ကော်မရှင်သစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး တကယ်လုပ်နိုင်မှာလား

လေးစားခံရတဲ့ ဝန်ကြီးဟောင်းတစ်ဦး ဦးဆောင်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သစ်ကို ခန့်အပ်တာဝန်ပေးလိုက်တာဟာ မြန်မာနိုင်ငံကို အရှက်ရစေတဲ့ အဂတိလိုက်စားမှုပြဿနာကို တိုက်ဖျက်မယ့် လုပ်ငန်းစဉ်သစ် စတင်မှာကို အချက်ပြလိုက်တာပဲ ဖြစ်ပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်က နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ အငြိမ်းစားဗိုလ်ချုပ် ဦးအောင်ကြည် ဦးဆောင်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အသစ်ကို ဖွဲ့စည်းတာဝန်ပေးကြောင်း လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

ပြောရရင် မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး ဥပဒေ ပြဋ္ဌာန်ပြီးတဲ့တိုင် ဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဖွဲ့စည်းခဲ့ပြီးတဲ့တိုင် သိပ်ပြီးအလုပ်မဖြစ်တာ၊ အဂတိလိုက်စားမှုတွေ ဖြစ်မြဲတိုင်း ဖြစ်နေတာနဲ့စပ်လျဉ်းလို့ နိုင်ငံရေးသမားတွေရော၊ ပြည်သူတွေကပါ စိတ်ပျက်လက်ပျက် ဖြစ်နေတာ အတော်ကြာပါပြီ။

အခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရလက်ထက် အရင်ကော်မရှင်ဟောင်းနေရာမှာ ကော်မရှင်သစ်ကို အစားထိုးလိုက်ပြီဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ထိထိရောက်ရောက် ဖြစ်လာတော့မှာလားဆိုပြီး မျှော်လင့်စရာတွေ ရှိလာပါတယ်။ ခုတစ်ပတ် အဲဒီအကြောင်း လေ့လာသုံးသပ် တင်ပြသွားပါ့မယ်။

Transparency International အဖွဲ့က နှစ်စဉ် ထုတ်ပြန်တဲ့ CPI လို့ခေါ်တဲ့ အဂတိလိုက်စားမှု အညွှန်းကိန်းမှာ ၂၀၁၁ ခုနှစ်က မြန်မာဟာ အဆင့် ၁၈၀ ရှိနေရာကနေ ၂၀၁၆ ခုနှစ်မှာတော့ အဆင့်၁၃၆ အထိ မြင့်တက်လာခဲ့ပါတယ်။ ဒါဟာ သမ္မတ ဦးသိန်းစိန်အစိုးရ တာဝန်ယူခဲ့စဉ် ကာလ တစ်လျှောက်လုံးကနေ အင်န်အယ်လ်ဒီအစိုးရ တက်လာကစ အချိန်ထိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ပတ်သက်လို့ တောက်လျောက် တိုးတက်မှုရှိလာတာကိုပြတဲ့ လက္ခဏာ ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံအတွင်း အဂတိလိုက်စားမှုပြဿနာ ပပျောက်မသွားတဲ့အပြင် ကြီးမားတဲ့ အဂတိလိုက်စားမှုဆိုင်ရာ ကိစ္စတွေ၊ အလွန်ကြီးကျယ်တဲ့ ငွေကြေးခဝါချမှုဆိုင်ရာ ပြဿနာတွေကို ဖော်ထုတ်အရေးယူတာမျိုး မလုပ်နိုင်တဲ့အတွက် နိုင်ငံရေးသမားတွေ၊ ပညာတတ်တွေ အပါအဝင် ပြည်သူတွေကပါ ကျေနပ်မှု မရှိကြပါဘူး။

အဲဒီလို ဖြစ်ရတာကလည်း သဘာ၀ ကျပါတယ်။ သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပြဋ္ဌာန်းပါတယ်။ အဲဒီ ဥပဒေနဲ့ အညီ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် တစ်ရပ် ဖွဲ့စည်းတာဝန်ပေးပါတယ်။ ဥပဒေမှာ ကော်မရှင်ဟာ တိုင်ကြားမှုရှိမှသာ အရေးယူရမယ်လို့ ဆိုထားတာကြောင့် အဂတိလိုက်စားမှု ဘယ်လောက် ကြီးကျယ်နေတဲ့ကိစ္စအဖြစ် သတင်းကြီးနေပါစေ၊ ကော်မရှင်က ဘာမှ ဝင်ရောက်ဆောင်ရွက်လို့ မရပါဘူး။

