မြစ်ဆုံအတွက် စတုတ္ထမြောက် ဖြေရှင်းချက်

အငြင်းပွားဖွယ် ရေအားလျှပ်စစ်စီမံကိန်းကို ပယ်ဖျက်ခြင်းမှာ တရုတ်နှင့် မြန်မာအစိုးရများအတွက် အောင်မြင်မှုတစ်ရပ်အဖြစ် ဖော်ဆောင်ပေးနိုင်သကဲ့သို့ မြန်မာနိုင်ငံ၏ ပြီးပြည့်စုံသော စွမ်းအင်စီမံချက်တစ်ရပ်အတွက် အခွင့်အလမ်းဆီသို့လည်း လမ်းခင်းပေးနိုင်ပေသည်။

ဂျိုရန် ခရစ္စတန်ဆန် ရေးသားသည်။

နှောင့်နှေးကြန့်ကြာနေသော မြစ်ဆုံဆည် တည်ဆောက်ရေးလုပ်ငန်းများ ပြန်လည်စတင်ရေးကို အရေးဆိုရန်အတွက် တရုတ်သံအမတ် မစ္စတာ ဟုန်လျှံသည် တရုတ်နိုင်ငံပိုင် စွမ်းအင် ရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း (China’s State Power Investment Corporation) မှ ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲနှင့်အတူ ကချင်ပြည်နယ်သို့ မကြာသေးမီက သွားရောက်ခဲ့သည်ဟု ဇွန်လထုတ် Frontier မဂ္ဂဇင်း အမှတ် ၁၆ တွင် ဖော်ပြခဲ့သည့် ဆောင်းပါးတစ်ခုတွင် စာရေးသူ စည်သူအောင်မြင့်က ရေးသားထားသည်။

ဤကိုယ်စားလှယ်အဖွဲ့က မြစ်ဆုံစီမံချက်နှင့် ပတ်သက်၍ (၁) စီမံချက်ကို ဖျက်သိမ်းကာ လျော်ကြေးငွေ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ပေးချေရေးအတွက် တာဝန်ယူရန်၊ (၂) ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်စတင်ကာ တည်ဆောက် ပြီးစီးသွားသောအချိန်တွင် နှစ်စဉ် ဘဏ္ဍာငွေ ဒေါ်လာ သန်း ၅၀၀ ရယူရန်၊ သို့မဟုတ် (၃) ဆောင်ရွက်မှု တစ်စုံတစ်ရာမပြုဘဲ စီမံချက်ရပ်ဆိုင်းထားသမျှ ကာလပတ်လုံးတွင် ကျခံရမည့် အတိုးငွေ ဒေါ်လာ သန်း ၅၀ ပေးချေရန်ဟူသော ရွေးချယ်မှုသုံးခုအား ကချင်ပြည်နယ်အစိုးရအဖွဲ့ထံ အသိပေးခဲ့သည်။

ဤရွေးချယ်မှု သုံးရပ်စလုံးမှာ မြန်မာနှင့် တရုတ် နှစ်နိုင်ငံလုံးအတွက် ဆွဲဆောင်မှု မရှိလှပေ။

