သတ္တုတူးဖော်ခြင်းဆိုင်ရာ ဥပဒေကို အလုံးစုံ ပြုပြင်ပြောင်းလဲရန် လိုအပ်နေ

ကျော်လင်းထွန်းနှင့် သောမတ်စ် ကင်း(န်)

ပြင်ဆင်ထားသည့် မြန်မာသတ္တုတွင်းဥပဒေကို အသက်ဝင်စေမည့် နည်းဥပဒေများကို အစိုးရက ပြဋ္ဌာန်းလိုက်ပြီးနောက် ရက်သတ္တပတ်အနည်းငယ်အကြာတွင် သတ္တုတူးဖော်ခြင်းဆိုင်ရာဥပဒေကို အလုံးစုံ ပြုပြင်ပြောင်းလဲရန် တာဝန်ရှိသော စီးပွားရေးလုပ်ငန်းဆိုင်ရာ မြန်မာစင်တာ MCRB (Myanmar Centre for Responsible Business) က တိုက်တွန်း လိုက်သည်။

ရင်းနှီးမြုပ်နှံသူများကို ပိုမိုဆွဲဆောင်နိုင်ရန် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်အရေးကဲ့သို့ ကဏ္ဍများတွင် ပြင်ဆင်ချက်များကို ပြုလုပ်ခဲ့ပြီးနောက် နှစ်နှစ်အကြာ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် မြန်မာသတ္တုတွင်းဥပဒေအတွက် နည်းဥပဒေများကို သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အရေးပါသော ပြောင်းလဲမှုများတွင် ပိုမိုရှည်ကြာသည့် ခွင့်ပြုမိန့်များနှင့် အသေးစားအလတ်စားစီမံကိန်းများတွင် ပြည်ပရင်းနှီးမြုပ်နှံနိုင်မှုတို့ ပါဝင်သည်။ ပြင်ဆင်ထားသည့် ဥပဒေတွင် ရင်းနှီးမြုပ်နှံသူများသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးရံပုံငွေ ထည့်ဝင်ရသည့်အပြင် သတ္တုတွင်းလုပ်ငန်းပိတ်သိမ်းအပြီးတွင် ပြန်လည်ထူထောင်ရေးကို စဉ်းစားရမည်ဆိုသည့် သတ်မှတ်ပြဋ္ဌာန်းချက်များ ပါဝင်သည်။

သို့သော်လည်း ထိုစည်းမျဉ်းသစ်များမှာ ခေတ်မမီတော့သည့် ၁၉၉၄ ခုနှစ် မြန်မာသတ္တုတွင်းဥပဒေကို အခြေခံထားဆဲဖြစ်ကြောင်း MCRB ၏ ဒါရိုက်တာ မစ္စဗစ်ကီဘိုးမဲန်က ပြောကြားသည်။ “သတ္တုတူးဖော်ရေးဥပဒေကို ၂၀၁၅ မှာ ပြုလုပ်ခဲ့တဲ့ ပြင်ဆင်ချက်တွေထဲမှာ ပြောင်းလဲမှုအနည်းငယ်သာရှိခဲ့ပြီး  ၂၀၁၈ နည်းဥပဒေတွေကလည်း ပြင်ဆင်ထားတဲ့ ဥပဒေအပေါ် အခြေခံထားတာကြောင့် အနည်းငယ်သာ ပြောင်းလဲသွားသည်” ဟု ၎င်းကပြောသည်။

ချဉ်းကပ်မှုတစ်ခုလုံးကို ပြန်လည်စဉ်းစားရန်လို

မတ် ဂ ရက်နေ့က ပြုလုပ်သည့် MCRB ၏ သတ္တုတူးဖော်မှုဆိုင်ရာ ကဏ္ဍတစ်ခုလုံးအပေါ် ရိုက်ခတ်မှု အကဲဖြတ်မှု ထုတ်ပြန်သည့်ပွဲတွင် ဘိုမဲန်ကပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး ရှစ်ခုတွင် သံဖြူ၊ ရွှေနှင့် ထုံးကျောက်တူးဖော်ခြင်းနှင့် လက်ရှိဥပဒေနှင့် အစီအစဉ်များကို အဓိကထားသည့် ကွင်းဆင်းသုတေသနကို အခြေခံကာ စာမျက်နှာ ၂၄၈ မျက်နှာပါ အစီရင်ခံစာကို ပြုစုခဲ့ခြင်းဖြစ်သည်။

