လောင်စာဆီ လက်လီဈေးကွက်သို့ Puma ဝင်ရောက်လာတော့မည်

ပြည်တွင်းဈေးကွက်တွင် လောင်စာဆီတင်သွင်း၊ ဖြန့်ဖြူးရောင်းချခွင့်ရသည့် ပထဆုံးသော ပြည်ပ ရင်းနှီးမြုပ်နှံသူအဖြစ် Puma Energy ကုမ္ပဏီအား ခွင့်ပြုလိုက်ပြီဖြစ်ရာ လောင်စာဆီ လက်လီဈေးကွက်တွင် ကြီးမားသည့်ပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင်သည်။

ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံခွင့်ပြုရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ဆုံးဖြတ်ချက်ကြောင့် ကုမ္ပဏီအနေဖြင့် ဓါတ်ဆီနှင့် ဒီဇယ်ဆီများကို ပြည်တွင်းရှိ Puma အမှတ်တံဆိပ်ပါဆိုင်များတွင် ရောင်းချနိုင်မည်ဖြစ်သည့်အပြင် အခြားဆီဆိုင်များသို့လည်း ဖြန့်ဖြူးရောင်းချခွင့်ရရှိမည်ဖြစ်ကြောင်း Puma ၏ မြန်မာနိုင်ငံဆိုင်ရာမန်နေဂျာ မစ္စတာဒေးဗစ်ဟိုးလ်ဒင်းက Frontier ကို ပြောကြားသည်။

ဝယ်ယူသုံးစွဲသူများအနေဖြင့် မြင့်မားသည့်ပြိုင်ဆိုင်မှု၊ ပိုမိုချိုသာသည့်ဈေးနှုန်း၊ အဆင့်မြင့် အရည်အသွေး၊ ပြည့်ဝသော အခြင်အတွယ်တို့ဖြင့် ဖြန့်ဖြူးပေးသော လုပ်ငန်းစဉ်အဆင့်ဆင့်တို့မှ အကောင်းဆုံး အကျိုးခံစားရနိုင်သည်ဟုလည်း ၎င်းကပြောသည်။

“လောလောဆယ်မှတော့ ဖြန့်ဖြူးရောင်းချတဲ့ လုပ်ငန်းစဉ်တွေမှာ ပါဝင်တဲ့သူတွေ အများကြီးရှိပါတယ်။ အမြဲတမ်းဖြစ်နေတဲ့ မေးခွန်းက ဆီဆိုင်က ဈေးနှုန်းသတ်မှတ်ခြင်းက နိုင်ငံတကာက ဈေးနှုန်းတွေကို ရောင်ပြန်ဟပ်ရဲ့လား ဆိုတာပါ။ ရိုးရိုးသားသားဖြေရရင်တော့ ပြိုင်ဆိုင်မှုပိုများလေ အမှန်အတိုင်းရဖို့ အခွင့်အလမ်း ပိုများလေပဲ” ဟု ၎င်းကပြောသည်။

“ဈေးနှုန်းအပေါ်မှာပဲ အမြဲတမ်းအာရုံစိုက်နေကြတယ်လို့ထင်တယ်။ တကယ်တော့ အရည်အသွေးနဲ့ အခြင်အတွယ်ကို ပိုပြီးအာရုံစိုက်သင့်ပါတယ်။ ဖွံ့ဖြိုးဆဲဈေးကွက်အများစုမှာလို (မြန်မာနိုင်ငံမှာ) ဆီအရည်အသွေးက အမြဲတမ်း တစ်သမတ်တည်း မဟုတ်ပါဘူး။ ဝယ်ယူသုံးစွဲသူတွေ မျှော်လင့်ထားတဲ့ အရည်အသွေး ရာနှုန်းပြည့်ရမယ်ဆိုတာကို လက်တွေ့သက်သေပြနိုင်ဖို့ ကျွန်တော်တို့ရဲ့ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချမှုအတွက် ငွေတွေအများကြီးရင်းနှီးမြုပ်နှံထားပါတယ်” ဟု၎င်းက ဆက်လက်ပြောကြားသည်။

လောင်စာဆီဖြန့်ဖြူးရောင်းချသည့်ကဏ္ဍအတွက် ပြည်ပရင်းနှီးမြုပ်နှံများအနေဖြင့် မြန်မာအစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ရမည်ဆိုသည့် လိုအပ်ချက်တစ်ခုကို ရုပ်သိမ်းလိုက်သည့် ဧပြီလကစတင်ကာ ပြည်ပ ရင်းနှီးမြုပ်နှံသူများအတွက် ဈေးကွက် ပွင့်သွားခဲ့သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မတီက ဧပြီ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ ပြည်ပရင်းနှီးမြုပ်နှံသူများအနေဖြင့် ပြည်တွင်း ဈေးကွက်သို့ ဝင်ရောက်ရန်အတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ သဘောတူညီချက်သာ ရရှိရန် လိုအပ်တော့သည်။

