တပ်မတော်က အစိုးရအဖွဲ့သစ်ကို ဘယ်လို သဘောထားသင့်သလဲ

ဒုသမ္မတ သုံးယောက် ရွေးချယ်ပြီးနောက် သမ္မတ အရည်အချင်း ပြည့်မီ မပြည့်မီ စိစစ်တဲ့ဆီမှာလည်း စိစစ်ရေးအဖွဲ့ဝင် ၇ ယောက်ရှိတဲ့အနက် တပ်မတော် အစုအဖွဲ့ ကိုယ်စားလှယ်က အင်န်အယ်လ်ဒီ က တင်တဲ့ ဦးထင်ကျော်ကိုရော၊ ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူကိုပါ ထောက်ခံ မပေးခဲ့ပါဘူး။ 

စည်သူအောင်မြင့် ရေးသားသည်။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ရာစုနှစ် တစ်ဝက်ကျော်အတွင်း ပြည်သူတွေက ရွေးကောက်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေက ရွေးချယ်တဲ့ သမ္မတ တစ်ယောက် ပေါ်ပေါက်ခဲ့ပါပြီ။

ဒါဟာ သမိုင်းဝင် အဖြစ်အပျက် တစ်ခုလည်း ဖြစ်သလို မြန်မာ့နိုင်ငံရေးအတွက်လည်း အလွန်ထူးခြားပါတယ်။ တစ်ပြိုင်နက်တည်း သမ္မတက ဖွဲ့စည်းမယ့် အစိုးရအဖွဲ့သစ် တာဝန်ယူချိန် ရောက်ရှိလာပါတော့မယ်။ ဒီ ဖြစ်ရပ်တွေကို ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပထမ အဆင့်လို့ ခေါ်နိုင်ပါတယ်။

ဒီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်မှာလည်း အဖုအထစ်တွေ ရှိခဲ့ပါတယ်။ အထူးသဖြင့် တပ်မတော်နဲ့ ရွေးကောက်ခံတွေအကြားက ပြဿနာတွေ ဖြစ်ပါတယ်။ ဘယ်လို ပြဿနာတွေလဲ၊ အစိုးရ အဖွဲ့သစ်ကို တပ်မတော်က ဘယ်လို သဘောထားသင့်သလဲ ဆိုတာ ဒီတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

တစ်ဖက်နဲ့ တစ်ဖက် မပြေမလည် ဖြစ်မှုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံဆွေးနွေးရာကနေ အစပြုတယ်လို့ ပြောနိုင်ပါတယ်။ ဒီတွေ့ဆုံမှုတွေနဲ့ ပတ်သက်ပြီး နှစ်ဖက် သတင်းထုတ်ပြန်တာ မရှိပေမဲ့ ခိုင်လုံတဲ့ သတင်းတွေအရ ဒေါ်အောင်ဆန်းစုကြည်ဘက်က သူ သမ္မတ ဖြစ်ရေး၊ ပုဒ်မ ၅၉(စ) ဆိုင်းငံ့နိုင်ရေး ကိစ္စ ဆွေးနွေးခဲ့သလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဘက်ကလည်း နောင် အစိုးရအဖွဲ့သစ် လက်ထက် ကချင်၊ ရှမ်း၊ ရခိုင်နဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်တာဝန် တပ်မတော် ဘက်က တာဝန်ယူလိုတယ် ဆိုပြီး ညှိနှိုင်းတယ်လို့ သိရပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ပုဒ်မ ၅၉(စ) ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဘက်က အလျော့ပေးမှု မရှိသလို ဝန်ကြီးချုပ် တာဝန် ၄ နေရာ ကိစ္စကိုလည်း ဒေါ်အောင်ဆန်းစုကြည်ဘက်က လိုက်လျောခဲ့ပုံ မရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအခြေအနေကြောင့် တစ်ဖက်နဲ့ တစ်ဖက် နွေးထွေးမှု ရှိမနေတော့ဘူး ဆိုတဲ့ အနေအထား ရောက်သွားစေပါတယ်။

နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ဘက်က လွှတ်တော်တွင်း သမ္မတ ရွေးပွဲ လုပ်ငန်းစဉ်ကို တစ်ပတ် ရှေ့တိုးပြီး မတ်လ ၁၀ ရက်မှာ စ ဆောင်ရွက်ပါတယ်။ မတ်လ ၉ ရက်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း နောင် တက်လာမယ့် အစိုးရ အဖွဲ့သစ်နဲ့ ပတ်သက်ပြီး သူ့သဘောထားကို နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှာ ထုတ်ဖော်ပြောဆိုပါတယ်။