အစီရင်ခံစာက တာဝန်ယူမှုရှိသော သတ္တုတူးဖော်မှုရှိရေးအတွက် သော့ချက်ကျသည့် စိန်ခေါ်မှုငါးခုကို ဖော်ထုတ်ခဲ့သည်။ ၎င်းတို့တွင် မူဝါဒများ၊ ဥပဒေများနှင့် စည်းမျဉ်းများ အလွယ်တကူ နားလည်အောင် ရှင်းလင်းမှုမရှိခြင်း၊ သဘာဝ ပတ်ဝန်းကျင်၊ လူမှုရေးနှင့် လူ့အခွင့်အရေးအပေါ် ရိုက်ခတ်မှုများကို စောင့်ကြည့် ကိုင်တွယ်နိုင်စွမ်းမရှိခြင်း၊ သတ္တုတူးဖော်ခြင်းကြောင့် ဒေသခံ လူ့အသိုင်းအဝိုင်းများအပေါ် ထိခိုက်သက်ရောက်မှုရှိခြင်း၊ ပဋိပက္ခနေရာများတွင် သတ္တုတူးဖော်ခြင်းကို အုပ်ချုပ်မှုအတွက် စိန်ခေါ်မှုများနှင့် ကျယ်ပြန့်သည့် ပုံစံတကျမဟုတ်သည့် သတ္တုတူဖော်ခြင်းတို့ ပါဝင်သည်။

အကဲဖြတ်ရလဒ်ထုတ်ပြန်ခဲ့ပြီးနောက် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှုနှင့် တိုင်ပင်မှုရှိသော လုပ်ငန်းစဉ်တစ်ခုကို အခြေခံသည့် အမျိုးသားဓါတ်သတ္တုရင်းမြစ် မူဝါဒတစ်ခုကို မူကြမ်း ရေးဆွဲသင့်သည်ဟု ဘိုးမဲန်ကပြောကြားသည်။ ယင်းနောက် ထိုမူဝါဒကို သတ္တုတူးဖော်ရေးဆိုင်ရာဥပဒေအားလုံးကို အလုံးစုံပြောင်းလဲရေးအတွက် အခြေခံမူတစ်ခုအဖြစ် အသုံးပြုနိုင်မည်ဟု ၎င်းကဆိုသည်။

“မြန်မာနိုင်ငံမှာ သတ္တုတူးဖော်ရေးအတွက် ချဉ်းကပ်မှုတစ်ခုလုံးကို ပြန်စဉ်းစားဖို့ လိုပါတယ်။ ဒီလိုအကဲဖြတ်ချက်အတွက် သုတေသနလုပ်နေစဉ်မှာ မကောင်းတဲ့ ရိုက်ခတ်မှုတွေ အများကြီးရှိတယ်ဆိုတာ ကျွန်မတို့ရဲ့ ကွင်းဆင်းအဖွဲ့က လေ့လာ တွေ့ရှိခဲ့ပါတယ်။ အန္တရာယ်အများစုကို အမျိုးသမီးတွေနဲ့ ကလေးတွေအပါအဝင် အလုပ်သမားတွေက ခံစားခဲ့ရပြီး သဘာဝပတ်ဝန်းကျင်ကြောင့် ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

တာဝန်ပေးသည့် လုပ်ပိုင်ခွင့်နှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်မှုများ

ပြင်ဆင်ထားသည့် ဥပဒေအသက်ဝင်စေရန် ဝန်ကြီးဌာနက နည်းဥပဒေထုတ်ပြန်ပြီး ရက်သတ္တပတ်အနည်းငယ်သာ ကြာပြီးနောက် အကဲဖြတ်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ နည်းဥပဒေများတွင် သော့ချက်ကျသည့် အချက်သုံးချက်ရှိကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြည်က Frontier ကို ပြောကြားသည်။

ပထမအချက်မှာ အသေးစားနှင့် အလတ်စားသတ္တုတွင်းများကို စီမံခန့်ခွဲရန် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အစိုးရအဖွဲ့များကို လုပ်ပိုင်ခွင့်ပေးထားခြင်းဖြစ်သည်။ “အနာဂါတ်မှာ နေပြည်တော်ဟာ အကြီးစား ကုန်ထုတ်လုပ်မှုကိုသာ စီမံခန့်ခွဲမှာ ဖြစ်ပါတယ်။ အဲဒါဟာ ၁၉၉၆ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ နည်းဥပဒေတွေနဲ့နှိုင်းယှဉ်ရင် ထင်ရှားတဲ့ ခြားနားချက် တစ်ခုပါ” ဟု ၎င်းကဆိုသည်။

