အကောင်းဆုံးနှင့်အဆိုးဆုံး(ဝါ) ဦးမြင့်သိန်း အောက်မေ့ဖွယ်

ဖေဖော်ဝါရီ ၂၂ ရက်သည် လွတ်လပ်ပြီးခေတ် မြန်မာနိုင်ငံ၏ တတိယမြောက် တရားဝန်ကြီးချုပ် ဦးမြင့်သိန်း၏ နှစ် ၁၂၀ ပြည့် အောက်မေ့ဖွယ် အမှတ်တရနေ့ ဖြစ်ပါသည်။ ဦးမြင့်သိန်းသည် ဒုတိယကမ္ဘာစစ်တွင်း အတွေ့အကြုံများကို ဖြတ်သန်းရင်ဆိုင်ခဲ့ရသူ၊ ဗိုလ်ချုပ်နေဝင်းလက်ထက်တွင် ကာလရှည်ကြာ အကျဉ်းချခံရခြင်းတို့နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသူဖြစ်ပြီး ကဗျာချစ်သူတစ်ယောက်အဖြစ် သူ့ဘဝ၏လက်ကျန်အချိန်များကို ဖြတ်သန်းခဲ့သူတစ်ဦးဖြစ်ပါသည်။

ဒေါက်တာ မြင့်ဈာန် ရေးသားသည်။

စစ်သားကြီးလည်းဖြစ်၊ သံအမတ်လည်းဖြစ်၊ ဝတ်လုံတော်ရရှေ့နေလည်းဖြစ်သည့် တရားသူကြီး၊ နိုင်ငံရေးအကျဉ်းသား ကဗျာဆရာ ဦးမြင့်သိန်းသည် တကယ့်ကို အောင်မြင်ကျော်ကြားထင်ရှားသူ တစ်ဦးဖြစ်ပါပေသည်။ ၂၀ ရာစု၏ အစောပိုင်းမှာ မွေးဖွားခဲ့ပြီး သက်ရှိထင်ရှားသာ ရှိခဲ့ပါက ဖေဖော်ဝါရီ ၂၂ ရက်တွင် နှစ် ၁၂၀ ပြည့်ခဲ့ပြီဖြစ်သော သူ့ဘဝဇာတ်ကြောင်းကိုလေ့လာကြည့်လျှင် မျက်မှောက်ခေတ် မြန်မာနိုင်ငံ၏ လမ်းကြောင်းတလျှောက်ကို ခြေရာကောက်နိုင်သည်။

ဦးမြင့်သိန်း၏မိသားစုသည် လျှမ်းလျှမ်းတောက် ထင်ရှားကျော်ကြား အသိအမှတ်ပြုရသူများ ဖြစ်သည်။ ဦးမြင့်သိန်းသည် ညီအစ်ကိုလေးယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး အားလုံးမှာဝတ်လုံတော်ရရှေ့နေများအဖြစ် မှတ်ကျောက်တင်ခံကြရသူများဖြစ်သည်။ ဦးမြင့်သိန်းသည်လည်း သူ့ညီအစ်ကိုတော်များနည်းတူ ဤသက်မွေးပညာနှင့် ဘဝလမ်းကြောင်းကိုပင် ရွေးချယ်ခဲ့သူဖြစ်သည်။

တရားစီရင်ရေး နယ်ပယ်ထဲမှ ညီအစ်ကို လေးယောက်

ဦးမြင့်သိန်း၏ အစ်ကိုအကြီးဆုံး ဦးတင်ထွဋ် (၁၈၉၅ – ၁၉၄၈) မှာ ကင်းဘရစ်တက္ကသိုလ် ကွင်း(စ်)ကောလိပ်၌ ပညာသင်ကြားခဲ့သူဖြစ်ပြီး အိန္ဒိယပဋိညာဉ်ခံဝန်ထမ်း (အိုင်စီအက်စ်) အဖြစ် အသိအမှတ်ပြုခံရသော ပထမဆုံးမြန်မာတိုင်းရင်းသား အရာရှိတစ်ဦး ဖြစ်ပါသည်။ သူသည် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးမရမီ အကြိုဖွဲ့စည်းထားသော အစိုးရဝန်ကြီးအဖွဲ့တွင် ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အင်္ဂလိပ်အစိုးရနှင့် ဗမာပြည်၏လွတ်လပ်ရေးအတွက် စေ့စပ်ညှိနှိုင်းဆွေးနွေးရန် လန်ဒန်သို့ သွားရောက်ရာတွင် အတူလိုက်ပါသွားခဲ့ရသူဖြစ်ပါသည်။