ရှမ်းပြည်နယ်အတွင်း သံလွင်မြစ်ပေါ်ရှိ မြစ်ဆုံကဲ့သို့ လူအများ ကြိုက်နှစ်သက်ခြင်း မခံရသည့် မန်းတုံရေကာတာတွင် ပါဝင်လုပ်ကိုင်သည့် SPIC နှင့် China Three Gorges Corporation တို့ကဲ့သို့သော ကုမ္ဗဏီများမှာ ၎င်းတို့ ပါဝင်လုပ်ကိုင်နေသော စီမံချက်များအပေါ် အများပြည်သူ ဆန့်ကျင်နေမှုအား အရေးစိုက်ဖွယ် နည်းပါးသော်လည်း တရုတ်အစိုးရအတွက်မူ မြန်မာနိုင်ငံနှင့် အဖုအထစ်ရှိသော ဆက်ဆံရေးတစ်ရပ်အား အလိုမရှိပေ။ ဤဒေသ၏ အိမ်နီးချင်းနိုင်ငံများအကြား အခြေအနေမှာ အပြန်အလှန် မှီခိုနေရသော အခြေအနေပင် ဖြစ်သည်။ တရုတ်နှင့် မြန်မာနိုင်ငံတို့မှာ တစ်ဦးကိုတစ်ဦး အပြန်အလှန် လိုအပ်လျက်ရှိပြီး ပြဿနာရပ်များအား ရင်းနှီးဖော်ရွေသော အကြံပြု ဆွေးနွေးမှုများမှတစ်ဆင့် ဖြေရှင်းရန် လိုအပ်ချက်မှာလည်း ဤနှစ်နိုင်ငံ၏ ဘုံအကျိုးစီးပွားပင် ဖြစ်ပေသည်။

မြစ်ဆုံအား ထာဝရ ဖျက်သိမ်းလိုက်ခြင်းမှာ အကောင်အထည်ဖော် ဆောင်ရွက်သူများအတွက် ဆုံးရုံးမှုတစ်ခု ဖြစ်ဖွယ်ရာရှိပြီး ယင်းအတွက် လျော်ကြေးငွေပေးရန် လိုအပ်ပေလိမ့်မည်။ သို့သော် အောင်မြင်စွာ ပြုမူဆောင်ရွက်ပါက ဤဆောင်ရွက်ချက်မှာ တရုတ်နှင့် မြန်မာအစိုးရများအတွက် ဆက်ဆံရေးပိုင်းရာဆိုင်ရာ ကြီးကျယ်ခမ်းနားသော အောင်မြင်တစ်ခုဟု ဆိုဖွယ်ရာ ရှိနိုင်ပေသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာစစ်ဗိုလ်ချုပ်များကို အနီးကပ် ထောက်ပံ့ခဲ့စဉ်အချိန်က တစ်ဖတ်သတ် ထိန်းချုပ်ရန် ကြိုးစားလေ့ရှိသော အလေ့အကျင့်ရှိသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရှုမြင်ခံနေရခြင်းများကို ချေဖျက်နေရှိသည်ဟု ထင်မြင်ခံရနိုင်မည် ဖြစ်သကဲ့သို့ တရုတ်က ကျောထောက်နောက်ခံ ပြုထားသည့် စီမံချက်များနှင့် ပတ်သက်၍ မြန်မာပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို နားထောင်လိုစိတ်ရှိသူအဖြစ်လည်း သတ်မှတ်ခံရဖွယ် ရှိနေသည်။

မြန်မာအစိုးရအတွက်မူ မြစ်ဆုံကို ပယ်ဖျက်ခြင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အပြောင်းအလဲပြုလုပ်ရန် ကတိကဝတ်အပေါ် ယုံကြည်မှုကို တိုးမြင့်လာစေလိမ့်မည်ဖြစ်သည်။ ထို့အတူ ပြည်သူ့ အစိုးရတစ်ရပ်အဖြစ်လည်း ပြောဆိုလာကြပေလိမ့်မည် ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် မြစ်ဆုံစီမံချက်ကို ဆက်လက် အကောင်အထည်ဖော်ခြင်းအား စွန့်လွှတ်ရန်မှအပ အခြားနည်းလမ်းကိုရှာဖွေရန် ခက်ခဲလှပေသည်။