ဒါပေမယ့် ဥပဒေပိုင်းဆိုင်ရာ ပြုပြင်ရမယ့်ကိစ္စ၊ Grand Corruption လို ပြဿနာမျိုးကိုင်တွယ်ရင် အရင်စစ်အာဏာရှင်ဟောင်းနဲ့ ဆက်နွှယ်နေသူတွေ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ ကုမ္ပဏီကြီးတွေရဲ့ ထိပ်တန်း တာဝန်ရှိသူတွေ ပါဝင်လာနိုင်တဲ့ ပြဿနာတွေ ရှိနေသေးတာမို့ သူ့အနေနဲ့ ဒီတာဝန်ကို ခက်ခက်ခဲခဲ ထမ်းဆောင်ရဖွယ် ရှိနေပါကြောင်း

ကော်မရှင်ဟောင်းရဲ့ သက်တမ်းအတွင်း ၂၀၁၄ မတ်လ ၁၀ ရက်ကနေ ၂၀၁၇ အောက်တိုဘာလကုန်အထိ ကော်မရှင်ဟာ တိုင်ကြားစာ စုစုပေါင်း ၄,၃၅၃ စောင် လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီထဲကမှ အများစု ဖြစ်တဲ့ တိုင်ကြားစာ ၃,၀၀၀ ကျော်ကတော့ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်နဲ့ အကျုံးမဝင်လို့ မှတ်တမ်းတွဲထားတဲ့ အဆင့်ပဲ ရှိခဲ့ပါတယ်။ ၁,၀၇၇ စောင်ကိုတော့ သက်ဆိုင်ရာဝန်ကြီးဌာနက အရေးယူနိုင်အောင် လွှဲပြောင်းပေးလိုက်တယ်လို့ ဆိုပါတယ်။

အဲဒီထဲကမှ ၃၇ ယောက်ကိုပဲ အရေးယူတာရှိခဲ့ပြီး ဝန်ထမ်းအဖြစ် ထုတ်ပယ်ခံရတဲ့ ၇ ယောက်ကလွဲရင် ကျန်တဲ့သူတွေဟာ သေးသေးမွှားမွှား မဆိုစလောက်ပဲ အရေးယူတာ ခံရပါတယ်။ တကယ်လက်တွေ့ ကော်မရှင်က စုံစမ်းစစ်ဆေးနိုင်တာ ၆၁ မှုပဲ ရှိခဲ့ပါတယ်။ အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် သမ္မတ ဦးသိန်းစိန်လက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေရော၊ ကော်မရှင်ပါ သိပ် အလုပ်ဖြစ်တာ မတွေ့ရပါဘူး။

အခု ဝန်ကြီးဟောင်းလည်းဖြစ်ခဲ့တဲ့၊ စစ်ဗိုလ်ချုပ်ဟောင်းလည်းဖြစ်တဲ့ ဦးအောင်ကြည်ကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးလိုက်ပါပြီ။ ဦးအောင်ကြည်ဟာ ကိုယ်ကျင့်တရားအရ အရင်စစ်အာဏာရှင်ခေတ် စစ်ဗိုလ်ချုပ်တွေထဲမှာ သန့်ရှင်းဖြူစင်သူဆိုပြီး ရှားရှားပါးပါး ချီးကျူးခံရတဲ့ ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်ပါတယ်။ ကော်မရှင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရအပြီး သတင်းမီဒီယာတွေကို ဖြေကြားတဲ့ သူ့ရဲ့ အင်တာဗျူးတွေကို ကြည့်ရင် သူဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပြဿနာကို နားလည်တဲ့သူ၊ တကယ့်ကိုပဲ တိုက်ဖျက်မယ်လို့ သန္နိဋ္ဌာန်ချထားသူ ဖြစ်တယ်ဆိုတာ မြင်တွေ့ကြရပါတယ်။