ဤခရီး၏ အကျိုးရလဒ်အဖြစ် ၁၉၄၇ ဇန်နဝါရီလ ၂၇ ရက်တွင် အောင်ဆန်း- အက်တလီ စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့လေသည်။ အောင်ဆန်း – အက်တလီစာချုပ်သည် နောက်နှစ် ဇန်နဝါရီလတွင် လွတ်လပ်ရေးရရှိဖို့ရာ ခိုင်မာသောအခြေခံအုတ်မြစ်ဖြစ်လေသည်။ ဦးတင်ထွဋ်သည် ၁၉၄၇ ဇူလိုင်တွင် ဗိုလ်ချုပ်အောင်ဆန်း နှင့် အခြားအစိုးရဝန်ကြီးများ လုပ်ကြံခံရချိန်တွင် မပါဝင်ခဲ့သော်လည်း ၎င်းနောက် စက်တင်ဘာလတွင် သူ့ကားအတွင်းသို့ လက်ပစ်ဗုံးပစ်ထည့်ခံရပြီး ကြေကွဲဖွယ်ရာ လုပ်ကြံခံခဲ့ရသည်။

မိသားစုထဲမှ နောက်တစ်ယောက်မှာ ဦးကျော်မြင့် (၁၈၉၈ – ၁၉၈၈) ဖြစ်သည်။ ဦးကျော်မြင့်သည် ၁၉၂၁ တွင် ဝတ်လုံတော်ရရှေ့နေအဖြစ် အသိအမှတ်ပြု ဘွဲ့ရခဲ့ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ့အပေါင်းပါ ဝန်ကြီးများကို လုပ်ကြံသတ်ဖြတ်ခြင်းဖြင့် စွပ်စွဲခံရသူများကို ရုံးတင်စစ်ဆေးသော အထူးခုံရုံးအဖွဲ့တွင် နာယကအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။ လွတ်လပ်ပြီးခေတ်တွင် ဦးကျော်မြင့်သည် ၁၉၄၈ ဇန်နဝါရီလမှ ၁၉၅၀ လောက်ထိ တရားလွှတ်တော်ချုပ် တွဲဖက်တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုရာထူးမှ အနားယူကာ နောက်ထပ် ၂၅ နှစ်ခန့် တရားစီရင်ရေးနယ်ပယ်တွင် အလုပ်လုပ်ကိုင်ခဲ့သည်။ ၁၉၈၈ မေလတွင် ရန်ကုန်၌ ဦးကျော်မြင့် ကွယ်လွန်ခဲ့သည်။

အငယ်ဆုံးညီငယ်ဖြစ်သော ဒေါက်တာထင်အောင် (၁၉၀၉ – ၁၉၇၈) သည် တက္ကသိုလ်ပညာရေးနယ်ပယ်ကို ပို၍အာရုံစိုက်စိတ်ဝင်စားသူဖြစ်သည်။ ပါမောက္ခချုပ်အဖြစ် တာဝန်ယူလုပ်ကိုင်ကာ နောက်ပိုင်းတွင် ၁၉၄၆ မှ ၁၉၅၉ အထိ ရန်ကုန်တက္ကသိုလ်၏ ဒုတိယအဓိပတိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ လေးစားကြည်ညိုစွာဖြင့် ဆရာကြီးဟု အခေါ်ခံရသော ဒေါက်တာထင်အောင်သည် သူဘွဲ့ရရှိခဲ့ရာ တရားစီရင်ရေးနယ်ပယ်ထဲမှာပင် ဘွဲ့ဒီဂရီများစွာရယူရခြင်းကို အလွန်ခုံမင်သူဖြစ်သည်။

