သူတို့လုပ်အားဖြင့် တည်ဆောက်သည်

ရန်ကုန်မြို့တွင် ပေါ်ထွန်းလာသည့် သပ်ရပ်ကြော့မော့သော အဆောက်အအုံသစ်များမှာ ကြွေးမြီနွံ့နစ်နေသူ အများစုပါဝင်သည့် ပင်ပန်းကြီးစွာ ရုန်းကန်နေကြသော အောက်ခြေလူတန်းစားများဘဝကို အကျိုးသက်ရောက်မှု မရှိသလောက်နည်းသေးသည့် စီးပွားရေးတိုးတက်မှု၏ ရလဒ်များပင် ဖြစ်ပေသည်။

အင်ဒရေ မာလာဘာ ရေးသားသည်။

ဦးနိုင်ဝင်းနှင့် ဇနီးသည် ဒေါ်သန်းနွယ်တို့၏ အိမ်ရာနှင့် လုပ်ငန်းခွင် ဖြစ်သည့်အပြင် ၎င်းတို့ရင်သွေး လေးဦးကို မွေးဖွားရာလည်း ဖြစ်နေသည့် ထိုနေရာမှာ လှည်းကူးမြို့ဆင်ခြေဖုံးရှိ အုတ်စက်ရုံခြံဝင်းပင် ဖြစ်ပေသည်။ ဈေးသွားရန်နှင့် ဘုရားပွဲများ ကျင်းပရာ အနီးပတ်ဝန်းကျင်မှ ဘုရားတစ်ဆူသို့ အခါအားလျော်စွာ သွားရောက်ရန် မဝေးလှသော်လည်း ၎င်းတို့ဘဝများမှာ မီးခိုးမှိုင်းစွဲနေသော အုတ်မီးဖိုမြင့်ကြီးများနှင့် ဟိုတစ်စု သည်တစ်စုရှိနေသော တဲများဖြင့် ပြည့်နေသည့် ယင်းခြံဝင်း၏ ဖုန်ထူသော မြေပြင်ပေါ်တွင် ပိတ်လှောင်လျက်ရှိသည်။

သူတို့၏ ရှင်သန်ရပ်တည်ရေးအတွက် ဝင်ငွေရလမ်းဖြစ်ပြီး အကြွေးထောင်ချောက်၏ ဗဟိုချက်မလည်း ဖြစ်သောအုတ်နီခဲများသည် သူတို့အား လစ်လျူရှုထားသည့် စီးပွားရေး ပြန်လည်တိုးတက်မှုအတွက် အားဖြည့်ထောက်ကူလျက်ရှိသည်။

အုတ်လုပ်ငန်းက ၎င်းတို့အတွက် နေနိုင်စားနိုင်လောက်သော လုပ်ခလစာလည်း မရရှိစေဘဲ ဆေးဝါးစရိတ်လည်း မတတ်နိုင်၊ ကလေးများ၏ ကျောင်းစရိတ်လည်း မထောက်ပံ့နိုင်ခဲ့ချေ။

၂၀၁၆ မတ်လအတွင်း လှည်းကူးမြို့နယ်ရှိ အုတ်ဖို၌ အလုပ်နားချိန်တွင် ဦးနိုင်လင်းတစ်ယောက် ထိုင်နားနေစဉ်။ ဓာတ်ပုံ - အင်ဒရေ မာလာဘာ

၂၀၁၆ မတ်လအတွင်း လှည်းကူးမြို့နယ်ရှိ အုတ်ဖို၌ အလုပ်နားချိန်တွင် ဦးနိုင်လင်းတစ်ယောက် ထိုင်နားနေစဉ်။ ဓာတ်ပုံ – အင်ဒရေ မာလာဘာ

