အနီရောင်ပူပေါင်း ပေါက်ကွဲသွားခြင်း

ငွေပေးချေမှု ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူ Red Dot ကျဆုံးရမှုနဲ့ ပတ်သက်ပြီး အံ့သြစရာကောင်းတဲ့ တစ်ခုတည်းသောအကြောင်းက ဆိုင်းမဆင့်ဗုံမဆင့်နဲ့ ကုမ္ပဏီ ထွက်ခွာသွားခဲ့တာပါ။

ကုမ္ပဏီက ယိုင်နဲ့နေခဲ့တာ နှစ်များစွာမဟုတ်တောင် လများစွာ ကြာနေခဲ့ဟန်တူပါတယ်။ တကယ်အလုပ်လုပ်တဲ့ Ret Dot terminal တွေ နည်းနည်းလာသလို သူတို့ ကြိုသွင်းထားတဲ့ငွေကို ပြန်ရဖို့ကလည်း ပိုပိုပြီးခက်ခဲလာတယ်လို့ အေးဂျင့်တွေက ဆိုပါတယ်။ ဒါတွေက မရဏဝဲကတော့အတွင်း သက်ဆင်းနေတဲ့ ကုမ္ပဏီတစ်ခုရဲ့ လက္ခဏာတွေပါပဲ။

ဒီလိုမျိုး ဘာကြောင့်ဖြစ်ခဲ့ရပါသလဲ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းက ဒေါ်လာသန်းပေါင်းများစွာရင်းနှီးမြုပ်နှံခဲ့ပေမဲ့ Red Dot ဟာ အပိုကြီးလို ဖြစ်နေခဲ့မှုက ပိုဆိုးလာခဲ့ပါတယ်။ ကိုယ်စားလှယ်ဆိုင်တစ်ခုကနေ ဖုန်းငွေဖြည့်စလစ်တစ်ခု ဝယ်ယူနိုင်တဲ့ သူ့ရဲ့အဓိကဝန်ဆောင်မှုဟာ ဆွဲဆောင်နိုင်မှု နည်းသထက်နည်းလာခဲ့ပါတယ်။ အကြောင်းရင်းတွေထဲမှာ အသစ်အသစ်သောကုမ္ပဏီနဲ့ နည်းပညာတွေက ပေါ်ပေါက်လာပြီး အလားတူကမ်းလှမ်းမှုမျိုးတွေပေးလာသလို သုံးရတာပိုလွယ်၊ ပိုမြန်၊ ပိုဈေးချိုလာခဲ့ပါတယ်။ Red Dot ကိုသုံးဖို့အကြောင်းက နည်းသထက်နည်းလာခဲ့ပါတယ်။

ဒါမျိုးက စီးပွားရေးလောကမှာတော့ ပုံမှန်ပါပဲ။ အထူးသဖြင့် နည်းပညာနယ်ပယ်မှာ ပိုပြီးဖြစ်တတ်တာပေါ့။ စွန့်စားမှုမကင်းတဲလုပ်ငန်းအချို့က အောင်မြင်ပေမယ့် အများအပြားကတော့ ကျရှုံးကြပါတယ်။ သူ့ရဲ့ လုပ်ငန်းကွန်ရက်အတွက် အမေရိကန်ဒေါ်လာ ၂၅ သန်းရင်းနှီးမြုပ်နှံထားတယ်လို့ Red Dot တည်ထောင်သူ မစ္စတာဂျွန်နက်ဂဲလ်က ၂ဝ၁၅ ခုနှစ်မှာ Frontier ကို ပြောခဲ့ပါသေးတယ်။ “ကျွန်တော်တို့ရဲ့ လုပ်ငန်းအမြတ်ရဖို့ကတော့ အချိန်ကြာကြာယူရမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ အတိုင်းအတာပမာဏ လိုအပ်တယ်လေ” လို့သူကပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း နက်ဂဲလ်အတွက် ကံမကောင်းချင်တော့ ငွေမကုန်ခင်မှာ လိုအပ်တဲ့ လုပ်ငန်းအတိုင်းအတာကို Red Dot က မတည်ဆောက်နိုင်ခဲ့ပါဘူး။ သတင်းဆိုးကတော့ Red Dot အတွက် ကြိုတင် ငွေသွင်းခဲ့ကြတဲ့ ကိုယ်စားလှယ်တွေ သူတို့ငွေပြန်ရဖို့က မဖြစ်နိုင်သလောက်ပါပဲ။ ရာဇဝတ်မှုြုဖစ်စေ၊ တရားမမှုဖြစ်စေ ဒါကိုတော့ ပြောင်းလဲမှာ မဟုတ်ပါဘူး။