သူရရှိခဲ့သောဘွဲ့များမှာ ဂုဏ်ထူးဆောင်ဘွဲ့များသာမက ကင်းဘရစ်တက္ကသိုလ်မှ ဥပဒေဘွဲ့ Bachelor of Laws ၊ လန်ဒန်တက္ကသိုလ်မှ Master of Laws ၊ ဒပ်ဗလင်တက္ကသိုလ်မှ ဥပဒေဒေါက်တာဘွဲ့ Doctor of Laws ၊ အောက်စဖို့စ်တက္ကသိုလ်မှ တရားမဥပဒေဘွဲ့ Bachelor of Civil Laws တို့ဖြစ်သည်။

ပညာလေ့လာလိုက်စားတဲ့နေရာမှာ ဒေါက်တာထင်အောင်၏ စိတ်အားထက်သန်မှုကို သူ့အစ်ကို ဦးကျော်မြင့်က ဒေါက်တာထင်အောင်၏တူဖြစ်သူကို သည်လိုပင်ပြောခဲ့ရသည်။

“မင်းမှာ dead Uncle (ဆုံးသွားတဲ့ဦးလေး ဦးတင်ထွဋ်) တစ်ယောက်၊ bad Uncle (လူဆိုးဦးလေး ဦးမြင့်သိန်း) တစ်ယောက်၊ mad Uncle (ပညာအရူးအမူးဖြစ်တဲ့ဦးလေး ဒေါက်တာထင်အောင်) တစ်ယောက် ရှိတယ်လေ” ဟူ၏။

စစ်သားကြီး၊ သံတမန်နှင့် ရှေ့နေ

လူဆိုးဦးလေးဖြစ်သူ ဦးမြင့်သိန်းသည်လည်း ဗြိတိန်တွင် တက္ကသိုလ်ပညာကို လေ့လာဆည်းပူးခဲ့သူဖြစ်ပြီး ကင်းဘရစ်မှ ဥပဒေဘွဲ့နှင့် မဟာဝိဇ္ဇာဘွဲ့တို့ကိုရရှိခဲ့ပါသည်။ ၁၉၂၅ ဝန်းကျင်တွင် Lincoln’s Inn မှ ပေးအပ်သော ဝတ်လုံတော်ရရှေ့နေအဖြစ်လုပ်ကိုင်ရန် အသိအမှတ်ပြုသည့် ဝတ်လုံတော်ရဘွဲ့ကို ရရှိခဲ့သည်။ ဦးမြင့်သိန်းသည် အင်္ဂလန်တွင် ပညာသင်ကြားနေစဉ် ဒေါ်ဖွားမှီ (၁၉၀၂ – ၁၉၆၂) နှင့်တွေ့ဆုံခဲ့ပြီး နောင်ပိုင်းတွင် သူတို့နှစ်ဦး လက်ထပ်ခဲ့ကြသည်။ ဒေါ်ဖွားမှီသည် Middle Temple မှ ဝတ်လုံတော်ဘွဲ့ရရှိသော ပထမဆုံးဗမာအမျိုးသမီး ဝတ်လုံတော်ရရှေ့နေ တစ်ယောက်ဖြစ်သည်။

ဦးမြင့်သိန်းသည် ရှေ့နေအဖြစ်သာ မဟုတ်ပေ။ သူသည် အင်္ဂလိပ်စစ်တပ်တွင် ဗိုလ်မှူးကြီးရာထူးဖြင့်လည်း တာဝန်ထမ်းဆောင်ခဲ့သည်ဟု ၁၉၅၇ ခု အောက်တိုဘာလထုတ် ရန်ကုန်အခြေစိုက် The Guardian မဂ္ဂဇင်းတွင် ပါရှိသော ဒေါက်တာမောင်မောင်၏ဆောင်းပါးအရ သိရှိရပါသည်။ ထို့ကြောင့်ပင် ဦးမြင့်သိန်းသည် ဂျပန်ခေတ် မြန်မာပြည်တွင် ထိုအချိန်က အင်္ဂလိပ်စစ်သားအဖြစ် ဂျပန်တို့သတိမထားမိနိုင်စေရန် မာလီ(ဥယျာဉ်မှူးကို အိန္ဒိယအခေါ်အဝေါ်) အဖြစ် ရုပ်ဖျက်ဟန်ဆောင်ရင်း သက်စွန့်ဆံဖျား နေထိုင်ခဲ့ရသည်။ ၁၉၅၇ ကဆောင်းပါးမှာ ဒေါက်တာမောင်မောင်က ထိုသို့အန္တရာယ်ကြီးလှသော ဒုတိယကမ္ဘာစစ်အတောအတွင်း နှစ်များက အန္တရာယ်များလွန်းသဖြင့် သူ သေတောင်သေသွားနိုင်ကြောင်း ဦးမြင့်သိန်းကို ချီးကျူးဂုဏ်ပြုထားခဲ့သည်။