လွန်ခဲ့သော ၁၅ နှစ်ခန့်က ဦးနိုင်လင်းနှင့် ဒေါ်သန်းနွယ်တို့သည် လုပ်ငန်းကောင်းသည့် အုတ်စက်ရုံသို့ ထွက်လာခဲ့ကြသည်။ ၎င်းတို့သည် ဧရာဝတီတိုင်းဒေသကြီးရှိ မြစ်ဝကျွန်းပေါ်ဒေသမှ ဟင်္သာတခရိုင်မြို့ကြီးမှ လာခဲ့ကြသူများ ဖြစ်သည်။ သူတို့၏ ပြောင်းရွှေ့နေထိုင်မှုကို ခေတ္တခဏအဖြစ်သာ ရည်ရွယ်ခဲ့သော်လည်း စားဝတ်နေရေးစရိတ်များက ၎င်းတို့အား အကြွေးနွံတွင်း သက်ဆင်းစေခဲ့သည်။

လွန်ခဲ့သောနှစ် တညနေခင်းတွင် ဦးနိုင်လင်းသည် သူ့အိမ်၏ ဝါးကြမ်းခင်းပေါ်၌ လဲလျောင်းနားနေခဲ့ရာ ညနေခင်းနေ၏ ကြေးနီရောင် အလင်းတန်းတချို့က သူ့မျက်နှာပေါ် ကျလျက်ရှိသည်။

“ကျွန်တော်တို့ အကြွေးတွေတင်ပြီး အကြာကြီးနေရမယ်ဆိုတာ မသိခဲ့ပါဘူး၊ ကြိုသိခဲ့ရင် ကျွန်တော်တို့ လာခဲ့မိမှာ မဟုတ်ပါဘူး” ဟု Frontier ကို ပြောသည်။ 

typeof=

အိမ်ပြန်ရန် မတတ်နိုင်သေးသော အနေအထားနှင့် ရင်ဆိုင်နေရသည့် ၎င်းတို့သည် မိသားစုဘဝတစ်ခုကို ဖြည်းဖြည်းချင်း စတင်ထူထောင်ဖြစ်ခဲ့သည်။ ဖခင်နာမည်ကို အစွဲပြု မှည့်ခေါ်ထားသော သားဦးဖြစ်သူ မောင်နိုင်လင်းဦးမှာ ယမန်နှစ်က အသက် ၁၄ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ မောင်သန်းကိုမှာ ၁၀ နှစ်အရွယ်ဖြစ်ပြီး မဆောင်းနှင်းဝေမှာလည်း ၇ နှစ်အရွယ် ရှိနေပေပြီ။ အငယ်ဆုံးသမီး မစန္ဒာလင်းမှာမူ နှစ်နှစ်သမီးသာ ရှိသေးသည်။ မစန္ဒာလင်းအမည်ကို အကျိုးပေးသည့် ကလေးငယ်အဖြစ် မှတ်ယူ၍ ချစ်ခင်မြတ်နိုးရှာသည့် ဦးနိုင်လင်းဦးက “တောက်ပသော လစန္ဒာ” ဟု အဓိပ္ပာယ်ရသော ထိုအမည်ကို မှည့်ခေါ်ပေးခဲ့ခြင်းဖြစ်သည်။

တူညီသည်မှာ ဦးနိုင်လင်း၊ ဒေါ်သန်းနွယ်နှင့် မောင်နိုင်လင်းဦးတို့သည် တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၅၀ (ကျပ်ငွေ ၂၀၅,၀၀၀ ခန့်) ရရှိကြပြီး ၁၀ ရက်တစ်ကြိမ် လုပ်ခရရှိကြသည်။ ၎င်းတို့၏အလုပ်များတွင် ရွှံ့မြေလုံးခြင်း၊ အုတ်ပေါက်ခြင်းနှင့် အုတ်စိမ်းများကို အုတ်ဖိုအတွင်း ဆင့်၍စီနိုင်ရန် နေရောင်အောက်တွင် လှမ်းပေးခြင်းများ ပါဝင်သည်။ ၎င်းးတို့ထုတ်လုပ်ရမည့် ပမာဏကို မရရှိနိုင်ချိန်များတွင် ဖော်ပြပါလစာထက် အနည်းငယ် လျော့ပါးရရှိကြသည်။

