သစ်တောများ ကာကွယ်စောင့်ရှောက်ရန် ကုလသမဂ္ဂက ကန် ဒေါ်လာ ၅ ဒသမ ၅ သန်း ထောက်ပံ့မည်

နေပြည်တော်၊ ဇန်နဝါရီ ၂၇

ရာသီဥတုပြောင်းလဲမှု လျော့နည်းစေရေး အမျိုးသားအဆင့် မူဝါဒ ချမှတ်ဆောင်ရွက်နိုင်ရန် အမေရိကန် ဒေါ်လာ ၅ ဒသမ ၅ သန်းကို ကုလသမဂ္ဂ၏ သစ်တောပြုန်းတီးခြင်း၊ သစ်တောအတန်းအစားကျဆင်းမှု တားဆီးကာကွယ်ခြင်း အမျိုးသားအဆင့် အစီအစဉ် (UN-REDD + ) ရန်ပုံငွေမှ မြန်မာနိုင်ငံအတွက် ထောက်ပံ့ပေးမည်ဟု ယနေ့ကြေညာလိုက်သည်။

၂၀၁၇ မှ ၂၀၂၀ ပြည့်နှစ်အထိ လေးနှစ်ကြာဆောင်ရွက်ရန် ရေးဆွဲထားသည့် အဆိုပါအစီအစဉ်အတွက် ကုန်ကျငွေကို နော်ဝေနိုင်ငံအစိုးရက ကျခံပေးခြင်းဖြစ်ပြီး အစိုးရဌာနများ၊ ရပ်ရွာလူထုများ၏ သစ်တောများကို ကာကွယ်စောင့်ရှောက်နိုင်စွမ်းနှင့် သစ်တောများ ထာဝရ တည်တံ့စေရန် စီမံအုပ်ချုပ် လုပ်ကိုင်နိုင်စွမ်းတို့ကို မြှင့်တင်ပေးခြင်း၊ လိုအပ်သော နည်းပညာနှင့် အုပ်ချုပ်ရေးစနစ်များ တည်ထောင်ပေးခြင်းတို့အတွက် သုံးစွဲမည်ဟု တာဝန်ရှိသူတို့က ပြောကြားသည်။

“မြန်မာနိုင်ငံမှာ သစ်တောပြုန်းတီးမှုနဲ့ သစ်တောအတန်းအစား ကျဆင်းမှုတွေကို လျှော့ချပြီး ရာသီဥတုပြောင်းလဲမှုကို လျော့ပါးသက်သာအောင် လုပ်ဆောင်နိုင်မယ့် အလားအလာတွေဟာ တစ်ခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် မြင့်မားတာတွေ့ရပါတယ်”ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ယနေ့နံနက်ပိုင်းက ပြုလုပ်သည့် အဆိုပါ အစီအစဉ် မိတ်ဆက်ဖွင့်လှစ်ခြင်း အခမ်းအနားတွင် ပြောကြားသည်။

သို့သော် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၏ မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူး Mr. Peter Batchelorကမူ အနာဂတ်မြန်မာနိုင်ငံ၏ သစ်တောထိန်းသိမ်းမှု လုပ်ငန်းစဉ်များတွင် စိန်ခေါ်မှုများ ကြုံလာရနိုင်ကြောင်း သတိပေးထားသည်။

“လူဦးရေတိုးပွားလာတာနဲ့အမျှ၊ မြို့ပြဖွံ့ဖြိုးလာတာနဲ့အမျှ သစ်တောပြုန်းတီးမှုလျော့ချရေးလုပ်ငန်းစဉ်တွေမှာ အခက် တွေ့လာနိုင်ပါတယ်”ဟု ၎င်းက အခမ်းအနားတွင် ပြောကြားခဲ့သည်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO)၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Xiaojie Fan ကလည်း သစ်တော ပြုန်းတီးခြင်း၊ သစ်တောအတန်းအစား ကျဆင်းမှု တားဆီးကာကွယ်ခြင်း လုပ်ငန်းစဉ်များ အောင်မြင်ရန် မြန်မာနိုင်ငံ၏ မြေယာမူဝါဒကို ပြန်လည်သုံးသပ်ရန် လိုအပ်သည်ဟု ထောက်ပြခဲ့သည်။

အခမ်းအနားသို့ တက်ရောက်လာသည့် အမျိုးသားလွှတ်တော် သတ္တုနှင့် သယံဇာတကော်မတီ ဥက္ကဋ္ဌ ဦးကျော်သီဟက လွှတ်တော်အနေဖြင့် UN-REDD အစီအစဉ်၏ အသေးစိတ်အချက်အလက်များကို မသိရသေးသဖြင့် ဥပဒေပိုင်းဆိုင်ရာ ပြုပြပြောင်းလဲရေးကိစ္စများအပေါ် ပြောဆိုရန် စောသေးကြောင်း ပြောကြားသည်။

“ပြည်သူ့လွှတ်တော်ဖက်က ကော်မတီက သစ်တော၊ အမျိုးသားလွှတ်တော်ကော်မတီက သတ္တုနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို သုံးသပ်တာ ပြင်ဆင်ဖို့ အသစ်ပြဋ္ဌာန်းဖို့စသဖြင့် တာဝန်ခွဲဝေ ဆောင်ရွက်နေတာတော့ ရှိပါတယ်” ဟု အခမ်းအနားအပြီးတွင် မီဒီယာများကို ပြောကြားသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ စာရင်းများအရ မြန်မာနိုင်ငံ ကုန်းမြေ ဧရိယာ၏ ၄၃ ရာခိုင်နှုန်းခန့်တွင် သစ်တောများ ဖုံးလွှမ်းနေသော်လည်း လွန်ခဲ့သော ၁၀ နှစ်နှင့် ၁၅ နှစ်အကြား နှစ်စဉ် သစ်တော ဆုံးရှုံးမှုနှုန်းမှာ ၁ ဒသမ ၂၂ မှ ၁ ဒသမ ၉၆ ရာခိုင်နှုန်းအကြားတွင် ရှိနေပြီး ရွက်အုပ်ပိတ် သစ်တောမှ ရွက်အုပ်ပွင့် သစ်တောနှင့် အခြားတောအုပ်မြေများအဖြစ် ပြောင်းလဲသွားမှုနှုန်းမှာ နှစ်စဉ် ၄ ဒသမ ၃၆ မှ ၄ ဒသမ ၈၁ ရာခိုင်နှုန်းအကြား ရှိနေသည်။

ထို့အတူ ကမ္ဘာ့သစ်တောပြုန်းတီးမှု အမြင့်ဆုံးနိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံက တတိယနေရာတွင် ရပ်တည်လျှက် ရှိနေသည်။

ယခုဆောင်ရွက်မည့် REDD+ ဆိုသည်မှာ မြန်မာကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အစီအစဉ်တစ်ရပ်ဖြစ်ပြီး သစ်တောထိန်းသိမ်းခြင်း၊ သစ်တောများအား ရေရှည်တည်တံစွာစီမံအုပ်ချုပ်ခြင်းနှင့် သစ်တောများအတွင်း ကာဗွန်ထုတ်လွှတ်မှု တိုးတက်စေခြင်းတို့အတွက် ရည်ရွယ်ခြင်းဖြစ်သည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.