မီဒီယာတွေကို ဖြေကြားချက်အရ ဦးအောင်ကြည်က အဂတိလိုက်စားမှု ပြဿနာဆိုတာဟာ လူပေါင်း သောင်းချီ သိန်းချီ ပတ်သက်နေတဲ့ လာဘ်ပေးလာဘ်ယူမှု သေးသေးမွှားမွှားလေးတွေချည်းပဲ မဟုတ်တဲ့အကြောင်း၊ တကယ်အရေးကြီးတာက Grand Corruption လို့ခေါ်တဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အရင်းအမြစ်ကြီးတွေ ဆုံးရှုံးတဲ့ကိစ္စ၊ သယံဇာတတွေ ဆုံးရှုံးနေတဲ့ကိစ္စ ဖြစ်ကြောင်း၊ ဒီလို အဂတိလိုက်စားမှှုကြီးတွေထဲမှာ အင်စတီကျူးရှင်းကြီးတွေ ပါဝင်ပတ်သက်မှု ရှိနေတတ်ကြောင်း၊ ဒီလို ကိစ္စမျိုးကို ကိုင်တွယ်ရမှာ ဖြစ်ကြောင်း ပြောပါတယ်။

လက်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဟာ တိုင်ကြားသူရှိမှ ကိုင်တွယ်ရတဲ့ကိစ္စဖြစ်တာကြောင့် ဒါကို ဥပဒေမှာကို ပြင်ဖို့လိုတဲ့အကြောင်း၊ ဥပဒေ မပြင်ရင် အဂတိလိုက်စားတယ်လို့ ဘယ်လောက်နာမည် ထွက်ထွက် ကော်မရှင်က ဘာမှ မလုပ်နိုင်တဲ့အကြောင်း၊ လက်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်မှာ အောက်ခြေက ဝန်ထမ်းတွေလောက်ကိုပဲ ထောင်ချတာ၊ အပြစ်ပေး အရေးယူတာမျိုး တွေ့နေရလို့ မထိရောက်ကြောင်း ပြောပါတယ်။

သူ့အနေနဲ့ တာဝန်ထမ်းဆောင်ရတဲ့အခါ အချက်သုံးချက်ကို ဦးစားပေး လုပ်ကိုင်သွားမှာဖြစ်ကြောင်း၊ ပထမကတော့ လက်ရှိ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတဲ့ ပုံမှန် အဂတိလိုက်စားမှုမျိုး မဖြစ်ပေါ်အောင် တားဆီးကာကွယ်တာဖြစ်ကြောင်း၊ ဒုတိယကတော့ Grand Corruption လို အကြီးစားမျိုး ကိုင်တွယ်တာ၊ ငွေကြေးခဝါချမှု ဖော်ထုတ်တာမျိုးဖြစ်ကြောင်း၊ တတိယကတော့ တစ်မျိုးသားလုံးကို အရှက်ရစေတဲ့ CPI Index မှာ နိမ့်ကျနေပြီး နိုင်ငံမျက်နှာပျက်နေရတဲ့ကိစ္စ ဖြေရှင်းမှာဖြစ်ကြောင်း ပြောဆိုပါတယ်။

လက်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ တာဝန်ယူနေပြီဖြစ်တဲ့ ဗိုလ်ချုပ်ဟောင်း ဦးအောင်ကြည်နဲ့ပတ်သက်ရင် သူနေထိုင်ဖြတ်သန်းခဲ့တဲ့ ကိုယ်ကျင့်တရားကို ကြည့်ရင်၊ အစိုးရအဖွဲ့မှာ သူတာဝန်ယူခဲ့ဖူးတဲ့ သူ့လုပ်ရပ်တွေကို ကြည့်ရင်၊ လက်ရှိ သူ့ခံယူချက်နဲ့ သူပြောဆိုနေတာကို ကြည့်ရင် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်း တိုးတက်အောင် လုပ်နိုင်မယ့်သူအဖြစ် မျှော်လင့်စရာ ရှိလာပါတယ်။

ဒါပေမယ့် ဥပဒေပိုင်းဆိုင်ရာ ပြုပြင်ရမယ့်ကိစ္စ၊ Grand Corruption လို ပြဿနာမျိုးကိုင်တွယ်ရင် အရင်စစ်အာဏာရှင်ဟောင်းနဲ့ ဆက်နွှယ်နေသူတွေ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ ကုမ္ပဏီကြီးတွေရဲ့ ထိပ်တန်း တာဝန်ရှိသူတွေ ပါဝင်လာနိုင်တဲ့ ပြဿနာတွေ ရှိနေသေးတာမို့ သူ့အနေနဲ့ ဒီတာဝန်ကို ခက်ခက်ခဲခဲ ထမ်းဆောင်ရဖွယ် ရှိနေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.