မကြာခင်နှစ်များက မြန်မာနိုင်ငံ၊ အထူးသဖြင့် ရန်ကုန်မြို့မှ အပြောင်းအလဲများက ဦးနိုင်လင်းကဲ့သို့သော မိသားစုများကို အကျိုးသက်ရောက်မှု တစုံတရာ မဖြစ်စေခဲ့ချေ။ ဓာတ်ပုံ - အင်ဒရေ မာလာဘာ

မကြာခင်နှစ်များက မြန်မာနိုင်ငံ၊ အထူးသဖြင့် ရန်ကုန်မြို့မှ အပြောင်းအလဲများက ဦးနိုင်လင်းကဲ့သို့သော မိသားစုများကို အကျိုးသက်ရောက်မှု တစုံတရာ မဖြစ်စေခဲ့ချေ။ ဓာတ်ပုံ – အင်ဒရေ မာလာဘာ

ကလေးအငယ်နှစ်ဦးက သူတို့တနေ့တာအချိန်များကို ဆော့ကစားခြင်းနှင့် ညီမငယ်လေးကို ထိန်းသိမ်းစောင့်ရှောက်ခြင်းအားဖြင့် ကုန်ဆုံးလေ့ရှိသည်။ အုတ်ဖုတ်ထားစဉ်ကာလများ၊ သို့မဟုတ် “အလုပ်ပိတ်ရက်များ” အတွင်း မောင်နိုင်လင်းဦးနှင့် ၎င်း၏မိဘများသည် အုတ်ဖိုများမှ အုတ်ကျိုးများကို လှည်းဖြင့်တင်၍ ရွှေ့ပြောင်းခြင်းကဲ့သို့ အခြားအလုပ်ကြမ်းများကို လုပ်ဆောင်လေ့ရှိသည်။

အခကြေးငွေ ပေးစရာမလိုသော စက်ရုံခြံဝင်းအတွင်း ၎င်းတို့နေထိုင်ကြသော်လည်း ယင်းအခြေအနေသည် ကြွေးမြီကင်းသောဘဝတွင် နေထိုင်ရန် အကူအညီမဖြစ်ခဲ့ပေ။ အိမ်နီးနားချင်းများ၊ သို့မဟုတ် မိတ်ဆွေများနှင့် မိသားစုဝင်များထံမှ အစဉ်သဖြင့် ငွေချေးရလေ့ရှိသည်။

တစ်နေ့လျှင် ဟင်းမဖြစ်စလောက်ဖြင့် ထမင်း တစ်ကြိမ်၊ နှစ်ကြိမ်သာ စားနေကြရသော်လည်း ငွေကြေးလိုအပ်ချက်က အဝတ်အထည်နှင့် အစားအစာအတွက် ကုန်ကျမခံနိုင်ရုံမက အခြားကိစ္စများအပေါ်မှာလည်း သက်ရောက်မှု ရှိနေသည်။ အငယ်ဆုံး ကလေးသုံးဦးမှာ ကျွေးသည်များကိုသာစား၍ ဆင်သမျှကို ဝတ်ဆင်နိုင်သောအရွယ်သာ ရှိနေကြသေးသည်။

လွန်ခဲ့သည့် ၁၅ နှစ်ခန့်က ဧရာဝတီတိုင်းဒေသကြီးမှ လှည်းကူးမြို့နယ်ရှိ အုတ်ဖိုသို့ ရောက်လာသည့် ဒေါ်သန်းနွယ်က သမီးဖြစ်သူအား နို့ချိုတိုက်ကျွေးနေစဉ်။ ဓာတ်ပုံ - အင်ဒရေ မာလာဘာ

