ပညာရေးအတွက် ကျွန်ုပ်တို့အားလုံးတွင် တာဝန်ရှိသည်

ဇန်နဝါရီ ၂၄ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ပညာရေးနေ့ အထိမ်းအမှတ်အဖြစ် ယခုဆောင်းပါးကို UNESCO Myanmar က တင်ပြထားခြင်းဖြစ်သည်။

ပညာရေးသည် အခြေခံကျသော လူ့အခွင့်အရေးတစ်ခု၊ အများကောင်းကျိုးပြုသော အများ၏တာဝန်တစ်ခု ဖြစ်သည်။ ၎င်းသည် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှုတို့ကို ဖြစ်ပေါ်စေခြင်းဖြင့် လူမှုဘဝများကို  ပြောင်းလဲစေနိုင်သည်။ ၎င်းသည် ငြိမ်းချမ်းရေး၊ သည်းခံတတ်မှုနှင့် လူမှုရေးအကျုံးဝင်မှုတို့ကို မြှင့်တင်ပေးနိုင်သည်။ ၎င်းသည် ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နိုင်သော သော့ချက်လည်းဖြစ်သည်။ ထို့အပြင် ၎င်းသည် ကလေးများနှင့် လူငယ်များကို ၎င်းတို့၏ အလားအလာရှိသလောက် ဖြစ်ထွန်းလာစေနိုင်သည်။

ကျွန်ုပ်တို့၏ကမ္ဘာကြီးကို  ပြောင်းလဲရာတွင် အခြေခံကျသည့် ဥပဒေသများဖြစ်သော ၂ဝ၃ဝ စဉ်ဆက်မပြတ်  ဖွံ့ဖြိုးရေးပန်းတိုင်လုပ်ငန်းစဉ်များကို ပိုမိုလေးနက်စေရန်နှင့် ပညာရေး၏ အခရာကျပုံကိုအသိအမှတ်ပြုရန် ကုလသမဂ္ဂ အထွေထွေညီလာခံက ဇန်နဝါရီ ၂၄ နေ့ကို အပြည်ပြည်ဆိုင်ရာပညာရေးနေ့ဟု ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် သတ်မှတ်ခဲ့သည်။

မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာအသိုက်အဝန်းမှ လုပ်ဆောင်ရန် ကတိကဝတ်ပြုထားသည့် ၂ဝ၃ဝ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးအတွက်လုပ်ငန်းစဉ်များမှ ပန်းတိုင် (၄) မှာ လူသားအားလုံးနှင့် သက်ဆိုင်သော အားလုံးအတွက် ရှေးဦးကလေးသူငယ်ပညာရေး၊ မူလတန်း၊ အလယ်တန်း၊ နှင့် အထက်တန်းပညာရေးတို့ကို အကောင်အထည်ဖော်ရန် ဖြစ်သည်။ ၎င်းပန်းတိုင်ကို အောင်မြင်စေရန် ကလေးတိုင်းနှင့် လူငယ်တိုင်းအတွက် အရည်အသွေးရှိသောပညာရေးကို လက်လှမ်းမှီစေရန်၊ ပညာရေးစနစ်၏ အဆင့်တိုင်းတွင် ခွဲခြား ဆက်ဆံမှုများ အဆုံးသတ်စေရန်နှင့် ပညာရေးအရည်အသွေးနှင့် သင်ယူမှုရလဒ်များကို တဖြည်းဖြည်းတိုးတက်လာစေရန် လုပ်ဆောင်ရမည်။

