မြန်မာနိုင်ငံ၏ ပထမဦးဆုံး နိုင်ငံတကာအဆင့်မီ Boarding ဝန်ဆောင်မှုကို Dulwich ၌ စတင်

ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည့် ဗြိတိသျှအခြေစိုက် နိုင်ငံတကာကျောင်းဖြစ်သည့် Dulwich College Yangon (DCY) က နိုင်ငံတကာအဆင့်မီ ကျောင်းအိပ် ကျောင်းစားဘော်ဒါဆောင် (International Boarding School) ကို စတင်ပြီဖြစ်ကြောင်း မေ ၂၉ ရက်နေ့က ကြေညာသည်။

သန်လျင်မြို့နယ်ရှိ Star City တွင် တည်ရှိသည့် အဆိုပါကျောင်းတွင် အသက် ၁၁ နှစ်မှ ၁၅ နှစ်အရွယ် ကျောင်းသားကျောင်းသူများ တက်ရောက်နိုင်မည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

“မြန်မာနိုင်ငံအဖို့ ဒါဟာ ထူးခြားပါတယ်၊ နိုင်ငံတကာအဆင့်မီ ပညာရေးကို နိုင်ငံတကာအဆင့်မီ ကျောင်းအိပ်ကျောင်းစား အဆောင်တွေနဲ့ စီစဉ်ပေးတာမျိုး ဘယ်ကျောင်းမှာမှ မရှိသေးပါဘူး” ဟု Dulwich College Yangon ၏ ကျောင်းအုပ်ကြီး Mr. Daryl Orchard က ပြောကြားသည်။

ကျောင်းသားကျောင်းသူများသည် နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှုများဖြင့် ကြီးကြပ်သော အဆောင်များတွင် နေထိုင်ကြရမည်ဖြစ်ကာ ၎င်းအဆောင်များကို အတွေ့အကြုံရှိ ဝါရင့်အဆောင်မှူးနှင့် ဆရာဆရာမများမှ ကြီးကြပ်မည်ဖြစ်သလို အချိန်ပြည့်ဆရာဝန်တစ်ဦးကိုလည်း ထားရှိမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ဗြိတိသျှအဆောင်နေကျောင်းများပုံစံအတိုင်း ကျောင်းသားကျောင်းသူများကို အသက်ပေါ်မူတည်၍ နှစ်ယောက်ခန်းနှင့် လေးယောက်ခန်းများတွင် ထားရှိမည်ဖြစ်ပြီး မိန်းကလေးအဆောင်နှင့် ယောကျ်ားလေးအဆောင်များကို သီးခြားစီထားရှိမည်ဖြစ်သည်။

“Dulwich က ကျောင်းသားကျောင်းသူအားလုံးဟာ ကျွမ်းကျင်မှုအသစ်တွေ ရရှိပြီး မိမိကိုယ်ကို အားကိုးနိုင်စေမယ့် အခွင့်အလမ်းတွေ ပေးထားပါတယ်၊ ဒါဟာ အဆောင်နေ ကျောင်းသားကျောင်းသူတွေအတွက် အထူးသက်ရောက်စေပါမယ်။ သူတို့က အမှီအခိုကင်းမှုရဲ့ အရသာကို မြည်းစမ်းကြည့်ဖို့ အတွေ့အကြုံတွေရမှာ ဖြစ်ပါတယ်” ဟု Dulwich College Yangon Star City ကျောင်းဝင်း၏ ဘော်ဒါဆောင်မှူးကြီးတစ်ဦးဖြစ်သူ Mr. Adrian Jordan က ပြောသည်။

Boarding School တွင် ကျောင်းကို အချိန်ပြည့်တက်ရောက်ကာ ရည်ရှည်ကျောင်းပိတ်ရက်နှင့် တရားဝင် ပိတ်ရက်များမှာသာ အိမ်ပြန်သော ကျောင်းသားကျောင်းသူများအတွက် အချိန်ပြည့်ဘော်ဒါကျောင်း (Full Time Boarder)၊ တနင်္လာမှ သောကြာအထိသာ အဆောင်မှာနေပြီး စနေ၊ တနင်္ဂနွေ အိမ်ပြန်သော စာသင်သားများအတွက် အပတ်စဉ်ဘော်ဒါကျောင်း (Weekly Boarder) နှင့် အခြေအနေပေါ်တွင် မူတည်ပြီး တစ်ပတ်တွင် တစ်ည၊ သို့ နှစ်ညသာ လာရောက်နေနိုင်သည့် Flexi Boarding အဆောင်များဟူ၍ ခွဲခြားထားသည်။ ဘော်ဒါဆောင်ကို လာမည့်သြဂုတ်လမှ စတင်ကာ စတင်လက်ခံမည်ဟုဆိုသည်။

DCY သည် ပညာရေးသီးသန့် ဗြိတိသျှနိုင်ငံအခြေစိုက် နိုင်ငံတကာ စာသင်ကျောင်းဖြစ်ပြီး ရန်ကုန်မြို့ရှိ Star City  နှင့် ပန်းလှိုင်အိမ်ယာတွင် ကျောင်းခွဲနှစ်ခု ဖွင့်လှစ်ထားသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.