မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲမှု၌ ရှေးရိုးအစွဲများကို ချေဖျက်ခြင်း

ပညာရေး ပြုပြင်ပြောင်းလဲမှု မူဝါဒနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများတွင် ရရှိလာသော ရှေးရိုးအစွဲကို ခိုင်မာသည့် အချက်အလက်များနှင့် အားဖြည့်ထောက်ကူထားခြင်း မရှိသေးပေ။ 

ရစ်ချတ် ဆန်းဒါးလင်းန် ရေးသားသည်။

ကျွန်တော် ငယ်စဉ်က အဖေ ပြောဖူးသည်မှာ သွားများကို သန့်ရှင်းအောင်ထားဖို့ တစ်နေ့ ပန်းသီးတစ်လုံး ကျွန်တော် စားပေးရမည်ဆိုသည်။ ထိုအချက်သည် မှန်သည်၊ ထို့ပြင် ပြောသူကလည်း အမှန်တကယ် သိသူဖြစ်သည်ဟု ယူဆခဲ့မိသည်။ ထို့ကြောင့် ကျွန်တော်သည် ပန်းသီး အများအပြား စားသုံးခဲ့သည်။

ထို့နောက် ကြီးပြင်းလာ၍ ယင်းအချက်ကို ကျွန်တော်ကိုယ်တိုင် သုတေသန ပြုလုပ်ကြည့်သောအခါ ယင်းရှေးရိုးအစွဲသည် မမှန်ကန်ကြောင်း သိရှိခဲ့ရသည်။ မှန်ပါသည်။ ပန်းသီးစားခြင်းက အထောက်အကူ ပေးပါသည်။ သို့သော် ယင်းမှာ အလုံးစုံ မမှန်ကန်ပါ။ ကျွန်တော် ဘာကို သိလိုက်ရပါသနည်း။ သိသည်ဟု ယူဆရသော လူတစ်ဦးထံမှ စကားသည်ပင် မယုံကြည်ရဟူ၍ ဖြစ်သည်။

ပညာရေး ပြုပြင်ပြောင်းလဲမှုပိုင်းမှာလည်း အတူတူပင် ဖြစ်သည်။ ကျွန်တော်သည် ပညာရေး ပြုပြင်ပြောင်းလဲမှုအကြောင်း ဆွေးနွေးကြသော ဆွေးနွေးပွဲများ တွေ့ဆုံပွဲများ ညီလာခံများသို့ အများအပြား တက်ရောက်ဖူးသည်။ ဆွေးနွေးပွဲများ၌ ဆွေးနွေးသော အကြောင်းအရာများသည် အပြုသဘောဆောင် သော်လည်း ယင်းတို့ကို သုတေသနတွင် အခြေခံထားခြင်း မဟုတ်ပေ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပညာရေး ပြုပြင်ပြောင်းလဲမှုကို စတင်လုပ်ဆောင်ပြီး အမျိုးသား ပညာရေး မဟာဗျူဟာ စီမံကိန်း National Education Strategic Plan ကို အကောင်အထည်ဖော်ရာတွင် ထိုဆွေးနွေးပွဲများမှ ရရှိထားသော သုတေသန အချက်အလက်ပေါ်တွင် အခြေမခံသည့် ရှေးရိုးအစွဲများကို ရှာဖွေထုတ်ဖော်ပေးရမည်။ ယခုဖော်ပြမည့် အချက် ၃ ချက်မှာ မှန်ကန်ကြောင်း သက်သေမပြနိုင်သည့် အချက်များဖြစ်သည်။

အတန်းတွင် ပါဝင်သင်ကြားသော ကျောင်းသားအရေအတွက်ကို လျှော့ချခြင်းသည် ပညာရေးအတွက် ရလဒ်ကောင်းများကို ရရှိစေနိုင်သည်။ ဆိုလိုသည်မှာ အတန်းတွင် ကျောင်းသား အရေအတွက် နည်းပါးသောကြောင့် ကျောင်းသားတစ်ဦးချင်းစီကို ဆရာက ဂရုတစိုက် သင်ကြားနိုင်သည်ဟူ၍ ဖြစ်သည်။ ထိုသို့ဖြင့် ဆရာ ဆရာမများကို ပိုမိုငှားရမ်းလာရနိုင်သည်။