ဒုတိယမြောက် အဓိကကျသည့် ပြောင်းလဲမှုမှာ သတ္တုတူးဖော်ရေးကုမ္ပဏီများ၏ ဆောင်ရွက်ချက်များကို စောင့်ကြည့် စစ်ဆေးရန် အစိုးရအဖွဲ့၏ သက်ဆိုင်ရာအလွှာအသီးသီးထံ လုပ်ပိုင်ခွင့်နှင့် တာဝန်ကို ပိုမိုပေးအပ်ခြင်းဖြစ်သည်။ သာဓကအားဖြင့် ကုမ္ပဏီများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုရှိမရှိ၊ သို့မဟုတ် ကုမ္ပဏီများအနေဖြင့် ကတိပြုထားသည့်အတိုင်း ကော်ပိုရိတ် လူမှုရေးတာဝန်များကို ထမ်းဆောင်ခြင်းရှိမရှိ စောင့်ကြည့်ရမည်ဖြစ်သည်။ “အခုဆိုရင် ဦးစီးဌာနတွေက ကုမ္ပဏီတွေကို ကောင်းကောင်းမွန်မွန် စီမံထိန်းချုပ်နိုင်တော့မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

တတိယမြောက်ပြောင်းလဲမှုမှာ သတ္တုတွင်းလုပ်ငန်း ဆောင်ရွက်သူများအနေဖြင့် ပြန်လည်ထူထောင်ရေးစီမံကိန်းတစ်ခုကို ဝန်ကြီးဌာနသို့ တင်ပြရန် လိုအပ်သည်။ နည်းဥပဒေများက လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုရန် အခြားပြောင်းလဲမှုများစွာကိုလည်း မိတ်ဆက်ခဲ့သည်ဟု ၎င်းက ပြောကြားခဲ့ပြီး ၁၉၉၆ ခုနှစ်က ကဏ္ဍ ၁၂၄ ခုနှင့် နှိုင်းယှဉ်ပါက ယခုအခါ ၂၂၅ ခုအထိရှိကြောင်းလည်း အသိပေးခဲ့သည်။

“သတ္တုတွင်းကဏ္ဍက ကျယ်ပြန့်ပါတယ်။ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေလည်း အများကြီး ရှိပါတယ်။ ဒီနည်းဥပဒေတွေက ဒီလိုလုပ်နိုင်ဖို့ ကျွန်တော်တို့အတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်ပါ” ဟု ဦးခင်လတ်ကြည်က ပြောသည်။ “သူတို့(နည်းဥပဒေတွေ)ကြောင့် သတ္တုကဏ္ဍမှာ တိုးတက်မှုတွေ အများကြီးရှိလာနိုင်ပါတယ်” ဟုလည်း ၎င်းကပြောသည်။

ကြာမြင့်စွာ စောင့်မျှော်ခဲ့ရသည့် စည်းမျဉ်းဥပဒေများ ထုတ်ပြန်ခြင်းမှာ သတ္တုလုပ်ငန်းအတွက် အပြုသဘောဆောင်သည့် ဖြစ်ထွန်းမှုတစ်ခုဖြစ်ကြောင်း မြန်မာနိုင်ငံနှင့်ပတ်သက်သည့် လုပ်ငန်းအကြံပေး ကုမ္ပဏီတစ်ခုဖြစ်သည့် Eugene Quah & Associate မှ မစ္စတာ ယူဂျင်းကွားက ပြောသည်။

Eugene Quah & Associates အပါအဝင် အဖွဲ့ဝင် ၂၃ ဦးနှင့် ဖွဲ့စည်းထားသည့် ဓါတ်သတ္တုဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြုပ်နှံသူများအသင်းက စည်းမျဉ်းဥပဒေပုံစံ တိုးတက်ရေးအတွက် အစိုးရနှင့် တခြားပါဝင်ပတ်သက်သူများနှင့် လက်တွဲဆောင်ရွက်ရန် မျှော်မှန်းလျက်ရှိပြီး သို့မှသာ ယင်းဥပဒေက တာဝန်ယူမှုရှိသော သတ္တုတူးဖော်ခြင်းကို အထောက်အကူပြုပြီး နိုင်ငံတကာ ရင်းနှီးမြုပ်နှံသူများကို ဆွဲဆောင်နိုင်မည်ဟု ၎င်းက ပြောကြားသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.