ဦးမြင့်သိန်းသည် သံတမန်တစ်ဦးလည်းဖြစ်သည်။ သူသည် လွတ်လပ်ရေးရပြီးခေတ်တွင် နေရှင်နယ်လစ် တရုတ်အစိုးရသို့ စေလွှတ်ခန့်အပ်ခြင်းခံရသော ပထမဆုံးမြန်မာသံအမတ်ကြီးလည်း ဖြစ်သည်။ နောက် ၁၉၄၉ ခု အောက်တိုဘာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအဖြစ် စတင်တည်ထောင်တော့လည်း ဦးမြင့်သိန်းသည် ပီအာစီ (တရုတ်ပြည်သူ့သမ္မတနိုင်ငံ) ၏ ပထမဆုံးမြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရပြန်သည်။

ရန်ကုန်သို့ ပြည်တော်ပြန်လာရပြီးနောက် ၁၉၅၃ မတ်လတွင် တရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ခန့်အပ်ခြင်းခံရသည်။ အဲသည်နောက် မကြာမီ ဦးမြင့်သိန်းသည် ဗမာပြည်တွင်းသို့ ကူမင်တန်တပ်များ ကျူးကျော်ဝင်ရောက်ခြင်းနှင့်ပတ်သက်ပြီး တိုင်တန်းရန် ကမ္ဘာ့ကုလသမဂ္ဂသို့ စေလွှတ်ခံခဲ့ရသည်။ ၁၉၅၇ က ဒေါက်တာမောင်မောင်၏ ဆောင်းပါးတွင် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အချေအတင် ငြင်းခုံဆွေးနွေးကြရာမှာ ဦးမြင့်သိန်း၏ပါဝင်ဆောင်ရွက်ခဲ့မှုတွေကတော့ လက်ဖျားခါလောက်ကြောင်း၊ ကုလသမဂ္ဂသမိုင်းမှာ မှတ်တိုင်တစ်ခုဖြစ်ကြောင်း ရေးသားထားသည်။

၁၉၅၇ ဇူလိုင်တွင် မြန်မာနိုင်ငံသမ္မတသည် ဦးမြင့်သိန်းကို တတိယမြောက် တရားလွှတ်တော်ချုပ် တရားဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ တရားဝန်ကြီးချုပ်အဖြစ် ဦးမြင့်သိန်းသည် လွတ်လပ်ပြီးခေတ် မြန်မာနိုင်ငံ၏ တရားရေးစီရင်ရေးဆိုင်ရာသမိုင်းတွင် အထင်ကရမှတ်တိုင်များထဲမှ အချို့ဖြစ်သော စီရင်ထုံးများစွာကို ရေးခဲ့လေသည်။

ဗိုလ်ချုပ်နေဝင်း၏ အာဏာသိမ်းမှု

ဒေါက်တာမောင်မောင်၏ ၁၉၅၇ ဆောင်းပါးတွင် ရေးသားထားသည်များမှာ တရားဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းခံရသည့်အချိန်ထိ ဦးမြင့်သိန်း၏ဘဝမှာ မြင့်တက်လာတာ ဖြောင့်ဖြောင့်ဖြူးဖြူးပါပဲ။ သူ တရားဝန်ကြီးချုပ်ဖြစ်တာ ကံကောင်းကံဆိုးပဲ။ သို့နှင့် ၁၉၆၂ တွင် သူ့ကံကြမ္မာက အဆိုးဘက်ကို တမျိုးတဖုံပြောင်းလဲသွားသည်။ မတ်လ ၂ ရက်တွင် ဗိုလ်ချုပ်နေဝင်း စစ်တပ်အာဏာသိမ်းပြီးနောက် စစ်သားများသည် မနက် ၂ နာရီတွင် ရန်ကုန် အမှတ် ၄၈ ကမ္ဘာအေးဘုရားလမ်းရှိ ဦးမြင့်သိန်းနေအိမ်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