သုတေသနက တွေ့ရှိသည်မှာ အတန်းအရွယ်အစား( ကျောင်းသားအရေအတွက်) ကို လျှော့ချလိုက်ခြင်းသည် ငွေကြေးအများအပြားကို ကုန်ကျစေနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ဆရာအများအပြား ငှားရမ်းရခြင်းနှင့် ၎င်းတို့ကို လေ့ကျင့်ပျိုးထောင်ပေးရခြင်းတို့ကြောင့် ဖြစ်သည်။ ထို့ပြင် ကျောင်းအဆောက်အအုံများလည်း ပိုမို လိုအပ်မည်။ ပြန်လည်ရရှိမည့် အကျိုးမှာ အလွန်နည်းပါးသည်။

ဗြိတိသျှကောင်စီက မော်လမြိုင်၌ ပြုလုပ်သည့် Connecting Classrooms program ၏ ဇန်နဝါရီလ ဆွေးနွေးပွဲသို့ တက်ရောက်သူများ။ ဓာတ်ပုံ - ပံ့ပိုး

ဗြိတိသျှကောင်စီက မော်လမြိုင်၌ ပြုလုပ်သည့် Connecting Classrooms program ၏ ဇန်နဝါရီလ ဆွေးနွေးပွဲသို့ တက်ရောက်သူများ။ ဓာတ်ပုံ – ပံ့ပိုး

ကျောင်းသား အလွန်များပြားသော အတန်းများတွင် ဆရာ၏ စာသင်ပြမှုကို ထိခိုက်စေသော်လည်း ကမ္ဘာပေါ်ရှိ အကောင်းဆုံး ပညာရေးစနစ်များတွင် အတန်းတစ်ခု၌ ကျောင်းသား ၄၀ မှ ၅၀ အထိ ရှိသည်ဟု ဆိုသည်။ နမူနာအဖြစ် စင်ကာပူနှင့် တောင်ကိုရီးယား နိုင်ငံများကို ဖော်ပြထားသည်။ ဆရာတစ်ဦး ကျောင်းသား ၁၅ ယောက်အောက်ထိ မလျော့ပါက သေးငယ်သော အတန်းအရွယ်အစားများသည် ကျောင်းများ၏ တိုးတက်မှုအပေါ် အကျိုးသက်ရောက်မှု သိပ်မရှိလှပေ။

ယင်းမှာ အလွန်နည်းပါးသော ပြည်သူ့ပညာရေးစနစ်များကသာ တတ်နိုင်သော ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး အထူးသဖြင့် ဆရာများ၏ လစာများကို တိုးပေးနိုင်သောအခါ၊ လေ့ကျင့်မှုပိုင်းနှင့် ရုပ်ဝတ္တုပိုင်းတို့ကို တိုးမြှင့်ထောက်ပံ့ပေးနိုင်သောအခါမျိုးတို့တွင်သာ အကျိုးရှိနိုင်သည်။

နောက်ထပ် ရှေးရိုးအစွဲတစ်ခုမှာ ကျောင်းအတွက် အခြေခံ အဆောက်အအုံများကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်းသည် ကျောင်းသားများ၏ အရည်အသွေး တိုးတက်စေသည်ဟူ၍ဖြစ်သည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများမှ ပညာရေးမူဝါဒ ချမှတ်သူများသည် ဖွံ့ဖြိုးပြီးနိုင်ငံများသို့ သွားရောက်လေ့လာသောအခါ ၎င်းတို့၏ ကျောင်းများရှိ အခြေခံအဆောက်အအုံများကို အားကျကြသည်။