မြန်မာနိုင်ငံသည် လူတိုင်းအကျုံးဝင်မှုရှိကာ ညီညွတ်မျှတပြီး အရည်အသွေးရှိသည့် ပညာသင်ယူနိုင်ရေးနှင့် အစဉ်လေ့လာသင်ယူနိုင်သော အခွင့်အလမ်းရရှိရေးကို မျှော်မှန်းသော စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် ပန်းတိုင် (၄) (SDG4) ကိုအောင်မြင်အောင် လုပ်ဆောင်ရာတွင် စိန်ခေါ်မှုများကို ရင်ဆိုင်နေရဆဲဖြစ်သည်။ အနည်းဆုံး ၁၂ ရာခိုင်နှုန်းသော မူလတန်းနှင့် အလယ်တန်းအရွယ်ကလေးများသည် ကျောင်းပြင်ပသို့  ရောက်ရှိနေပြီး ရခိုင်တွင် ၃ဝ ရာခိုင်နှုန်းကျော်ဖြင့် အမြင့်ဆုံးဖြစ်သည်။ ၎င်းတို့မှာ ပုံမှန်အားဖြင့် အဆင်းရဲဆုံး၊  ဝေးလံခေါင်ဖျားဆုံးဒေသနှင့် ကြာရှည်ပဋိပက္ခနှင့် အကြပ်အတည်း ခံစားခဲ့ရသော ဒေသများတွင် နေထိုင်သော ကလေးများဖြစ်ကြသည်။ ၎င်းတို့၏ လေးပုံတစ်ပုံမှာ ၁၅ နှစ်နှင့် အထက် (၉ သန်းဝန်းကျင်) ဖြစ်ပြီး စာရေးစာဖတ်ပင်မတတ်ပေ။ ၁၇ ရာခိုင်နှုန်းသာ အထက်တန်းပညာရေးကို ပြီးမြောက်ခဲ့သည်။

ဤသို့စိတ်မကောင်းဖွယ် စာရင်းအင်းများရှိသော်လည်း သတင်းကောင်းလည်း ရှိပါသေးသည်။ မြန်မာနိုင်ငံသည် ပညာရေး  ပြုပြင်ပြောင်းလဲမှုများကို စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး ပန်းတိုင်များနှင့်အညီ ကျယ်ပြန့်စွာ အကောင်အထည်ဖော် ဆောင်ရွက်နေသည်။ ပညာရေးကဏ္ဍခွဲတစ်ခုစီကို ပြုပြင်ပြောင်းလဲရန် မဟာဗျူဟာမြောက်အပြောင်းအလဲ ၉ ခု ပါဝင်သော အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂ဝ၁၆-၂ဝ၂၁) ကို စတင်ခြင်းမှပင်ဖြစ်သည်။ မြန်မာ့စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးစီမံကိန်း (MSDP) ကို ၂ဝ၁၈ တွင်  ရေးဆွဲခဲ့ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင်များ (SDGs) ကို နိုင်ငံ၏အမျိုးသားဖွံ့ဖြိုးရေး ဦးစားပေးလုပ်ဆောင်မှုများတွင်  ပေါင်းစပ်ထည့်သွင်းခဲ့သည်။

အားလုံးအတွက် အရည်အသွေးရှိသော ပညာရေးဖြစ်လာစေရန် မည်သူမျှမကျန်ရှိစေဘဲ အဆင့်တိုင်းတွင် အားလုံးအကျုံးဝင်ပြီး သာတူညီမျှမှုကို မြှင့်တင်ခြင်းဖြင့် ကမ္ဘာတဝှမ်းပူး ပေါင်းလုပ်ဆောင်မှုနှင့် စုပေါင်းဆောင်ရွက်မှုမှာ အရေးကြီးပါသည်။  ဤတွင်အထူးသဖြင့် အမျိုးသမီးငယ်များ၊ နေရာရွှေ့ပြောင်း နေထိုင်သူများ၊ အိမ်ရာမဲ့ ရွေ့ပြောင်းသူများနှင့် ဒုက္ခသည်များ၊ မသန်စွမ်းကလေးများနှင့် လူငယ်များကို အထူးအာရုံစိုက်ရန်၊ ဆရာ၊ ဆရာမများကို ပံပိုးပေးရန်နှင့် ပညာရေးနှင့် သင်တန်းများသည် သင်ယူသူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိအောင် လုပ်ဆောင်ရန်တို့ လိုအပ်သည်။ ထိုသို့လုပ်ဆောင်ရန် ပြည်တွင်း ရင်းမြစ်များနှင့် နိုင်ငံတကာထောက်ပံ့မှုများ ပိုမိုလိုအပ်လာသည်။ အဘယ်ကြောင့်ဆိုသော် ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုမပြုခြင်း၏ အဖိုးအခမှာ ပိုမိုကြီးမားသော ကွာခြားမှု၊ မညီမျှမှုများနှင့် လူမှုအသိုက်အဝန်းမှ  ပြင်ပရောက်ရှိသွားမှုများ ဖြစ်လာနိုင်သည်။

