တောင်တန်းတွေပေါ်က တိုက်ပွဲတွေ

ရှမ်းပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ တိုက်ခိုက်မှုတွေဟာ အောက်တိုဘာလအတွင်းက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးခဲ့ကြတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ လက်မှတ် မထိုးခဲ့ကြတဲ့အဖွဲ့တွေကြားက စိုးရိမ်ဖွယ်ရာ သဘောထားကွဲလွဲမှုတွေကို သရုပ်ထင်ဟပ် နေစေပါတယ်

Brennan O`Connor ရေးသားသည်။

ရှမ်းပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ တိုက်ခိုက်မှုတွေဟာ အောက်တိုဘာလအတွင်းက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးခဲ့ကြတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ လက်မှတ် မထိုးခဲ့ကြတဲ့အဖွဲ့တွေကြားက စိုးရိမ်ဖွယ်ရာ သဘောထားကွဲလွဲမှုတွေကို သရုပ်ထင်ဟပ် နေစေပါတယ်။

“ခင်ဗျား စစ်ဘေးသင့်တဲ့သူတွေကို တွေ့ပြီးပြီလား”လို့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့က လက်ဖက်ရည်ဆိုင်မှာ အင်္ဂလိပ်စာ လေ့လာသင်ကြားနေတဲ့ ရှမ်းလူငယ်တစ်ဦးက ကျွန်တော့်ကို မေးလိုက်ပါတယ်။ ကျွန်တော့်အနေနဲ့ မြို့လယ်က သီဟိုဘုန်းကြီးကျောင်းကို ရောက်တုံးက သူတို့ကို တွေ့ခဲ့ပြီးပြီဆိုတဲ့အကြောင်း ပြန်ပြောခဲ့ပါတယ်။

တောင်ပေါ်ဒေသ ဘုန်းကြီးကျောင်းမှာရှိကြတဲ့ “စစ်ဘေးသင့်ဒဏ်ခံရသူ”တွေထဲမှာ ကျောက်မဲမြို့ အနောက်ပိုင်း မိုင် ၄၀ အကွာမှာရှိတဲ့ သော့ဆန်ရွာကျောင်းက တစ်ကျောင်းလုံး ပါဝင်တယ်ဆိုတာ သိခဲ့ရပါတယ်။ ဘုန်းကြီးကျောင်းအတွင်းမှာ ခိုလှုံနေကြသူ အယောက် ၃၀၀ ထဲက ၂၂၈ ယောက်က ကျောင်းက လူတွေချည်းပဲ ဖြစ်ပါတယ်။ ကျွန်တော်ဘုန်းကြီးကျောင်းကို ရောက်သွားတဲ့အချိန်မှာ သူတို့က ကျောင်းဝင်းထဲမှာထိုင်ပြီး ပေါင်ပေါ်မှာ စာအုပ်တင်ကာ စာလုပ်နေကြတာကို တွေ့ခဲ့ရပါတယ်။ အရွယ်ကြီးတဲ့ ကျောင်းသားတွေကတော့ နေရာခပ်မြင့်မြင့်မှာ စာလုပ်နေကြပါတယ်။ ကျောင်းသားကြီးတွေက သူတို့ရဲ့ ဆယ်တန်း စာမေးပွဲအတွက် ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။

“ဒီမှာ အားလုံးကို ထားထားတော့ သူတို့က စာနောက်မကျတော့ဘူးပေါ့”လို့ ကျောင်းအုပ်ဆရာမကြီးက ဆိုပါတယ်။ သူနဲ့ အခြားဆရာမတွေက ဘုန်းကြီးကျောင်းထဲမှာပဲ ခိုလှုံနေကြပြီး အခန်းတွေထဲမှာရှိတဲ့ ဖျာတွေနဲ့ မျှ အိပ်နေကြတယ်လို့ ဆိုပါတယ်။

စစ်ဘေးဒဏ်သင့်ခဲ့ရသည့် ရွာငါးရွာမှ တိမ်းရှောင်လာသူများအား ကျောက်မဲရှိ Bobour Yakadar လူအိုရုံတွင် ထားရှိစဉ်။ ဓာတ်ပုံ - Brennan O`Connor

စစ်ဘေးဒဏ်သင့်ခဲ့ရသည့် ရွာငါးရွာမှ တိမ်းရှောင်လာသူများအား ကျောက်မဲရှိ Bobour Yakadar လူအိုရုံတွင် ထားရှိစဉ်။ ဓာတ်ပုံ – Brennan O`Connor