လွန်ခဲ့သည့် ၁၅ နှစ်ခန့်က ဧရာဝတီတိုင်းဒေသကြီးမှ လှည်းကူးမြို့နယ်ရှိ အုတ်ဖိုသို့ ရောက်လာသည့် ဒေါ်သန်းနွယ်က သမီးဖြစ်သူအား နို့ချိုတိုက်ကျွေးနေစဉ်။ ဓာတ်ပုံ – အင်ဒရေ မာလာဘာ

သို့သော် ရံဖန်ရံခါတွင် မိဘများအား အပ်နှံရလေ့ရှိသော မိမိဝင်ငွေမှ တချို့တဝက်ကို ကိုယ်ပိုင် သိမ်းမထားရသည့်အတွက် မောင်နိုင်လင်းဦးက ဒေါသထွက်လာခဲ့သည်။ မကြာခဏဆိုသလို ထိုကိစ္စကြောင့် မောင်နိုင်လင်းဦးနှင့် သူ့မိခင်တို့ အပြန်အလှန် အော်ဟစ်ကြသည်ထိ ဖြစ်သွားတတ်သည်။

“သူက လူဆိုးလေးပဲ။ အိမ်ကနေ ထွက်ပြေးဖို့ ကြိုးစားသလို ကိုယ့်မိသားစုကိုလည်း ဂရုမစိုက်ဘူး” ဟု ဒေါ်သန်းနွယ်က ဆိုသည်။

မောင်နိုင်လင်းဦးသည် တတ်နိုင်သမျှ တစ်ဦးတည်းနေလေ့ရှိပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုတွင် အခြားလူငယ်များနှင့်အတူ လုပ်ကိုင်ရန် မိသားစုနှင့် ခဏတဖြုတ် ခွဲခွာခဲ့ဖူးသည်။ သူ့မိဘမွေးချင်းများနှင့် ယမန်နှစ်အတွင်း ပြန်လည်နေထိုင်စဉ်မှစ၍ အလုပ်ဆင်းပြီးနောက် အပိုဝင်ငွေ ရစေရန် ပြန်ရောင်းနိုင်မည့် စွန့်ပစ္စည်းအဟောင်းများ ကောက်ယူရန် အနီးအနားရှိ အမှိုက်ပုံတစ်ပုံသို့ မကြာခဏ သွားရောက်လေ့ရှိသည်။

၂၀၁၆ ခုနှစ်မတိုင်မီက မိသားစုတွင် ပြောင်းလဲမှုအနည်းငယ် ရှိခဲ့ဖူးသည်။ ၎င်းတို့အိမ်မှာ ရန်ကုန်မှ တစ်နာရီသာ ကားမောင်းရသောခရီးတွင် ရှိသော်ငြားလည်း ၎င်းတို့ဘဝများမှာ စီးပွားရေးမြို့တော် ရန်ကုန်၏ စိုးရိမ်ဖွယ်ရာ အလှည့်အပြောင်းများနှင့် ပဋိပက္ခများ၏ဒဏ်ကို မခံစားခဲ့ရပေ။ ဦးနိုင်လင်းနှင့် ဒေါ်သန်းနွယ်တို့သည် ၁၉၈၈ ခုနှစ် အရေးအခင်းအကြောင်းကို သိကြသော်လည်း ရွှေဝါရောင် သံဃာ့တော်လှန်ရေးဟု လူသိများသည့် ၂၀၁၇ ခုနှစ်က သံဃာတော်များ၏ ဆန္ဒပြမှုအကြောင်းကိုမူ မသိခဲ့ပေ။