အထူးသဖြင့် အားလုံးအတွက် အရည်အသွေးရှိသောပညာရေးကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ဆရာ၊ ဆရာမများမှာ အဓိကကျသည်။ ကလေးအားလုံးသည် ၎င်းတို့၏  နောက်ခံပတ်ဝန်းကျင်နှင့် လုပ်ဆောင်နိုင်မှုမျာ းမည်သို့ပင်ဖြစ်စေ သင်ယူမှုနှင့် လူမှုအသိုက်အဝန်းတွင် နေရာရရှိအောင် လေ့ကျင့်ပေးနိုင်ရန် ဆရာများသည် ထိရောက်သော ဆရာအတတ်သင်သင်တန်းများနှင့် ပံ့ပိုးမှုများကို ရရှိရမည်။ ၎င်းသင်တန်းများနှင့်ပံပိုးမှုများသည်  ဆရာ၊ ဆရာမများအား အလှမ်းဝေးနေသော ချန်လှပ်ခံ ကျောင်းသားများအပါအဝင် ကျောင်းသားအားလုံး၏ လိုအပ်ချက်များကို နားလည်တုံ့ပြန်နိုင်စေရန် လေ့ကျင့်ပေးရမည်။

မြန်မာနိုင်ငံတွင် ယူနက်စကိုက ပညာရေးဝန်ကြီးဋ္ဌာနအား အကောင်အထည်ဖော်နိုင်ရန် ပံ့ပိုးပေးနေသည့်   လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာသင်ယူမှု ၂ နှစ် ဒီပလိုမာအစီအစဉ်မှ ၄ နှစ် ဒီပလိုမာ အစီအစဉ်သို့ တိုးမြှင့်ပြောင်းလဲရေးသည် အရေးကြီးသော ပဏာမခြေလှမ်းတစ်ခု ဖြစ်သည်။ ဆရာများသည် အရည်အသွေးရှိသော ရှေးဦးဆရာအတတ်သင် ပညာရေး၊ ဆရာသက်မွေးဝမ်းကြောင်း အတတ်ပညာနှင့် ထိရောက်သောမိတ်ဆက်ပေးမှု၊ ၎င်းတို့၏ သက်မွေးဝမ်းကြောင်းလုပ်ငန်းတလျှောက် ကျွမ်းကျင်မှုများ  မြှင့်တင်ရန်အရည်အသွေးမြင့်သော ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးရေးအခွင့်အလမ်းများ ရရှိရမည်။ ပညာရေးအဆင့်အားလုံးမှ ပညာသင်ကြားပေးသူများအားလုံးအတွက် သင့်တင့်သော လစာခံစားခွင့်များပေးခြင်းနှင့် လုပ်ငန်းခွင်အခြေအနေများကို မြှင့်တင်ပေးခြင်းဖြင့် ၎င်းတို့သည် အများပြည်သူအလယ်တွင် တန်ဖိုးထားခံရသော အသက်မွေးဝမ်းကြောင်းပညာရှင်များ အဖြစ် ရပ်တည်ပြနိုင်မည်ဖြစ်သည်။