၎င်းတို့၏ ကျောင်းများတွင်လည်း ထိုသို့သော အခြေခံအဆောက်အအုံမျိုး၊ ဥပမာ လေအေးပေးစက် တပ်ဆင်ထားသည့် စာသင်ခန်းများ၊ ဘာသာစကား လေ့ကျင့်သည့် အခန်းများ၊ စာကြည့်တိုက်များ၊ ကမ္ဘာ့အဆင့်မီ သိပ္ပံဓာတ်ခွဲခန်းများ ရှိပါက ကျောင်းသားများ၏ အရည်အသွေး တိုးတက်လာမည်ဟု ၎င်းတို့က ဆိုတတ်ကြသည်။

ဆာဟာရအောက်ပိုင်း အာဖရိက နိုင်ငံများကို နမူနာအဖြစ် ချိန်ထိုးကြည့်ရှုနိုင်ပါသည်။ ၎င်းတို့ထံတွင် ကျောင်းနှင့်ပတ်သက်သော အခြေခံအဆောက်အအုံများကို ရင်းနှီးမြှုပ်နှံရန် လိုနေသေးသည်။ သို့ရာတွင် ရေ၊ လျှပ်စစ်မီးနှင့် အခြားအခြေခံ အိုင်တီအထောက်အပံ့များ ရှိရုံနှင့် လုံလောက်ပါသည်။ ထို့ထက် ပိုမိုကောင်းမွန်စွာ ရှိနေလျှင်လည်း ပြန်ရမည့် အကျိုးရလဒ်သည် သိပ်မထူးလှကြောင်း ဆိုသည်။

စာသင်ကြားရန် အလင်းရောင်ကောင်းကောင်း၊ အသံပိုင်းဆိုင်ရာနှင့် သင့်တင့်မျှတသော အပူချိန် ထိန်းချုပ်မှုများရှိလျှင် လုံလောက်နေပါသည်။ အင်္ဂလိပ်စာ သင်ကြားရေးဆိုင်ရာ ကျွန်တော်တို့ ကိုယ်ပိုင် သုတေသနအရ ထိုအချက်ကို သက်သေထူနိုင်ပါသည်။ သို့အတွက် ဆရာများ၏ ပညာရေးကို ကျွန်တော်တို့က ထောက်ကူပေးရပါသည်။ ဆရာများ၏ သူတို့ကျွမ်းကျင်သည့် ဒေသိယ ဘာသာစကား တတ်မြောက်မှုကို ကူညီအားဖြည့်ခြင်း၊ ဆရာများ၏ အရည်အချင်း တိုးတက်အောင် လုပ်ဆောင်ခြင်းတို့က ပိုကောင်းသည့် ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။

ကနဦး ဆရာဖြစ်သင်တန်းကို ပြုပြင်ဆောင်ရွက်ခြင်းက ကျောင်းသားများအား အောင်မြင်မှု တိုး၍ရစေသည်။ ဝေဖန်သူအချို့ကမူ လုပ်ငန်းခွင်အကြို လေ့ကျင့်ပျိုးထောင်ပေးခြင်းက ဆရာများအား ရေရှည် အရည်အချင်းကို တိုးတက်စေနိုင်သည်ဟုလည်း စောဒကတက်ကြသည်။ သို့သော်လည်း ထိုအချက်ကို အထောက်အထား ခိုင်ခိုင်မာမာဖြင့် အမြဲတစေ သက်သေမပြနိုင်သေးပေ။

လုပ်ငန်းခွင်အကြိုသင်တန်းတွင် အခြေခံများကို လေ့ကျင့်ပေးထားခြင်းက အရေးကြီးသော်လည်း လုပ်ငန်းခွင်အတွင်း ဆက်လက်လေ့လာနိုင်ရန်မှာ ပိုမိုအရေးကြီးကြောင်း သက်သေအထောက်အထားများ ရှိနေပြန်သည်။ ဆရာများသည် ဆရာဖြစ် သင်တန်းမှ ထွက်ခွာလာပြီးသောအခါတွင် လေ့လာသင်ယူပြီးပြီဟု ယူဆရသော်လည်း အမှန်မှာ ၎င်းတို့၏ လုပ်ငန်းခွင် ပထမ ၃ နှစ်သည် အရေးအကြီးဆုံး ဖြစ်သည်။ ထိုအချိန်တွင်သာ ဆရာများက သူတို့၏ လိုအပ်သည့် ကျွမ်းကျင်မှုများကို လေ့လာဖြည့်ဆည်းခြင်း ဖြစ်သည်။