မြစ်ဆုံအား စွန့်လွှတ်လိုက်ခြင်းမှာ တရုတ်အတွက် လျှပ်စစ်ဓာတ်အား ဆုံးရှုံးခြင်းထက် မျက်နှာပျက်ဖွယ် အရေးကိစ္စတစ်ခု ဆိုသည်မှာ အမှန်ပင်ဖြစ်သည်။ လက်ရှိဖြစ်ပွားနေသည့် စီးပွားရေးတိုးတက်မှု နှေးကွေးခြင်းက စွမ်းအင်လိုအပ်ချက်အပိုင်းတွင် သိသိသာသာ လျော့ကျခြင်းဆီသို့ ဦးတည်နေခဲ့ပြီးဖြစ်သည်။

ယူနန်ဒေသ မြစ်လက်တက်များပေါ်ရှိ အသေးစားရေအားလျှပ်စစ် စက်ရုံများကို ရပ်တန့်လိုက်ကြောင်း ယူနန်ပြည်နယ် အာဏာပိုင်များက မကြာသေးမီက ကြေညာခဲ့သည်။ ဤဆောင်ရွက်ချက်ကြောင့် ပင်မမြစ်ပေါ်ရှိ ရေကာတာကြီးငါးခုအား မဆောက်လုပ်စေလိုသော သဘာဝပတ်ဝန်းကျင်ရေးရာ လှုပ်ရှားသူများအကြား မျှော်လင့်ချက်များ မြင့်တက်လာစေခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် မြစ်ဆုံမှ လျှပ်စစ်ဓာတ်အားကို မလိုအပ်တော့ပေ။ ဤအခြေအနေကြောင့် တရုတ်ကိုယ်စားလှယ်တော်အဖွဲ့က ကတိပေးထားသော လျှပ်စစ်ဓာတ်အားကို ဝယ်ယူပြီး ဒေါ်လာ သန်း ၅၀၀ ကို နှစ်စဉ် ထုတ်ပေးမည့်သူမှာ မည်သူနည်းဆိုသော မေးခွန်းအား ပေါ်ပေါက်စေခဲ့သည်။

မြန်မာနိုင်ငံအတွက်မူ ဤအခြေအနေမျိုး မဟုတ်ပေ။ အလွန်အမင်း လိုအပ်လျက်ရှိသော လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများကို အထောက်အကူပြုရန်အလို့ငှာ လျှပ်စစ်ဓာတ်အား သုံးစွဲမှုများအတွက် စွမ်းအင် ထုတ်လုပ်ပေးရန် အရေးပေါ်လိုအပ်သော အခြေအနေတစ်ရပ်နှင့် ရင်ဆိုင်နေရသည်။ ဤအခင်းအကျင်းက တရုတ်နှင့် မြန်မာနှစ်နိုင်ငံစလုံးအတွက် အပြန်အလှန် သဘောတူညီမှုယူထားသော စီမံကိန်းများတွင် အတူတကွ အလုပ်လုပ်ရန်အတွက် အဖိုးတန် အခွင့်အလမ်းတစ်ရပ်အဖြစ် လမ်းခင်းပေးလျက်ရှိသည်။

ဤသည်မှာပင် စတုထ္ထမြောက်ရွေးချယ်မှု ဖြစ်ပေသည်။ 

မြစ်ဆုံစီမံချက်ကို ငြင်းပယ်ခြင်းဆိုသည်မှာ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်စီမံကိန်း အလိုမရှိဟု ပြောဆိုနေခြင်း မဟုတ်ပေ။ ရေအားလျှပ်စစ် ဆည်အားလုံး၏ အကျိုးသက်ရောက်မှုမှာ ပုံသေကားချပ်တော့ မဟုတ်ပေ။ အချို့သောဆည်များမှာ ၎င်းတို့၏ တည်နေရာအပေါ်တွင် မူတည်ကာ အခြားသောဆည်များထက် လူမှုအသိုင်းအဝိုင်းနှင့် မြစ်များအပေါ်တွင် များစွာသော အကျိုးသက်ရောက်မှုများ ရှိပေလိမ့်မည်။ မြစ်ဝှမ်းဒေသ သို့မဟုတ် နိုင်ငံအနှံမှ မြစ်ကွန်ယက်များကို အခြေပြု စဉ်းစားပြီးမှ စီမံကိန်း ရေးဆွဲခြင်းမှာ အာဏာပိုင်များအနေဖြင့် ရေအားလျှပ်စစ်စီမံချက်များနှင့် ပတ်သက်၍ ပိုမိုပြည့်စုံသော ဆုံးဖြတ်ချက်များ ပြုလုပ်ရန် အထောက်အကူ ဖြစ်နိုင်ပေမည်ဖြစ်သည်။

