ရခိုင်စစ်ရှောင်စခန်းများမှ ကျောင်းသားများပညာရေးအတွက် လွှတ်တော်တွင်မေးခွန်းထုတ်

Frontier Myanmar

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ စစ်ဖြစ်ပွားနေသောဒေသများမှ ကျောင်းသားကျောင်းသူများ၏ပညာရေးအတွက် မည်သို့စီစဉ်ထားကြောင်း တောင်ကုတ်အမတ်ဒေါ်နီနီမေမြင့်က ပြည်သူ့လွှတ်တော်တွင် ယနေ့မနက်က မေးခွန်းထုတ်လိုက်သည်။

တောင်ကုတ်အမတ်၏တင်ပြချက်အရ ရသေ့တောင်၊ဘူးသီးတောင်နှင့်မင်းပြားရှိ ကျောင်းအချို့ယာယီပိတ်ထားရဆဲဖြစ်ကာ စစ်ဘေးရှောင်စခန်း ၁၀၇ ခုတွင်ကျောင်းသားကျောင်းသူ ၂၃၀၀ ဝန်းကျင်ရှိနေသည်။

တိုက်ပွဲများနှင့်နယ်မြေမတည်ငြိမ်မှုကြောင့် ကျောင်းများပိတ်ရသဖြင့် ကျောင်းသားများ၏စာသင်နှစ်ရော ပညာအရည်အသွေးပါထိခိုက်ရကြောင်း၊သို့ဖြစ်ရာ စဉ်ဆက်မပြတ် ပညာရေးရရှိရန် နှင့်အပြီးပိတ်လိုက်သည့်ကျောင်းများအတွက် ပညာရေးဝန်ကြီးဌာနကမည်သို့ဆောင်ရွက်ပေးမည်နည်းဟု ၎င်းကမေးမြန်းသည်။

“ပညာသင်ခွင့်ဆုံးရှုံးတာနဲ့အမျှ နောက်ဆက်တွဲဆိုးကျိုးတွေကအများကြီးပဲ”ဟု ဒေါ်နီနီမေမြင့်က ပြောသည်။

ပညာရေးဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးကဖြေကြားရာတွင် ဒေါ်နီနီမေမြင့်၏မဲဆန္ဒနယ်ကို “တောင်ကုတ်”အစား “မာန်အောင်”ဟုမှားယွင်းပြောမိရာ ပြန်တောင်းပန်ခဲ့ရသည်။

ဝန်ကြီး၏တင်ပြချက်တွင်မူ ရခိုင်ပြည်နယ်ရှိမြို့နယ် ၇ ခုတွင် တိုက်ပွဲရှောင်စခန်းအရေအတွက် ၅၃ ခုရှိပြီး ကျောင်းသားကျောင်းသူ ၂၁၉၂ ဦးဟုဖော်ပြသည်။

အဆိုပါကျောင်းသားကျောင်းသူများအား တိုက်ပွဲရှောင်စခန်းများနှင့်အနီးဆုံးကျောင်းများတွင် ပညာသင်ကြားနိုင်ရေးစီစဉ်ပေးထားကြောင်း ဝန်ကြီးကပြောသည်။

ရခိုင်ပြည်နယ်အစိုးရကတိုက်ပွဲရှောင်စခန်းများအခိုင်အမာဆောက်လုပ်ပေး၍ပြောင်းရွှေ့ရပါကလည်းစခန်းနှင့်အနီးဆုံးကျောင်းတွင်ပညာသင်ကြားနိုင်ရေးစီစဉ်ပေးမည်ဟု၎င်းကပြောသည်။ကျောင်းမဆံ့ပါက ယာယီကျောင်းဆောင်များတည်ဆောက်ပြီး သင်ကြားပေးမည်ဟု ဝန်ကြီးကပြောသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ် (၈) ခုတွင် စစ်ဘေးဒုက္ခသည် ခုနှစ်သောင်း နီးနီးရှိလာနေပြီး ယင်းထဲတွင် ကျောင်းသား/သူ အရေအတွက် (၁၇၅၀၀) ခန့် ပါဝင်နေကာ ပညာသင်ကြား ရေးတွင် အခက်အခဲဖြစ်နေကြောင်း၊ ယခုနှစ်တွင် စစ်ဘေးသင့်ကျေးရွာများ မှ အဝေးသင် တက်ရောက်ဖြေဆိုကြမည့် ကျောင်းသားဦးရေ (၃၀၀၀) ကျော်ထိ ရှိနိုင်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC)က ခန့်မှန်းထားသည်။

၂၀၁၈ ခုနှစ်နှစ်ကုန်ပိုင်းက စတင်သည့် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)တို့၏တိုက်ပွဲများကြောင့် ရခိုင်ဒေသခံ ၇၀ ခန့် သေဆုံးပြီး ၁၈၀ ကျော် ဒဏ်ရာရရှိကြောင်း (REC)က ကောက်ယူထား သည့် စာရင်းများတွင် ဖော်ပြထားသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.