ရခိုင် အေအေ တပ်ဖွဲ့အရေး လွှတ်တော်တွင်းက သင်ခန်းစာ

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ အပတ်က အမျိုးသားလွှတ်တော်တွင်းမှာ ရခိုင်တိုင်းရင်းသား အမတ်တစ်ယောက်က အငြင်းပွားဖွယ် အရေးကြီး အဆိုတစ်ရပ် တင်ပြလာပါတယ်။ ရခိုင်အမတ် ဦးဝေစိန်အောင် တင်လာတဲ့ အဆိုကတော့ “ မြန်မာ့ တပ်မတော်နဲ့ အေအေ လက်နက်ကိုင် အဖွဲ့တို့အကြား ရခိုင်ပြည်နယ် အတွင်း ယခုတလော တကျော့ပြန် ဖြစ်ပွားနေသည့် တိုက်ပွဲများကို ချက်ချင်း ရပ်စဲပြီး အေအေ လက်နက်ကိုင် အဖွဲ့ကို နိုင်ငံရေးအရ ဆွေးနွေးပွဲသို့ ဖိတ်ခေါ်သင့်ကြောင်း ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း” ဆိုပြီး ဖြစ်ပါတယ်။

အဆိုကို တင်သွင်းစဉ်မှာလည်း လူမျိုးတိုင်း လူမျိုးတိုင်း မျိုးချစ်စိတ် ရှိကြတယ် ဆိုပြီးပြောဆိုတာတွေ၊ တပ်မတော်ကို ပေါ်တာဆွဲတယ်၊ လူ့အခွင့်အရေး ချိုးဖောက်တယ် စသဖြင့် ပြောဆိုတာမျိုးရှိသလို၊ ရခိုင် လက်နက်ကိုင်အဖွဲ့ AA ကိုလည်း ရက္ခိုင့်တပ်မတော်လို့ သုံးနှုန်းခဲ့တဲ့အတွက် တပ်မတော်သား အမတ်က ကန့်ကွက်သည်အထိ အခြေအနေ တင်းမာခဲ့ပါတယ်။

တကယ်လို့ ဒီအဆိုနဲ့ ပတ်သက်ပြီး အတည်ပြုပေးလိုက်မယ်ဆို တပ်မတော်ဘက်က လက်မခံနိုင်စရာ အခြေအနေ ဖြစ်ပေါ်လာမှာဖြစ်သလို၊ အဆိုကို ပယ်ချလိုက်မယ်ဆိုရင်လည်း ရခိုင်တိုင်းရင်းသားတွေ အပါအဝင် အခြား တိုင်းရင်းသားတွေရဲ့ လွှတ်တော်အပေါ် ယုံကြည်မှု ကင်းမဲ့သွားစေနိုင်ပါတယ်။ ဒီကိစ္စ အင်န်အယ်လ်ဒီ စိုးမိုးတဲ့ အမျိုးသား လွှတ်တော်က ဘယ်လို ဖြေရှင်းပေးခဲ့သလဲ၊ ဒီကိစ္စကနေ ဘာတွေကို သင်ခန်းစာ ယူနိုင်မလဲဆိုတာ ဒီတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

လက်ရှိ ရခိုင်ပြည်နယ်ထဲ စိမ့်ဝင်ထိုးဖောက်ပြီး တပ်မတော်ကို လက်နက်စွဲကိုင် တိုက်ခိုက်နေတဲ့ အေအေ တပ်ဖွဲ့ကို ရခိုင်နိုင်ငံရေးသမားနဲ့ နိုင်ငံရေးခေါင်းဆောင် အများစုက အားပေးထောက်ခံတဲ့ သဘော ရှိပါတယ်။ အဲဒီအထဲမှာ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ လက်ရှိ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်တို့လည်း ပါဝင်ပါတယ်။

ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေပြောတာက ရခိုင်တွေဟာလည်း အခြား တိုင်းရင်းသားတွေနည်းတူ၊ တိုင်းရင်းသား အခွင့်အရေးအတွက် အရင် အစိုးရအဆက်ဆက်ကို လက်နက်စွဲကိုင် တော်လှန်လာကြတဲ့အကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ပြည်နယ်မှာ အခြေမချနိုင်ပေမယ့် တခြား လက်နက်ကိုင်နယ်မြေတွေကနေ အစိုးရကို တော်လှန်တိုက်ခိုက်ခဲ့ကြကြောင်း၊ သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီး တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ လုပ်ကိုင်တဲ့အခါ လက်နက်ကိုင် တပ်ဖွဲ့တစ်ခု အနေနဲ့ အသိအမှတ်ပြု ခံရရေး တင်ပြတောင်းဆို ဆွေးနွေးတာတွေ ရှိခဲ့တဲ့အကြောင်း၊ ဒါပေမယ့် သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ တပ်မတော်ဘက်က အေအေကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့အနေနဲ့ အသိအမှတ်မပြုတဲ့အတွက် ဆက်လက် တိုက်ပွဲဝင်နေကြတာ ဖြစ်ကြောင်း၊ အခု ရခိုင်ပြည်နယ်ထဲ ဝင်ရောက်လာတာကလည်း ကိုယ့် မိခင်ဌာနေကို ကိုယ်ပြန်လာကြတာဖြစ်ကြောင်း၊ တခြား တိုင်းရင်းသားတွေမှာ လက်နက်ကိုင် တပ်ဖွဲ့တွေ ရှိကြသလို၊ ရခိုင်တိုင်းရင်းသားတွေမှာလည်း လက်နက်ကိုင် တပ်ဖွဲ့ရှိတာ သဘာဝ ကျတဲ့အကြောင်း ပြောဆိုထားကြပါတယ်။ ဒါကြောင့် လက်ရှိ အစိုးရနဲ့ တပ်မတော်အနေနဲ့ အေအေတပ်ဖွဲ့ကို အသိအမှတ်ပြုပြီး ၂၁ရာစု ပင်လုံညီလာခံလိုမျိုးကို ဖိတ်ခေါ် ဆွေးနွေးစေသင့်ကြောင်း လွှတ်တော်တွင်း တင်ပြကြတာ ဖြစ်ပါတယ်။

တပ်မတော်ဘက်ကတော့ အဲလို အမြင်မျိုး ရှိမနေပါဘူး။ ၂၀၀၉ ခုနှစ် အေအေတပ်ဖွဲ့ စပြီး တည်ထောင်တဲ့အချိန်ကစ ကေအိုင်အေ ကချင်လက်နက်ကိုင်အဖွဲ့ရဲ့ အကူအညီနဲ့ ကေအိုင်အေ နယ်မြေမှာဖွဲ့စည်း၊ အဲဒီဒေသမှာပဲ တိုက်ခိုက်ခဲ့တဲ့အတွက် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲတွေ လုပ်တဲ့အခါ ကေအိုင်အေ အဖွဲ့အနေနဲ့ပဲ ဆွေးနွေးဖို့ သဘောထား ရှိခဲ့တာပါ။

အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေမှာ ရွေးကောက်ခံ အမတ်တွေနဲ့ တပ်မတော် ပူးပေါင်းဆောင်ရွက်ဖို့ ဘယ်လောက်တောင် လိုအပ်သလဲ ဆိုတာ ပြသလိုက်တဲ့ ဥပမာတစ်ခုလည်း ဖြစ်နေပါကြောင်း

ပြောရရင် အေအေ လက်နက်ကိုင်အဖွဲ့ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခုအဖြစ် အသိအမှတ်မပြုခဲ့ပါဘူး။ ၂၀၁၅ ခုနှစ် အေအေတပ်ဖွဲ့ ရခိုင်ပြည်နယ်ထဲ စိမ့်ဝင် ထိုးဖောက်ပြီး လက်နက်ကိုင် တိုက်ပွဲ ဖော်တဲ့အခါ ပိုပြီး စိတ်ဆိုး ဒေါသထွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် NCA ကို လက်မှတ်ထိုးဖို့ ဖြစ်လာတဲ့အခါ တပ်မတော်ဘက်က အေအေကို လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုအဖြစ် ပါဝင်လက်မှတ်ထိုးခွင့် မပြုခဲ့ပါဘူး။

ပြီးခဲ့တဲ့ လွှတ်တော်ထဲမှာတော့ ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိန်ဝင်းက အေအေ တပ်ဖွဲ့နဲ့ ပတ်သက်လို့ ခုလို ရှင်းလင်းပြောဆိုခဲ့တာ တွေ့ရပါတယ်။