ယခုနှစ်အစောပိုင်းတွင် အလုံးစုံ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ မြန်မာအင်စတီကျု (Myanmar Institute for Integrated Development) ၏ အထောက်အပံ့ဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ကမ္ဘာ့တောရိုင်းတိရိစ္ဆာန်များ ရန်ပုံငွေအဖွဲ့  (Nature Conservancy and WWF) တို့က အရင်းအမြစ်များ၊ တန်ဖိုးများနှင့် ကုန်ကျမှုများ၊ အကျိုးကျေးဇူးများအကြား ချိန်ထိုးကြည့်ရန်အတွက် မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ် စီမံကိန်းအမျိုးမျိုး၏ အနာဂတ်အလာအလာများကို နှိုင်းယှဉ်သော ပုံစံများအား စမ်းသပ်ခဲ့သည်။

ကနဦးရလဒ်များအရ ရေအားလျှပ်စစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အချို့သော ရွေးချယ်မှုများမှာ အခြားသော ရွေးချယ်မှုများထက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုအကျိုးသက်ရောက်မှုပိုင်းတွင် ပိုမိုနည်းပါးကြောင်း သိရှိခဲ့ရသည်။ ပိုမိုကောင်းမွန်သော စီမံကိန်းရေးဆွဲခြင်းဖြင့် မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်အား ဖြည့်ဆည်းရန် ပြည်သူများနှင့် သဘာဝပတ်ဝန်းကျင်အတွက် အနည်းတကာ့ အနည်းဆုံးသော ကုန်ကျစရိတ်ဖြင့် ထုတ်လုပ်နိုင်ပေမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရေကာတာစီမံချက် တစ်ခုစီအတွက် ကြုံသလို ဆုံးဖြတ်ချက် ချမှတ်သော အလေ့အထမှ ဖယ်ခွာရန် အခွင့်အလမ်းတစ်ရပ် ရှိနေပြီဖြစ်သည်။ ထို့အတူ တိုင်းပြည်တွင်းရှိ မြစ်ချောင်းစနစ်များ၏ အဖိုးတန်သော သဘာဝယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်နေစဉ်တွင် တိုင်းပြည်၏ စွမ်းအင်လိုအပ်ချက်ကို ပြည့်မီစေမည့် ညှိနှိုင်းဆောင်ရွက်သော ရေရှည်စီမံကိန်း ရေးဆွဲသော လုပ်ငန်းစဉ်တစ်ရပ်ကို စတင်ရန်အတွက်လည်း အခွင့်အလမ်းတစ်ရပ် ရှိနေပြီဖြစ်သည်။ အလားတူပင် မြန်မာ့အနာဂတ်အတွက် အကျိုးရှိသည်ဟု မြန်မာပြည်သူများ ရှုမြင်သော စီမံချက်များတွင် တရုတ်ကုမ္ပဏီများ ပါဝင်နိုင်ရန်အတွက်လည်း အဖိုးတန်သော အခွင့်အလမ်းတစ်ရပ်ပင် ဖြစ်သည်။

အင်္ဂလိပ်ဘာသာဖြင့် မူရင်းဆောင်းပါးအား Frontier Myanmar မဂ္ဂဇင်း အတွဲ (၂)၊ အမှတ် (၁) တွင် ဖော်ပြခဲ့ပါသည်။

အောင်မင်း ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.