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကဖြစ်ခဲ့တဲ့ ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေး တောင်ပိုင်း တပ်မတော်နဲ့ ပလောင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်ကြားက တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်က ရွာပေါင်း ၂၃ ရွာခန့် စစ်ဘေးသင့်ဒဏ်ခံခဲ့ရပါတယ်။

တိုက်ပွဲတွေဟာ ဖေဖော်ဝါရီလအတွင်းမှာ ပိုမိုအရှိန်မြင့်လာပြီး ဒုက္ခသည်အရေအတွက်ကလည်း တိုးပွားလာခဲ့ပါတယ်။

ကျောက်မဲနဲ့ နမ့်ခမ်မြို့တွေက ရွာသားပေါင်း ၅,၀၀၀ကျော်ဟာ အဝတ်အနည်းငယ်စီပဲယူပြီး နေအိမ်တွေကို စွန့်ခွာခဲ့ကြတယ်လို့ သိရပါတယ်။ ကျောက်မဲမြို့မှာ ဘုန်းကြီးကျောင်းပေါင်း ၄၀ ခန့်ရှိတဲ့အနက် ၁၉ ကျောင်းက စစ်ဘေးသင့် ပြည်သူတွေကို ခိုလှုံစရာနေရာပေးထားပြီး ပြည်သူပေါင်း ၄,၀၀၀ ကျော်လောက်ကလည်း ကျောက်မဲမြို့မှာ ခိုလှုံနေကြတယ်လို့ သိရပါတယ်။

ဒုက္ခသည်တွေရဲ့ ခိုလှုံရာနေရာက ဘုန်းကြီးကျောင်းတွေကပဲ မဟုတ်ပါဘူး။

တည်ဆောက်နေဆဲဖြစ်ပြီး တရားဝင်ဖွင့်လှစ်နိုင်ခြင်းမရှိသေးတဲ့ Bobour Yakadar လူအိုရုံဟာ ဇန်နဝါရီလလယ်ကစပြီး စစ်ဘေးကထွက်ပြေးတိမ်းရှောင်လာတဲ့ ရွာသားများကို လက်ခံထားပါတယ်။ ရွာငါးရွာက ရွာသားပေါင်း ၃၅၀ လောက်ဟာ လူအိုရုံရဲ့ ထမင်းစားခန်း ကြမ်းပြင်မှာပဲ ဖျာခင်းပြီး အိပ်စက်နေကြရပါတယ်။ သူတို့ အိပ်စက်အနားယူဖို့အတွက် အတန်းလေးတန်း ခြားထားပေးထားပါတယ်။

ကျောက်မဲ Bobour Yakadar လူအိုရုံတွင် ခေတ္တခိုလှုံနေရသည့် ကလေးငယ်တစ်ဦး မိမိကိုယ်ကိုယ် ဖီးလိမ်းပြင်ဆင်နေစဉ်။ ဓာတ်ပုံ - Brennan O`Connor

ကျောက်မဲ Bobour Yakadar လူအိုရုံတွင် ခေတ္တခိုလှုံနေရသည့် ကလေးငယ်တစ်ဦး မိမိကိုယ်ကိုယ် ဖီးလိမ်းပြင်ဆင်နေစဉ်။ ဓာတ်ပုံ – Brennan O`Connor

ဒီလိုမျိုး အတန်းတွေခွဲထားရတာက စစ်ဘေးသင့်ရွာတွေအလိုက် ခွဲထားတာဖြစ်တယ်လို့ ရှမ်းလူငယ်လေးက သေချာရှင်းပြပါတယ်။ တအာင်းရွာကလွဲပြီး ကျန်တဲ့ ရွာသားအများစုက ရှမ်းလူမျိုးတွေဖြစ်ပါတယ်။

“နေ့တိုင်းလူတွေ ပိုပိုတိုးလာတယ်”လို့ စေတနာ့ဝန်ထမ်း လူငယ်တစ်ဦးက ဆိုပါတယ်။

တိုက်ပွဲကြောင့် နေရပ်ကိုစွန့်ခွာလူသူတွေက SSA-S နဲ့ TNLA အဖွဲ့နှစ်ခုလုံးကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အပြစ်တင်ထားပါတယ်။