နောက်တော့ ဦးမြင့်သိန်းက ကျွန်ုပ်ကို ပြန်ပြောပြသည်မှာ စစ်သားတွေက သူ့ကို “လိုက်ခဲ့ပါ” (သူတို့နှင့်အတူ) ဟုပြောတော့ သူကလည်း ရဲမင်းကြီး ကို “ဘာပြဿနာရှိလို့လဲ” လို့ ဖုံးဆက်မေးလို့ရမလားဟု မေးမြန်းခဲ့သည်ဟုဆိုသည်။ အဲ့ဒီ့အချိန်ထဲက ဖုန်းလိုင်းများအကုန်လုံး ဖြတ်တောက်ထားခဲ့ပြီဖြစ်ပြီး ထိုသို့လုပ်၍မရနိုင်ကြောင်း စစ်သားများကလည်း ယဉ်ယဉ်ကျေးကျေးပင် ပြန်လည်ပြောဆိုခဲ့သည်။

ဦးမြင့်သိန်းက ဖမ်းဝရမ်းပါလားဟု သူတို့ကို မေးခဲ့ကြောင်း နောက်ဆယ်စုနှစ်တစ်ခုအကြာမှာ စာရေးသူ ဖတ်ခဲ့ရသည်။ လာရောက်ဖမ်းဆီးသူတို့က သူတို့၏အထက်အရာရှိထံသွားမေးရာ ၎င်းက ဦးမြင့်သိန်းကို စစ်တပ်က အာဏာသိမ်းတာ၊ ဖမ်းဝရမ်း မလိုဘူးဟု ပြန်ပြောခဲ့သည်ဆို၏။ ထိုအချိန်က တရားဝန်ကြီးချုပ်သည် နိုင်ငံတော်အစိုးရအဖွဲ့တွင် သမ္မတပြီးလျှင် ဒုတိယအမြင့်ဆုံးရာထူး ဖြစ်လေသည်။

၁၉၆၂ မတ်လ ၃၀ ရက်တွင် ဗိုလ်ချုပ်နေဝင်းက တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဖြစ်လာခဲ့ပြီး ဦးမြင့်သိန်းနှင့်အတူ အခြားတရားလွှတ်တော်ချုပ် နှင့် တရားလွှတ်တော်တို့မှ တရားသူကြီးများကို တာဝန်မှရပ်ဆိုင်းလိုက်ကြောင်း ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို မတ်လ ၃၁ ရက်နေ့ နေ့လယ်အချိန်မှ စ၍သက်ရောက်စေသော အမိန့်အဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။

သို့သော်လည်း ဗိုလ်ချုပ်နေဝင်း၏အမိန့်တွင် တရားသူကြီးများသည် ၎င်းတို့အခွင့်ရှိသည့် ခံစားခွင့်များကို ခံစားပိုင်ခွင့်ရှိသည်ဟု ဖော်ပြပါရှိပါသည်။ ဗိုလ်ချုပ်နေဝင်း၏အမိန့်တွင် ပင်စင် ဟူသော ဝေါဟာရကို ဖော်ပြမထားသော်လည်း တာဝန်မှရပ်ဆိုင်းခံရပြီးနောက် သူနှင့် အခြားတရားသူကြီးများမှာ ပင်စင်လစာ အသီးသီးရရှိခဲ့ကြောင်း ဦးမြင့်သိန်းက ပြောပြသည်။

ဦးမြင့်သိန်း၏ဇနီး ဒေါ်ဖွားမှီသည် ကျန်းမာရေးမကောင်းဖြစ်နေခဲ့ရာ ခင်ပွန်းဖြစ်သူ ထိန်းသိမ်းခံရပြီးနောက် အခြေအနေ ပိုမိုဆိုးရွားလာသည်။ ဦးမြင့်သိန်းသည် တင်းကျပ်သောအစောင့်အကြပ်များ ချခံထားရပြီး ဒေါ်ဖွားမှီ၏ နောက်ဆုံးနေ့ရက်များတွင် အတူတကွနေထိုင် ပြုစုစောင့်ရှောက်ခွင့်ရခဲ့သည်။ ဦးမြင့်သိန်း သူ့ဇနီးဘေးမှာ ပြုစုစောင့်ရှောက်ခွင့်ရဖို့အတွက် သူ့အစ်ကိုကြီး ဦးကျော်မြင့်က သူနှင့် နေရာချင်းလဲပြီး အချုပ်ခန်းထဲမှာ သွားနေခဲ့ရသည်ဟု ကျွန်ုပ် မှတ်သားဖူးသည်။