ယင်းနောက်မှာမူ ဆရာအများစု၏ အရည်အချင်းသည် တသမတ်တည်း ဖြစ်သွားပြီး သူတို့၏ လုပ်ငန်းအတွေ့အကြုံတွင် အနည်းငယ်သာ အပြောင်းအလဲ ရှိတော့သည်။ ယင်းကို ကိုင်တွယ်ဖြေရှင်းရန်မှာ လုပ်ငန်းခွင်အကြိုနှင့် လုပ်ငန်းခွင် လေ့ကျင့်ပျိုးထောင်မှုများပါ လုပ်ဆောင်ပေးရန် လိုသည်။

ယင်းသည် ကမ္ဘာတစ်ဝန်း ကျွန်တော်တို့၏ ဆရာများကို လေ့ကျင့်ပျိုးထောင်ပေးသော နည်းဖြစ်သည်။ ကျွန်တော်တို့၏ အစီအစဉ်တွင် ဆရာချင်း အပြန်အလှန် အတုယူ လေ့လာခြင်းနှင့် တစ်ဦးနှင့် တစ်ဦး တုန့်ပြန်အကြံပေးခြင်းများ ပါဝင်သည်။

ကျွန်တော်တို့သည် မြန်မာနိုင်ငံတွင် ထောက်ပံ့နေမှုများကို အပြောမဟုတ်၊ အလုပ်နှင့် သက်သေပြလျက်ရှိပါသည်။ ဗြိတိသျှ အကူအညီပေး အဖွဲ့တစ်ခုဖြစ်သည့် Department for International Development နှင့် အခြားအဖွဲ့အစည်းများ၏ အကူအညီဖြင့် ကျွန်တော်တို့သည် ပညာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ပညာရေးကောလိပ်အတွက်သာမက လုပ်ငန်းခွင်ဖြစ်သည့် ကျောင်းများတွင်ပါ လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

ထိုအစီအစဉ်များသည် ဆရာဖြစ်သင်တန်းတက်နေသော ဆရာလောင်းများအတွက်သာမက လုပ်ငန်းခွင် ဝင်နေသော ဆရာများအတွက်ပါ ဖြစ်သည်။ ကျွန်တော်တို့သည် ဆရာများကို ၎င်းတို့၏ ဒေသတွင်း အခြေအနေများနှင့် ကိုက်ညီသော ဗဟုသုတများ၊ ကျွမ်းကျင်မှုများပေးပြီး ၂၁ ရာစုနှင့် ကိုက်ညီသော သင်ပြနည်းများအပြင် တစ်ဦးနှင့်တစ်ဦး တုန့်ပြန်အကြံပေးနိုင်အောင် ထောက်ပံ့ပေးလျက်ရှိသည်။

မှန်ပါသည်။ ပညာရေးစနစ်များအတွက် အရေးကြီးသော အခြားအချက်များလည်း ရှိပါသည်။ သင်ရိုးညွှန်းတမ်းများ၊ သုံးသပ်ချက်များ၊ ဖတ်စာအုပ်များ ဖြစ်သည်။ လွန်ခဲ့သော နှစ်များက ကျွန်တော် ပညာရေးကောလိပ်သို့ သွားရောက်လေ့လာသောအခါ ဆရာဖြစ်သင်တန်း သင်ကြားပို့ချသူ တစ်ဦးက ပြောဖူးသည်မှာ အဆောက်အအုံများက စာသင်မပေးပါ။ ဝှိုက်ဘုတ်များကလည်း စာသင်မပေးပါ။ စာမေးပွဲများကလည်း စာသင်မပေးပါ။ ဆရာများကသာ စာသင်ပေးခြင်း ဖြစ်သည်ဟူ၏။ ယင်းကို ငြင်းဆိုရန် ခက်ခဲလှတော့သည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.