အရည်အသွေးရှိ ပညာရေးကိုဖော်ဆောင်ရာတွင် အားကောင်းပြီး အရည်အသွေးပြည့်ဝသည့် ပညာသင်ကြားမှု တစ်ခုဖြစ်စေရန် ကောင်းစွာ ဒီဇိုင်းပုံစံရေးဆွဲထားသော သင်ရိုးညွှန်းတမ်းတစ်ခုသည်လည်း တန်းတူညီမျှ အရေးကြီးပါသည်။ လုပ်ငန်းခွင်ကြို ဆရာအတတ်ပညာရေးတွင် နိုင်ငံတကာစံညွှန်းနှင့်အညီ ရေးဆွဲထားသည့် တတ်ကျွမ်းမှုအခြေပြု သင်ရိုးညွှန်းတမ်းသည် ဆရာအတတ်ပညာသင်ယူသူ  ကျောင်းသား/ဆရာလောင်းများအား ဘာသာရပ်ဆိုင်ရာအလိုက် အကြောင်းအရာများသင်ယူစေယုံသာမက ၎င်းတို့နေ့စဉ် တွေ့ကြုံရသည့် အခြေအနေများတွင် အသုံးပြုနိုင်မည့် အသိပညာများ၊ ကျွမ်းကျင်မှုများနှင့် သဘောထားခံယူချက်များကိုပါ ရရှိ အသုံးချသွားနိုင်ရန် လေ့ကျင့်ပေးမည်ဖြစ်သည်။ ဤသင်ယူသူဗဟိုပြု သင်ရိုးညွှန်းတမ်းသည် ဆရာအတတ် ပညာသင်ယူသူ ကျောင်းသား/ဆရာလောင်းများ၏ ကျွမ်းကျင်လိမ္မာမှုများကို အားကောင်း ခိုင်မာလာစေပြီး အခြေခံပညာကျောင်းသား၉ သန်းအားသင်ကြားပေးမည့် အခြေခံပညာသင်ရိုးညွှန်းတမ်းအသစ်ကို ထိေရောက်စွာ သင်ကြားနိုင်ရန် လေ့ကျင့်ပေးမည်ဖြစ်သည်။

၂ဝ၁၅ ခုနှစ်တွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်း (OECD)၏ နိုင်ငံတကာ  ကျောင်းသားအကဲဖြတ်ခြင်း အစီအစဉ်(PISA)တွင် ပျမ်းမျှအထက်ရရှိခဲ့သည့် ဗီယက်နမ်နိုင်ငံသည် ဆရာအတတ်ပညာ ပြုပြင်ပြောင်းလဲရေးနှင့် တတ်ကျွမ်းမှုအခြေပြု သင်ရိုးညွှန်းတမ်းရေးဆွဲရေးနှင့် ဆက်စပ်၍ ၂ဝဝ၅ ခုနှစ်တွင် ပညာရေးမူဝါဒဆိုင်ရာ အဓိကပြောင်းလဲမှုတစ်ခုကို ပြုလုပ်ခဲ့ပါသည်။ ၎င်းအတွေ့အကြုံသည် အရည်သွေးပြည့်ဝသော ပညာရေး တိုးတက်မြင့်မားလာစေရန်အတွက် ဆရာများနှင့် သင်ရိုးညွှန်းတမ်းများတွင် ရင်းနှီမြုပ်နှံမှုက အရေးကြီးသည်ကို မီးမှောင်းထိုးပြနိုင်ခဲ့ပါသည်။

ယခုကျရောက်သည့် အပြည်ပြည်ဆိုင်ရာပညာရေးနေ့တွင် ယူနက်စကိုအနေဖြင့် မြန်မာနိုင်ငံအစိုးရနှင့်  ပြည်သူများ၊ ထို့အတူ နိုင်ငံတကာအသိုက်အဝန်းကိုလည်း စဉ်ဆက်အပြတ်ဖွံ့ဖြိုးရေးအတွက် ပညာရေးကို  အဓိကဦးစားပေးအဖြစ် လုပ်ဆောင်သွားရန် နှိုးဆော်လိုပါသည်။ သို့မှသာကလေးများနှင့် လူငယ်များသည်  ၎င်းတို့ မည်သည့်အခြေအနေမှဖြစ်စေ ပညာသင်ယူမှုအခွင့်အရေးနှင့် ပိုမိုကောင်းမွန်သော အနာဂတ်ကို  ရရှိပေလိမ့်မည်။

ကျွန်ုပ်တို့တစ်ဦးစီတွင် ပညာရေးအတွက် တာဝန်သက်ဆိုင်မှုရှိပါသည်။ မြန်မာနိုင်ငံရှိကလေးများအားလုံးအတွက် ဤကတိတာဝန်ကို ဖြည့်ဆည်းပေးနိုင်ရန် အတူတကွပူးပေါင်းလုပ်ဆောင်သွားကြပါစို့။

ခေါင်းစီးဓာတ်ပုံ- အေအက်ဖ်ပီ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.