သူက “ လက်ရှိ ကျင့်သုံးနေတဲ့ ပါတီစုံ ဒီမိုကရေစီ စနစ် ပထမ အဆင့် ၅ နှစ်သက်တမ်းမှာ တပ်မတော်အနေနဲ့ ယင်းလမ်းကြောင်းတွင် ခိုင်ခိုင်မာမာ ရပ်တည် လျှောက်လှမ်းနိုင်ရန် ပါဝင် လုပ်ဆောင်ခဲ့ကြောင်း၊ တိုးတက်မှုများလည်း ရရှိခဲ့ကြောင်း၊ ဆက်လက် လျှောက်လှမ်းရမည့် ဒုတိယ အဆင့်တွင်လည်း လက်ရှိ အခြေအနေများမှ ယိမ်းယိုင်မှုကို လက်မခံနိုင်ကြောင်း” ဆိုပြီး ပြောဆိုခဲ့ပါတယ်။ ပြောရရင် ပေါ်ပေါက်လာမယ့် အစိုးရသစ်ကို သိပ်ပြီး ယုံယုံကြည်ကြည် ကြိုကြိုဆိုဆို ရှိမနေတဲ့ သဘောပါ။

အလားတူပါပဲ။ ဒုသမ္မတ သုံးယောက် ရွေးချယ်ပြီးနောက် သမ္မတ အရည်အချင်း ပြည့်မီ မပြည့်မီ စိစစ်တဲ့ဆီမှာလည်း စိစစ်ရေးအဖွဲ့ဝင် ၇ ယောက်ရှိတဲ့အနက် တပ်မတော် အစုအဖွဲ့ ကိုယ်စားလှယ်က အင်န်အယ်လ်ဒီ က တင်တဲ့ ဦးထင်ကျော်ကိုရော၊ ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူကိုပါ ထောက်ခံ မပေးခဲ့ပါဘူး။ ဦးထင်ကျော်ကိုတော့ လွှတ်တော် အမတ် မဟုတ်လို့ စိစစ်ဖို့ လိုသေးတယ်၊ ဦးဟင်နရီဗန်ထီးယူ ကတော့ နိုင်ငံခြားမှာ နှစ်တချို့ နေထိုင်ခဲ့ဖူးသူ ဖြစ်လို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၉ (င) နဲ့ ငြိစွန်းတယ်လို့ ထင်တယ် ဆိုပြီး တင်ပြခဲ့ပါတယ်။

ပြောရရင် ပေါ်ပေါက်လာတဲ့ သမ္မတနဲ့ အစိုးရအဖွဲ့အပေါ် တပ်မတော်ဘက်က ကြိုကြိုဆိုဆို ရှိမနေတဲ့ သဘောပါ။ တကယ်တော့ လက်ရှိကာလဟာ ရွေးကောက်ပွဲ အနိုင်ရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရအဖွဲ့နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော် အင်အားစု နှစ်စု ပေါင်းပြီး တိုင်းပြည်ကို စီမံခန့်ခွဲ အုပ်ချုပ်ကြရမယ့် အခြေအနေမျိုးပါ။

ဘယ်လိုပဲဖြစ်ဖြစ် သမ္မတလောင်း စိစစ်ရေးအဖွဲ့ဝင် ၇ ယောက်အနက် ၆ ယောက်က ဒုသမ္မတ နှစ်ယောက်ကို အရည်အချင်း ပြည့်မီတယ် ဆိုပြီး အတည်ပြုခဲ့လို့ သမ္မတ၊ ဒုသမ္မတ တွေအဖြစ် ရွေးချယ်ခံရပေမဲ့ နောက်ပိုင်း ဖွဲ့စည်းပုံ၊ ဥပဒေ ၊ နည်းဥပဒေတွေနဲ့ ညီမညီ ပြန်လည် တိုက်ဆိုင် စစ်ဆေးနိုင်သေးတဲ့ အခြေအနေ ရှိနေပါတယ်။

