။
COVID-19 ဗိုင်းရပ်စ်ပျံ့နှံ့မှုနှင့် အစိုးရ၏ငွေကြေးသုံးစွဲမှု ကြန့်ကြာခြင်းများကပါ တစ်ပူပေါ်နှစ်ပူဆင့်လာသည့် အတွက် SEA စီးပွားရေးအင်အားစုများအနက် အထိခိုက်ဆုံးမှာ ထိုင်းနိုင်ငံဖြစ်ရန် ရှိသည်။ ဗိုင်းရပ်စ်ပျံ့နှံ့မှုသည် ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍနှင့် အိမ်ထောင်စုအလိုက်သုံးစွဲမှုများကို အများဆုံးထိခိုက်ရန်ရှိပြီး ၂၀၂၀ ပြည့်နှစ် ပထမပတ်တွင် အထူးသဖြင့်သိသာလိမ့်မည်။ ထို့အပြင် ကုန်စည်စီးဆင်းမှု ပြတ်တောက်ခြင်းများ နှင့် တရုတ်နိုင်ငံ၏ ပို့ကုန်ဝယ်လိုအားများလည်း ဆက်လက်ကျဆင်းနေရန်ရှိသည့်အတွက် သိသာခြင်း မရှိသော်လည်း ရိုက်ခတ်မှုဒဏ်ကိုခံရဦးမည်မှာ စက်မှုကုန်ထုတ်လုပ်ငန်းများ နှင့် ကုန်ပစ္စည်းပို့ကုန်လုပ်ငန်းများ ဖြစ်သည်။

သို့ရာတွင် ထိုင်းနိုင်ငံသည် လိုက်လျောညီထွေရှိသော နိုင်ငံလုံးဆိုင်ရာမူဝါဒများကြောင့် ၂၀၂၀ ပြည့်နှစ် ဒုတိယနှစ်ဝက်တွင် စီးပွားရေးပြန်လည်ဦးမော့လာမည်ဟု မျှော်မှန်းထားသည်။ လက်ရှိအချိန်အထိ The Bank of Thailand သည် ငွေကြေးဖောင်းပွမှုကိုတွန်းလှန်ရန်အတွက် အခြားဘဏ္ဍာရေးဆိုင်ရာ ကိုင်တွယ်မှုများ အပြင် အတိုးနှုန်းကိုလည်း ၁ ရာခိုင်နှုန်း သို့ ဖေဖော်ဝါရီလတွင် ထပ်မံလျှော့ချခဲ့ပြီးဖြစ်သည်။
ထိုင်းအစိုးရသည် အိမ်ထောင်စုများနှင့် ခရီးသွားကဏ္ဍကို လှုပ်နှိုးရန်အတွက် ထပ်မံပံ့ပိုးကူညီမည်ဟု ကြေညာဖွယ်ရှိသည်။ ခြုံငုံကြည့်လျှင် ထိုင်းနိုင်ငံ၏ ဂျီဒီပီတိုးတက်မှုသည် ခန့်မှန်းချက်အရ ၂၀၂၀ တွင် ၁ ဒဿမ ၉ ရာခိုင်နှုန်း သို့ရောက်ရှိမည်ဖြစ်ရာ ၂၀၁၉ တွင် ၂ ဒဿမ ၄ ရာခိုင်နှုန်းရှိခဲ့သည့်အတွက် တိုးတက်မှုနှုန်းကျဆင်းခြင်းကို ပြသနေခြင်း ဖြစ်သည်။

ICAEW Economic Update: South-East Asia အစီရင်ခံစာ အပြည့်အစုံကို ဤလင့်ခ်တွင် ဖတ်ရှုနိုင်သည်။

https://www.icaew.com/technical/economy/economic-insight/economic-insigh…

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.