“အေအေလက်နက်ကိုင်အဖွဲ့ ၂၀၁၆ ခုနစ်၊ ဧပြီလ ၁၆ ရက်နေ့ တစ်ကျော့ပြန် တိုက်ခိုက်လာခြင်းဟာ လက်ရှိအစိုးရအဖွဲ့ လက်ထက်မှာ တိုက်ခိုက်လာခြင်းပဲ ဖြစ်ပါတယ်။ဒီနေရာမှာ အဆိုရှင်နဲ့တကွ လွှတ်တော်ကိုယ်စားလှယ်ကြီးများ ရှုမြင်ကြရမယ့် အမှန်တရားဟာ အေအေလက်နက်ကိုင်အဖွဲ့ တိုက်ခိုက်ခြင်းဟာ နိုင်ငံတော်ကို လက်နက်စွဲကိုင် တိုက်ခိုက်နေခြင်း ဖြစ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်လို့ ဆိုရာမှာ နိုင်ငံတော်ရဲ့ မဏ္ဍိုင်တော်ကြီး သုံးရပ်ဖြစ်တဲ့ သမ္မတကြီး ဦးထင်ကျော် ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရများမှသည် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအထိ အားလုံး နာယကကြီး မန်းဝင်းခိုင်သန်း ဦးဆောင်တဲ့ ပြည်ထောင်စု လွှတ်တော်နဲ့ လွှတ်တော်များအားလုံး၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး ဦးဆောင်တဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နဲ့ တရားစီရင်ရေးအဖွဲ့များ အားလုံးတို့ကို လက်နက်စွဲကိုင် တိုက်ခိုက်ခြင်းပဲ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

လွှတ်တော်တွင်းမှာ ရခိုင်အပါအဝင် တခြား တိုင်းရင်းသား အမတ်တွေနဲ့ တပ်မတော်သားတွေ ခုလို သဘောထားကွဲလွဲနေချိန်မှာ လွှတ်တော်ကို လွှမ်းမိုးထားတဲ့ အင်န်အယ်လ်ဒီ အမတ်တွေရဲ့ အခန်းကဏ္ဍက အရေးပါလာပါတယ်။ အမျိုးသားလွှတ်တော်တွင်း ဆွေးနွေးတဲ့ အင်န်အယ်လ်ဒီ အမတ်တွေကတော့ လက်ရှိ ပြည်တွင်းစစ် ပြဿ     နာကို ဖြေရှင်းဖို့ လိုတဲ့အကြောင်း၊ လောလောဆယ်မှာကိုပဲ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ပြီး ငြိမ်းချမ်းရေး ကိစ္စတွေကို ဆောင်ရွက်နေတဲ့ အကြောင်း၊ ဒါကြောင့် ဒီ အဆိုကို ထောက်ခံတယ်၊ ကန့်ကွက်တယ် ဆိုတဲ့အဆင့် အဆုံးအဖြတ် ပြုမနေဘဲ ဆွေးနွေးခဲ့တယ်ဆိုတဲ့ မှတ်တမ်းတင် အဆင့်ပဲ ထားသင့်တယ် ဆိုတဲ့အကြောင်း ဆွေးနွေးကြပါတယ်။

နောက်ဆုံး လွှတ်တော်တွင်း ဆွေးနွေးချက်တွေကို ခြုံငုံသုံးသပ်ပြီး လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုကို မှတ်တမ်းတင်ထားဖို့ အဆင့်လောက်မှာထားပြီး မဲခွဲဆုံးဖြတ်ပေးလိုက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လွှတ်တော်တွင်း လွှမ်းမိုးထားတဲ့ အင်န်အယ်လ်ဒီ အမတ်တွေရဲ့ အားနဲ့ တပ်မတော်က ကြုံနေရတဲ့ လွှတ်တော်တွင်း အခက်အခဲ ပြဿ     နာကြီး တစ်ခုကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ခဲ့ကြပါတယ်။

ဒါဟာ နောင် အနာဂတ်ကာလ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေမှာ ရွေးကောက်ခံ အမတ်တွေနဲ့ တပ်မတော် ပူးပေါင်းဆောင်ရွက်ဖို့ ဘယ်လောက်တောင် လိုအပ်သလဲ ဆိုတာ ပြသလိုက်တဲ့ ဥပမာတစ်ခုလည်း ဖြစ်နေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.