၁၉၆၂ ဇွန် ၂၆ တွင် ဒေါ်ဖွားမှီဆုံးသွားရာ ဦးမြင့်သိန်းက ဇနီးအသုဘကို မပို့ဆောင်တော့ဘဲ သူ့သဘောဆန္ဒအလျောက် (၁၉၈၀ မှာ သူပြောခဲ့တဲ့စကားအတိုင်း ပြောရရင်တော့) “သူ့ကိုဂရုတစိုက် စောင့်ရှောက်နေသူတွေထံ (အချုပ်ခန်း) ကိုပဲ ပြန်ရန်ဆုံးဖြတ်ခဲ့တယ်” ဟုပြောပါသည်။ လွန်ခဲ့သော လအနည်းငယ်ကလည်း ၁၉၆၂ ခု ဇွန်လ နှောင်းပိုင်းက မြန်မာဘာသာနှင့် ပုံနှိပ်ထုတ်ဝေသော ကြေးမုံသတင်းစာတွင် ဖော်ပြထားဖူးသော သတင်းဆောင်းပါးတစ်ပုဒ် ပြန်လည်ဖော်ပြခြင်းကို ကျွန်ုပ် ဖတ်ခဲ့ရသည်တွင် ဦးမြင့်သိန်းသည် သူ့ဇနီး၏ အသုဘကို မတက်ရောက်ခဲ့ဟု ဖော်ပြပါရှိပါသည်။

သူက အကျဉ်းထောင်ထဲ သူ မြန်မြန်ပြန်သွားနိုင်လေ သူ့အစ်ကိုကြီး မြန်မြန်ပြန်လွတ်လေ ဟု တွေးတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ဂုဏ်ထူးဆောင်ဆု

၁၉၆၂ အာဏာသိမ်းရာတွင် နိုင်ငံ၏ ထိပ်ပိုင်းခေါင်းဆောင်များ ထိန်းသိမ်းခံရပြီးနောက် ဦးမြင့်သိန်းသည် အချုပ်ထဲ၌ပင် အချိန်ကုန်ခဲ့ရသည်။ ၁၉၆၈ ဖေဖော်ဝါရီ ၂၇ လောက်တွင်တော့ ဦးမြင့်သိန်း ပြန်လည်လွတ်မြောက်လာခဲ့ပြီး သူ့အစ်ကိုကြီး၏အိမ်သို့ ပြန်လည်ပို့ဆောင်ခံရသည်။ သူသည် မြန်မာပြည်၏တရားစီရင်ရေး အထွတ်အထိပ်အဖြစ် လေးနှစ်နှင့် ရှစ်လ တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၆၂ အာဏာသိမ်းပြီးနောက်ပိုင်းတွင် အချုပ်ထဲ၌ ခြောက် နှစ်နီးပါး နေခဲ့ရသည်။ ဦးမြင့်သိန်း ပြန်လွတ်လာပြီးနောက် အန်ကယ် Uncle Monty ဟု သူ့ကို ခေါ်ဝေါ်ကြသော သံတမန်အသိုင်းအဝိုင်းများနှင့် ပုံမှန်တွေ့ဆုံလေ့ရှိပါသည်။