၎င်းတို့၏ ရင်းနှီးမြုပ်နှံမှုခွင့်ပြုချက်အား တိုးချဲ့ပေးရန် PUMA Energy Asia Sun ကုမ္ပဏီက တောင်းဆိုထားသည့် လျှောက်လွှာအား ကော်မရှင်က မေလတွင် သဘောတူညီခဲ့သည်။ ထိုသို့ သဘောတူမှုက သီလဝါရှိ အမေရိကန်ဒေါ်လာ ၉၂ သန်းတန် သိုလှောင်ရုံသစ်ကြီးတွင် လောင်စာဆီများကို သိုလှောင်ထားနိုင်မည်ဖြစ်ပြီး ရေနံထွက်ပစ္စည်းများကို တင်သွင်းဖြန့်ဖြူးရောင်းချခွင့်လည်းရရှိသည်။

Puma Energy Asia Sun တွင် စင်ကာပူအခြေစိုက် Puma Energy က ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားကာ ပြည်တွင်းကုမ္ပဏီဖြစ်သည့် Asia Sun က ကျန်ရှယ်ယာများကို ထိန်းချုပ်ထားသည်။

ယခုကဲ့သို့ ပြည်တွင်းလောင်စာဆီ လက်လီဈေးကွက်အား ဖွင့်လှစ်ပေးသည့် ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံစက်သုံးဆီ ရောင်းဝယ်သူများအသင်းက ဝေဖန်ထားသည်။ ပြည်တွင်းစက်သုံးဆီဈေးကွက်အား ထိန်းချုပ်ထားသည့် ပြည်တွင်းကုမ္ပဏီကြီးများက ထိုအသင်းကို ဦးဆောင်လျက်ရှိသည်။

ပြည်ပရင်းနှီးမြုပ်နှံမှုကို ခွင့်ပြလိုက်သည့်အတွက် လက်ရှိလောင်စာဆီကဏ္ဍတွင် အလုပ်လုပ်နေကြသည့် ပြည်သူ ၆၇,၀၀၀ ၏ အလုပ်အကိုင်ကို ထိခိုက်နိုင်သည်ဟု အသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က Frontier ကို ပြောသည်။ ပြည်တွင်းရှိ ဆီဆိုင်များရှိ ဆီအရည်အသွေး၊ အတိုင်းအတာအခြင်အတွယ်နှင့် ပတ်သက်၍ ဝယ်ယူသုံးစွဲသူများက မကြာခဏ မကျေမနပ်ပြောဆိုမှုများရှိနေသည်ကို ၎င်းကဝန်ခံသည်။ သို့သော်လည်း နောက်ထပ်ယှဉ်ပြိုင်မှုက အဖြေမဟုတ်ဟုလည်း ၎င်းကဆိုသည်။

“တိုးတက်မှုမရှိသေးဘူးဆိုတာက ယှဉ်ပြိုင်မှုမရှိလို့ မဟုတ်ပါဘူး။ နည်းပညာနဲ့ အသိပညာမရှိလို့ပါ။ ပြီးတော့ ပြုပြင်လို့ရတဲ့ဟာတွေ ရှိပါသေးတယ်” ဟု ၎င်းကဆိုသည်။

ဟိုးလ်ဒင်းကမူ လက်ရှိ လုပ်ကိုင်နေကြသည့် လုပ်ငန်းများမှ တုံ့ပြန်မှုများကို မအံ့သြဟုဆိုသည်။ သို့သော်လည်း ပြည်တွင်းကုမ္ပဏီများလည်း နောက်ထပ်ယှဉ်ပြိုင်မှုမှ အကျိုးရှိနိုင်သည်ဟု ပြောသည်။

“တကယ်လို့ ခင်ဗျားက ဈေးကွက်တစ်ခုထဲမှာ ဖြည့်ဆည်းရောင်းချနေတယ်ဆိုရင် နောက်တစ်ဦး ဈေးကွက်ထဲ ဝင်လာတာကြည့်ဖို့ ဘာကြောင့် ပျော်ရွှင်ရမှာလဲ။ ဒါပေမယ့် ကျွန်တော်ထင်တာက  မှန်ကန်တဲ့စံနဲ့ လုပ်ချင်တဲ့ကုမ္ပဏီအားလုံးအတွက် နေရာရလောက်အောင် ဈေးကွက်က လုံလုံလောက်လောက် ကြီးထွားနေတယ်။ တနည်းအားဖြင့် ယှဉ်ပြိုင်မှုမှုဟာ စံနှုန်းတွေ တိုးတက်မှုရှိလာအောင် အမှန်တကယ် အထောက်အကူပြုပြီး ဈေးကွက်ထဲက ဈေးနှုန်းသတ်မှတ်မှုကိုလည်း တိုးတက်စေလိမ့်မယ်လို့ ကျွန်တော်ထင်တယ်” ဟု ၎င်းကဆက်ပြောသည်။

သတင်း- သောမတ်စ်ကင်းန် နှင့် ထွန်းခိုင်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.