ပြည်ထောင်စု လွှတ်တော်ကနေ သမ္မတ အဖြစ် ဦးထင်ကျော်ကို ရွေးချယ်ပြီးတဲ့ အချိန်မှာလည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင့်ဆန်းနိုင် ရဲ့ မီဒီယာတွေကို ပြောကြားချက်ကလည်း သိပ်ပြီး အပေါင်းလက္ခဏာ မဆန်ပါဘူး။

သူက ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီး “ကျနော်တို့က ဦးထင်ကျော်ကိုလည်း လက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူကောင်းပဲ ဖြစ်မှာပါ။ လူကောင်းလူတော် ဖြစ်မှာပါ။ တခုပဲ သမ္မတ အထက်မှာ ဘယ်သူမှ မရှိရဘူး။ သမ္မတဟာ နိုင်ငံတော်ရဲ့ အထွဋ်အထိပ်ပဲ။ သမ္မတဟာ နိုင်ငံတော်ရဲ့ အကြီးအကဲ။ အုပ်ချုပ်ရေး အကြီးအကဲပဲ။ ဒါက ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပါပြီးသား” လို့ ပြောခဲ့ပါတယ်။

ဒီလောက် မကသေးပါဘူး။ ဦးထင်ကျော် သမ္မတ အဖြစ် တင်မြှောက်ခံရပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ထုတ်ပြန်ချက်ကလည်း ကြိုကြိုဆိုဆို သိပ် မရှိလှပါဘူး။ ဦးထင်ကျော်ကို သမ္မတ တင်မြှောက်တာကို တပ်မတော်အနေနဲ့ ဂုဏ်ယူ ဝမ်းမြောက်တယ်၊ ရှေ့လုပ်ငန်းစဉ်တွေကို ဆက်ပြီး ပူးပေါင်းဆောင်ရွက်သွားမယ် ဆိုတာလောက်ပဲ ပါပါတယ်။ တကယ်တော့ ဒီ ဖော်ပြချက်ဟာ ဖွဲ့စည်းပုံပါ နိုင်ငံ့ အထွဋ်အထိပ် ဆိုတဲ့ သတ်မှတ်ချက်နဲ့ မလျော်ညီသလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ရှိ သမ္မတ ဦးသိန်းစိန်အပေါ် လေးစားသမှု ပြတာမျိုးလောက်တောင် မရှိပါဘူး။

ပြောရရင် ပေါ်ပေါက်လာတဲ့ သမ္မတနဲ့ အစိုးရအဖွဲ့အပေါ် တပ်မတော်ဘက်က ကြိုကြိုဆိုဆို ရှိမနေတဲ့ သဘောပါ။ တကယ်တော့ လက်ရှိကာလဟာ ရွေးကောက်ပွဲ အနိုင်ရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရအဖွဲ့နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော် အင်အားစု နှစ်စု ပေါင်းပြီး တိုင်းပြည်ကို စီမံခန့်ခွဲ အုပ်ချုပ်ကြရမယ့် အခြေအနေမျိုးပါ။

ဒီအခြေအနေကို တပ်မတော်ဘက်က နားလည် လက်ခံဖို့ လိုပါတယ်။ ဒါတင်မက အရင် တိုင်းပြည်မှာ ရှိခဲ့ဖူးတဲ့ စစ်အာဏာရှင် စနစ်ဆိုတာဟာ ငြိမ်းချမ်းရေးကို မဆောင်ကျဉ်းနိုင်ဘူး၊ တိုင်းပြည်နဲ့ ပြည်သူကို ဆင်းရဲမွဲတေမှုကိုသာ ရစေတယ်၊ နိုင်ငံကို ကမ္ဘာ့အလယ်မှာ မျက်နှာငယ် အရှက်ရစေခဲ့တယ် ဆိုတာကိုလည်း လေးလေးနက်နက် ခံယူဖို့ လိုပါတယ်။ စစ်အာဏာရှင်စနစ် လောင်းရိပ်အောက်ကနေ လမ်းခွဲထွက်ဖို့ လိုပါတယ်။

ဒါမှသာ လက်ရှိ အခြေအနေ ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီ အပါအဝင် ပြည်သူတွေ ရွေးကောက်တင်မြှောက်လိုက်သူတွေနဲ့ လက်တွဲဆောင်ရွက်မှသာ တိုင်းပြည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကမ္ဘာ့အလယ်မှာ မျက်နှာပွင့်လန်းလာရေး အကောင်အထည် ဖော်နိုင်မှာ ဖြစ်တယ်ဆိုတာ နားလည် လက်ခံသင့်ပြီ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.