SSA-S နဲ့ TNLA တပ်ဖွဲ့တွေကလည်း တစ်ဖက်နဲ့တစ်ဖက် ပြစ်တင်မှုများပြုလုပ်ထားသလို အပြန်အလှန် ပစ်ခတ်မှုတွေ ပြုလုပ်နေပြီး တစ်ဖက်ရဲ့ နယ်မြေကို တစ်ဖက်က ဖြတ်ကျော်မှုအတွက်လည်း ပြစ်တင်နေကြပါတယ်။

SSA-S အနေနဲ့ တပ်မတော်ဆီက ထောက်ပံ့မှုတွေအပြင် တပ်သားများပြောင်းရွှေ့မှု၊ အစိုးရအကူအညီနဲ့ လက်နက်တင်သွင်းမှုတွေ ပြုလုပ်နေတယ်လို့ TNLA က စွပ်စွဲထားပါတယ်။ RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Yawd Serk ကတော့ SSA-S ဟာ ၎င်းရဲ့  စစ်သားများပြောင်းရွှေ့ဖို့ တပ်မတော်ဆီက အကူအညီ မယူထားကြောင်း ပြန်လည်ငြင်းဆို ပြောကြားခဲ့ပါတယ်။

သို့သော် ထိုင်းနယ်စပ်နားက ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွယ်ထိုင်းလျန်က RCSS ဗဟိုဌာနဟာ ကျောက်မဲမြို့နဲ့ ကီလိုမီတာ ၃၀၀ ကျော်ကွာဝေးပြီး SSA-S စစ်သားတွေဟာ တပ်မတော်ရဲ့  ခွင့်ပြုချက်မရပဲ ဘယ်လို ပြောင်းရွှေ့သွားလဲဆိုတာကတော့ နားလည်ရခက်ပါတယ်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း ရွာတစ်ရွာမှ ရွာသားပေါင်း ၂၂၈ ဦး ထွက်ပြေး တိမ်းရှောင်လာပြီးနောက် အောင်ဆုပန် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသော မိသားစု တစ်စု။ ဓာတ်ပုံ - Brennan O`Connor

တိုက်ပွဲဖြစ်ပွားမှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း ရွာတစ်ရွာမှ ရွာသားပေါင်း ၂၂၈ ဦး ထွက်ပြေး တိမ်းရှောင်လာပြီးနောက် အောင်ဆုပန် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသော မိသားစု တစ်စု။ ဓာတ်ပုံ – Brennan O`Connor

SSA-S နဲ့ TNLA တို့ဟာ ယခင်က ဟန်ချက်ညီညီ ငြိမ်းချမ်းစွာရှိနေခဲ့ကြပေမယ့် အောက်တိုဘာ ၁၅ ရက်က လက်မှတ်ရေးထိုးခဲ့တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် နောက်ပိုင်းမှာတော့ အခြေအနေတွေက ပြောင်းလဲသွားပါတယ်။ RCSS ဟာ သဘောတူလက်မှတ်ရေးထိုးခဲ့တဲ့အဖွဲ့ ရှစ်ဖွဲ့ထဲမှာ ပါဝင်ပြီး TNLA ကတော့ ပါဝင်ခဲ့ခြင်း မရှိပါဘူး။

တိုက်ပွဲဟာ NCA လက်မှတ်ရေးထိုးပြီး တစ်လအကြာမှာပဲ ဖြစ်ပွားခဲ့ပါတယ်။ တစ်ကယ်တော့ NCA (တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်)ဆိုတာက သမ္မတဦးသိန်းစိန်က ၎င်းရဲ့ လက်ထက်အတွင်း အဓိက အောင်မြင်မှုဖြစ်လာဖို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် ဖြစ်ပါတယ်။ NCA သဘောတူ လက်မှတ်ရေးထိုးမှုကို နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်ခင် ရက်သတ္တပတ်အနည်းငယ်အလိုမှာပဲ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သဘောတူ လက်မှတ်ရေးထိုးမှုအတွင်း အဖွဲ့အစည်းအားလုံး ပါဝင်ခဲ့ခြင်းမရှိတဲ့အတွက် ဝေဖန်ခံခဲ့ရပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ထဲက ရှစ်ဖွဲ့ကသာ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။

ချင်းမိုင်မှာပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအမျိုးသား ဖဒရယ်ကောင်စီ ဆွေးနွေးပွဲမှာ TNLA အပါအဝင် မဟာမိတ်ဖွဲ့ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ငါးဖွဲ့ဟာ တိုက်ပွဲဖြစ်ပွားနေတဲ့ အဖွဲ့နှစ်ခုအကြား တင်းမာမှုများကို ဖြေလျှော့ပေးရန်ရည်ရွယ်ပြီး အဖွဲ့ဝင် ငါးဦးပါ “ဆွေးနွေးညှိနှိုင်းမှုအသင်း”ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမယ့် အဖွဲ့ဝင်တွေထဲမှာ TNLA ပါဝင်ပေမယ့် SSA-S ပါဝင်ခဲ့ခြင်း မရှိပါဘူး။