Red Dot ပြိုလဲမှုက ဘဏ္ဍာရေးနည်းပညာတွေ၊ မြန်မာနိုင်ငံရဲ့ စည်းကမ်းဥပဒေနဲ့ ထိန်းသိမ်းမှုဆိုင်ရာမူဘောင်အရှုပ်အထွေးတွေနဲ့ စိမ်းနေသေးတဲ့ စားသုံးသူအများအပြားကို ခြောက်လှန့်နေပါတယ်။ ဒီကဏ္ဍဟာ စားသုံးသူတွေရဲ့ ယုံကြည်မှုကင်းမဲ့မှုကို ကျော်လွှားဖို့က ရုန်းကန်နေရပြီဖြစ်ပါတယ်။ ဒါဟာ နောက်ထပ် ဆုတ်ယုတ်မှုတစ်ခုဖြစ်ပါလိမ့်မယ်။

သတင်းကောင်းကတော့ Red Dot ဟာ စားသုံးသူတွေ ငွေကြိုထည့်တဲ့ e-wallet ကိုပေးအပ်တဲ့ မိုဘိုင်းငွေကြေးလုပ်ငန်း ဆောင်ရွက်ပေးသူတစ်ဦးတော့ မဟုတ်ပါဘူး။ ဒါက ဆုံးရှုံးမှုကို ကန့်သတ်လိုက်တာပါ။ စားသုံးသူတွေအတွက်ရော၊ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးနည်းပညာကဏ္ဍ ဖွံ့ဖြိုးရေးအတွက်ပါ ကန့်သတ်ပေးလိုက်တာပါ။ မှန်ပါတယ်။ ကိုယ်စားလှယ်ထောင်ပေါင်းများစွာဟာ ငွေတွေ ဆုံးရှုံးသွားပါတယ်။ တစ်ဦးကို ဒေါ်လာရာပေါင်းအနည်းငယ်ပါ။ ဒါပေမယ့် တကယ်လို့သာ Red Dot ဟာ e-wallet ကိုသာ လုပ်ငန်းလည်ပတ်နေခဲ့မယ်ဆိုရင် ငွေကြေးဆုံးရှုံးမှုဟာ ထောင်ပေါင်းများစွာ ဖြစ်သွားနိုင်ပါတယ်။

သီအိုရီအရတော့ e-wallet အသုံးပြုသူတွေကို အကာအကွယ်ပေးသင့်ပါတယ်။ မြန်မာနိုင်ငံမှာ ခေတ်မီပြီး ကောင်းမွန်စွာ ရေးဆွဲထားတဲ့ လမ်းညွှန်ချက်တွေရှိပါတယ်။ ၂ဝ၁၃ မိုဘိုင်းဘဏ်လုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်ကြောင့် မိုဘိုင်းငွေကြေးလုပ်ငန်း ဆောင်ရွက်သူတွေဟာ လိုင်စင်ရပုဂ္ဂလိကဘဏ်တစ်ခုနဲ့ အကျိုးတူလုပ်ငန်းဆောင်ရွက်နိုင်ပြီး အသုံးပြုသူတွေရဲ့ ငွေတွေကို အဲဒီဘဏ်မှာ စာရင်းတစ်ခုနဲ့ ထိန်းထားပါတယ်။ သာဓကတစ်ခုကတော့ TrueMoney ပါ။ သူက AGD ဘဏ်နဲ့ ချိတ်ဆက်ဆောင်ရွက်နေတာပါ။

၂ဝ၁၆ မိုဘိုင်းငွေကြေးဆိုင်ရာ ဝန်ဆောင်မှုစည်းမျဉ်းဥပဒေကြောင့် ဘဏ်လုပ်ငန်းကဏ္ဍရဲ့ အပြင်ဘက်က ကုမ္ပဏီတွေဟာ မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်လာနိုင်ခဲ့ပါတယ်။ ဒါကို မိုဘိုင်ဖုန်းအော်ပရေတာတွေဦးဆောင်တဲ့ ပုံစံတစ်ခုအဖြစ် ရည်ညွှန်းလေ့ရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လိုင်စင်ရသူတွေဟာ ထုံးစံအားဖြင့် အဓိက မိုဘိုင်းအော်ပရေတာတွေ ဖြစ်နေလို့ပါ။ တယ်လီနောရဲ့ Wave Money နဲ့ အူရီဒူးရဲ့ M-Pitesan တို့ဟာ လိုင်စင်ရသူတွေထဲမှာ ပါဝင်ပါတယ်။ အခု MPT နဲ့ Mytel တို့ကလည်း သူတို့ပိုင် e-wallet တွေတည်ထောင်ဖို့ စီစဉ်နေတယ်လို့ ကြားသိရပါတယ်။