typeof=

လွတ်လပ်ရေးရပြီးနောက်ပိုင်း အလွတ်လပ်ဆုံးနှင့် အမျှတဆုံးအဖြစ် သတ်မှတ်ခံရသည့် သမိုင်းဝင် ၂၀၁၅ ရွေးကောက်ပွဲတွင် ဦးနိုင်လင်းနှင့် ဒေါ်သန်းနွယ်တို့အား ၎င်းတို့၏ ဆန္ဒမဲပြားအတွက် ဆီနှင့်ဆန်များဖြင့် ကမ်းလှမ်းခဲ့ရဖူးသည်။ သို့သော် ဆန္ဒမဲပေးရန် မှတ်ပုံတင်မထားကြောင်း သိရှိသွားသောအခါ ဆန္ဒမဲပေးခွင့်ရရန် ထပ်မကြိုးစားတော့ဘဲ မြန်မာနိုင်ငံ၏ ခေတ်သစ်သမိုင်းမှ အထင်ရှားဆုံးသော အခွင့်အခါကို ပါဝင်ဆင်နွှဲခြင်း မပြုခဲ့ကြတော့ပေ။

ယမန်နှစ် မတ်လလယ်က ပုံမှန်ထက် ပိုပူပြင်းသည့် နေပူရှိန်အောက်၌ အလုပ်လုပ်နေစဉ် ဦးနိုင်လင်းတစ်ယောက် လဲကျသေဆုံးသွားခဲ့သည်။ ၎င်းအား အမှိုက်ပုံ၏ အခြားဘက်ခြမ်းတွင် အမှတ်အသား မပါရှိဘဲ မြေမြှုပ်သြင်္ဂိုဟ်ခဲ့သည်။ ထိုနေရာမှာ လွန်ခဲ့သော ၁၅ နှစ်အတွင်း လုပ်ငန်းခွင်မှ မိနစ်အနည်းငယ် လျှောက်သွားရသော နေရာတွင်ရှိသည်။ ဒေါ်သန်းနွယ်နှင့် မောင်နိုင်လင်းဦးတို့အဖို့ အချိန်ကြာမြင့်စွာ ဝမ်းနည်းပူဆွေးမနေနိုင်ဘဲ နာရေးအပြီး ချက်ချင်းဆိုသလိုပင် လုပ်ငန်းခွင် ပြန်ဝင်ခဲ့ကြရသည်။

နောက်ပိုင်းရက်များတွင် ဒေါ်သန်းနွယ်သည် အုတ်ရိုက်ချိန်အပြီး အနားယူစဉ်အတောအတွင်း သူ့ခင်ပွန်းသည်၏ သနားကြင်နာတတ်ပုံများ၊ မိသားစုကို ချစ်မြတ်နိုးပုံများအကြောင်းကို လွမ်းတသသ ပြန်ပြောကောင်း ပြောဆိုနေပေလိမ့်မည်။

ရိုးရှင်းသော ဝါးတဲအိမ်လေး၌ နားနေခိုက် ညနေခင်းတို့တွင်လည်း သူ့အငယ်ဆုံးသမီး စန္ဒာလင်းကို ချော့မြူရင်း “သူ့မျက်နှာကို ကြည့်ပါဦး၊ သူအဖေတိုင်းပဲ” ဟု ပြောဆိုကောင်း ပြောဆိုပေလိမ့်မည်။

အလုပ်ချိန်ပြင်ပတွင် ပြန်ရောင်းနိုင်မည့် စွန့်ပစ္စည်းများကို အမှိုက်ပုံမှာ ရှာဖွေစုဆောင်းနေသည့် မောင်နိုင်လင်းဦးကို တွေ့ရစဉ်။ ဓာတ်ပုံ - အင်ဒရေ မာလာဘာ

အလုပ်ချိန်ပြင်ပတွင် ပြန်ရောင်းနိုင်မည့် စွန့်ပစ္စည်းများကို အမှိုက်ပုံမှာ ရှာဖွေစုဆောင်းနေသည့် မောင်နိုင်လင်းဦးကို တွေ့ရစဉ်။ ဓာတ်ပုံ – အင်ဒရေ မာလာဘာ