ကျောက်မဲရှိ အောင်ဆုပန် ဘုန်းကြီးကျောင်းတွင် လားရှိုးမှ မေတ္တာလူမှု့ရေးအဖွဲ့က စေတနာ့အလှူရှင်များက ထွက်ပြေးတိမ်းရှောင်လာသော ရွာသားများကို လိုအပ်သောပစ္စည်းများလှူဒါန်းရန် လက်ဗွေရာများ လိုက်လံကောက်ယူစဉ်။ ဓာတ်ပုံ - Brennan O`Connor

ကျောက်မဲရှိ အောင်ဆုပန် ဘုန်းကြီးကျောင်းတွင် လားရှိုးမှ မေတ္တာလူမှု့ရေးအဖွဲ့က စေတနာ့အလှူရှင်များက ထွက်ပြေးတိမ်းရှောင်လာသော ရွာသားများကို လိုအပ်သောပစ္စည်းများလှူဒါန်းရန် လက်ဗွေရာများ လိုက်လံကောက်ယူစဉ်။ ဓာတ်ပုံ – Brennan O`Connor

SSA-S နဲ့ TNLA ကြားတိုက်ပွဲတွေက ပြည်တွင်းစစ်ဖြစ်ပွားမှုရဲ့ ကနဦးဇာတ်လမ်း ဖြစ်ပေါ်လာနိုင်ပါတယ်။ NCA မှာ ပါဝင်ခဲ့ခြင်းမရှိတဲ့ တစ်ခြား ရှမ်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ SSA-N ရဲ့ စခန်းကို တပ်မတော်က တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာ ဒီလိုအရိပ်အယောင်တွေဟာ ယခင်နှစ်ကတည်းက စတင်ဖြစ်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ NCA ဆွေးနွေးမှုမှာ ပါဝင်ခဲ့ခြင်းမရှိသလို လက်မှတ်ရေးထိုးပွဲကိုလည်း မတက်ရောက်ခဲ့ပါဘူး။ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မှုဟာ အစိုးရသစ်ရဲ့ ထိပ်ဆုံး ရည်မှန်းချက်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပြီး သူ့အနေနဲ့လည်း အဖွဲ့အားလုံး သဘောတူလက်မှတ်ရေးထိုးဖို့အတွက် အစွမ်းကုန်ကြိုးစားသွားမယ်လို့ ဆိုထားပါတယ်။

သို့သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အန်အယ်လ်ဒီနဲ့ အာဏာခွဲဝေယူရမယ့် တပ်မတော်အနေနဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ဆက်ဆံရေးဝန်ကြီးများ ခန့်ထားနိုင်တဲ့အတွက် ကာကွယ်ရေးဦးစီးချုပ်ဟာ နိုင်ငံတည်ငြိမ်မှုကို ထိခိုက်နေတဲ့ ပြဿနာကိုဖြေရှင်းဖို့ ကိုယ်တိုင်လုပ်ဆောင်မယ်လို့ ယူဆရပါတယ်။

အန်အယ်လ်ဒီအနေနဲ့ လွှတ်တော်ရဲ့  အဓိကအမတ်နေရာများကို ရရှိထားတယ်ဆိုပေမယ့် ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဖြစ်ပေါ်မှုနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ စစ်ဘက်ကသာ ဆက်လက် အာဏာရှိနေမှာ ဖြစ်ပါတယ်။

ခေါင်းစီးဓာတ်ပုံ- ထွက်ပြေးလာသော ရွာသားများ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ရှိ သီဟိုဘုန်းကြီးကျောင်းတွင် ထမင်းစားနေကြစဉ်။ ဖေဖော်ဝါရီ ၁၀ နှင့် ၁၁ အတွင်းဖြစ်ပွားခဲ့သည့် SSA-S နှင့် TNLA အဖွဲ့ကြား တိုက်ပွဲများကြောင့် ရွာသားပေါင်း ၃၀၀ ခန့် ယင်းဘုန်းကြီးကျောင်းတွင် ခိုလှုံခဲ့ကြရသည်။ ဓာတ်ပုံ – Brennan O`Connor

ရဲထွဋ်သိန်း ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.