အော်ပရေတာဦးဆောင်တဲ့ မော်ဒယ်က ဘဏ်မဟုတ်တဲ့ ငွေကြေးအဖွဲ့အစည်းတွေကို e-wallets လုပ်ခွင့်ပေးသည့်တိုင် လိုင်စင်ရသူတွေဟာ အသုံးပြုသူတွေရဲ့ ငွေတွေကို ယုံကြည်အပ်နှံမှုတစ်ခုအဖြစ် မှတ်ပုံတင်ထားတဲ့ ပုဂ္ဂလိဘဏ်တစ်ခုမှာ ထိန်းသိမ်းထားဖို့ လိုအပ်နေဦးမှာ ဖြစ်ပါတယ်။

ဒါက ထူးခြားပါတယ်။ ပုံစံနှစ်ခုစလုံးအရ တကယ်လို့ မိုဘိုင်းငွေကြေးလုပ်ငန်းဆောင်ရွက်သူက လုပ်ငန်းပြုတ်သွားရင်တောင် အသုံးပြုသူ ဖောက်သည်တွေဟာ သူတို့ငွေကို ပြန်ရမှာဖြစ်ပါတယ်။

ဒါ့ကြောင့် လိုင်စင်မရှိပေမယ့် ၂ဝ၁၆ကတည်းက e-wallet ကို စတင်နေခဲ့တဲ့ OK Dollar ရဲ့ အနေအထားကို ကိုင်တွယ်ဖို့ ဗဟိုဘဏ်အတွက် ၂ဝ၁၇ ခုနှစ်မှာ ဖရန်တီယာက စည်းရုံးဆော်သြပေးခဲ့ပါတယ်။ ဒါက လိုင်စင်ချပေးခြင်းရဲ့ မူဘောင်အပြင်ဘက်မှာ ရှိနေခဲ့တဲ့အတွက် အသုံးပြုသူတွေအတွက် အကာအကွယ်ဆိုတာ လုံးဝမရှိပါဘူး။ အဲဒီအချိန်က လူတစ်ယောက်ရဲ့ လေ့လာကြည့်မှုအရ မရှိမဖြစ်အနေနဲ့က မိုဘိုင်းအခြေပြု ဟွန်ဒီငွေလွှဲဝန်ဆောင်မှုပါ။ ဟွန်ဒီဆိုတာက အာရှတစ်ဝန်းရာစုနှစ်များစွာ လုပ်ဆောင်နေတဲ့ စည်းမျဉ်းဥပဒေနဲ့ ထိန်းမထားတဲ့ ငွေလွှဲကွန်ရက်တွေကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

အဲဒီနောက် OK Dollar ကိုလိုင်စင်ချပေးခဲ့ပြီး သူ့ရဲ့ လုပ်ဆောင်ချက်တွေကို အတိုင်းအတာတစ်ခုထိ ကြီးကြပ်ခဲ့ပါတယ်။ ဒါပေမယ့် လိုင်စင်မရှိတဲ့ ဘဏ္ဍာရေးနည်းပညာလုပ်ငန်း ဆောင်ရွက်သူတွေနဲ့ ဥပဒေကိုမလေးစားတဲ့ လိုင်စင်ရ အော်ပရေတာတွေရဲ့ ကြီးမားတဲ့ ဂေဟစနစ်တစ်ခုကတော့ ရှိနေပါသေးတယ်။ သူတို့က အရေးယူမခံရဘဲ ဒီလိုပဲ လုပ်ဆောင်နေကြပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဗဟိုဘဏ်က အခုချိန်အထိ အများအားဖြင့် လက်ရှောင်တဲ့ နည်းလမ်းကိုပဲ သုံးနေလို့ပါ။

Red Dot ကတော့ ဗဟိုဘဏ်အတွက် သတိပေးမှုတစ်ခု ဖြစ်သင့်ပါတယ်။ ဘဏ္ဍာရေးနည်းပညာကဏ္ဍက ယခင်ကနဲ့ နှိုင်းယှဉ်ရင် ပေါ့ပေါ့ပါးပါးနဲ့ ပြီးသွားပေမယ့် နောက်တစ်ကြိမ် ဒီလိုကံကောင်းချင်မှ ကောင်းမှာပါ။

ယခုအယ်ဒီတာအာဘော်အား ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဖြန့်ချိသည် Frontier မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။

ဦးကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.