၁၉၈၀ ဇွန်လတွင် နိုင်ငံ့ဂုဏ်ရည်ဆု (တိုက်ရိုက်ဆိုရလျှင် Jewel of the State နိုင်ငံတော်၏ရတနာ) ချီးမြှင့်ပွဲတွင် လူများစွာကို ပေးအပ်ချီးမြှင့်ခဲ့ရာ တော်လှန်ရေးကောင်စီအစိုးရ၏ ယခင်က ထိန်းသိမ်းခံများထဲမှလည်း အတော်များများ ပါဝင်ခဲ့သည်။ ထိုအထဲတွင် ယခင်က တရားဝန်ကြီးချုပ်ဖြစ်ခဲ့သော ဦးမြင့်သိန်းလည်း အပါအဝင်ဖြစ်ပြီး နိုင်ငံဂုဏ်ရည်ပထမဆင့် ပေးအပ်ချီးမြှင့်ခြင်းခံရသည်။ ထို့ပြင် သူ၏ တရားဝန်ကြီးချုပ်ပင်စင်အပြင် နိုင်ငံရေးပင်စင်ပါ ထပ်ပေါင်းခံစားခွင့်ရခဲ့သည်။ ယင်းအချိန်ဝန်းကျင်မှာပင် သမ္မတဦးနေဝင်းသည် နှစ်ပေါင်းများစွာ သူအကျဉ်းချခဲ့သော ဦးမြင့်သိန်းနှင့်တကွ ထိပ်တန်းတရားသူကြီးများကို ညစာတည်ခင်းဧည့်ခံခဲ့သည်။

ဦးမြင့်သိန်း၏တူက သတိတရပြောပြသည်မှာ ဦးနေဝင်းက ထိုပွဲမှာ အာဏာသိမ်းစဉ်က ဦးမြင့်သိန်းတို့ကို တော်လှန်ရေးကောင်စီက ထိန်းသိမ်းထားခဲ့ရခြင်းကို ရှင်းပြဖို့ ကြိုးစားနေသေးကြောင်း၊ သို့သော် စိတ်နှလုံး နူးညံ့သည့် တရားဝန်ကြီးချုပ်ဟောင်းကြီးကတော့ အစမဖော်စေတော့ဘဲ “ဗိုလ်ချုပ် ဒါတွေကပြီးခဲ့ပါပြီ၊ ကျုပ်တို့တွေ ဒါတွေကို ပြန်ပြောနေဖို့ မလိုတော့ပါဘူးလေ” ဟု ဆိုလေသည်။

ဤလူသားသည် တကယ့်ကို သဘောထားကြီးပြီး နှလုံးသားကြီးမြတ်လှပေသည်။

ကဗျာဆရာ မြင့်သိန်း

အချုပ်ကျနေစဉ်က ဦးမြင့်သိန်းမှာ အကျဉ်းခန်းတွင်း သူလုပ်နိုင်သော အခွင့်အလမ်းနည်းနည်းပါးပါးထဲက တစ်ခုမှာ ရေဒီယိုနားထောင်ခြင်းဖြစ်သည်။ ထိုအချိန်တွေမှာ မြန်မာ့အသံ Burma Broadcasting Service မှထုတ်လွှင့်သော မြန်မာ့ကျေးလက် တေးသီချင်းများကို နားထောင်ချရေးထားကာ အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ဆိုခဲ့သည်။ နောက်တော့ မြန်မာ့ကျေးလက်တေးသီချင်းများ Burmese Folk Songs အဖြစ် ပုံနှိပ်ထုတ်ဝေခဲ့သည်။

ရင်နင့်ဖွယ်အတိတ်ဇာတ်ကြောင်းပြန် When at nights I Strive to Sleep, ကဗျာလင်္ကာများနှင့် ရှင်းပြထားသော ရွှင်မြူးဖွယ် မြန်မာစကားပုံများ Burmese Proverb Explained in Verse ၊ မြန်မာသားချော့တေးများ Burmese Nursery Songs အပါအဝင် ကဗျာ လင်္ကာလက်ရွေးစင်ပေါင်းများစွာကို ရေးသားခဲ့သည်။

၁၉၈၃ တွင် ဦးမြင့်သိန်း ကြီးစွာနာမကျန်းဖြစ်ခဲ့ပြီး ပြန်လည်ကောင်းမွန်လာခဲ့သည်။ နောက်တော့ သူ ကျွန်ုပ်ဆီ စာရေးခဲ့သည်။

“သိပ်မစိုးရိမ်ပါနဲ့၊ လူတော်တွေသာ စောစောသေကြတာပါ။ ကျုပ်က ၈၃ နှစ်ပဲရှိသေးတယ်” ဟုဆိုသည်။

၁၉၈၉ ခုနှစ် ၁၉၉၀ ပြည့်နှစ်တွင် သူ အကြီးအကျယ် နေမကောင်းဖြစ်ပြန်သည်။ ယခင် ကြည်းတပ်ဗိုလ်ချုပ်ကြီး ဖြ?

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.