မိုးသစ်တောများကာကွယ်ရန် ဆီအုန်းစိုက်ပျိုးမှုရပ်တန့်ရေး အက်ဖ်အက်ဖ်အိုင် တောင်းဆို

ရန်ကုန်၊ ဇွန် ၇

မြန်မာနိုင်ငံတွင် ကျန်ရှိနေသေးသော အပူပိုင်းမိုးသစ်တောများကို ကာကွယ်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဆီအုန်းစိုက်ပျိုးနေမှုများကိုရပ်တန့်ပေးရန် အစိုးရသစ်အား နိုင်ငံတကာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များအဖွဲ့ (Flora and Fauna International – FFI) က တောင်းဆိုလိုက်သည်။

“လက်ရှှိမှာ ဆီအုန်းစိုက်ပျိုးမှုအများစုဟာ အရေးကြီး တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ရမယ့် သဘာဝသစ်တောကြီးတွေကို ခုတ်လှဲရှင်းလင်းပြီး စိုက်ပျိုးနေကြတာ ဖြစ်ပါတယ်။ ကုမ္ပဏီအများစုဟာ ဆိုရင် သူတို့ရဲ့ သတ်မှတ်နယ်နိမိတ်ကို ကျော်လွန်ပြီးတောင် သစ်တောတွေကို ရှင်းလင်းနေကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ မြန်မာအစိုးရသစ်ကို ဆီအုန်းစိုက်ပျိုးမှုအတွက် မူဝါဒ သေချာချမှတ်ပြီးသည်အထိ စိုက်ပျိုးမှုကို လုံးဝရပ်ဆိုင်းဖို့ ကြေညာချက်ထုတ် တောင်းဆိုရခြင်းဖြစ်ပါတယ်” ဟု အက်ဖ်အက်ဖ်အိုင်၏ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဖရန့်ခ်မွမ်ဘာ့ချ် ကဆိုသည်။

ဥရောပသမဂ္ဂ၊ Fondation Segré နှင့် Helmsley Charitable Trust တို့၏အထောက်အပံ့ဖြင့် ဆီအုန်းစိုက်ပျိုးခြင်းဆိုင်ရာ စီမံခန့်ခွဲမှု၌ အတွေ့အကြုံ ၄၅ နှစ်ရှိသော မစ္စတာပက်ထရစ် ဘတ်စ်ကက်က ဦးဆောင်ပြီး  တနင်္သာရီတိုင်းအတွင်းရှိ ဆီအုန်းစိုက်ခင်းများ၏ အခြေအနေကို သုတေသနပြုလုပ်ကာ အစီရင်ခံစာ ထုတ်ပြန်ပြီးနောက် အက်ဖ်အက်ဖ်အိုင်က ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်းလည်း ဖြစ်သည်။

ဆီအုန်းစိုက်ခင်းများက စည်းကမ်းလိုက်နာမှု အားနည်းခြင်းကြောင့် ပေါကြွယ်ဝသည့် သဘာဝဇီဝအရင်းအမြစ်များ ပျက်စီးနေစေသည်ကို သုတေသန၌ တွေ့ရှိရကြောင်း ၎င်းတို့က ထောက်ပြထားသည်။

ထို့ပြင် ဆီအုန်းစိုက်ခင်းများကြောင့် ထိခိုက်နေရသည့် တနင်္သာရီတိုင်းဒေသကြီးရှိ မိုးသစ်တောများသည် ကျားနှင့် ရှားပါးတောရိုင်းတိရိစ္ဆာန်များ ကျက်စားရာဒေသဖြစ်ပြီး ဒေသခံ ကရင်၊ မွန်နှင့် ထားဝယ်တိုင်းရင်းသားတို့အတွက် သဘာဝရေအရင်းအမြစ် ပုံှမှန်ရရှိခြင်း၊ မြေဆီလွှာ ထိန်းသိမ်းပေးခြင်းနှင့် သစ်တောထွက်ပစ္စည်းများ ရရှိနိုင်ခြင်းစသည့် ဂေဟစနစ် အထောက်အပံ့များအဖြစ် ပေးစွမ်းနေကြောင်း ၎င်းတို့က ဆိုထားသည်။

ဆီအုန်းစိုက်သည့် ကုမ္ပဏီများသည် ဒေသခံများ၏ မြေယာပိုင်ဆိုင်မှု၊ သဘာဝသစ်တောများ ထိန်းသိမ်းရေး၊ ရေအရင်းအမြစ်နှင့် မျိုးသုဉ်းအန္တရာယ်ရင်ဆိုင်နေရသော တိရစ္ဆာန်များ ကာကွယ်ထိန်းသိမ်းရေးတို့ကို အနည်းငယ်မျှပင် လုံးဝထည့်သွင်းစဉ်းစားခြင်းမရှိဟု သုတေသနအစီရင်ခံစာတွင် ဖော်ပြထားကြောင်း အက်ဖ်အက်ဖ်အိုင်က သတိပေးထားသည်။

“မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သော သဘာဝသစ်တောကြီးတွေကို ဆီအုန်းလုပ်ငန်း ချဲ့ထွင်မှု နှင့် အလဲအလှယ် မလုပ်သင့်ပါ” ဟု အက်ဖ်အက်ဖ်အိုင်၏ ကြေညာချက်၌ ထောက်ပြထားသည်။

မြန်မာနိုင်ငံကို နှစ် ၂၀ ကျော်ကြာ အုပ်စိုးခဲ့သည့် ယခင်စစ်အစိုးရသည် ၁၉၉၉ ခုနှစ်မှ စတင်၍ တနင်္သာရီတိုင်းဒေသကြီး၌ ဆီအုန်းစိုက်ပျိုးထုတ်လုပ်ရန် စီးပွားရေး လုပ်ငန်းကြီးအချို့နှင့် ပြည်ပရင်းနှီးမြှုပ်နှံသူအချို့အား ခွင့်ပြုချက်ပေးခဲ့ပြီး ၂၀၃၀ ခုနှစ်တွင် ဆီအုန်း ၂၈၃,၂၈၀ ဟက်တာ (ဧက ခုနစ်သိန်း)အထိ စိုက်ပျိုးနိုင်ရန် ရည်ရွယ်ခဲ့သည်ဟု ဆိုသည်။

သတင်း-ကျော်ဖုန်းကျော်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.