ဦးနိုင်လင်းနှင့် သူ့မိသားစုကို ၂၀၁၅ ခုနှစ်က ကိုယ်ရေးကိုယ်တာ အစီအစဉ်တစ်ခုအတွက် ဓာတ်ပုံရိုက်ရန် အုတ်ကြွပ်စက်ရုံတလျှောက် လှည့်လည်ကြည့်ရှုစဉ် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ရသည်။ ထိုစဉ်က ကျွန်တော်နှင့်အတူ ဘာသာပြန်တစ်ဦး မပါခဲ့၍ နောင်နှစ်များအတွင်း ထပ်မံမဆုံရသည့်တိုင် သူတို့မျက်နှာများနှင့် သူတို့အကြောင်းအရာများမှာ ကျွန်တော့်စိတ်ထဲ စွဲထင်နေဆဲဖြစ်သည်။ 

ထိုအချိန်က ရန်ကုန်မြို့၌ အသိသာဆုံး အပြောင်းအလဲမှာ အဆောက်အအုံသစ်များ အစီအရီ ပေါ်ထွက်လာခဲ့ခြင်းပင်။ ရှည်လျားသော နံရံများအဖြစ် အင်္ဂတေ အမံခံရန် စောင့်စားနေသည့် လမ်းများပေါ်မှ အုတ်ပုံများက ထိုထိုအဆောက်အအုံများကို ၎င်းတို့လုပ်အားများဖြင့် တည်ဆောက်ထားသည်ဆိုသည့် ကျွနု်ပ်၏အတွင်းစိတ်၌ လွှမ်းမိုးနေသော ယင်းပုံရိပ်သည် ကျွန်တော့်အား ဦးနိုင်လင်းနှင့် သူ့မိသားစုကို စွဲစွဲမြဲမြဲ အမှတ်ရရ ရှိစေသည်။

အုတ်ရိုက်လုပ်သားများအကြောင်း သတင်းဆောင်းပါးများကို ထပ်ခါတလဲလဲ ရေးသားတင်ပြခဲ့ပြီးဖြစ်၍ နိုင်ငံတကာ အတိုင်းအတာအားဖြင့် စိတ်ပါဝင်စားမှုများစွာ ရနိုင်ခြေမရှိကြောင်း ကျွန်တော် သိထားသော်လည်း ယင်းအချက်ကြောင့်တော့ ကျွန်တော့်ဆန္ဒကို မရပ်တန့်စေလိုပေ။

ထိုသို့အကြောင်းအရာ အမျိုးအစားအတွက်သာ ဦးစားပေးသည့် ထောက်ပံ့ကြေးတစ်ရပ်ကို ကျွန်တော် လျှောက်ထားခဲ့ပြီး ထောက်ပံ့ငွေ ရရှိခဲ့သောကြောင့် ယခုပရောဂျက်ကို ၂၀၁၆ ခုနှစ်တွင် စတင် လုပ်ဆောင်ခဲ့ပေသည်။

“အရင်ဘဝတုန်းက ကျွန်တော်တို့တွေ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပုံ ရပါတယ်။ ဒီလိုမှမဟုတ်ရင် တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုလုပ် တွေ့နိုင်ကြမှာလဲ” ဟု ဦးနိုင်လင်းက မကြာခဏ ပြောခဲ့ဖူးလိမ့်မည်။

ထိုပရောဂျက် လုပ်ကိုင်ရခြင်းအတွက် မည်သည့်အချိန်တွင်မှ ကျွန်တော်နောင်တရမည် မဟုတ်ပေ။ ကျွန်တော်တို့အကြား တည်ရှိခဲ့သော ဆက်ဆံရေးမှာ ကျွန်တော်ထံ၌ အစဉ်ကိန်းဝပ်နေမည် ဖြစ်သကဲ့သို့ နောင်အနာဂတ် ပရောဂျက်များအားလုံးအတွက်လည်း ကျွန်တော်ကြိုးပမ်းယူသွားမည့် ဆက်ဆံရေးမျိုးလည်း ဖြစ်ပေသည်။

အောင်မင်း ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.